စံပယ်

နွေဦးမှာမွေးတယ်
စံပယ်ဟာ ကြယ်တွေကို သဘောကျတယ်
စံပယ်ပန်းလေး ‌ခေါင်းမှာပန်
ဘုရားမှာ စံပယ်ကပ်လို့
ဘုရား၊တရား စကားနာကြား
ရွတ်ဆို မေတ္တာပို့
မှတ်ဉာဏ်ကောင်းသူဖြစ်သည်မလို့။

စံပယ့်ဖေဖေဟာ အရက်သောက်တယ်
စံပယ့်မေမေဟာ ခဏခဏ ငိုတယ်
စံပယ်သိလည်း စံပယ်ဟာ သမီးလိမ္မာထက် 
ဘာမှလုပ်ဖို့ပိုမတတ်ခဲ့ဘူး
စံပယ်ဟာ သူငယ်ချင်းမရှိဘူး
ဥယျာဉ်မှူး ပန်းခူးခွင့်ပေးတဲ့ ခြံထဲမှာ
ယုန်ရုပ်လေးပိုက်ကာ ဆော့ကစား
စံပယ်က မအားရတော့ ပျင်းလည်းမပျင်းဘူး။

စံပယ်ဟာ စာတော်တယ်
လိမ္မာသူမလို့ ဆရာမတွေကလည်း ချစ်တယ်။

စံပယ်တို့ရွာဟာ အေးချမ်းတယ်
အေးချမ်းတယ်လို့ စံပယ်ယုံကြည်ခဲ့တယ်
စံပယ်ဟာ ဘဝအကြောင်း ဘာမှမသိဘူး
သို့သော် မိုးခြိမ်းသောညမှာ 
လှပခြင်းတွေ စံပယ့်မှာမရှိတော့တာ စံပယ်သိတယ်။

အရက်တွေမူးနေတဲ့ ဖေဖေ့မျက်လုံးထဲမှာ 
စံပယ်ဟာ စံပယ်မဟုတ်ခဲ့တော့ဘူး
စံပယ်ဟာ မေမေ့ကိုကြည့်ခဲ့တယ်
မျက်ရည်တွေကြားထဲမှာ အမေဟာ
အားနာနေတာလိုလို ငိုနေတာလိုလို
မရေရာမြင်ကွင်းတစ်ခု
ဆေးထုပ်တစ်ခု အမေဖောက်တယ်
ပြီးတော့ အမေကပြောတယ်။

“ဒါလေးကို သောက်လိုက်ရင်…
အရမ်းလှတဲ့ လိပ်ပြာလေးဖြစ်သွားလိမ့်မယ်
လိပ်ပြာဘဝမှာ လိမ္မာပျော်ရွှင်စွာနေပါ သမီးငယ်”

အမေဟာ ငိုကြွေးရင်း
ပါးစပ်ထဲ အတင်းထိုးထည့်ပြီး
သူကိုယ်တိုင်လည်း မျိုချသောက်သုံးခဲ့တယ်။

အခုတော့ ကြည့်ပါဦး မေမေရယ်
သမီးရဲ့ အတောင်တွေသိပ်လှတာပဲ
သမီးချစ်တဲ့ဥယျာဉ်ထဲမယ်
ပန်းတချို့ပွင့်လို့ တချို့ကြွေခဲ့တယ်
ရနံ့သစ်သင်း
လှပခြင်းတွေ ဝေဆာနေတယ်

နွေဦးမှာ ပွင့်တဲ့စံပယ်
မိုးခြိမ်းတဲ့ညမှာ ညှိုးခဲ့တယ်
ဆောင်းတွင်းမှာသေတယ်။          ။

Tommy

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  3. ငိုမိတယ် ချစ်ရတဲ့စံပယ်

    ReplyDelete

  4. နွေဦးမှာ ပွင့်တဲ့စံပယ်
    မိုးခြိမ်းတဲ့ညမှာ ညှိုးခဲ့တယ်
    ဆောင်းတွင်းမှာသေတယ်။

    ReplyDelete
  5. နွေဦးမှာ ပွင့်တဲ့စံပယ်
    မိုးခြိမ်းတဲ့ညမှာ ညှိုးခဲ့တယ်
    ဆောင်းတွင်းမှာသေတယ်။
    .
    .
    .

    ReplyDelete
  6. Wheel............dope.🏹🏹🏹

    ReplyDelete
  7. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  8. Replies
    1. ငိုနဲ့တိတ်တ်တိတ်😁🤭

      Delete
    2. ငိုချင်လို့ 😭😭😭

      Delete
    3. ငိုချင်တာငိုချလိုက်ပါ🥺

      Delete
    4. အားလုံးပြီးဆုံးသွားရင် အားရပါးရငိုဖို့ ခု​လော​လောဆယ်​​တော့ မျက်ရည်​တွေ သိမ်းဆည်းထားတယ်

      Delete
  9. လွတ်မြောက်ခြင်းကို
    ရှာဖွေတတ်ပါစေ။

    ReplyDelete
  10. Fighting
    Click,click,click.............

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. စံပယ့်ဖေဖေဟာ အရက်သောက်တယ်
    စံပယ့်မေမေဟာ ခဏခဏ ငိုတယ်
    စံပယ်သိလည်း စံပယ်ဟာ သမီးလိမ္မာထက်
    ဘာမှလုပ်ဖို့ပိုမတတ်ခဲ့ဘူး

    မတတ်နိင်ပါဘူး😔

    ReplyDelete

Post a Comment

Popular posts from this blog