လွမ်းမိတဲ့ အမေ့လက်ရာ (၄)
ခါချဉ်ကြော်
ကျွန်တော်က ငယ်ငယ်တည်းက ပုတက်ထောင်၊ အိုင်ပက်၊ ပွေးထိုး၊ ခါချဥ်ဖွပ်တာလိုမျိုးဟင်းစားရှာတဲ့ အလုပ်တွေကို ကျောင်းအားရက်တိုင်း လုပ်ဖြစ်သလို ဝါသနာလည်းပါတယ်။
အိမ်က အမေကတော့ အမေတွေရဲ့ ထုံးစံအတိုင်း သူများအသက်သတ်ရပါ့မလားဆိုပြီး ဆူလည်းဆူပေမဲ့ ရလာတဲ့ အကောင်ပလောင်လေးတွေကိုတော့ ဖွယ်ဖွယ်ရာရာနဲ့ စားကောင်းအောင်တော့ ချက်ပေးရှာပါတယ်။
မြို့မှာလို လိုချင်တာလေးရှိရင် စျေးပြေးပြီး ဝယ်လို့ရတာမဟုတ်တဲ့ ရွာမှာမို့ အမဲ၊ ၀က်ပေါ်ချိန်မျိုးလောက်ပဲအသားစားကြရပြီး ကျန်တဲ့အချိန်တွေက ရွာစည်းရိုး၊ တောတန်း၊ ယာကန်သင်းဘေးမှာ ရာသီအလိုက် အလေ့ကျပေါက်တဲ့ သီးပင်စားပင်တွေနဲ့ဘဲ ထမင်းတစ်နပ်ပြီးလိုက်ကြရတာပါပဲ။
အိမ်မှာမွေးထားတဲ့ ကြက်၊ဘဲလို အကောင်တွေကိုတော့ ဧည့်သည်လာမှပဲ ချက်ကျွေးဖြစ်တာ။ ကျွန်တော် ငယ်ငယ်ကတည်းက အသားမပါရင် ထမင်းမစားတက်တဲ့သူဆိုတော့ ကိုယ်ထက်ကြီးတဲ့သူတွေ ဟင်းစားရှာတာကိုကြည့်ပြီး အတုမြင်အတက်သင်ပေါ့ဗျာ။ အရွယ်လေးနည်းနည်းရလာတာနဲ့ အကုသိုလ်တွေ ဘာတွေ သိပ်စဥ်းစားမနေဘဲ ဟင်းစားအတွက် သားငါးကိုတော့ အချိန်ရတိုင်း ရှာဖြစ်ပါတယ်။
အဲ့ဒီထဲမှာ အမြဲလိုလုပ်ဖြစ်တာကတော့ ခါချဥ်ဖွပ်တာပါ။ ခါချဥ်အုံအောက်မှာ ရေဇလုံချထားပြီး ခါချဥ်အုံကို ရေဇလုံထဲထိုးချ၊ ပြီးမှ ခါချဥ်ကောင်လေးတွေဆယ်ယူပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်းနဲ့ မီးကင်ထားတဲ့ ပုဇွန်ငါးပိလေးထည့်ထောင်းလိုက်ရင် ချဥ်ငံစပ် ခါချဥ်ထောင်းလေးတခွက်ရပြီပေါ့။ အချဥ်သီးရှားတဲ့အချိန် အိမ်မှာမွေးထားတဲ့ နွားမကသားကျလို့ နွားအချင်းရတဲ့အခါမှာလည်း နွားအချင်းကိုပြုတ်ပြီး အနေတော်လေးတွေလှီး၊ ရှောက်ရွက်နဲ့ကြက်သွန်နီပါးပါးလှီးထည့်၊ ဆီချက်နဲ့ငရုတ်သီးလှော်မှုန့်ထည့်၊ ခါချဥ်ကောင်လေးတွေက အချဥ်ရည်ကိုညှစ်ပြီး သုပ်တာလည်း စားဖူးပါရဲ့။
ဥပါတာများတဲ့အခါကျလည် းဥလေးတွေသီးသန့်ဖယ်ထုတ်လိုက်တယ်။ ကြက်ဥထဲကို ငါးငံပြာရည်နဲ့အချို့မှုန့်၊ ဆား သင့်ရုံထည့်ခေါက်ထားတာထဲ ခါချဥ်ဥလေးတွေကို အသာထည့်မွှေပြီး အချပ်လိုက်လည်း ကြော်စားကြသေးတာပဲ။
ကျွန်တော်အကြိုက်ဆုံးကတော့ ခါချဥ်ကောင်တွေကို ဥပါတာများတဲ့အခါမှာ ပုဇွန်ငါးပိလေးနည်းနည်းထည့်ပြီး ဒီတိုင်းကြော်တာလေးပါပဲ။ တချို့ကျတော့ မြေပဲနဲ့ရောကြော်လေ့ရှိပြီး တချို့ကျလည်း မြေပဲနဲ့ထောင်းစားကြပါတယ်။ ခါချဥ်ကောင် ဥများများနဲ့ရတဲ့အခါမှာ ပုဇွန်ငါးပိလေးကိုကျက်ရုံကြော်၊ ပြီးရင် အမှိုက်ပါတာလေးတွေ ဖယ်ပြီးသန့်ထားတဲ့ ခါချဥ်ဥနဲ့ အကောင်လေးတွေထည့်မွှေ၊ မီးနည်းနည်းနဲ့ အိုးလည်းမကပ်၊ ခါချဥ်ဥလေးတွေလည်း မပေါက်အောင် သတိထားမွှေပြီး ခါချဥ်ကောင်လေးတွေ ကြွပ်ခါနီးတဲ့အထိ ကြော်ထားတဲ့ ခါချဥ်ကြော်ကတော့ ကျွန်တော်အကြိုက်ဆုံးပါပဲ။
ဒီအချိန်ဆို ခါချဥ်တွေဖွပ်လိုက်ရင် ဥများများပါပြီး ကျွန်တော်အကြိုက်ကြော်စားလို့ အကောင်းဆုံးအချိန်ပေါ့။ ဒါပေမယ့် ကျနော့်ခြံ၊ ကျွန်တော့်ရွာအနီးအနား သစ်ပင်တွေမှာရှိတဲ့ ခါချဥ်တွေကတော့ ပျော်နေမယ်ထင်ပါရဲ့။ သူတို့ကို လာလာဖွပ်စားတဲ့သူက ရွာနဲ့အဝေးမှာ ရောက်နေတာ တစ်နှစ်ကျော်လို့ နှစ်နှစ်နားတောင် ကပ်နေပြီကိုး။
ဘာကြောင့်လည်းဆိုတော့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရဆီကနေ မင်းအောင်လှိုင်နဲ့ နောက်လိုက်စစ်ခွေးတသိုက်က အာဏာသိမ်းခဲ့ရာကနေစလို့ မင်းအောင်လှိုင်ရဲ့ လက်ပါးစေ စစ်ခွေးတစ်စုက အပြစ်မဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့လူမဆန်စွာ ပြစ်ခတ်သတ်ဖြတ်တာတွေကြောင့် လက်နက်နဲ့တော်လှန်မှ ဖြစ်မယ်ဆိုတဲ့ ခံယူချက်နဲ့ အာဏာသိမ်းစစ်တပ်ကို အမြစ်ဖြတ်တိုက်ထုတ်ဖို့အတွက် PDF ရဲဘော်အဖြစ်ခံယူပြီး အဝေးတစ်နေရာ တောထဲရောက်နေလို့ပါပဲ။
တောထဲတောင်ထဲနေတာမို့ ကျွန်တော်ကြိုက်တဲ့ ခါချဥ်အုံတွေ ခဏခဏတွေ့ပေမယ့် အစားတစ်လုပ်အတွက် အချိန်မပေးချင်တော့တာမို့ တစ်ခါမှမဖွတ်ဖြစ်ပါဘူး။ အခုတော့ ခဏအောင့်ထားပြီး တော်လှန်ရေးကြီးပြီးလို့ အားလုံးအေးချမ်းတဲ့အချိန်ကိုရောက်တော့မှပဲ အမေ့လက်ရာ ခါချဥ်ကြော်လေးနဲ့ ထမင်းမြိန်မြိန်စားပါဦးမယ်။
Linn Khant Maw
မိုက်
ReplyDeleteအမေ့လက်ရာခါချဥ်ကြော်ကိုမြန်မြန်စားရပါစေ💪🏻
ReplyDeleteမစားရဲဘူး😁
ReplyDeleteတူတူပဲ 😅
Deleteမီတူး😁
Delete☺️🥰
Deleteထောင်းစား
Delete😂
Deleteဆန္ဒတွေပြည့်ပါစေ 🙏💪🥰
ReplyDeleteDone♥
ReplyDeleteလွမ်းမိတယ်ကျနော်လည်း အမေ့လက်ရာ🥺🥺
ReplyDeleteအတူတူစားကြမယ်ဗျ ဖိုက်တိုး
ReplyDeleteDone♥
ReplyDeleteမစားဖူးဘူးလေ🙂
ReplyDeleteခါချဉ်ကြော်👍👍👍
ReplyDeleteမြန်မြန်အမေ့ဆီပြန်ရောက်ပါစေ ကိုဓနုလေးရေ 🎊🥹
ReplyDeleteDone♥
ReplyDeleteDone♥♥♥
Deleteခါချဉ်ကြော်ကို ကဗျာတွေ ရသစာပေတွေမှာ ကြားဖူးတယ်။ ပုံကတော့အခုမှ မြင်ဖူးတော့တယ်။😁
ReplyDeleteGoodတယ်ဗျာ စားဖူးတယ် Fighting!👍
ReplyDeleteဒါတော့မစားဖူးသေးဘူး မြည်းကြည့်ချင်မိ
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
I want to taste it.
ReplyDeleteကို ဝှီး.........ဒုတ်။
ReplyDeleteအောင်မယ်ငီး မစားရဲ 😬😬😬
ReplyDelete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
Done ✅
ReplyDeleteWAS
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteDone
ReplyDeleteခါချဉ်ကိုက်တာ ပေါင်ကြားတွေကို
ReplyDeleteခုထိမမေ့ဘူး 🙄🙄
တော်တော်နာမှာနော် 🥺ကိုက်စရာေနရာ ရှားလို့ဒီခါချဉ်နှယ် 😅🤭
DeleteDone
ReplyDelete🌧🌳
ReplyDelete♡
ReplyDeleteDone💕
ReplyDelete💙
ReplyDelete