ရှင်သန်မှု

ကျောမွဲ တစ်ယောက်ရဲ့ 
ရှင်သန်ခြင်း အဓိပ္ပာယ်
မည်မျှ ကျယ်ပြန့်နိုင်မည်နည်း။

ခေတ်ထဲ ခလုတ်တိုက်တော့
ကျောမွဲတစ်ယောက် လမ်းပျောက်ခဲ့
ကောင်းကင်မှာ ကြယ်များ
ထွန်းတောက် သကဲ့သို့
အရောင်လက်ချင် ဆန္ဒမျှဖြင့်
လမိုက်ညတွေချည်း ကျော်ဖြတ်ခဲ့ရ။

နှင်းဆီတစ်ပွင့်ရဲ့ ရှင်သန်ခြင်း
နုဖက်မှု ရှိခြင်းနှင့်အတူ
မွှေးထုံသော သတ္တိရှိမှု
တစ်ပါးသော မိန်းမပျိုတစ်ယောက်၏
ဆံထုံး ပေါ်ဝယ် ဂုဏ်အလှ တိုးစေသကဲ့သို့
ခြောက်သွေ့မှု ညိုးနွမ်းမှု
ဒြပ်မဲ့မှု ရှိခဲ့မူ
မပျောက်ပြယ်သော မွေးထုံသော ရနံ
ရှိခြင်းကဲ့သို့
မွေးထုံခဲ့ချင်ရုံ။

သစ်ပင်အိုကြီးသကဲ့သို့
မည်သည်မျှ မမျှော်၊မပေးနိုင်ခဲ့မှု
ကောင်းမွန်သော အရိပ်အေးအေး 
အာဝါသတစ်ခု ပေးနိုင်ခဲ့ခြင်း
ရှင်သန်ခြင်းမျှသာလျှင် 
ကျောမွဲတစ်ယောက်ဟာ
တက်မက်မိခဲ့။

တစ်ခါတစ်ခါ
လမိုက်ညများ ကြား
လက်ဆုပ်လက်ကိုင် မရှိ
ပေးဆပ်စရာမရှိတဲ့အခါ
တဆတ်ဆတ်တုန်နေတဲ့
ဘဝတစ်ခုကို ဆုပ်ကိုင်ကာ
အရောင်သဲ့သဲ့ ကျနေတဲ့
လမ်းစတစ်ခုကို 
မျှော်မိနေရင်း...။       ။                             

ရာယား

Comments


  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. ဖိုက်တိုးပါ 🤝February 19, 2023 at 11:51 PM

    တိုးဖိုက်🤭

    ReplyDelete
  3. မျှော်ရင်း...

    ReplyDelete
  4. 💪ရာယား...
    ရာယား ဆိုလို့ ...ဒီအရွယ်ရောက်တဲ့အထိ ရားရာလို့ပဲ‌ေခါ်ခဲ့တဲ့အဖေ့ကိုလွမ်းမိတယ်😢

    ReplyDelete
    Replies
    1. ​ကျောမွဲ​လေး ရာယား ​ပေါ့

      Delete
  5. သစ်ပင်အိုကြီးဆိုပေမယ့် အရိပ်အေးအေးလေး ပေးနေတုန်းပဲလေ...🌳🤗

    ReplyDelete
  6. Wheel............dope.🏹🏹🏹

    ReplyDelete
  7. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  8. စစ်ခွေးနိဂုံး၂၀၂၃

    ReplyDelete
  9. Fighting
    Click,click,click............

    ReplyDelete
  10. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  11. ကောင်းမွန်သော အရိပ်အေးအေး
    အာဝါသတစ်ခု ပေးနိုင်ခဲ့ခြင်း
    ရှင်သန်ခြင်းမျှသာလျှင် ..🌧️🌳

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. Fighting
    Click,click,click..............

    ReplyDelete
  14. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါသည်။

    ReplyDelete

Post a Comment

Popular posts from this blog