စခန်းငယ်အတွင်းစီးတဲ့မြစ်
ဘုရားကဖန်ဆင်းတော်မူတာလား
အဖေ့သုတ်ပိုးကဖန်ဆင်းတော်မူတာလား
ရေရေရာရာ သေချာမသိပေမဲ့
ကျိန်းသေတာ လူတွေကိုဒုက္ခပေးဖို့
ငါတို့အသက်ရှင်ခဲ့တယ်။
ကောင်းကင်ဘုံကနတ်တွေနဲ့
အသူရကာယ်ဘုံက မကောင်းဆိုးဝါးတွေ
နိုင်းမြစ်ရဲ့လေဟာနယ်ထဲ
စစ်မက်ထူပြောနေချိန် စပါးနှံချီပြီး
အတောင်ဖြန့်ကားထားတဲ့ ငှက်တွေ
ခေတ်တိုင်းမှာရှိခဲ့တယ်။
ရွှေဝါရောင်စပါးခင်းကို ကုန်ချောအဖြစ်
ထွင်းထုလိုက်တဲ့အခါ
လယ်သမားတွေဟာ ဖိနှိပ်ခံပြည်သူတွေဖြစ်လာ
တစ်နေ့၈နာရီထက် အလုပ် ပိုပိုလုပ်ကြရလည်း
အခြေခံလစာ ၄၈၀၀အတွက် လက်သီးတွေဆုပ်ရ
ကြွေးကြော်သံကိုအာခေါင်ခြစ်လို့ ထုတ်ရ
ရဲဘော်တို့ရေ
လူပဲသတ်ချင်နေတဲ့ကောင်
စစ်ပဲတိုက်ချင်နေတဲ့ကောင်
သေနတ်သံ တဒိုင်းဒိုင်းဖောက်မှ
စားဝင်အိပ်ပျော်တဲ့ကောင်ရှိခဲ့မယ်ဆိုရင်
မတ်တပ်ရပ်ပါ
သူ့ကိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ပေးဖို့ လိုနေပြီ။
ငါတို့စစ်ပွဲကို ခေါ်ခဲ့တယ်
ငါတို့စစ်ပွဲကို စခဲ့တယ်
မောင်းပြန်ရိုင်ဖယ်ရရင် ပျော်ပါးခဲ့ပြီး
ငါတို့ စစ်ကို ဘာလို့မုန်းတီးလာပါသလဲ
တရားသောစစ်မှာ
မည်သို့သော အကျိုးရလဒ်ဖြစ်ထွန်းခဲ့ပါသလဲ
စီးကရက်ငွေ့တွေ့ကြားထဲ
အိမ်မပြန်ဖြစ်တဲ့အကြောင်း သီချင်းလုပ်ဆိုရတာ
တောအရက်ကို ဝေငှသောက်ရင်း
ညရောက်တိုင်း အမေစောင်လာခြုံပေးမှာကို
တောင့်တမိတာ မင်းချည်းမှမဟုတ်ပါဘူး။
မြို့ပြက ငါတို့အဖေတွေ
'တောက်' တတောက်တောက်ခေါက်ရင်း
နိဗ္ဗာန်ရောက်သွားတဲ့အခါ
ငါတို့တွေ ပုံမပျက် မျှစ်တူးနေဆဲမဟုတ်လား
မင်းလည်း ဒီခရီးကိုလျှောက်ခဲ့
ငါလည်း အမေ့ရင်ကို ခြေစုံပိတ်လို့ကန်ခဲ့တယ်
နေညိုရင်ငှက်တိုင်း အိပ်တန်းတက်ရတယ်ဆိုတဲ့
'လောကအဘိဓမ္မာ'
ငါတို့အတွက်တော့ သိပ်မှားတယ်ရဲဘော်
ဒါမှမဟုတ်
ငါတို့အတောင်ပံတွေ
တကယ်ကိုကျိုးကြေပျက်စီးခဲ့ပြီလား။
ရိုးမကိုနိုးထဖို့ ငါတို့ကိုင်မလှုပ်နိုင်လည်း
ဟိုတစ်နေ့ကကျသွားတဲ့
ရဲဘော်အလောင်းက
နေထိုင်တက်သူ လူ့အဖွဲ့အစည်းအတွက်
မြူတစ်မှုန်စာ ခွန်အားဖြစ်ချင်ဖြစ်နေမှာ
စစ်အသုံးစရိတ်အလှူခံဖို့
ရဲဘော်တွေသေပေးနေရတဲ့ တိုင်းပြည်မှာ
မင်းနဲ့ငါ စစ်သားလာဖြစ်တာ
ငါတို့မိဘတွေ ပြောသလိုဆို ကံကံ၏အကျိုးပေါ့ကွာ
တော်သင့်ပြီ ရဲဘော်
တော်လှန်ရေးက
ငါတို့ကို လွတ်လပ်စွာငိုကြွေးခွင့်ပေးမထားဘူး
ဒီတစ်တောင်ဆုံးရင်
တစ်လုံးပေါ်မှာ အသေချာမို့
မင်းကျောပိုးအိတ်ထဲက
ဝန်ပိုနှောင်ကြိုးတွေ ချန်ထားရစ်တော့
တပ်ရင်းမှူးသိရင် အပြစ်ပေးခံနေရပါဦးမယ်
သူလည်းမနေ့ညက မအိပ်ဘဲ တစ်ညလုံးငိုထားတာ
နားလည်ပေးကြရအောင်။ ။
ခွဲထွက် (၂၂ တောင်ပိုင်း)
၁၄ ၊ နိုဝင်ဘာ ၊ ၂၀၂၂
စစ်အသုံးစရိတ်အလှူခံဖို့
ReplyDeleteရဲဘော်တွေသေပေးနေရတဲ့ တိုင်းပြည်မှာ
မင်းနဲ့ငါ စစ်သားလာဖြစ်တာ...
စစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
Appreciate.
DeleteStay Strong...
ReplyDeletestrong mama😚
Delete🤜🤛
Delete❤️💪
ReplyDelete❤️
DeleteWe must win💪
ReplyDeleteစစ်ခွေးနိဂုံး 2023💪
"မင်းကျောပိုးအိတ်ထဲက
ReplyDeleteဝန်ပိုနှောင်ကြိုးတွေ ချန်ထားရစ်တော့
တပ်ရင်းမှူးသိရင် အပြစ်ပေးခံနေရပါဦးမယ်
သူလည်းမနေ့ညက မအိပ်ဘဲ တစ်ညလုံးငိုထားတာ
နားလည်ပေးကြရအောင်။ "
Stay strong!! ❤️
ဟုကဲ့ နားလည်ပေးပါတယ်😁Stay strong mama😚
Delete😚
DeleteFighting ✊✊
ReplyDelete💝
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
Deleteကျန်းမာဘေးကင်းကြပါစေ🙏
ReplyDelete🙏💛🙏
DeleteNyolynn
ReplyDeleteWas
Delete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
Done ✅
ReplyDelete💔
ReplyDeleteFighting together!
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteDone
ReplyDeleteတော်လှန်ရေးက
ReplyDeleteငါတို့ကို လွတ်လပ်စွာငိုကြွေးခွင့်ပေးမထားဘူး ♥♥♥
Done done
ReplyDelete🌧🌳
ReplyDelete😚
ReplyDelete