တစ်ရှူးမရှိသော မျက်ရည်တွေအတွက် ကဗျာစာရွက်
“ကောင်းသောညပါလို့ တစ်ကြိမ်မှမကြားခဲ့ဖူးဘူး”
မူးရူးသူများ စိတ်တိုင်းကျ
ဖျော်ဖြေရ ညများစွာ
အပျော်ရှာသူများကြား
အလှကြွားပုံစံဝတ်စုံ
ကုန်စင်ပြီးသော မာနကိုမှ ဆွဲတင်ထားလည်း
အထင်သေးဆဲ သူတို့မျက်လုံးများထဲ
ခေတ်ပျက်ရဲ့သားကောင်ချင်းတူတူလည်း
ကပ်ဖားဆွဲလှယ်
ကျွမ်းသူက တက်နင်းသွားတတ်ပြန်တယ်
အိမ်အပြန် လှဲအိပ်ချ
ငိုချင်လှလည်း ဆေးပြားပဲမျိုချ
လှပသော အိပ်မက်လေးများ မမျှော်လင့်ထားပါဘူး
ထူးထူးခြားခြားမရှိသော အိပ်ပျော်ခြင်းကိုသာ အလိုရှိသည်
ငါတို့ရဲ့ အသွေးအသားကနေ ကြီးပြင်းလာသူများက
ပြသသွားတဲ့ အထင်သေး မလေးစားမှုများကိုလည်း
“ဒီလိုပါပဲ” ဆိုပြီး မျိုချမေ့ဖျောက်
အမေတစ်ယောက်ရဲ့ ခိုးသောက်ထားတဲ့
ဝိုင်ပုလင်းခွံတွေ သက်သေအဖြစ်ရောက်ရှိနေပါပြီ။
“အမေက အမြဲ သောက်ပဲနေတော့တာပဲ။”
အပြစ်တင်စကားများထဲ
“အဖေဘယ်မှာလဲ”
မေးခွန်းကြားတော့လည်း
ပစ်လဲသွားချင်လျက်
တည့်တည့်ကြီး ရပ်ကြည့်နေမိရတယ်
ဘဝဆိုတာ
အသက်ရှင်တယ်ဆိုတာ
ဘာကြီးလဲလို့လည်း မေးခွန်းထုတ်ချင်မိပါလိမ့်မယ်
အမြင့်ရောက်ဖို့ စွန်းထားတဲ့
ကုတင်ပေါ်က သွေးကွက်တွေကို အုပ်ပြီး
ရွှေလည်ဆွဲနဲ့ ခေါင်းမော့ထားတဲ့
ကောင်မကိုကြည့်ရင်း တစ်ချက်ရယ်လိုက်တယ်
“နင်ရောငါရောက စီးပွားရေးသမားတွေပါ”
ပြည့်တန်ဆာမက ရယ်ပြတော့
သူပါးချရင်သာ ချလိုက်မယ်
ဘဝက မြန်မာကားမှမဟုတ်တာ
အရာရာတိုင်းက အကြောင်းရှိလို့ဖြစ်တာဆို
တချို့သော ပုံပြင်များသည်
ရေးပြ စပ်ပြ၍ မတန်ဘူးဟု သမုတ်ကြမည်နည်း။
လူသားအားလုံးကို လေးစားပါတယ်ဆိုတဲ့
စောက်ပို အခွန်း ၇၀
လူ ၂၀ရယ်နေတယ်
၁၉ယောက်က အမျိုးသမီးတွေ
“မုဒိမ်းကျင့်တယ်ဆိုတာ ဘာလဲရောသိလား”
ရဲတင်းရင်း တုန်ရီသွားတဲ့ အသံတွေ
ထွေးပစ်ချင်ရင်း မျိုချလိုက်တဲ့ တံတွေးတွေ
မာကျောရင်း ကျလာတဲ့ မျက်ရည်တွေ
တံဆိပ်ကပ်ခေတ်မှာ
ဘရန်းတက်
လတ်ဆတ်တဲ့ တက်ကြွလှုပ်ရှားသူမဟုတ်
အအိုတစ်ယောက်ခေါင်းထဲက
ပုံပြင်တချို့
မိဘမဲ့ဂေဟာလိုနေရာကစလို့
မြေအောက် အခြေခံလောကအထိလို
ပရဟိတနေရာလေးများဆီ ရောက်တဲ့အခါ
လိုအပ်တာ ကဗျာမဟုတ်
စာအုပ်တွေမဟုတ်
သီချင်းတွေမဟုတ်
ကင်မရာတွေမဟုတ်
လူဆိုတာကို လူလို့ပဲ မြင်တဲ့အမြင်တစ်ခုပဲ
ဗလာနတ္ထိအကြည့်
သိမြင်စွဲတွေလည်း
ခဲထားလို့တောင်မရနိုင်
ဘဝနာဇာတ်လမ်း၊ ရုပ်ရှင်
မင်းသမီးများဆိုပင်လျှင်
ဂါဝန်ဖြူ ကိုယ်ဝန်သည် ဆယ်ကျော်သက်
တစ်ချက် ကြည့်မိသလောက် အသက်ပါလိမ့်မယ်မထင်
သူတို့ဖတ်မိပြီး ငိုကြရင်ငိုကြလိမ့်မည်
မတတ်နိုင်
ကမ်းစရာတစ်ရှုးပင်မရှိလည်း
ကဗျာစာရွက်လေးကိုပဲ
နှစ်ပိုင်းဖြဲ
သုတ်လိုက်ပါကွယ်
စောက်ပိုတွေလို့ ပြောချင်ပြော
အဆင်ပြေသွားပါလိမ့်မယ်ကွယ်
တကယ်…တကယ်
တကယ်…
Tommy
“ကောင်းသောညပါလို့ တစ်ကြိမ်မှမကြားခဲ့ဖူးဘူး”
မူးရူးသူများ စိတ်တိုင်းကျ
ဖျော်ဖြေရ ညများစွာ
အပျော်ရှာသူများကြား
အလှကြွားပုံစံဝတ်စုံ
ကုန်စင်ပြီးသော မာနကိုမှ ဆွဲတင်ထားလည်း
အထင်သေးဆဲ သူတို့မျက်လုံးများထဲ
ခေတ်ပျက်ရဲ့သားကောင်ချင်းတူတူလည်း
ကပ်ဖားဆွဲလှယ်
ကျွမ်းသူက တက်နင်းသွားတတ်ပြန်တယ်
အိမ်အပြန် လှဲအိပ်ချ
ငိုချင်လှလည်း ဆေးပြားပဲမျိုချ
လှပသော အိပ်မက်လေးများ မမျှော်လင့်ထားပါဘူး
ထူးထူးခြားခြားမရှိသော အိပ်ပျော်ခြင်းကိုသာ အလိုရှိသည်
ငါတို့ရဲ့ အသွေးအသားကနေ ကြီးပြင်းလာသူများက
ပြသသွားတဲ့ အထင်သေး မလေးစားမှုများကိုလည်း
“ဒီလိုပါပဲ” ဆိုပြီး မျိုချမေ့ဖျောက်
အမေတစ်ယောက်ရဲ့ ခိုးသောက်ထားတဲ့
ဝိုင်ပုလင်းခွံတွေ သက်သေအဖြစ်ရောက်ရှိနေပါပြီ။
“အမေက အမြဲ သောက်ပဲနေတော့တာပဲ။”
အပြစ်တင်စကားများထဲ
“အဖေဘယ်မှာလဲ”
မေးခွန်းကြားတော့လည်း
ပစ်လဲသွားချင်လျက်
တည့်တည့်ကြီး ရပ်ကြည့်နေမိရတယ်
ဘဝဆိုတာ
အသက်ရှင်တယ်ဆိုတာ
ဘာကြီးလဲလို့လည်း မေးခွန်းထုတ်ချင်မိပါလိမ့်မယ်
အမြင့်ရောက်ဖို့ စွန်းထားတဲ့
ကုတင်ပေါ်က သွေးကွက်တွေကို အုပ်ပြီး
ရွှေလည်ဆွဲနဲ့ ခေါင်းမော့ထားတဲ့
ကောင်မကိုကြည့်ရင်း တစ်ချက်ရယ်လိုက်တယ်
“နင်ရောငါရောက စီးပွားရေးသမားတွေပါ”
ပြည့်တန်ဆာမက ရယ်ပြတော့
သူပါးချရင်သာ ချလိုက်မယ်
ဘဝက မြန်မာကားမှမဟုတ်တာ
အရာရာတိုင်းက အကြောင်းရှိလို့ဖြစ်တာဆို
တချို့သော ပုံပြင်များသည်
ရေးပြ စပ်ပြ၍ မတန်ဘူးဟု သမုတ်ကြမည်နည်း။
လူသားအားလုံးကို လေးစားပါတယ်ဆိုတဲ့
စောက်ပို အခွန်း ၇၀
လူ ၂၀ရယ်နေတယ်
၁၉ယောက်က အမျိုးသမီးတွေ
“မုဒိမ်းကျင့်တယ်ဆိုတာ ဘာလဲရောသိလား”
ရဲတင်းရင်း တုန်ရီသွားတဲ့ အသံတွေ
ထွေးပစ်ချင်ရင်း မျိုချလိုက်တဲ့ တံတွေးတွေ
မာကျောရင်း ကျလာတဲ့ မျက်ရည်တွေ
တံဆိပ်ကပ်ခေတ်မှာ
ဘရန်းတက်
လတ်ဆတ်တဲ့ တက်ကြွလှုပ်ရှားသူမဟုတ်
အအိုတစ်ယောက်ခေါင်းထဲက
ပုံပြင်တချို့
မိဘမဲ့ဂေဟာလိုနေရာကစလို့
မြေအောက် အခြေခံလောကအထိလို
ပရဟိတနေရာလေးများဆီ ရောက်တဲ့အခါ
လိုအပ်တာ ကဗျာမဟုတ်
စာအုပ်တွေမဟုတ်
သီချင်းတွေမဟုတ်
ကင်မရာတွေမဟုတ်
လူဆိုတာကို လူလို့ပဲ မြင်တဲ့အမြင်တစ်ခုပဲ
ဗလာနတ္ထိအကြည့်
သိမြင်စွဲတွေလည်း
ခဲထားလို့တောင်မရနိုင်
ဘဝနာဇာတ်လမ်း၊ ရုပ်ရှင်
မင်းသမီးများဆိုပင်လျှင်
ဂါဝန်ဖြူ ကိုယ်ဝန်သည် ဆယ်ကျော်သက်
တစ်ချက် ကြည့်မိသလောက် အသက်ပါလိမ့်မယ်မထင်
သူတို့ဖတ်မိပြီး ငိုကြရင်ငိုကြလိမ့်မည်
မတတ်နိုင်
ကမ်းစရာတစ်ရှုးပင်မရှိလည်း
ကဗျာစာရွက်လေးကိုပဲ
နှစ်ပိုင်းဖြဲ
သုတ်လိုက်ပါကွယ်
စောက်ပိုတွေလို့ ပြောချင်ပြော
အဆင်ပြေသွားပါလိမ့်မယ်ကွယ်
တကယ်…တကယ်
တကယ်…
Tommy
စောက်ပိုတွေလို့ပြောချင်ပြော
ReplyDeleteအဆင်ပြေသွားပါလိမ့်မယ်ကွယ်
တကယ်...တကယ်
တကယ်...
စစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
Appreciate.
Deleteသူတို့ဖတ်မိပြီး ငိုကြရင်ငိုကြလိမ့်မည်
ReplyDeleteမတတ်နိုင်
ကမ်းစရာတစ်ရှုးပင်မရှိလည်း
ကဗျာစာရွက်လေးကိုပဲ
နှစ်ပိုင်းဖြဲ
သုတ်လိုက်ပါကွယ်
တကယ် တကယ် တကယ်
ReplyDeleteမိဘမဲ့ဂေဟာလိုနေရာကစလို့
ReplyDeleteမြေအောက် အခြေခံလောကအထိလို
ပရဟိတနေရာလေးများဆီ ရောက်တဲ့အခါ
လိုအပ်တာ ကဗျာမဟုတ်
စာအုပ်တွေမဟုတ်
သီချင်းတွေမဟုတ်
ကင်မရာတွေမဟုတ်
လူဆိုတာကို လူလို့ပဲ မြင်တဲ့အမြင်တစ်ခုပဲ
😔
Delete🤝🤝
Delete💪❤
ReplyDelete"လှပသော အိပ်မက်လေးများ မမျှော်လင့်ထားပါဘူး
ReplyDeleteထူးထူးခြားခြားမရှိသော အိပ်ပျော်ခြင်းကိုသာ အလိုရှိသည်"
အိပ်ပျော်ပါစေ
Deleteခဏတာမှိတ်စက်ခွင့်က ကောင်းမွန်စေချင်ယုံပါ
Delete♡♡
Deleteတစ်ရှူးမရှိသော မျက်ရည်တွေအတွက် ကဗျာစာရွက် 😌
ReplyDeleteစောက်ပိုတွေ....
ReplyDeleteအဲလို မပြောတော့ဘူးနော် 😉
✔️
ReplyDeleteDone ✅
ReplyDeleteWas
ReplyDeleteNyolynn
Deleteကျန်းမာကြပါစေ။
ReplyDeleteကျန်းမာဘေးကင်းကြပါစေ
ReplyDelete🙏🙏🙏
DeleteDone
ReplyDeleteDone
ReplyDelete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
Done♥
ReplyDeleteDone ❤️
ReplyDeleteစောက်ပိုတွေလို့ ပြောချင်ပြော
ReplyDeleteအဆင်ပြေသွားပါလိမ့်မယ်ကွယ်
တကယ်…တကယ်
တကယ်…
တကယ်တကယ်
Delete၂ကယ် ၂ကယ် ၂ကယ် 😁
Deleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete💪❤️
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteကိုဝှီး.......ဒုတ်
Deleteဗျာ😁
DeleteFighting
ReplyDeleteClick,click click.......
Done done
ReplyDeleteDone🖤
ReplyDelete🌧🌳
ReplyDelete