အလှအပနှင့် အဆိပ်သင့်ဆက်ဆံရေး...အပိုင်း - ၂


လူ့သဘာဝကိုက တစ်ယောက်ယောက်က တစ်ခုခုလုပ်ပြီ‌ဟေ့ဆို ကိုယ်လည်းလိုက်လုပ်လိုက်ရမှ နေသာထိုင်သာရှိတာ။ ကျေနပ်သွားကြတာမျိုး။ ဥပမာ - အလှအပရေးရာနဲ့ ပတ်သက်တဲ့အခါမှာလည်း တစ်ယောက်ယောက်က ဒါကောင်းတယ်ဆို ကိုယ်လည်း ဒါသုံးလိုက်ရမှ ဆိုတာမျိုးပေါ့။ အဲဒီတော့ နောက်ဆက်တွဲက မကုန်သင့်တာ ကုန်လာမယ်။ အခန့်မသင့်ရင် မဖြစ်သင့်တဲ့ အသားအရေ ပြဿနာဖြစ်လာမယ်။

ဒါဆို သူများကောင်းတယ်ပြောတိုင်း မသုံးရဘူးဆို ကျွန်တော်/မ တို့ကဘာသုံးရမလဲ

အသားအရေထိန်းသိမ်းခြင်းနဲ့ ပတ်သက်လာတဲ့အခါ အသက်ကြီးကြီး ငယ်ငယ်၊ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အဆင့် ၄ဆင့်ပဲရှိပါတယ်။

✅Cleansing


သန့်စင်ခြင်းပေါ့။ မျက်နှာလည်း သစ်ရဦးမယ်။ Cleansing ကလုပ်ဖို့လိုသေးလားဆိုရင် ဖောင်ဒေးရှင်းမကောင်းတဲ့၊ မခိုင်တဲ့ အိမ်တစ်အိမ်ပေါ်မှာ ပစ္စည်းတွေအများကြီးတင်ထားတာ၊ မိသားစုတွေအများကြီး တတ်နေ နေတာကို မြင်‌ယောင်ကြည့်ပါ။ Cleansing ဆိုတာလည်း အသားအရေထိန်းသိမ်းခြင်းမှာ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံး။ ဒီအဆင့်ကို သေသေချာချာမလုပ်ဘဲ အပေါ်ကနေ တိုနာ၊ နို့ရည်၊ ဆီရွမ်တွေ ဇွတ်ထည့်နေတဲ့အခါမှာ အခြေမခိုင်တဲ့ အသားအရေ၊ သေသေချာချာ မသန့်စင်စေတဲ့ အသားအရေပေါ်ကအညစ်အကြေးတွေကို ချွေးပေါက်လေးတွေနဲ့ နှဲ့သွင်းနေတာနဲ့ အတူတူပါပဲ။ ပြီးတော့ ဝက်ခြံဖြစ်လာစေတဲ့ တရားခံတွေထဲက တစ်ခုပေါ့။ 

✅Washing

မျက်နှာသစ်ခြင်းကတော့ လူတိုင်းနီးပါး လုပ်ဖြစ်တဲ့ ကိစ္စဖြစ်လို့ အထွေအထူးတော့ ပြောစရာမရှိပါဘူး။

✅Toner & Emulsion
 

ဒီနေရာမှာ တော်တော်များများ လွဲနေကြတယ်။ တိုနာလိမ်းပြီးရင် နို့ရည်သုံး။ ပြီးရင် Moisturizer ထပ်သုံးဖို့လိုတယ်ဆိုပြီး။ ပြောရရင် Google ကနေ Translation လုပ်ပြီး Skincare Steps ဘယ်နှစ်ဆင့်သုံးရမယ်ဆိုပြီး reference လုပ်နေတဲ့ blogger တွေကြောင့်လဲ ပါတာပေါ့။ (တစ်နေ့ကျမှ သီးသန့်ရေးပေးပါဦးမယ်)။ တကယ်တော့ Toner, Emulsion ဆိုတာ moisturizing အစိုဓာတ်ဖြည့်ပေးခြင်း အဆင့်ပါပဲ။ အလုပ်လုပ်ပုံချင်းလေးတော့ ကွာသွားတာပေါ့။ တိုနာက မျက်နှာသစ်ပြီး ဆပ်ပြာမြှုပ်လေးတွေနဲ့ ပါသွားတဲ့အစိုဓာတ်တွေကို ပြန်ပြီး instant hydrate လုပ်ပေးတယ်။ Toner ကို Cotton pad နဲ့ သုံးမယ်ဆိုရင် မျက်နှာမှာ ကျန်နေတဲ့ dead cells အကြွင်းအကျန်တွေကိုပါ mild exfoliating (အနုစားကြေးချွတ်) ပေးတယ်ပေါ့။ နို့ရည်ကျတော့ သုံးထားတဲ့ တိုနာတွေကို တစ်နေ့တာလုံး ကြာရှည်ခံ‌အောင် အပေါ်ကနေ အလွှာပါးလေးနဲ့ ကာကွယ်ပေးလိုက်တဲ့ သဘောပေါ့။ “ကျွန်မကတော့ ချွေတာချင်လို့၊ တော်လှန်ရေးမှာ Skincare တစ်ဘူးစာ အားဖြည့်လိုက်ချင်လို့ ဘာလေးရွေးရမလဲ” ဆိုရင် တိုနာသာ သုံးပါ။ ၂ ခုလုံးသုံးဖို့လိုလားဆို အသားအရမ်းခြောက်တဲ့သူမဟုတ်ရင် လိုအပ်လှတယ်ဆိုတာမျိုးချည်းမဟုတ်ပါဘူး။

✅Sunscreen


Skincare ရဲ့ နောက်ဆုံး အဆင့်၊ အရေးကြီးဆုံး အဆင့်လို့ပြောရမယ်။ ဘာလို့လဲဆိုတော့ လိမ်းထားသမျှ skincare တွေက နေရောင်ခြည်ဒဏ်ကို မကာကွယ်ထားတဲ့အခါ အလကားပါပဲ။   Sunscreen နဲ့ပတ်သက်လို့ကတော့ မနှမြောပါနဲ့။ ကိုယ့် budget နဲ့ ကိုက်ညီတဲ့အထဲက quality အကောင်းဆုံးကိုသာ ရွေးသုံးပါ။ တစ်ခုတော့ ရှိတယ် သုံးတယ်ဆိုတိုင်းလည်း SPF 50 တို့ PA အများဆုံး ပါတာတွေချည်း ရွေးစရာတော့ မလိုပါဘူး။ ကိုယ်က နေရောင်အောက်မှာ သိပ်အလုပ်မလုပ်ရတဲ့သူဆိုရင် SPF 15, 20, 25 စသည်ဖြင့်ပေါ့။ တကယ်လို့ နေရောင်အောက်အနေများတဲ့သူ၊ နေရောင်ခြည်နဲ့ အနီးဆုံး တောင်ပေါ်ဒေသကသူတွေ၊ အကာအကွယ်မဲ့ နေရာမှာနေတဲ့ မြေပြန့်ကသူတွေဆိုရင်တော့ SPF 50 လို ပိုမြင့်တာတွေ ရွေးသုံးရင်တော့ အကောင်းဆုံးပါပဲ။

အဲဒီတော့ အသားအရေ ထိန်းသိမ်းခြင်းမှာ အခြေခံအကျဆုံးက မျက်နှာသန့်စင်မယ်။ မျက်နှာသစ်မယ်။ အစိုဓာတ်ဖြည့်မယ်။ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။ ဒီ ၄ ဆင့်နဲ့တင် လုံလောက်ပါပြီ။

ဒါဆို market ထဲက serum, essence, mask , night cream တွေဆိုတာကတော့ ဘာတွေလဲ။ ဒီအကြောင်းတွေကိုတော့ ‌နောက်တစ်ပါတ်မှာ ဆက်ပြောကြတာပေါ့။ နောက်ဆုံးအနေနဲ့ အလှအပစိတ်ဝင်စားပြီး Skincare တွေနဲ့ အမြဲအဆိပ်သင့်နေတဲ့ ကိုယ့်သူငယ်ချင်းတွေကို ဒီ link လေး share ပြီး ဖတ်ခိုင်းဖို့ မမေ့နဲ့ဦးနော်။ "Sharing is caring" ပါ။

ဒီစာလေးတစ်ပုဒ်ဖတ်ပြီးလို့ မလိုအပ်တာတွေ မဝယ်မိတဲ့အခါ အခုခေတ်ကာလ ပေါက်ဈေးနဲ့ ပစ္စည်းတစ်ခုတန်ဖိုး၂၀,၀၀၀/- ၃၀,၀၀၀/- လောက်က တော်လှန်ရေးအတွက် အင်အားတစ်ခုဖြစ်သွားလည်း ပိုပြီးကောင်းတယ်မဟုတ်ပါလား။

Yan

Comments

  1. ကျေးဇူးအများကြီးပါ❤️

    ReplyDelete
    Replies
    1. လင်းဆက်April 12, 2023 at 5:14 AM

      ဘယ်လောက် များ
      များတာကကျေးဇူးလား
      အသဲလား🤭

      Delete
    2. မျက်နှာပါ😎

      Delete
    3. အိမ်းးဘယ်လိုတွေတောင်လား😁

      Delete
  2. Thanks for your time and effort.

    ReplyDelete
  3. ဟုတ်ကဲ့ပါ၊chyeju grai kaba sai yaw 😊

    ReplyDelete
  4. gara hku shakya tim n tsawm sai law😁

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
    Replies
    1. မန့်ကဘယ်ပျောက်
      ဘယ်မှလဲမသွား ဘာမှလဲမသုံးဘူး အေးရော အိမ်မှာတနေကုန်ဖုန်းနဲ့မခွာအားဘူး

      Delete
  6. မကြားဘူးသလို မဝယ်ပါဘူး🤒February 19, 2023 at 7:11 AM

    တလရအတွက်အသုံးပြုပါ့မယ် 😁

    ReplyDelete
    Replies
    1. ဒီ နာမည်အဆန်းလေးတွေ တစ်ယောက်ထဲလား 😍

      Delete
    2. လိုက်ဖတ်နေတာ မျက်စိတောင်လည် နာမည်တွေကမန့်တွေလားလို့ 😁

      Delete
    3. တူတူပဲ တစ်ယောက်ထဲလို့ ထင်မိ 🤗

      Delete
    4. ၂ယောက်ပါ ကိုကြီးဒေါင်းကောင်မလေးနဲ့ ကိုကြီးဟိန်းသစ်ကောင်မလေးပါ🤭🤣

      Delete
    5. ရှင်လေးမှန်း သိနေတာကြာပြီ 🥰

      Delete
    6. ဟုတ်ပ မှန်းမိနေတာ ကြာပေါ့ ☺️

      Delete
  7. ဟုတ်ကဲ့ မဝယ်တာ ‌အတော်ကြာနေပါပြီ 🥰

    ReplyDelete
  8. ကျေးဇူးအများကြီး တင်ပါတယ်လို့ 💞

    ReplyDelete
  9. Thank for sharing

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete

  10. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  11. Skin care ဖို့ ဝါသနာမပါ​တော့ ပိုက်ဆံကုန်သက်သာတယ် 😁😁😁

    ReplyDelete
    Replies
    1. အဲ့ဒါကြောင့်၊ခေါင်းလျှော်ခကုန်မှာစိုးလို့ဆံပင်ပါညှပ်ပစ်လိုက်တာ😁

      Delete
    2. ပို သက်သာအောင် ကတုံးပါ တုံးလိုက်ရမှာကို 🤭 ဟီး စတာနော် 😄

      Delete
  12. ကလစ်ဖို့က အ​ရေးကြီး​နေလို့ ​
    နောက်​တော့မှ စကင်ကဲ
    ဖင်မဲတာ​လည်း ​
    ဖွေးလိုက်​တော့မယ်။ 😁

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog