၂နှစ်ပြည့်သတိမေ့ခြင်း

အိုင်းရစ်ပန်းတွေနဲ့လှပနေကျ
ဖေဖော်ဝါရီလရဲ့မြေပြင်ဟာ 
သွေးရောင်ခြယ်ပန်းတွေအမြစ်တွယ်ခဲ့တယ်
တို့မျိုးဆက်သေဆုံးခဲ့ပေါ့ 
တို့မျိုးဆက်လှောင်ပိတ်ခဲ့ပေါ့

မြို့ပြရဲ့အဆောက်အဦးတွေကြားထဲကနေ
တင့်ကားတွေဟာ စစ်ရေးပြသလို
ခေါင်းပြူးထွက်လာကြတယ်
ကူရာမဲ့ ကယ်ရာမဲ့ဘဝတွေ 
မြတ်စွာဘုရားရှေ့မှာတန်းစီခဲ့ကြရတယ်

မျှော်လင့်ချက်ရောင်နီတွေဟာ
မိုးတိမ်မည်းမည်းတွေရဲ့ဝါးမြိုခြင်းအောက်
အလံဖြူပြ အလံဖြူပြခဲ့ရတယ်
လူငယ်တွေလည်း လူငယ်တွေလိုမဟုတ်ရပြန်
မပျော်ရတဲ့နေ့ရက်တွေအများသားပါလား

သံစဥ်တွေဟာ ရိုက်ချိုးခံရတယ်
အနုပညာဟာ လက်ထိပ်တန်းလန်းနဲ့
အချစ်ဆိုတာကတော့ ခွဲစိတ်နေတုန်း
တစ်ဖက်က ဓမ္မ တစ်ဖက်က အဓမ္မ
တိုင်းပြည်ကတော့ ကြားထဲကြေမွလို့

မဆုံတော့တဲ့မိသားစုတွေ ဘယ်နှစ်အိမ်ရှိလဲ
ကမ္ဘာတစ်ခြမ်းမှာက ပျော်ရွှင်ဖွယ်ရာတွေနဲ့
ကမ္ဘာတစ်ခြမ်းကတော့ 
သေမင်းနဲ့စကားများနေရတယ်

ငါတို့တွေအမှောင်ဖုံးနေတာ ၂နှစ်တဲ့လား
ငါတို့တွေအာဏာရှင်အောက်ရောက်နေတာ
၂နှစ်တဲ့လား ဒီလိုအချိန်တွေကုန်ဆုံးချင်ပြီ
ကဗျာတွေလည်းပေါ်ထွက်လာတယ်
သို့သော် အချုပ်အနှောင်တွေနဲ့

တရားမျှတမှုရေ ဘယ်မှာပုန်းနေလဲ
ငါတို့မင်းကိုလိုက်ရှာနေတာ ၂နှစ်ရှိပြီ
နတ်တွေရေ ဖန်ဆင်းရှင်တွေရေ
ဖွက်ထားတယ်ဆိုလည်း ပြန်ပေးပါ 
ကျွန်တော်တို့သတိရနေလို့ပါ
ကျွန်တော်တို့သတိမေ့နေလို့ပါ

ကမ္ဘာကြီးရဲ့တစ်ခြားတိုင်းပြည်တွေလို
ကျွန်တော်တို့တိုင်းပြည်ကိုလည်း
အရက်တိုက်ချင်လို့ပါ
ဆေးချစေချင်လို့ပါ
ကဗျာရေးစေချင်လို့ပါ
အချစ်နဲ့တွေ့စေချင်လို့ပါ
အနုပညာကိုခံစားစေချင်လို့ပါ
ပျော်ရွှင်မှုကို ပျော်ပျော်ကြီးရစေချင်လို့ပါ

ကျွန်တော်

Comments

  1. လှလိုက်တာညီရေ
    အရွယ်နဲ့မလိုက်အောင်တော်ပါတယ်ညီ

    ReplyDelete
  2. အုံးကနဲ မမြည်ဘဲနဲ့
    ပြည့် အသည်း​တွေကွဲ
    ပြည့်ရင်​တွေ ​သွေးရွှဲလို့
    အတုန်းအရုန်း လဲပြိုကျ
    ကုန်းကွကွ ပြန်ထရင်းနဲ့
    ၂နှစ်​တောင် ရှိပါ​ပေါ့ကွယ်။

    ReplyDelete
  3. လေးစားပါတယ်
    စကားလုံးလေးတွေက လှပ သေသပ်
    🕊️🕊️🕊️

    ReplyDelete
  4. တော်လိူက်တာ ကျနော်ရယ်😁😚

    ReplyDelete
  5. ၂နှစ်ပြည့်ခဲ့ပီ ကျနော်နဲ့ တစ်ချို့က ပြန်မလာတော့တဲ့ သေခြင်းမျ်ုးနဲ့ ခွဲခွာသွားပီ
    တစ်ချို့က သေလုနီးပါးနဲ့ ရှင်ကွဲ ခွဲသွားကြတယ်
    ကျနော်ကို တယောက်ထဲ ထားခဲ့ကြတယ် ကျနော်ပြိုလဲရင်း ပြထလိုက်နဲ့ ကျနော်ရှင်သန်နေရတယ်
    အားလုံးပီးဆုံးသွားတဲ့တသ်နေ့ ပြန်တွေ့ကြမယ်နော်
    အားတင်းထားပါတယ် ကျနော် ကတိမတည်နိုင်ရင်သာခွင့်လွှတ်ပေးဖို့တောင်းဆိုရင်း မင်းတို့တွေ အဆင်ပြေပါစေ

    ReplyDelete
  6. သံစဥ်တွေဟာ ရိုက်ချိုးခံရတယ်
    အနုပညာဟာ လက်ထိပ်တန်းလန်းနဲ့
    အချစ်ဆိုတာကတော့ ခွဲစိတ်နေတုန်း
    တစ်ဖက်က ဓမ္မ တစ်ဖက်က အဓမ္မ
    တိုင်းပြည်ကတော့ ကြားထဲကြေမွလို့

    ကျွန်တော်

    ReplyDelete
  7. ရှေ့ဆက်ပိုကလစ်ဖို့ဘဲရှိတော့တယ်

    ReplyDelete

  8. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  9. နှလုံးသားကလာတဲ့စကားလုံးတွေ
    လေးစားပါတယ် ကျွန်တော်ရေ 💙

    ReplyDelete
  10. အမှောင်အတိဖုံးခဲ့တဲ့နေ့..ဘယ်တော့မှမမေ့ဘူး😡စစ်ခွေးနိဂုံး2023✊🏻

    ReplyDelete
  11. ကဗျာလေး သဘောကျမိ 💙

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
    Replies
    1. ၂နှစ်ပြည့်ပြီး။ လူငယ်တွေလည်း နှာခေါင်းသွေး အပျက်ပျက်နဲ့ ရင်မှာ ဝေဒနာတွေ ကိုယ်စီပိုက်ရင်း တောင့်ခံထားကြဆဲ....

      Delete
  14. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  15. ကောင်းလိုက်တဲ့ကဗျာလေးဗျာ။

    ReplyDelete
  16. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  17. လှပ​သေသပ်ပါ​သော ကဗျာ​လေး 🤗

    ReplyDelete
  18. Wheel............dope.🏹🏹🏹

    ReplyDelete
  19. ကဗျာရေးတာပါ။
    ရေးချ ကျန်ခဲ့၍ အားနာမိပါ၏။
    တောင်းပန်ပါသည်။
    ကျေးဇူးတင်ပါသည်။

    ReplyDelete

Post a Comment

Popular posts from this blog