မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ဦး ၉

မင်းက မိန်းကလေးသာမဆန်တာ
ချည်ထိုးတတ်တယ်
ပန်းပင်တွေကိုချစ်တယ်
အိမ်မှုကိစ္စနိုင်နင်းတယ်
မီးဖိုချောင်ထဲအလုပ်လုပ်ရတာ ကြိုက်တယ်
မိန်းကလေးတွေလုပ်တဲ့အလုပ် လုပ်တယ်
မင်းအကြောင်း အရိပ်အမြွက်သတင်းရတော့
၃၅လမ်းမှာ ကိုယ်ခေါက်တုန့်ခေါက်ပြန်ပဲ
မဟာမြတ်မုနိဘုရားရဲ့ ဂြိုဟ်ပြေနံပြေထောင့်
ကိုယ်မရပ်မနားဆုတောင်းမြဲ ဆုတောင်းဆဲ
သံသရာလည်တာ တစ်ပတ်ပြည့်ရင်တော့
ကိုယ်နဲ့မင်းဆုံရဦးမှာပေါ့
ကံတရားရေခင်ဗျားကို တစ်ခါတော့ယုံမယ်
ကျွန်တော့်ကိုသစ္စာမဖောက်ဖို့မျှော်လင့်တယ်

ကျွန်တော်

Comments

  1. ကံတရားရေ 😔

    ReplyDelete

  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ကျွန်တော့်ကိုသစ္စာမဖောက်ဖို့မျှော်လင့်တယ်
    #ကျွန်တော်

    ReplyDelete
  4. ကောင်းဆိုး နှစ်တန် လောကဓံ ကြုံရဆုံရ ဤလောက။

    ReplyDelete
  5. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  6. ဆံနိုင်ခွင့်လေးတမ်းတမိတယ် ဘယ်တော့လဲ

    ReplyDelete
    Replies
    1. ဆန္ဒလေးတွေနဲ့တို့ဆုတောင်းလေးများဘယ်မှာပြည့်မလဲ။😁

      Delete
  7. ငါပြုခြင်း၏ ကံအကြောင်းတို့သည် အကျိုးတို့ တစ်ဖန် ဖြစ်တည်ရာမြဲ

    ReplyDelete
    Replies
    1. ငါ ဆောက်တညိရာမဲ့....

      Delete
  8. မိန်းကလေးလဲ မဆန်သလို
    အိမ်မှုကိစ္စတွေလဲ လုပ်ရတာမကြိုက်ပါဘူးး👌

    အပင်တွေတော့ အရမ်းချစ်တယ် 💙

    ReplyDelete
  9. ဒါဆိုရင်တော့သေချာတယ် ကျွန်တော် က မန်းလေးသားပဲ😄

    ReplyDelete
  10. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  11. မိန်းခ​လေးလဲ မဆန်ဘူး အဲဒါ​တွေလဲ မလုပ်တတ်ဘူး 😁

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. ကံတရား​ရေ...
    ဆုံ​ပေးလိုက်ပါကွာ
    ဒီတစ်ခါထဲ​ပေါ့
    ​နောက်တခါ​တော့
    မယ်ကုဝဏ်နဲ့ ​ပေးစားလိုက်။
    😂😁😁

    ReplyDelete
  14. ကံတရားရေ
    တွေ့ဆုံခွင့်လေး
    ပေးလိုက်ပါ။

    ReplyDelete
  15. Done🍒🍒🍒

    ReplyDelete
    Replies
    1. ကံတရားရေခင်ဗျားကို တစ်ခါတော့ယုံမယ်
      ကျွန်တော့်ကိုသစ္စာမဖောက်ဖို့မျှော်လင့်တယ်

      Delete
  16. Fighting
    Click,vlick,click........

    ReplyDelete

Post a Comment

Popular posts from this blog