ကျန်းမာရေးအတွက် ဆားခါးတစ်ခွက်
ဆားခါးကိုတော့ ဆံပင်အဆီပြန်လွန်းလို့ ၊ ဗောက်ထလို့ ရေလေးနဲ့ထည့်ပြီး ဦးရေပြားကိုဆွတ်ပြီး သန့်စင်ပေးတာမျိုး လုပ်ဖူးကောင်းလုပ်ဖူးကြမယ် ထင်ပါတယ်။
အဆီပြန်တာ သက်သာစေဖို့၊ ဗောက်သက်သာစေဖို့ အသုံးပြုတာအပြင် ဆားခါးက ကျန်းမာရေးအတွက် တခြားဘယ်လိုအကျိုးပြုတာတွေရှိနေသေးလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။
စိတ်ဖိစီးမှု သက်သာစေတယ်
ဆားခါးတစ်ခွက်ကိုရေခပ်နွေးနွေးထဲ ရောစပ်ထားပြီး မိနစ် ၂၀ ခန့် တစ်ကိုယ်လုံးကို စိမ်ထားပေးလိုက်ပါ။ စိတ်အပန်းပြေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ စိတ်ဖိစီးမှုပြေပျောက်ဖို့ တစ်ပါတ်မှာ ၃ ကြိမ်လောက် ဆားခါးနဲ့လည်း ရေချိုးပေးနိုင်ပါတယ်။
အဆိပ်အတောက်ကင်းစင်စေတယ်
ဆားခါး ၁ - ၂ ခွက်ခန့်ကို ရေခပ်နွေးနွေးနဲ့ရောစပ်ပြီး တစ်ကိုယ်လုံး ၁၀ - ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။ တစ်ပါတ်ကို ၂ - ၃ ကြိမ်ခန့်လုပ်ပေးမယ်ဆိုရင် ပတ်ဝန်းကျင်က နေဒဏ်၊ ရေဒဏ်၊ လေဒဏ်တွေကြောင့် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေဖြစ်ခြင်းကို ကင်းစင်စေပါလိမ့်မယ်။
ကြွက်သားနာကျင်ခြင်း သက်သာစေတယ်
ဆားခါးနဲ့ ရေခပ်နွေးနွေးကို ခပ်ပျစ်ပျစ်လေးဖြစ်အောင် ဖျော်စပ်ပြီး နာကျင်တဲ့ ကြွက်သားနေရာမှာ မိနစ် ၂၀ ခန့်လိမ်းပေးခြင်းကလည်း ကြွက်သားနာကျင် ရောင်ရမ်းခြင်းတွေ သက်သာစေပါသေးတယ်။
ဆံပင်သန်စေတယ်
ကိုယ်သုံးနေကျ ဆံပင်ပေါင်းဆေးနဲ့ဆားခါးရောစပ်ပြီး ရေစိုနေတဲ့ ဦးရေပြားနဲ့ ဆံကေသာမှာ ၁၅ - ၂၀ မိနစ်ခန့် လိမ်းထားပေးပါ။ ပြီးမှရေအေးနဲ့ ဆေးချပေးပါ။ တစ်ပါတ်ကို ၁ကြိမ်ခန့် လုပ်ပေးနိုင်ပါတယ်။
တကယ်လို့ ဦးရေပြား အဆီပြန်သူတွေအနေနဲ့ ကိုယ်သုံးနေကျ ခေါင်းလျှော်ရည်ထဲ ဆားခါးအနည်းငယ်ရောစပ်ပြီး တစ်ပါတ်ကို ၂ ကြိမ်ခန့်လျှော်ပေးနိုင်ပါတယ်။ ဆားခါးက ဦးရေပြားက အဆီပိုတွေကို ဖယ်ရှားသန့်စင်ပေးပြီး ကျန်းမာစေပါတယ်။ ပြီးတော့ ဆံသား ပျက်စီး၊ ပါးလွှာပြီး ဦးရေပြားအဆီပြန်စေတဲ့ chemical တွေကိုလည်း ဖယ်ရှားပေးတာကြောင့် ဆံကေသာ သန်စွမ်းကျန်းမာစေပါလိမ့်မယ်။
အသားအရေကို ကြေးချွတ်ပေးနိုင်စွမ်းရှိတယ်
ကိုယ့်အသားအရေကို စိုစွတ်အောင်ပြုလုပ်ပြီး ဆားခါးနဲ့ ခပ်ဖွဖွလေးပွတ်ပေးပါ။ ပြီးမှ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ သံလွင်ဆီနဲ့ ဆားခါးရောစပ်ပြီးလည်း ပွတ်ပေးနိုင်ပါတယ်။ တစ်ပါတ်၁ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပြီး ယားယံခြင်း၊ ဝက်ခြံ၊ ဆားဝက်ခြံတို့ဖြစ်စေတဲ့ ချွေးပေါက်အတွင်းမှ အဆီတွေကို ဖယ်ရှားသန့်စင်ပေးပြီး ကျန်းမာတဲ့ အရေပြားအလှကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ (အသားအရေနူးညံ့ပြီး ထိခိုက်လွယ်သူတွေအနေနဲ့တော့ မလုပ်တာအကောင်းဆုံးပါ။)
ခြေထောက်အနံ့နံခြင်း သက်သာစေတယ်
Shoes ဖိနပ်အချိန်ပြည့် စီးနေရလို့ပဲဖြစ်ဖြစ်၊ ခြေထောက်အဆီထွက်များပြီး အနံ့အသက်ထွက်လွန်းရင် ဆားခါး ခွက်တစ်ဝက်ခန့်ကို ရေခပ်နွေးနွေးနဲ့ ရောစပ်ပြီး ၁၀ မိနစ်ခန့် ခြေထောက်စိမ်ထားပေးရုံပါပဲ။
သတိထားရမှာကတော့ ကျောက်ကပ်ဝေဒနာ၊ ဆီးချိုနဲ့ အသက် ၆ နှစ်အောက် ကလေးငယ်တွေ ဆားခါးအသုံးမပြုဖို့ သတိပြုပေးဖို့တော့လိုပါတယ်နော်။
Yan
😘
ReplyDeleteဆားခါး က ဘယ်လိုဟာပြောတာလဲ
ReplyDeleteဆားကြမ်း ပြောတာလား 😁
ဆားခါး(ဆခါး)ဆိုပြီး သပ်သပ်ရှိတယ်ရယ်, ပရဆေးဆိုင်တွေမှာရတယ်, အိမ်မှာတော့ပန်းပင်တွေကို ဆားခါးအမြဲကျွေးတယ် (အပွင့်ကြီးဖို့) 😁
Deleteကျေးဇူး ညိုပြာလေး
Deleteတကယ်မသိတာ 🥰
🥰
Deleteဆားခါးဆိုတာ ဘယ်ကြီးတုန်း မေးမလို့ ညိုပြာကျေးဇူးနဲ့သိသွားပီ
Deleteသိုင်းကျူး ညိုပြာ 🥰
ဒီလိုကိုး
Delete✍️ မှတ်ထားလိုက်ပီ😍
Deleteကျေးဇူး😚
ReplyDeletemild CKD ရှိလို့ သူ့သုံးကြည့်လို့မရပါဘူး
ReplyDeleteThank for sharing
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
Thanks.
ReplyDeleteတော်"အသုံးဝင်တဲ့ဆခါးပဲ၊သိရလို့ကျေးဇူးဗျို
ReplyDeleteRa Sha sai 🥰
ReplyDeleteကျေးဇူးလည်းအရမ်းတင်မိပါတယ်
ReplyDeleteဆားခါးတော့မသိဘူး🤭
🥴🤣
Deleteအဲသလောက်အသုံး၀◌င်မှန်း ခုမှ သိရတယ်
ReplyDeleteကျေးဇူးပါ...<3
ဆားကြမ်းပဲ သိတာ။ အခုမှ ဆားခါးကို ကြားဖူးတော့တယ်။ Thanks.
ReplyDeleteDone ✅
ReplyDelete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
Done♥
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteDope
Delete🎯
Delete😇😇😇😇
ReplyDeleteDone💞💞💞
ReplyDeleteThank you 👍
ReplyDeleteThanks
ReplyDelete🏵️🏵️🏵️🏵️
ReplyDelete