Dry Skin or Dehydrated Skin? 

ခြောက်သွေ့နေတာနဲ့ ရေဓာတ်ခမ်းခြောက်နေတာ… စကားနှစ်လုံးက သုံးရလွယ်ပေမယ့် skincare နဲ့ ပတ်သက်လာရင်တော့ မရောထွေးသင့်တဲ့အထဲမှာ ပါတယ်နော်။ 

ပြဿနာ နှစ်မျိုးစလုံးကတော့ အသားအရေခြောက်တာ၊ ယားယံပြီး အဖတ်လေးတွေကွာတာဖြစ်ပေမယ့် ပြုစုစောင့်ရှောက်တာကတော့ ကွာသေးတယ်။  Skincare product တွေထဲက ingredient တွေကလည်း  မတူတာရွေးချယ်သုံးရသေးတာ။ 

ခြောက်သွေ့တဲ့အသားအရေ ( Dry Skin ) 

အဆီပြန်၊ ပေါင်းစပ်အသားအရေတွေလိုမျိုးပဲ ခြောက်သွေ့ခြင်းဆိုတာလည်း skin type တစ်မျိုးပါ။ မျိုးရိုးလိုက်ပြီး အသားအရေခြောက်သွေ့သူတွေက အရေပြားကို သဘာဝအတိုင်းချောမွတ်ပြေပြစ်နေစေဖို့ lipid လို့ခေါ်တဲ့ အရေပြား သဘာဝအဆီဓာတ်ကင်းမဲ့နေ ကြတယ်။ အဲဒါကြောင့် အသားအရေက နီရဲပြီး အဖတ်လေးတွေလန်နေတာမျိုး၊ ယားယံတာမျိုး၊ တစ်ခါတစ်ရံ ဖုန်မှုန့်လေးတွေလိုမျိုး အမှုန်လေးတွေ ထနေတတ်တယ်။ မျက်နှာတစ်ခုတည်းတင်မဟုတ်ဘူး ဦးရေပြားလည်း ခြောက်သွေ့နိုင်တယ်။ 

ဒီလိုအရေပြားပိုင်ရှင်တွေဆိုရင် အရေပြား barrier function ကို ပြန်လည်အားကောင်းစေမယ့် အသားခြောက်တာကို သက်သာစေမယ့် Jojoba oil, squalene, almond oil တို့လိုပါဝင်တဲ့ ပစ္စည်းမျိုးတွေရွေးချယ်သုံးသင့်ပါတယ်။ 

ရေဓာတ်ခမ်း‌ခြောက်နေသော အသားအရေ ( Dehydrated Skin ) 

သူကကျတော့ အသားအရေ အမျိုးအစားမဟုတ်တော့ဘူး။ အရေပြားက လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတစ်ခု။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေလည်း ရေဓာတ်ကင်းမဲ့နေနိုင်သေးတယ်။  အဆီပြန်တဲ့သူတွေ ရေဓာတ်ကင်းမဲ့နေရင် ပုံစံကဘာနဲ့တူလဲဆိုတော့ နည်းနည်းရှုံ့တွနေတဲ့ ခရမ်းသီးကို ဆီဆွတ်ထားသလိုပဲ။ အပေါ်ယံလွှာက ဆီလေးဝင်းနေပေမယ့် အရေပြားကတွန့်ပြီး မာခြောက်ခြောက်ဖြစ်နေတာမျိုး။ 

ရေဓာတ်ကင်းမဲ့နေတဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေသလိုမျိုးပဲ အရေပြားကလည်း  တင်းတင်းကြပ်ကြပ်ကြီးနဲ့ ကြမ်းတမ်းပြီး မှုန်မှိုင်းနေတတ်တယ်။ 

ရေဓာတ်ကင်းမဲ့ရခြင်း အကြောင်းရင်းကတော့

ရာသီဥတုအပြောင်းအလဲ၊ ရေအလုံအလောက်မသောက်သုံးတာ၊ heating or cooling systemနဲ့ ကိုယ့်အရေပြားက အစိုဓာတ်ကို စုပ်ယူသွားစေတဲ့ skincare product တွေသုံးတာ ၊ပြီးတော့ ရေပူသုံးပြီး မျက်နှာသစ်တာမျိုးတွေကြောင့် ဖြစ်တာများတယ်။ 

သူကျတော့ moisturizing ကောင်းကောင်းလုပ်ပေးနိုင်တဲ့ product မျိုးတွေရယ်၊ ပြီးတော့ night cream, sleeping mask လို intensive care တွေသုံးပေးရင်ရပါတယ်။

Yan

Comments

  1. Thanks millions for your patience, Yan...

    ReplyDelete
  2. ဗဟုသုတတွေဝေမျှပေးတဲ့အတွက် ကျေးဇူးပါ

    ReplyDelete
  3. ​ကျေးဂျူးကမ္ဘာဆိုင်

    ReplyDelete
  4. Thank for sharing

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  5. ဗဟုသုတတွေအတွက် ကျေးဇူးပါ
    Yan

    ReplyDelete
  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. မင်္ဂလာရှိသောနေ့သစ်ဖြစ်ကြပါစေ။

    ReplyDelete
  8. ကျေးဇူးပါ

    ရေများများသောက်ရမယ်

    ReplyDelete
    Replies
    1. အရက်လောက်ဘယ်ဟာမှ မကောင်းပါ😂February 18, 2023 at 4:29 AM

      🍻🤭

      Delete
    2. အရက်ကသစ်စာရှိတယ်March 16, 2023 at 3:59 AM

      မိန်းမ‌ေတွမကောင်းဘူးညီလေး

      Delete
    3. ညီလေးမဟုသောညီလေးApril 11, 2023 at 6:19 PM

      တိတယ်ပေါ့ တိုကြီး🥴🤣

      Delete
    4. ကြားဖူးနား၀ရှိတာပါညီလေးMay 9, 2023 at 1:02 AM

      ✌️🤭

      Delete
  9. ​ရေလဲ ​သောက်​ပေမယ့် Dry Skin ဖြစ်​​နေတယ် Skin Care ရမှာလဲ ပျင်းတယ် 😁

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. ဟေ့ ဘော်ဒါတွေအားတင်းထားကြ၊ အောငါပွဲကနီးလာပြီ။

    ReplyDelete
  12. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog