အလှအပနှင့် အဆိပ်သင့်ဆက်ဆံရေး (၆) ချက်...

တကယ်တော့ ဒီအကြောင်းကို ရေးဖို့ဆိုတာထက် Toxic people တွေအကြောင်းစဉ်းစားနေရင်း အလှအပ အထူးသဖြင့် Skincare ဘက်ကို အာရုံရောက်သွားတာ။

အမှန်တကယ်ဆိုရင်လည်း အများစုက Toxic relationship လို့ပြောလိုက်တာနဲ့ ပထမဆုံး ပြေးမြင်မိမှာက ကိုယ့်ပတ်ဝန်းကျင်ကသူတွေ၊ ကိုယ်နဲ့သက်ဆိုင်တဲ့သူ၊ ကိုယ့်သက်ဆိုင်ရာ အသိုက်အဝန်း မဟုတ်ပါလား…။

ဒီထက်ပိုပြီး စဉ်းစားကြည့်ရင် အလှအပနဲ့ မကင်းနိုင်တဲ့ လူတိုင်းအတွက် အလှအပအသုံးအဆောင် တွေမှာလည်း Toxic relationship ဆိုတာရှိနေပါတယ်။ ပြီးတော့ ဒီ blog ကို ဖတ်နေတဲ့အထဲမှာ Skincare, Cosmetics သုံးရတာကို စိတ်ဝင်တစားရှိတဲ့ အမျိုးသား/သမီး တွေရှိမယ်ဆိုရင် တော်လှန်ရေးကာလကြီးထဲမှာ မကုန်သင့်တာ မကုန် ချွေတာဖြစ်သွားအောင်၊ ပြီးတော့ Skincare, Cosmetics ကထွက်လာတဲ့ ငွေပိုငွေလျှံလေးကို သက်ဆိုင်ရာတော်လှန်ရေးမှာ အင်အားတစ်ခုအနေနဲ့ ပါဝင်ဖြစ်သွားအောင် ရေးဖြစ်သွားတာလည်း ပါတာပေါ့။

အလှအပနဲ့ ပတ်သက်ပြီး အဆိပ်သင့်ဆက်ဆံရေး ဘယ်ကစတင်သလဲဆိုရင် Insatiability ဆိုတဲ့ ကိုယ့်အသုံးပြုနေတဲ့ skincare, cosmetics တွေကနေ ရလာတဲ့ ရလဒ်တွေကို နှေးလို့၊ စိတ်တိုင်းကျမဖြစ်လို့ ကျေနပ်ရောင့်ရဲမှုမရှိခြင်းနဲ့ insecurity ဆိုတဲ့ ကိုယ့်မှာဖြစ်နေတဲ့ အသားအရေပြဿနာ ဥပမာ - အဆီပြန်တာ၊ အသားခြောက်တာ၊ ဝက်ခြံထွက်တာ၊ တင်းတိပ် အမဲစက်၊ အမာရွတ်ရှိတာတွေအပေါ်မှာ စိတ်မလုံခြုခြင်း ပေါင်းစပ်ရာကနေ စတင်လာတာပါပဲ။ 

အဲဒီတော့ ကိုယ့်အနေနဲ့ Beauty products တွေနဲ့ Toxic relationship ရှိနေတာကို ဘယ်လိုသိနိုင်မလဲ ?

“ဒါက ပိုကောင်းမယ်ထင်တယ်”

တစ်ခါတရံကျရင် အသားအရေပြဿနာနဲ့ လိုက်ဖက်ရာ Product တစ်မျိုးကို သုံးတော့သုံးနေတယ်။ ဒါပေမဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖွဲ့နွဲ့ထားတဲ့ ကြော်ငြာလေးတစ်ခုကို တွေ့လိုက်တဲ့အခါမှာ “ဒါလေးက ပိုကောင်းမယ်ထင်တယ်” ဆိုတဲ့အတွေးမျိုး အများစုဝင်လာလေ့ရှိပါတယ်။ 

“အခုသုံးနေတာရော ကောင်းရဲ့လား”

အဲဒီအတွေးရဲ့ နောက်ဆက်တွဲက လွန်ကဲလာတဲ့အခါ လက်ရှိသုံးနေတဲ့ Skincare ကို သံသယဝင်လာတော့တာပါပဲ။ စဉ်းစားကြည့်ပါ။ ခင်မင်သူအချင်းချင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း သံသယဝင်တဲ့အခါ တစ်ယောက်နဲ့တ‌စ်ယောက် မကြည်ဖြူ၊ မယုံကြည် ဖြစ်လာသလိုမျိုးပေါ့။ လူချင်းတော့ပေါင်းနေတယ်။ ဒါပေမဲ့ စိတ်ချင်းတော့ ဝေးလာတယ်။ 

“အခင်အမင်ပျက်လာမယ်”

အရာဝတ္ထုတိုင်းမှာ စွမ်းအင်ရှိပါတယ်။ မြင်နိုင်တဲ့ စွမ်းအင်ရော၊ မမြင်နိုင်တဲ့ စွမ်းအင်ရောပေါ့။ ကိုယ်သုံးနေတဲ့ ပစ္စည်းအပေါ် ယုံကြည်မှုပျောက်ဆုံးလာတဲ့အခါ Energy စက်ကွင်းဟာပျက်စီးလာသလိုပါပဲ။ လူတွေနဲ့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် အခင်အမင်ပျက်လာတယ်ပေါ့။ ဥပမာ Lifestyle, အစားအသောက်လေး အတိမ်းအစောင်းဖြစ်သွားလို့ ဝက်ခြံလေးထွက်လာတဲ့အခါ၊ အဆီဖုလေးထွက်လာတဲ့အခါ၊ အဆီပြန်၊ အသားခြောက်လာတဲ့ တခဏလေးမှာ ကိုယ်လက်ရှိသုံးနေတဲ့ Skincare ကြောင့်လို့ အထင်အမြင်လွဲပြီး အခင်အမင်ပျက်လာပါတော့တယ်။ 

“စိတ်ထဲ တသသ”

အဲဒီစိတ်နဲ့ တပြိုင်နက်တည်းမှာပဲ ကိုယ့်လက်ထဲမှာမရှိသေးတဲ့ ကိုယ်မဝယ်ရသေးတဲ့ ပစ္စည်းကို သုံးကို သုံးကြည့်မှဖြစ်ရမယ်ဆိုပြီး စိတ်ထဲ တသသဖြစ်လာရင်း ‌ငွေကုန်ဖို့ လမ်းစကို ရှာဖွေလာပါတော့တယ်။ 

သူများဒါဆို ကိုယ်လည်း ဒါ

Skincare, Cosmetics သုံးခါစ junior ဘဝမှာ ကြုံကို ကြုံတွေ့ရဖို့များတဲ့ ပြဿနာတွေထဲက တစ်ခုပါပဲ။ ဥပမာ “သူများက ဒီ serum သုံးလို့ ဝက်ခြံတွေပျောက်သွားတယ်၊ ဒီ နို့ရည်သုံးလို့ ချွေးပေါက်ကျယ်တာ သက်သာသွားတယ်” ဆို ကိုယ်လည်း ဒါ သုံးကိုသုံးရမှ ပျောက်မှာသေချာတယ်ဆိုတဲ့ အ‌တွေးဝင်နေတာမျိုးပေါ့။ (လူတစ်ယောက်နဲ့ တစ်ယောက်ဆိုတာ နာမည်မတူ၊ နေထိုင်တဲ့ ဒေသမတူ၊ စားသောက်မှုပုံစံချင်းလည်း မတူ၊ မတူညီတဲ့ ပုံစံတွေကြားမှာ ဒီတစ်ခုကို သုံးမှ ပျောက်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ပြီးတော့ ဥပမာ ချွေးပေါက်ကျယ်တဲ့ ပြဿနာကိုပဲ ကြည့်ပါ။ အသားခြောက်ပြီး ချွေးပေါက်ကျယ်တာမျိုးနဲ့ အဆီပြန်ပြီး ချွေးပေါက်ကျယ်လာတာမျိုးတောင် ရှိနေသေးတာ။ ဒါကတော့ နောက်တစ်ပိုင်းတွေကျရင် ဆက်ပြောကြတာပေါ့။)

ဒါဆို ဘာသုံးရမလဲ ?
ဘယ်ပစ္စည်းသုံးရမလဲဆိုတာထက် နေ့စဉ် Skincare System အတွက် အခြေခံလိုအပ်ချက်က 

မျက်နှာသန့်စင်ခြင်း (Cleansing) ၊ မျက်နှာဆေးကြောခြင်း (Washing) ၊ အစိုဓာတ်ဖြည့်ခြင်း(Toner, Emulsion) နဲ့ နေရောင်ခြည် ကာကွယ်ခြင်း (Sun Protection) ဆိုတဲ့ အဆင့် ၄ ဆင့်ကို ပိုင်ပိုင်နိုင်နိုင် လုပ်ပေးမယ်ဆိုရင် သာမန် အဆီပြန်၊ အသားခြောက်၊ ဝက်ခြံ၊ ဆားဝက်ခြံလိုပြဿနာတွေအတွက် ကာကွယ်ပြီးသားဖြစ်မှာပါ။ ဒါဆို Serumတို့ Essenceတို့ Night Creamတို့ကရော ဘာလဲ။ ဒါကတော့ နောက်တစ်ပါတ်မှာ ဆက်ပြောကြတာပေါ့နော်။

 Yan

Comments

  1. Thanks For Sharing Informations.❤️🌹

    ReplyDelete
  2. ဟုတ်ကဲ့ စောင့်မျှော်နေပါမယ် 🥰

    ReplyDelete
  3. ကျေးဇူးပါနော် 💞

    ReplyDelete
  4. ကျေးဇူးအများကြီးပါ❤️

    ReplyDelete
  5. Serumတို့ Essenceတို့ မသုံးဖြစ်တာတောင်ကြာပြီ

    ReplyDelete
  6. ဟုတ်ကဲ့ ၊ကျေးကျေးပါ
    နောက်အပိုင်းကိုလည်းမျှော်နေပါ့မယ် 😊

    ReplyDelete
  7. Thank for sharing

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  8. Thanks. Skincare က ကိုယ်နှင့်မဆိုင်သလိုပဲ။

    ReplyDelete
  9. ကို ဝှီး.........ဒုတ်။

    ReplyDelete
    Replies
    1. ဟဲ့........ဘာကြီးလဲ၊ လန့်ထှာဗျာ။

      Delete
  10. သနပ်ခါးဘဲ အမြဲလိမ်းတယ်🌞February 19, 2023 at 7:09 AM

    ဒါတွေကို မသိဘူးရယ် ဝါသနာလည်းပါဘူး😂

    ReplyDelete
  11. Micella waterတစ်မျိုးပဲ သုံးတယ်။ ကျန်တာတွေ မသုံးဖြစ်။ Skincareရပျင်းလို့။ ဝယ်ထားလည်း ဒိတ်ကုန်သွားတာပဲ အဖတ်တင်တယ်။ ဒါကြောင့် ဘာမှ မသုံးဖြစ်တော့။😁

    ReplyDelete

  12. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  13. သနပ်ခါးလိမ်းရင်လိမ်း မဟုတ်ရင် မျက်နှာ​ပြောင်ပဲ 😁

    ReplyDelete
  14. အဲဒါ​တွေ သုံးစရာမလိုဘဲ လှပြီးသား 😉

    ReplyDelete
  15. I really miss Shingnip Web😢😭

    ReplyDelete
  16. သနပ်ခါးမလိမ်းဖြစ်တာ
    (2)နှစ်ကျော်ပေါ့။

    ReplyDelete

Post a Comment

Popular posts from this blog