အိပ်ရာထဲမှာ တဆစ်ဆစ်ကိုက်တဲ့ ကြမ်းပိုးပြဿနာ ဘယ်လိုဖြေရှင်းမလဲ....

အခုလိုကာလမှာ စိတ်ကဖိစီးရတဲ့အထဲ ညညအိပ်မပျော်.. ရိုးရိုးအိပ်မပျော်ရုံဆိုတော်သေး ဟိုနေရာက တဆစ်ဆစ်နဲ့ ယားလို့ကုတ်လိုက် ဒီနေရာကို ထိုးကိုက်လို့ယားလို့ ကုတ်လိုက်နဲ့

အိပ်ရေးကပျက်တဲ့အပြင် ယားလို့ကုတ်ရင်းဝဲတွေလည်းစွဲနေပြီ…။

ဘာကြောင့်လဲဆိုတော့ အိပ်ရာခင်းထောင့်လိုင်းလေးတွေ၊ စောင်ကြိုစောင်ကြား၊ ကုတင်ကြားက နေရာလေးတွေ၊ ခေါင်းအုံးစွပ်အစွန်းနားလေးတွေမှာ ခိုကပ်နေတဲ့ ကြမ်းပိုးတွေကြောင့်ပါ…။

ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲ…

ကိုယ့်အိပ်ရာကို သေသေချာချာစစ်ဆေး

အပေါ်မှာပြေခဲ့သလို ကုတင်တခုလုံးက အိပ်ရာခင်း ခေါင်းအုံးစွပ် ချောင်ကျိုချောင်ကြားမကျန် သေသေချာချာကြည့်ဖို့လိုပါတယ်။ ပြီးရင် Vacuum cleaner နဲ့သာ စုပ်ထုတ်ပစ်ပါ။ ဒါမှမဟုတ်လည်း Brush ခပ်ကြမ်းကြမ်းနဲ့သာ ပွတ်တိုက်ပစ်ပါ။ ဒါပေမယ့် မျက်စိနဲ့ မမြင်ရလောက်အောင်သေးတဲ့ ဥလေးတွေကျန်နေတုန်းပဲ။  အဲဒီအတွက်ကတော့ ရေနွေး၊ ဆပ်ပြာနဲ့ သေသေချာချာစိမ်ပြီးလျှော်ပစ်လိုက်ပါ။ လိုအပ်လာရင် ဖြုတ်၊ ယင်ကောင်လိုမျိုးကပ်တဲ့ sticky pad လေးတွေ ကိုယ်နဲ့ လွတ်လွတ်ကင်းကင်းမှာ ထားထားပေး။ သူတို့သွားရင်းလာရင်း ကပ်သွားအောင်။ ရာနှုန်းပြည့်တော့မဟုတ်ပေမယ့် အတော်အသင့်တော့ ထိရောက်မယ်နော်။ 

တခြားနေရာတွေလည်း စစ်ကြည့်ပါဦး

အိပ်ရာဆိုလို့ အိပ်ရာပဲ စစ်ရုံနဲ့မပြီးသေးပါဘူး။ အိပ်ရာအနီးအနားက စားပွဲ၊ ကုလားထိုင်၊ ဗီရိုတွေရဲ့ ထောင့်၊ လိုင်းကြားလေးတွေမကျန် စစ်ကြည့်ပါဦး။ သူတို့က သစ်သားပြားရဲ့ချောင်ကြားလေးတွေမှာ ပုန်းနေကြတာ။ ပြီးတော့ ပြတင်းပေါက်ဘောင်တွေ၊ အခန်းထဲက ကော်ဇောဖတ်ထောင့်တွေကိုရော စစ်ပြီးပြီလား…။ ကော်ဇော်တွေကို သန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ ဆပ်ပြာရည်ဖျော်ပြီး brush နဲ့ သေသေချာချာသာ ပွတ်တိုက်ပြီးလျှော်ရင်ရတယ်နော်။ 

ပုံမှန်လျှော်

စစချင်းကတော့ အိပ်မရတဲ့ဇောနဲ့ ချက်ခြင်းတွေလျှော်ဖွတ်သန့်ရှင်းရေးလုပ်လိုက်တာပဲ။ ဒါပေမယ့် တခါတည်းနဲ့မရဘူးနော်…။ ပုံမှန်သန့်ရှင်းရေးလုပ်နေပေးဖို့ကိုလိုတာ။ 

မီးပူတိုက်

အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးစွပ်လေးတွေကို ရေနွေးနဲ့ ပြုတ်ပြီးမှလျှော်လည်းရတယ်။ ပြီးသွားရင် သေသေချာချာလေး မီးပူတိုက်ပြီးမှ ဖြန့်ခင်းပြီးသုံးနော်။

Yan 

Comments

  1. ဟုတ် ကျေးဇူးပါ😁

    ReplyDelete
  2. Wheel............dope.🏹🏹🏹

    ReplyDelete
  3. 😂😂 မိုက်တယ်ကွ

    ReplyDelete
  4. Thank for sharing

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  5. အိပ်ရေးအတော်ပျက်အောင် လုပ်သော ကောင်များ

    ReplyDelete
  6. ဟုတ်ကဲ့
    ကျေးဇူးပါ

    ReplyDelete
  7. 😅 ခြင်ရောပါသေး ၊ကျေးဇူးပါ

    ReplyDelete
  8. ဂျပိုးကိုအသေစေနိုင်ဆုံးဆေးက
    ဖူဂျီဆပ်ပြာဗူးပဲ၊ဖူဂျီကိုအရည်ဖျော် ပြီးပက်ရင်ဖင်လေးထောင်သေတာ😁

    ReplyDelete
  9. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  10. ကျေးဇူးပါခင်ဗျာ။

    ReplyDelete
  11. ခြင်ရောပါတယ်😹

    ReplyDelete
    Replies
    1. ဟုတ်တယ် သူ့အမုန်းဆုံး ကိုက်စရာရှိမကိုက်ဘဲ နားဘေးလာလာအော်နေတာကို စိတ်အတိုဆုံး တစ်ခါတစ်လေ လက်စားချေချင်စိတ်ပေါ် 😤

      Delete
    2. ဘယ်လိုလက်စားချေချင်တာလဲဟင် 😁

      Delete
    3. လက်နဲ့စားပီးချေချင်တာလား မမ😂😂

      Delete
    4. နားကြပ်လေးတပ်ပေးပြီး သွင်းထားတဲ့ သူတို့အသံမျိုးလေးနားထောင်ခိုင်းမှာ
      🎶🎶🎧 🎶🎶
      ပိတ်လိုက်▶️ ဖွင့်လိုက် ▶️😴😁😁

      Delete
  12. မအလပြီးရင် အမုန်းဆုံး‌တွေ

    ReplyDelete
    Replies
    1. အမုန်းဆုံး နံပါတ် ၂ - ခြင်

      ကြမ်းပိုး‌တော့မရှိဘူး

      Delete
    2. ဟုတ်ကဲ့။မှတ်ထားပါ့မယ်။😂

      Delete
  13. ​ကျေးဇူးပါ
    ကြမ်းပိုး​တော့ မ​တွေ့ဖူးဘူး
    ပုရွတ်ဆိတ်​တော့ အ​သေမုန်းတယ်

    ReplyDelete
    Replies
    1. ခြင်လဲ မကြိုက်ဘူး 😁
      တဝှီဝှီနဲ့ နားအရမ်းငြီးတယ်

      Delete
  14. ခြင်ကိုက်တာအရမ်းပဲ🤧

    ReplyDelete
  15. ဂျပိုးနဲ့ တူသောအကောင်များ။

    ReplyDelete
  16. ကြမ်းပိုးတွေ🍀

    ReplyDelete
  17. Wheel............dope.🏹🏹🏹

    ReplyDelete
  18. ဂျပိုးတော့မရှိ။
    ခြင်တော့ရှိပါ၏။

    ReplyDelete
  19. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog