အိမ်တွင်း အနှောင့်အယှက်ပေးနေတဲ့ ပုရွက်ဆိတ်တွေကို ဘယ်လိုဖယ်ရှားမလဲ


ရှာလကာရည်


ရှာလကာရည်အနံ့ကိုလည်း ပုရွက်ဆိတ်တွေ မခံနိုင်ကြပါဘူး။ ရှာလကာရည်နဲ့ ရေဆတူရောပါ။ Spray ဘူးလေးထဲထည့်ပြီး ပုရွက်ဆိတ်အလာများတဲ့နေရာတွေ သူတို့လမ်းကြောင်းတစ်လျှောက် ဖြန်းထားပေးလိုက်ရုံပါပဲ။ တစ်နေ့၁ကြိမ် လုပ်ပေးနိုင်ပါတယ်။ 

ပရုတ်လုံး


ပရုတ်လုံးကတော့ ပုရွက်ဆိတ်တွေကို သေစေနိုင်စွမ်းရှိပါတယ်။ ပုရွက်ဆိတ်အလာများတဲ့နေရာတစ်လျှောက် ပရုတ်လုံးကို အလုံးလိုက်ဖြစ်စေ၊ အမှုန့်ကြိတ်ပြီးဖြစ်စေ ချထားပေးလိုက်ရုံပါပဲ။ ကလေးငယ်တွေ၊ တိရိစ္ဆာန်တွေနဲ့တော့ ဝေးဝေးထားဖို့ သတိပြုပေးပါ။

သံပရာ


သံပရာအနံကြောင့် ပုရွက်ဆိတ်ကင်းစေပါတယ်။ သံပုရာရည်ကို ပုရွက်ဆိတ်လမ်းကြောင်းတစ်လျှောက် ဖြန်းထားပေးလိုက်ရုံပါပဲ။

သခွားသီးအခွံ


သခွားသီးကို အခွံနွှာပြီး ပုရွက်ဆိတ်တွေရှိတဲ့နေရာ ထားထားပေးရုံပါပဲ။ အခွံနွမ်းသွားတဲ့အခါ အသစ်ပြန်လဲပေးပါ။ သခွားသီးအခွံရဲ့ အနံ့နဲ့ အရသာကို ပုရွတ်ဆိတ်တွေ ခံနိုင်ရည်မရှိကြပါဘူး။

ဆပ်ပြာရည်


ဆပ်ပြာရည်၊ baking soda နဲ့ ရေရောစပ်ပြီး ပုရွက်ဆိတ်လာတဲ့နေရာတစ်လျှောက် ဖြန်းထားပေးရုံပါပဲ။

အိမ်သန့်ရှင်းရေးလုပ်ပါ


ဒီလို ပုရွက်ဆိတ်ပြေးစေမယ့် နည်းလမ်းလေးတွေအပြင် အိမ်သန့်ရှင်းရေးလုပ်ဖို့လည်း လိုအပ်ပါသေးတယ်။ကိုယ့် မီးဖိုဆောင်၊ ပန်းကန်စင် စတာတွေကိုလည်း သန့်ရှင်းအောင်ထားပါ။သကြားလိုမျိုး ပုရွက်ဆိတ်ကြိုက်တဲ့ အစားအစာတွေကိုလည်း သေချာ လုံခြုံအောင် ဖုံးအုပ်ထားပါ။ မသန့်ရှင်းတဲ့ ပန်းကန်အိုးခွက်တွေကို ဘေစင်မှာ ချန်မထားပါနဲ့။ တစ်ခါတည်း ဆေးကြောပါ။ အမှိုက်အိတ်တွေကိုလည်း သေသေချာချာ လုံခြုံအောင် ဖုံးအုပ်ထားဖို့လိုပါတယ်။

Yan

Comments

  1. သကြားယူစားပြီး သကြားဘူးကို တမင်မလုံအောင်လုပ်ထားခဲ့သောမိမိ🤭😹

    ReplyDelete
    Replies
    1. လူဆိုးပဲ 😅

      Delete
    2. ဝေစားမျှစား😹

      Delete
    3. @Great CHEyeCK ချိသူ ကိုရောလားဟင်🤭

      Delete
    4. @Kachin ချိသူက ဝေစားမျှစားလုပ်လို့ရဘူးလေ နောက်ရဘူးညော်😏😅

      Delete
    5. @ML Sun ဟုတ်တယ်နော် မျှစားစရာလား
      တစ်ယောက်ထဲ အဝစားးးးး 🤭

      Delete
    6. သူနဲ့တော့မျှစားမှာ သူ့ကိုတော့မျှမပေးဘူးလေ🤣

      Delete
    7. ဘာတွေချားနေကြတာလဲ😁

      Delete
    8. မှောင်ယေး🤤😁

      Delete
    9. လင်းဆက်April 12, 2023 at 4:47 AM

      ဟယ်စားလို့ရသလား

      Delete
    10. မြည်းချင်လို့လား🤭

      Delete
  2. Thank for sharing

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  3. ဝှီး.......ဒုတ်။

    ReplyDelete
  4. lang chyam Yu na re👌

    ReplyDelete
  5. ပုရွတ်ဆိတ်တတ်မယ်ထင်တဲ့အရာမှန်သမျှ လုံအောင်မအုပ်မိပါ 😺😒February 19, 2023 at 7:15 AM

    အတော်ဆိုးတာဘဲ😒

    ReplyDelete

  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. ​ကျေးဇူးပါ ပုရွတ်ဆိတ်​တွေကို မကြိုက်လို့ ခဏခဏ​တော့ သန့်ရှင်း​ရေးလုပ်ဖြစ်တယ်

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. Done💕💕💕

    ReplyDelete
  10. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  11. 🙋🙋🙋🙋

    ReplyDelete

Post a Comment

Popular posts from this blog