လွမ်းမိတဲ့အမေ့လက်ရာ (၂)
ပိန်းဥနဲ့မုန်ညှင်းစိမ်း ဟင်းချို

ပြီးခဲ့တဲ့ လွမ်းမိတဲ့အမေ့လက်ရာ(၁)မှာတုန်းကတော့ မိတ်ဆက်ပေးခဲ့တဲ့ အမေ့လက်ရာ မျောက်ငိုသီးချက်လေးကို ဘယ်သူတွေချက်စားကြဖြစ်လဲမသိပေမဲ့ မျောက်ငိုသီးမှာက အကြမ်းဖျင်းအားဖြင့် လေဖြတ်တာကို ကာကွယ်ပေးနိုင်တာ၊ သွေးတိုးကျစေတာ၊ အစာခြေစနစ်နဲ့ အမြင်အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေတာ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အော့အန်တာကို သက်သာစေတာ၊ ခြင်ကိုက်ခံရတဲ့နေရာတွေကို သွေးလိမ်းမယ်ဆိုလျှင် ယားနာခြင်းကိုသက်သာစေသည့်အပြင် အရက်နာကျခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ 

ဒီတော့ အစာလည်းဆေး၊ဆေးလည်းအစာဆိုသလို စားသင့်တဲ့ ရာသီစာလေးပေါ့ဗျာ။ 

ဒီတစ်ပတ်တော့ သူငယ်ချင်းတစ်ယောက် လွမ်းမိတဲ့ သူ့အမေလက်ရာလေးကို ရေးမယ်ဗျာ။ တစ်ခုထူးခြားတာက သူကစစ်ကိုင်းက PDF အဖွဲ့ထဲမှာပေမဲ့ ရှမ်းပြည်က ရှမ်းလေးဗျ။ 

“ဘယ်နေရာ၊ ဘယ်ဒေသသမှာပဲ တော်လှန်တော်လှန် အဓိကက တိုင်းရင်းသားအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို အမြစ်ပြတ်သည်အထိ တော်လှန်ဖို့က အဓိကပါပဲ” ဆိုတာက သူ့လက်သုံးစကားပါ။ 

အခုချိန်မှာ သွေးခွဲပြီး တော်လှန်ရေးကို အရှိန်လျှော့စေချင်တဲ့ လူတစ်စုလည်း ရှိလာပြီမို့လို့ သူ့လိုမျိုး အတွေးအခေါ်ရှိတဲ့သူတွေများပြီး အမြင်ကျယ်ကျယ်နဲ့ ကြည့်ရမယ့်အချိန်လည်းဖြစ်နေပါတယ်။ မလိုသူတချို့ရဲ့ သွေးခွဲစကားတွေကို နားမယောင်ဖို့လည်းလိုပါတယ်။ ဗမာဟာလူများစုဖြစ်ပေမဲ့ သူလည်းတိုင်းရင်းသား၁၃၅မျိုးထဲက တစ်မျိုးပါပဲ။ဒါကြောင့်မို တိုင်းရင်းသားအားလုံး သွေးမကွဲဘဲ စုစုစည်းစည်းနဲ့ စစ်တပ်ကို မြန်မြန်အမြစ်ဖြတ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ 

အညာမှာအေးတာက ရှမ်းပြည်မှာအေးတာနဲ့ မတူပေမယ့်လည်း တောရိပ်တောင်ရိပ်ရှိတဲ့ နေရာမှာ ခိုနေကြရတာမို့ အေးတာကတော့ အေးတာပါပဲ။ 

အမိုးအကာအလုံအလောက်မရှိ၊ ခြုံစရာစောင်ကအစ ဝေပုံကျနဲ့မို့လို့ တစ်ခါတလေတော့ ရဲဘော်တွေ အအေးမိပြီး နှာစေးခေါင်းကိုက်ဖြစ်တာ၊ ဖျားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာ အဲ့ဒီလို ဖြစ်တာတွေကို သက်သာစေနိုင်တဲ့ သူပြောနေကျ ဟင်းချိုတစ်ခွက်ကတော့ စိတ်ဝင်စားစရာလေးဗျ။ 

"ငါတို့ ရှမ်းပြည်မှာ အေးပြီဆို နှာစေးတာ၊ဖျားတာမျိုးကို ကာကွယ်အောင် အိမ်ကအမေ အမြဲလိုလိုချက်ကျွေးနေကျဟင်းချိုလေး သူငယ်ချင်းတွေကို တိုက်ချင်လိုက်တာ"

သူပြောနေကျ ဟင်းချိုက ပိန်းဥနဲ့မုန်ညှင်းစိမ်း ဟင်းချိုလေးပါပဲ။ 

မုန်ညှင်းစိမ်းဟာ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ အများစုပါဝင်သလို တော်ရုံတုပ်ကွေးလို ရောဂါမျိုးကို သက်သာစေနိုင်ပါတယ်။ ပိန်းဥကတော့ အစာချေဖျက်နိုင်အား ပိုကောင်းစေတယ်၊ ကင်ဆာကာကွယ်နိုင်တယ်၊ ဆီးချိုသွေးချိုကာကွယ်နိုင်တယ်၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်၊ မျက်စိကျန်းမာရေးကို အထောက်အကူပြုပြီး အမြင်အာရုံကိုကောင်းမွန်စေတယ်၊ ဗီတာမင် C ကြွယ်ဝတဲ့အတွက် သွေးဖြူဥဆဲလ်တွေ ပိုမိုဖြစ်ပေါ်စေတာကြောင့် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေတဲ့ လူ့အကျိုးပြု အစားအစာဖြစ်ပါတယ်။ 

ဒီနှစ်မျိုးကို ရောပြီးချက်မယ့် ဟင်းချိုပူပူလေးဆိုရင်တော့ သူငယ်ချင်းရှမ်းလေး ပြောသလို နှာစေးတာ၊ ဖျားချင်တာတွေကို မသက်သာပဲ နေနိုင်ရိုးလားဗျာ။ 

သူပြောပြတဲ့ ချက်နည်းကလည်း လွယ်ပါတယ်။ ရိုးရိုးပိန်းဥနဲ့ မုန်ညင်းဟင်းချိုကိုတော့ တောင်ယာတဲတွေမှာ စိုက်ထားတာလေးကို အလွယ်တကူလတ်လတ်ဆတ်ဆတ်လည်း ချက်စားကြတာမို့လို့ တောင်ယာဟင်းလို့လည်း ခေါ်ကြသေးတယ်။ 

သူ့အမေကတော့ ပိုအဟာရဖြစ်အောင်ဆိုပြီး ကြက်သားကို ဟင်းခပ်အနေနဲ့ ထည့်ချက်ပါတယ်။ အနေတော်တုံးထားတဲ့ ကြက်သားနဲ့ အခွံခွာပြီးတုံးထားတဲ့ပိန်းဥကို ဆားလေးသင့်ရုံထည့်ပြီး ရေနွေးဆူဆူထဲ ထည့်ပြုတ်၊ ကြက်သားကလည်း အချိုရည်ထွက်ပြီး နူးလာပြီ၊ ပိန်းဥတုံးလေးတွေကလည်း အိလာပြီဆိုမှ ရေစင်စင်ဆေးပြီး အနေတော်လှီးထားတဲ့ မုန်ညှင်းစိမ်းထည့်၊ ကြက်သွန်ဖြူအနည်းငယ် နဲ့ဂျင်းလေး တစ်တက်လောက်ကို ဓားပြားရိုက်ထည့်လိုက်ရုံပါလို့ ပြောပါတယ်။ ငရုတ်ကောင်းကြိုက်ရင်လည်း ဟင်းချိုထဲကို ငရုတ်ကောင်းမှုန့်လေး ဖြူးလိုက်လို့ ရပါသေးတယ်။ တွဲဖက်ပြီး စားဖို့ကိုတော့မုန်ညှင်းချဥ်လေးကို သုပ်လိုက်ရင်ကို အတွဲအစပ်က ပြည့်စုံပါပြီ။ 

မုန်ညင်းချဥ်အချိုကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်နဲ့ငရုတ်သီးစိမ်းလေး လှီးထည့်၊ ဆား အချိုမှုန့် အနေတော်ထည့်၊ ဆီလေးဆမ်းပြီး (အချဉ်ကြိုက်ရင် သံပရာသီး ပါးပါးတစ်စိပ်ညှစ်ထည့်)သုပ်လိုက်ရုံပါပဲ။ 

ချက်ရတာလည်းလွယ် အာဟာရလည်းအပြည့်ပါ။ ကိုယ်ခန္ဓာကိုလည်း ကောင်းကျိုးပြုတာ အများကြီးပါတဲ့ ဟင်းချိုလေးပါ။

သူလွမ်းမိတဲ့ သူ့အမေ့လက်ရာလေးကို အရမ်းအေးတဲ့နေ့တွေမှာ စားလိုက်ရရင် ကောင်းမှာပဲလို့ သူနဲ့အတူတူပေါင်းပြီး လွမ်းမိပါရဲ့။ 

အခုချိန်မှာ တော်လှန်ရေးကြီး အောင်မြင်တော့မယ့်အရိပ်အယောင်တွေလည်း ပိုမိုပြီးရှိလာနေပါပြီ။ မြန်နိုင်သမျှ မြန်မြန်အောင်မြင်စေဖို့အတွက် ငွေအားရော လူအားပါလိုအပ်နေပါတယ်။ ငွေအား၊လူအား မရင်းနိုင်လည်း ကလစ်တာလေးကတော့ လူတိုင်းလိုလို လုပ်နိုင်တာမို့လို့ ခါတိုင်းထက်ပိုပြီး ကလစ်ပေးကြရင် ကျေးဇူးအထူးတင်မိမှာပါ။

နောက်တစ်ပတ်မှာ လွမ်းမိတဲ့အမေ့လက်ရာ (၃)မှာ ပြန်ဆုံကြမှာမို့ အားစိုက်ပြီးကလစ်ပေးကြပါဦးလို့ ဆန္ဒပြုတောင်းဆိုရင်း...။


Linn Khant Maw

Comments

  1. ကျေးဇူးပါ
    ဒီဟင်းချိုလေးတော့ လုပ်စားကြည့်မယ်
    စစ်ကိုင်းPDF အဖွဲ့ထဲရောက် ရှမ်းပြည်က ရှမ်းလေးရော အမေ့အိမ်နှင့်‌ေ၀◌းနေသူအားလုံး
    တော်လှန်ရေးကြီး အမြန်အောင်မြင်ပြီး အိမ်ပြန်ရောက်ကြပါစေ....

    ReplyDelete
  2. သိပ်ကောင်းတဲ့ ဟင်းတခွက်ပါ
    ရွှေလံဘို ဆားထောင်းလေးနဲ့

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. "ဘယ်နေရာ၊ ဘယ်ဒေသသမှာပဲ တော်လှန်တော်လှန် အဓိကက တိုင်းရင်းသားအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို အမြစ်ပြတ်သည်အထိ တော်လှန်ဖို့က အဓိကပါပဲ”

    အဲ့လို စိတ်ဓာတ်လေးတွေနဲ့ ငါတို့လူတွေကြောင့် ဒီတစ်ပွဲမှ မနိုင်ရင် ဘယ်ပွဲမှာနိုင်ရမှာလဲ။

    လေးစားလျက်ပါ။ ‌

    ReplyDelete
  5. အမေ့လက်ရာလွမ်းသူ၊အိမ်လွမ်းသူအားလုံး ဘေးကင်းပြီးကျန်းမာကြပါစေ 🙏

    ReplyDelete
  6. ပုံမြင်ရင်း စားချင်လာပြီး။
    ပိန်းဉနဲ့ မုန်ညင်းစိမ်းဟင်းချို ချက်စားကြည့်ဉီးမှ။

    စိတ်ချပါနော် ရဲဘော်လေး ဒီကလူတွေ ကြိုးစားclickနေပါတယ်။

    ReplyDelete
  7. ပိန်းဥနဲ့မုန်ညှင်းစိမ်းဟင်းချို လွမ်းမိ 🤤

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. မင်္ဂလာရှိသောနေ့သစ်ဖြစ်ကြပါစေ။

    ReplyDelete
  10. စားချင်လိုက်တာ မိုးရွာ​နေ​တော့ အဲ့လို ပူပူ​လော​လောဟင်းချိုနဲ့ ငရုတ်သီး​ထောင်း​လေးနဲ့ တမ်းတမိတယ်

    ReplyDelete
  11. အလွမ်းတေတိုးပီးပိုလွမ်းနေမိတယ်အမေApril 13, 2023 at 6:11 PM

    ဒီရက်ပိုင်း ပိုတတိရတယ်လေ🥺ရေးရင်းတောင်ငိူမိ😢

    ReplyDelete

Post a Comment

Popular posts from this blog