တင်ပါးပေါ်က ဝက်ခြံတွေ…


ဒီတစ်ခါတော့ အများစုဖြစ်လေ့ဖြစ်ထရှိတဲ့ Booty Acnes အကြောင်းပေါ့။

Booty Acnes လို့သာပြောတာ။ တကယ်က ဝက်ခြံမဟုတ်ဘူး။

တင်ပါးကမွေးညှင်းလေးတွေ ဘက်တီးရီးယား ဒါမှမဟုတ် မှိုရောဂါကြောင့် ရောင်ရမ်းတာမျိုး ဒါမှမဟုတ် တင်းကြပ်လွန်းတဲ့ အဝတ်အစားတွေဝတ်တဲ့အခါ အရေပြားနဲ့ အဝတ်ပွတ်တိုက်ရင်း ရောင်ရမ်းတာ။ ပြီးတော့ waxing လုပ်တာ မမှန်လို့ ဖြစ်တာမျိုး။  Folliculitis လို့ခေါ်တယ်။ 

ဒီအဖုလေးတွေက ကနဦးဆို သေးသေးလေးတွေ။ ဒါပေမယ့် နောက်ပိုင်း ရောင်းရမ်းပြီးတဲ့အခါကျ ညှစ်လိုက်ရင် အဖြူဆံလေးတွေ အရည်ကြည်လေးတွေထွက်တဲ့ ဝက်ခြံလိုမျိုးဖြစ်လာကြတယ်။ 

ဘာမလုပ်သင့်ဘူးလဲ

Exfoliate လုပ်တာအများစုတွေ့နေရတယ်။ လုံးဝ scrub မလုပ်ပါနဲ့။ Scrub က နဂိုတည်းကရောင်ရမ်းနေတဲ့ အဖုလေးတွေကို သွားဆွသလိုဖြစ်ပြီး ပိုဆိုးလာနိုင်ပါတယ်။ Scrub ကြောင့် အမာရွတ်ထတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ 

Waxing လုပ်တာလည်းရှောင်ပါ။ ရောင်ရမ်းနေတဲ့ မွေးညှင်းပေါက်လေးတွေကို wax နဲ့အတူ ပိုဆိုအောင်လုပ်လိုက်သလို ဖြစ်သွားစေပါလိမ့်မယ်။ 

ဒါမျိုးတွေရှောင်လေ အမာရွတ်ဖြစ်ဖို့ အခွင့်အလမ်းနည်းသွားလေပါပဲ။

ဘယ်လိုကာကွယ်နိုင်သလဲ

Salicylic acid ဒါမှမဟုတ် lactic acid ပါဝင်တဲ့ ဆပ်ပြာမျိုးရွေးချယ်ပါ။  ချွေးထွက်သန်သူတွေအနေနဲ့ ခြောက်သွေ့ သန့်ရှင်းအောင် အတတ်နိုင်ဆုံးကြိုးစားပါ။

Yan

Comments

  1. ဟုတ်ကဲ့...ကျေးကျေးပါ🤗

    ReplyDelete
  2. Wheel............dope.🏹🏹🏹

    ReplyDelete
  3. အဲပုံပဲ ခဏ ခဏ ကြည့်မိ​နေတယ် 😂

    ReplyDelete
  4. Thank for sharing

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  5. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  6. ဝက်ခြံကလည်း မျက်နှာမှာပဲပေါက်တယ်ထင်နေတာ။

    ReplyDelete
    Replies
    1. ဒီ acc မြင်တာနဲ့ရယ်ချင်နေတာ🤣

      Delete
    2. @ Great CHEyeCK ဘာရယ်စရာတွေ့လို့လဲဗျ။

      Delete
  7. မန့်တွေပြောက်

    ReplyDelete
    Replies
    1. အက်ဒမင် ပုလင်းနဲ့ လဲလိုက်လားမသိ 😪

      Delete
  8. 👀👀ကျေး

    ReplyDelete
  9. ပေါက်ဖူးတယ်😬February 18, 2023 at 3:54 AM

    😂😂

    ReplyDelete
    Replies
    1. ခုကျပေါက်တော့ဘူးပေါ့ 😁

      Delete
    2. အခုကျတော့ မမဆောင်းလိုဘဲ မမ😂😂

      Delete
  10. ဂိုမာ​ဝေါ်

    ReplyDelete
  11. ဒီဖျင်ကို ညက အိပ်မက်ထဲ မက်​နေတာ။ ခုလည်း ​ပေါ်လာပြန်ပြီ 😂
    ကြံကြံဖန်ဖန် ​ရှာလည်း ရှာတတ်တယ်။
    ငါ့ဖျင်​တောင် သူ့ထက်လှ 😂

    ReplyDelete
  12. ဝက်ခြံကို မျက်နှာမှာပဲ
    ပေါက်သည်ဟု ထင်မိခဲ့ပါ၏။

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  14. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog