ဆောင်းရာသီမှာ အရေပြားကျန်းမာနေစေဖို့အတွက် 

ပုံမှန်ရာသီဥတုမှာဆို နေဒဏ် အပူဒဏ်ကိုသာဂရုစိုက်နေရပေမယ့် အခုလိုဆောင်းရာသီရောက်တော့ အအေးဒဏ်ကိုပါ တစ်ခုပိုပြီးဂရုစိုက်လာရပြန်ရော။  ပိုလာရုံမက အစိုဓာတ်ကိုရှာဖွေနေတဲ့ အေးမြတဲ့လေခြောက်ခြောက်ကြမ်းကြမ်းကြီးတွေက အရေပြားပေါ်ကအစိုဓာတ်တွေကိုတိုက်စားသွားရင်း ခြောက်သွေ့သွားတဲ့အရေပြားကိုမှ နေပူဒဏ်က ကျရောက်တဲ့အခါ နေလောင်ပျက်စီးလွယ်ပြီး တင်းတိတ်ဖြစ်ဖို့ ရာခိုင်နှုန်း များလာပါတော့တယ်။

အထူးသဖြင့် အသားခြောက်သူတွေ ထိလွယ်ရှလွယ် အရေပြားပိုင်ရှင်တွေ အနေနဲ့ပေါ့။ အဲဒီတော့ ဆောင်းရာသီမှာ အရေပြားကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ…။

Don’t skip sunscreen!

နွေရာသီတစ်ခုတည်း sunscreen လိုအပ်နေတာမဟုတ်ပါဘူး။ UV Raysတွေက နေ့စဉ်နဲ့အမျှ အသားအရေကို ဖျက်ဆီးနေကြတာပါ။ UV Raysတွေကြောင့် အရေပြားကင်ဆာဖြစ်စေနိုင်သလို အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းတွေကိုလည်းဖြစ်စေပါတယ်။ အဲဒါကြောင့် နေ့စဉ်SPF30 နဲ့ အထက် sunscreen ကောင်းကောင်းရွေးချယ်သုံးစွဲပေးပါ။ 

Invest in a Humidifier!!!!!

အေးမြခြောက်သွေ့တဲ့လေထုက အရေပြားပေါ်က နဂိုရှိရင်းစွဲ အစိုဓာတ်ကိုတောင် စုပ်ယူသွားပြီး အသားခြောက် အသားပတ်စေပါလိမ့်မယ်။ အဲဒါကြောင့် humidifier ကောင်းကောင်းတစ်ခု ဆောင်ထားဖို့လည်း လိုပါတယ်။ ဒါမှ အရေပြားက အစိုဓာတ်ပြည့်ဝပြီး နေသာထိုင်သာရှိစေပါလိမ့်မယ်။ 

Skip Hot Showers!!!

ရေခပ်နွေးနွေးလေးနဲ့ ရေချိုးတာ ဆောင်းရာသီအတွက် ပြီးပြည့်စုံတဲ့ ခံစားချက်တစ်ခုဖြစ်ပေမယ့် အရေပြားပေါ်က သဘာဝအဆီတွေကိုပါ စုပ်ယူသွားပြီး အသားခြောက် အသားပတ်တာမျိုးတွေဖြစ်လာစေပါလိမ့်မယ်။ အဲဒါကြောင့် တကယ်လို့ ရေနွေးနဲ့ ချိုးမယ်ဆိုရင်လည်း နေ့စဉ်ချိုးတာမျိုး ရှောင်ပါ။ ၁၅ မိနစ်ထက်ပိုပြီး မစိမ်ပါနဲ့ ။ 

Limit exfoliation!

Exfoliate လုပ်တာ dead skin cells တွေကို ဖယ်ရှားပေးနိုင်တယ်ဆိုပေမယ့်  အလွန်အကျွံဖြစ်သွားရင်တော့ အသားအရေက ထိလွယ်ရှလွယ် ဖြစ်သွားစေပါလိမ့်မယ်။ အဲဒါကြောင့် အသားခြောက်သူတွေအနေနဲ့ဆိုရင်တော့ scrub အနုစားမျိုးရွေးချယ်သုံးပါ။ တစ်ပါတ်ကို ၁ကြိမ် ၂ ကြိမ်လောက်ဆိုရင် လုံလောက်ပါပြီ။ 

Don’t Forget LIPS!!

မျက်နှာနဲ့ ခန္ဓာကိုယ်ကို အစိုဓာတ်ဖြည့်သလို ခြောက်သွေ့လွယ်၊ ကွဲအက်လွယ်တဲ့ နှုတ်ခမ်းသားလေးတွေကိုလည်း အစိုဓာတ်ဖြည့်ပေးဖို့ မမေ့ပါနဲ့။ အစိုဓာတ်အပြည့်အဝ ပေးနိုင်တဲ့ lip balm မျိုးရှာဖွေသုံးစွဲပါ။


Yan

Comments

  1. ကျေးဇူးအများကြီးပါ❤️

    ReplyDelete
    Replies
    1. ဘယ်လောက် များလဲ

      Delete
    2. လက်နဲ့မဆံ့လောက်တဲ့အထိ😹

      Delete
    3. မိုးလောက်ကြီး များတယ်😝

      Delete
  2. Thank for sharing

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  3. ကျေးဇူးပါ❤️

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. ကျေးဇူးပါခင်ဗျာ။

    ReplyDelete
  6. မင်္ဂလာရှိသောနေ့သစ်ဖြစ်ကြပါစေ။

    ReplyDelete
  7. ကျေးဇူးပါ ♡
    စကင်းမကဲ ဖြစ်တာတောင် အတော်ကြာ
    ဒါပေမယ့် လှနေသေးလို့ ‌တော်သေး ရယ် :3

    ReplyDelete
    Replies
    1. ကလစ်ကာဆိုတာနဲ့
      လှပြီးသားပဲ
      😍😍😍

      Delete
    2. ကိုယ်ချင်းစာတရားလေးတွေစားသုံးပြီးသူလှနေတယ်ပေါ့😍😍

      Delete
    3. အပေါ်ကမမချော ၃ယောက် လပ်ပြူ
      haha ပေးတဲ့ မမ ထာ၀ရFAဖြစ်ပါစေ...😂

      Delete
    4. တျောက်တည်းပဲကောင်းပါတယ်လေ

      Delete
  8. အမြဲတမ်းလှပီးသား😂February 18, 2023 at 4:22 AM

    😎😎🤭

    ReplyDelete
    Replies
    1. ရုပ်အရမ်းဆိုးလိူ့ အပေါင်းအသင်းတောင်မရှိApril 11, 2023 at 6:08 PM

      လှတယ်ဆိုတာ အမေပြောတဲ့စကား 🥺

      Delete
  9. သိုင်းကျူးဆိုးမက်ပါဗျ

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog