လက်ခံရုပ် နာမ်ကိုစုပ်စေ
လက်ကောက်ဝတ်ကို ဓါးနဲ့လှီးလိုက်ပြီး
ကျလာသမျှ သွေးတွေနဲ့ စက်ဝိုင်းတစ်ခုခြယ်
အောက်လမ်းနဲ့ရေးတဲ့ စာတစ်ခုကဗျာတစ်ခု
စွန့်ထုတ်လိုက်တဲ့ ငါ့သွေးကို
သောက်သုံးပါဟု အပေးအယူလုပ်ပါမည်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဝိညာဉ်
ငါ့ကိုယ်ထဲကို ဝင်ရောက်စီးဆင်းစေ
ပြီးတော့
အသေကောင်နိုင်ငံတော်ရဲ့ သေရွာပြန်စီမံကိန်းကို
တစ်ဆင့်ပြန်လည် အမိန့်ပေးစီမံတည်ဆောက်စေ
စာလေးရေးလို့
အေးဆေးနေချင်ခဲ့တယ်ဆိုတဲ့ စိတ်ကူးအတိုင်း
သူရှိရင် သူရေးမယ့်စာ
ငါ့နှလုံးအိမ်မှာ ထားခဲ့စေ။
နေမင်း လမင်း
အရှင်းသိစေ ဤဆုတောင်း
ငါ့စာ ငါ့ကဗျာကို သူတို့ထိန်းချုပ်
ငါ့ရင်ထဲ သူတို့ပျိုးထားတဲ့ ကဗျာပန်းခင်းနှင်းမြို့
နွေဦးရောက်ပြီမလို့
ပွင့်ပါစေကုန်
ကဗျာပန်းလန်းဆန်းစွာ
လေတိုက်ရာကို ငြိမ့်
ဦးအောင်ချိမ့်
မောင်ချောနွယ်
ဖော်ဝေး
ကြည်ဇော်အေး
အတွေးစကျန်ရစ်သူ ကဗျာဆရာများ
ငါ့လက်ထဲက ခဲတံချွန်ဖျားကို ထိန်းညှိ
ကမ္ဘာသိဖို့ မြန်မာသိဖို့ဆိုပြီး ရည်ရွယ်
ရေးပေးကြစေလိုပါတယ်
လက်ခံမယ့် ဤရုပ်
အသင်တို့ရဲ့ပြေးလွှားနေတဲ့ အရပ်ဆယ်မျက်နှာက
နာမ်တွေကိုစုပ်ယူပါမည်။
ဆရာအကြည်တော်ရဲ့ ဝိညာဉ်
ငါ့နားရွက်နှစ်ဖက်နား တိုးတိုးပြောသွားစေ
ဝမ်းနည်းခြင်းနိုင်ငံတော်ထဲက
မျက်ရည်တွေကို သုတ်ပေးမယ့်
ဟာသတွေ ဟာသတွေနဲ့ ဟာသတွေ။
ငါ့အစာအိမ်ထဲကို ဝင်ရောက်တိုက်စားသွားကြစေ
နိုက်ထရစ်အက်ဆစ်တွေ
ဆာလောင်မှုကို တိုးမြှင့်ပေးပါစေ
ကဗျာ၊စာ၊ဂီတ။
အနုပညာဆိုတာ ဘဝလို့ကြွေးကျော်ရဲတဲ့အထိ
ငြိတွယ်နှစ်သက်
ချစ်တတ်တဲ့ နှလုံးသားဖြစ်စေဖို့
ထူးအိမ်သင်ရဲ့ ဝိညာဉ် ပုံရိပ်များ
နှလုံးအိမ်ထဲ ခိုဝင်သွားပါစေ
မင်းလူနဲ့ တာရာမင်းဝေ
သူတို့ဝိညာဉ်တွေလည်း
ငါ့လက်ဖျား
ဦးနှောက်သွေးကြောတွေကြားထဲမှာ
တွဲခိုလိုက်စီးလာခဲ့ပါ
အရှေ့မြို့ရိုးမှ မိုးရေစက်တွေကို
နောက်တစ်ခေါက်လောက် ငေးကြည့်ရင်း
လက်တွေ့ကို ထပ်မီးမောင်းထိုးပြနေသေးတဲ့
လက်တွေ့ထဲက လွတ်မြောက်ခြင်းကို ခေါ်သွားပေးပါ
ဒဏ်ရာတွေ တစ်ဖက်မှာ တစ်ချက်စီရထားသေးတဲ့
အတောင်နှစ်ဖက်နဲ့ ဒီက ငှက်ကလေးကိုလည်း
အပျံသင်ပေးစေချင်ပြန်တယ်
ငါ့ကိုလမ်းမှာတွေ့တဲ့အခါ
ခေတ်ဆိုးကြီးထဲမှာ
ဆေးလိပ်လေးဖွာ
သာရာဘက် အသာလေးမှေးပြီး မျောနေတဲ့
ကလေးတစ်ကောင်လို့ပဲ သိကြမှာလား
စာရေးဆရာတစ်ယောက်လိုမျိုး
လက်ဆွဲနှုတ်ဆက်မလား
ကဗျာဆရာတစ်ယောက်လိုမျိုး
လက်ဖက်ရည်လိုက်သောက်ဖို့ခေါ်မလား
အပေါ်က ဆရာကြီးတွေလို
လေးစားသမှုကို ငါရော ရမလား
ငါရေးသောစာသားတွေ
တစ်ကြောင်းချင်းကရော မင်းကို ဦးတည်နေရင်
ငါ့စာတွေ ကောင်းတယ်လို့ ပြောနိုင်သေးလား
ငါရေးသော ကဗျာတွေ တစ်ကြောင်းချင်းကရော
မင်းကို ရှုံ့ချနေရင်
ငါ့ကို ဆေးလိပ်သောက်ပါဦးဆိုပြီး ကမ်းပေးနိုင်သေးလား
ငါ့စာတွေကောင်းကြောင်း ထပ်ထပ်ကြားချင်တယ်
ငါ့ကို လေးစားသမှုနဲ့ ကမ်းပေးတဲ့
ဆေးလိပ်ကို ကျေနပ်စိတ်နဲ့ တဖွဖွသောက်ချင်တယ်
ငါသေတဲ့အခါလည်း နာရေးမှာ
ငါ့ကို တော်လှန်အနုပညာသမားဆိုပြီး
လူတွေဝိုင်းနေစေချင်သေးတယ်
ငါ့ကဗျာတွေကို ကြိုက်နှစ်သက်စွာနဲ့ ရွတ်ကြဖတ်ကြ
သေပြီးမှပဲ ဘဝထဲ လူတကယ်ဖြစ်တယ်ကွဆိုတဲ့
ဘယ်သူမှန်း မမှတ်မိတော့တဲ့သူဆီက
ကြွေးကျော်သံကို တမလွန်မှာ ကြွေးကျော်ချင်တယ်
“ပလုံ”ဆိုတဲ့ ကဗျာထဲကလိုပြောရရင်
ငါ့အတ္ထုပ္ပတိကို ပြန်ဖွင့်တဲ့အခါ
ငါဟာ ရေထဲကနေ
အလှပဆုံး ခုန်ပျံတက်လာတဲ့
လင်းပိုင်တစ်ကောင်ဖြစ်ချင်တယ်
Tommy
ငြိမ်းချမ်းမှုဆီသို့…
See You Soon Enough…
(This is my last poem
အခုထိ ရေးခဲ့သမျှတွေ တင်ဆက်တိုင်း အားပေးခဲ့သူ ကလစ်ကာတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် အားလုံး လုံခြုံဘေးကင်းစွာ တော်လှန်ရေးအောင်မြင်တဲ့နေ့အထိ ဆက်ပြီးရှင်သန်သွားပါလို့ နောက်ဆုံးအနေနဲ့အားပေးချင်ပါတယ်)
Tommy
ReplyDeleteဘာလို့ နောက်ဆုံးလို့ပြောရတာလဲ😔
ကလစ်ကာတွေအားလုံးရော
ဓမ္မဘက်တော်သားအားလုံး
ဘေးကင်းလုံခြုံစွာနဲ့
အောင်ပွဲခံကြမှာလေ
ဖိုက်တင်းပါ 🤜🤛
Appreciate.
Deleteနောက်ဆုံးဆို ကဗျာရေးတာအတွက်ပြောတာလား?
ReplyDeleteဘယ်လိုကြီးလဲ...
Hello Tommy
ReplyDeleteI'm glad to know you!
And I want to see you.
By
Grace
Thank you Tommy! Stay strong , stay safe...
ReplyDeleteအခုချိန် တစ်ယောက်ယောက်က
ReplyDeleteအဆင်ပြေရဲ့လားလို မေးရင်
ကျွန်တော် ဖက်ငိုမိမှာ.....။
နောက်ဆုံးတဲ့လား....😔
ReplyDelete🥺
ReplyDeleteStay Strong & safe, par.
ReplyDeletePlease get ready for our victory.
ဘယ်လိူကြီးလဲဗျ 🥺
ReplyDeleteကျနော်လည်းအသက်ရှင်လျက်ရှိရင် အတူတူအောင်ပွဲခံကြမယ်နော်
လေးစားလျှက်ပါဗျာ
ReplyDelete❤
Deleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
ReplyDeleteTill the end
Fighting together 💪
Fighting together!!
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteဝှိး.............ဒုတ်။
Deleteအခက်အခဲကိုယ်စီနှင့်ဆိုတော့လည်း...
ReplyDeleteအားလုံးအဆင်ပြေပါစေ
ကဗျာတွေဆက်ရေးနိုင်ပါစေ..
Click with love 💕
ReplyDelete🍀🍀🍀🍀🍀
Don't get lost in one's own emotions.
DeleteNothing is permanent.
If you're tired,
take a rest,
just don't quit!
အားလုံးကျန်းမာဘေးကင်းစွာဖြင့် အောင်ပွဲရသည်အထိ ဆက်လက်ရှင်သန်နေထိုင်သွားကြပါစို့။
ReplyDeleteUS
ReplyDeleteDone♥
ReplyDeleteTommy ရဲ့ ကဗျာတွေထပ်ဖတ်ရဖို့မျှော်လင့်ပါ တယ် လုံခြုံကျန်းမာ၊ဘေးကင်းပါစေ။
ReplyDeleteငါ့အတ္ထုပ္ပတိကို ပြန်ဖွင့်တဲ့အခါ
ReplyDeleteDone ✅
ReplyDelete😇😇😇😇😇😇
ReplyDeleteDone♥
ReplyDeleteကဗျာကောင်းတွေ များကြီး ဖတ်ချင်သေးတယ်ဗျာ
ReplyDeleteDone❣💕💞
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete