အိမ်လွမ်းနာ (၄)
တပေါင်းလလိုအချိန်ဟာ တစ်ချိန်ကအညာမြေအတွက် သာယာမှုတွေနဲ့ ကြည်နူးပျော်ရွှင်စရာပေါ့။ စာဆိုရှင် ဦးယာကတော့ တပေါင်းလရဲ့ သာယာပုံကို “တပေါင်းညှာကျင်” (အဲချင်း) မှာ
တပေါင်းငယ်မှ ညှာကျင်
နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့
ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်
နုညိုစင်ငယ်တဲ့လေ...လို့ ရေးဖွဲ့ထားပါတယ်။
ကဗျာ စာပေပညာရှင်အတော်များများကလည်း တပေါင်းလဟာ ၁၂လထဲမှာ အလှဆုံးလဖြစ်တာကြောင့် တပေါင်းလခေါင် သာများနောင်လို့တောင်တင်စားကြတာပါ။ တပေါင်းလရဲ့ အဖွဲ့တွေထဲမှာ စာဆိုဦးကြင်ဥရဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ တပေါင်းလဖွဲ့ဟာ ရက်ကို အထိမိဆုံးနဲ့ သရုပ်အပေါ်ဆုံးဖြစ်ပါတယ်။
“ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်
သဇင်ကြွင်းငယ်နှင့်
အင်ကြင်း သန္တာ ညွန့်ငယ်တို့
ဖူးကွန့်ကိုက်စည်
ဘမရာ ရွှေပိတုန်းငယ်တို့
ချွေသုံးကြ ဝတ်ရည်
ဆွတ်ကြည်ဘွဲ့ ဖော်ကွဲ
ယင်းသည့်နေ့ဆိုင်
ရသေ့သူတော်တိုင်မှ
ဉာဏ်မခိုင် စျာန်ယိုင်လို့ လျှောရတယ်
ရာသီတွင် ခါညီပြောပေပ
ကြော၍သာမြဲ” တဲ့။
တကယ်လည်း လှကိုလှတဲ့ လတစ်လပါ။ အညာဒေသရဲ့ တပေါင်းလရှုခင်းဟာ ဆိုရင်လည်း ကြည့်တဲ့နေရာတိုင်းမှာ ရွက်ဟောင်းတွေကကြွေပြီး လေမှာဝဲနေသလို ရွက်သစ်၊ ရွက်နု၊ ပုရစ်ဖူးစိမ်းစိမ်းလေးတွေ၊ နီနီလေးတွေကို ကားနဲ့ဖြတ်ဖြတ်၊ ဆိုင်ကယ်နဲ့ ဖြတ်ဖြတ်၊ နွားလှည်းနဲ့ပဲဖြတ်ဖြတ် ဖုန်လုံးကြီးတွေတလိမ့်လိမ့်ကြားထဲမှာ မြင်နေရတာဟာ စစ်မှန်တဲ့ အညာရဲ့ သရုပ်သကန်တစ်ခုဖြစ်ပါတယ်။
ဒီလိုအချိန်မျိုး အစီအရီထွက်လာတဲ့ ရွက်သစ်၊ရွက်နု၊ပုရစ်ဖူးလေးတွေဟာလည်း အညာရဲ့ ရာသီစာ ဒေသစာလေးတွေပေါ့။ အိမ်မှာနေတုန်းကတော့ ဒီလိုကာလမှာ မိသားစုစုံစုံညီညီနဲ့ ပျော်ရွှင်စွာ စားကြ၊ သွားကြ၊ တပေါင်းလရဲ့ ပွဲတော်တွေကို လည်ကြပတ်ကြရင်း ပွဲတော်စာ မုန့်ပဲသွားရည်စာတွေကို အားပါးတရ စားကြနဲ့ပေါ့။
အိမ်မှာနေခဲ့တဲ့ ရက်တွေတုန်းကတော့ ခြံစည်းရိုးက ကင်မွန်းချဥ်ပင်ကြီးက အဖူးတွေထိုးပြီဆို ထောင်းစားမလား၊ ချက်စားမလား အကုန်ရတဲ့ ဟင်းလျာတစ်မျိုးပေါ့။ ကြိုက်မိတဲ့ ဟင်းပွဲတစ်ခုကိုပြောရရင်တော့ ကင်မွန်းချဥ်ဖူးနဲ့ ငါးလေးခြောက်ချက် ဟင်းပွဲလေးပါ။ အညာမှာပြန်ရောင်းဖို့ ငါးခြောက်ငါးခြမ်းတွေ၊ ရခိုင်မှာဆင်း၀ယ်တုန်းက တည်းတဲ့အိမ်ကချက်ကျွေးတဲ့ ဟင်းပွဲလေးကို အမေက စားကောင်းတယ်ဆိုလို့ အိမ်ပြန်ရောက်တော့ ပြန်ချက်ကျွေးရာကနေ မိသားစုအကြိုက် ဟင်းပွဲဖြစ်လာတော့တာပါပဲ။ ရခိုင်ဟင်းကို အညာမှုနည်းနည်းပြန်ပြုထားတဲ့ ဟင်းပွဲလေးဆိုလည်း မမှားပါဘူး။
ချက်နည်းကလည်း လွယ်မှလွယ်ပဲ။ ကင်မွန်းချဥ်ဖူးလေးတွေကို ချွေပြီး ရေစင်စင်ဆေး၊ရေစစ်ထားမယ်။ ငါးနီတူခြောက်လေးကို ခေါင်းနဲ့ဗိုက်ပါအောင် ဖဲ့ပြစ်ပြီး ရေစင်စင်ဆေးမယ်။ ပြီးမှ ရေနွေးအဖြူပူပူလေး နည်းနည်းထည့်ပြီး စိမ်ထားလိုက်မယ်။ ခဏပဲချက်ရတဲ့ဟင်းမို့ ငါးခြောက်လေးကနေ အချိုရည် များများထွက်အောင် စိမ်ထားလိုက်တဲ့သဘောပေါ့။ ဆီပူလာရင် ကြက်သွန်နီ မထူမပါးလှီးထားတာကို နနွင်းမှုန့်လေးသင့်ရုံထည့်ပြီး ဆီသတ်မယ်။ စိမ်းနံ့ပျောက်တာနဲ့ ခုနကစိမ်ထားတဲ့ ငါးနီတူခြောက်လေးတွေရော စိမ်ထားတဲ့ရေပါထည့်မယ်။ ပုဇွန်ငါးပိလေး နည်းနည်းပါထည့်မွှေလိုက်မယ်။ ပြီးရင် ကင်မွန်းချဥ်ဖူးလေးတွေထည့်မယ်။ ကင်မွန်းချဥ်ဖူးကနေ အချဉ်အရသာ ထွက်လာပြီဆိုရင် အပေါ့အငံမြည်းကြည့်ပြီး အငံလိုသေးရင် ဆားနည်းနည်းထည့်မယ်။ အချိုကတော့ ငါးခြောက်လေးတွေကထွက်တဲ့ အချိုနဲ့ ပုဇွန်ငါးပိရဲ့အချိုနဲ့တင် လုံလောက်နေပြီမို့ ထပ်ထည့်စရာမလိုတော့ သလောက်ပါပဲ။ အချဥ်နဲ့အပေါ့အငံ အဆင်ပြေပြီဆို ငရုတ်သီးစိမ်းထောင်းထားတာလေး ထည့်မွှေလိုက်မယ်။ ဆီလည်ရေလည် အနေအထားလေးမှာ မီးဖိုပေါ်ကနေ ချလိုက်မယ်။ ဒါဆိုရင် ဆီပြန်ဟင်းလိုပဲစားစား၊ချဥ်ရည်ဟင်းလိုပဲ ထမင်းနဲ့နယ်စားစား အဆင်ပြေတဲ့ ကင်မွန်ချဥ်ဖူးနဲ့ ငါးလေးခြောက်ချက် ဟင်းလေးတစ်ပွဲရပြီပေါ့။
စာရေးရင်းနဲ့ အိမ်ကိုရော အညာကိုပါလွမ်းမိပါရဲ့။ အညာမှာနေပြီး အညာကိုလွမ်းနေရတဲ့ ဘ၀ကလည်း တွေးမိတိုင်း ရင်ထဲတဆစ်ဆစ်နာရပါတယ်။ ဇာတိမြေ အညာကို အိမ်လို့သဘောထားပြီး လွမ်းရမယ်ဆိုရင်လေ ဖုန်လုံးကြီးတွေလည်း လွမ်းတဲ့အထဲပါသလို အညာဘုရားပွဲ၊ နတ်ပွဲတွေကလည်း မပါမဖြစ်ပေါ့။
ဆောင်းကုန်ခါနီးဆို တပင်လုံးရဲနေအောင်ပွင့်ပြီး မြေပေါ်မှာပါ ရဲနေအောင် ကြွေပေးကြတဲ့ လက်ပံပွင့်တွေမြင်လည်း လွမ်းမိပြန်တာပါပဲ။ ဒီချိန်ဆို ထန်းရေတွေ လှိုင်လှိုင်ပေါ်ပြီမို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ထန်းရည်၀ိုင်း ဖွဲ့ခဲ့တာတွေ၊ ထန်းတောတွေကနေ ထန်းလျက်ချက်တဲ့အခါ ရတဲ့ရနံ့တွေကလည်း အညာရဲ့ လွမ်းစရာရနံ့တွေပါပဲ။
စာရေးရင်းနဲ့ အိမ်ကိုရော အညာကိုပါလွမ်းမိပါရဲ့။ အညာမှာနေပြီး အညာကိုလွမ်းနေရတဲ့ ဘ၀ကလည်း တွေးမိတိုင်း ရင်ထဲတဆစ်ဆစ်နာရပါတယ်။ ဇာတိမြေ အညာကို အိမ်လို့သဘောထားပြီး လွမ်းရမယ်ဆိုရင်လေ ဖုန်လုံးကြီးတွေလည်း လွမ်းတဲ့အထဲပါသလို အညာဘုရားပွဲ၊ နတ်ပွဲတွေကလည်း မပါမဖြစ်ပေါ့။
ဆောင်းကုန်ခါနီးဆို တပင်လုံးရဲနေအောင်ပွင့်ပြီး မြေပေါ်မှာပါ ရဲနေအောင် ကြွေပေးကြတဲ့ လက်ပံပွင့်တွေမြင်လည်း လွမ်းမိပြန်တာပါပဲ။ ဒီချိန်ဆို ထန်းရေတွေ လှိုင်လှိုင်ပေါ်ပြီမို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ထန်းရည်၀ိုင်း ဖွဲ့ခဲ့တာတွေ၊ ထန်းတောတွေကနေ ထန်းလျက်ချက်တဲ့အခါ ရတဲ့ရနံ့တွေကလည်း အညာရဲ့ လွမ်းစရာရနံ့တွေပါပဲ။
အညာရောက် ဧရာ၀တီတိုင်းသားတော်လှန်ရေးသမား PDF လေးကပြောဖူးတယ်။ သူတို့ဆီက ဘုရားပွဲတွေမှာ ဖွင့်ကြတဲ့ သီချင်းတွေထဲ “လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်တာ မြင်ယောင်မိတော့သည်။ အညာဌာနီ တစ်ခါလာမည်။ ကျနော့်အတွက်တော့ မေ့မရပါလေပြီ” ဆိုတဲ့စာသားကို သူကြားရဖန်များလို့ နားထဲစွဲနေမိတာမို့ အညာကဧည့်သည်လာတဲ့အခါ ကလေးပီပီ မေးကြည့်ဖူးပါတယ်တဲ့။ ဖုန်လုံးကြီးကို သီချင်းထဲထည့်ဆိုရအောင် အညာမှာ အရမ်းဖုန်ထူသလားပေါ့။ ဖုန်လုံးကြီးက မေ့မရလောက်အောင်ပဲ အမှတ်ရစရာလားပေါ့။
ပြန်ဖြေတဲ့ အညာသားကြီးရဲ့ အဖြေကိုလည်း သူအခုထိ အမှတ်ရနေပါသေးတယ်တဲ့။
ဆောင်နှောင်းလို့နွေဦးစပြီဆို အညာဟာစတင်ခြောက်သွေ့ပြီ ဖြစ်သလို လယ်တွေယာတွေသိမ်းချိန်မို့ ပျော်ပွဲရွှင်ပွဲတွေ၊ ဘုရားပွဲ၊ နတ်ပွဲတွေမှာလည်း တိုးလို့မပေါက်အောင်ကို လူစည်ကားပါသတဲ့။ ပွဲတော်တွေကို သွားတဲ့လှည်းယာဥ်တွေကလည်း ဖုန်တသောသောကြားမှာ ရှေ့လှည်းနဲ့နောက်လှည်းကို ဆက်နေရောပဲတဲ့။ ဒါကြောင့် တေးရေးသူက သီချင်းထဲမှာပါတဲ့ ဖုန်လုံးကြီးတွေထဲ ပွဲတော်တွေကို သွားဖူးတာမို့ အမှတ်တရ ထည့်ရေးတာနေမှာပါတဲ့။ အဲ့ဒီတော့ သူလည်းတွေးမိပါသတဲ့။ ငါလည်း ကြီးလာရင် အညာကဖုန်ထူထူပွဲတော်တွေကို ရောက်အောင်ကို သွားလည်ဦးမယ်ပေါ့။ အညာစာတွေ စားဦးမယ်ပေါ့လေ။
ပြီးတော့သူက ဆက်ပြောလာတယ်။ ငါဒီကိုရောက်တဲ့အချိန်မှာ ဖုန်လုံးကြီးတွေထဲမှာ လူတွေ၊လှည်းတွေကို မြင်မိပါရဲ့။ ဒါပေမယ့် အဲ့ဒီလူတွေက သူငယ်ငယ်က ကြားဖူးထားသလို ပျော်ပွဲရွှင်ပွဲတွေကို သွားနေတာမဟုတ်ဘဲ မင်းအောင်လှိုင်ရဲ့နောက်လိုက် စစ်ခွေးတစ်သိုက်ရဲ့ရန်ကနေ အသက်ဘေးလွတ်အောင်ပြေးနေရတဲ့သူတွေမို့ မြင်လိုက်တိုင်းသူရင်နာမိပါတယ်တဲ့။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အမြစ်ပြတ်အောင် ဖြတ်နိုင်မှသာ ဒီလိုအဖြစ်ဆိုးတွေကနေ လွတ်မှာမို့ သူလည်းစစ်တပ်ကို အမြစ်ပြတ်အောင် မတိုက်နိုင်မချင်း မပြန်သေးဘဲ တော်လှန်ရေးပြီးမှသာ သူ့ဇာတီမြေ ဧရာ၀တီတိုင်းကို ပြန်ပါတော့မယ်တဲ့လေ။ မပြန်ခင် ဖုန်တွေကြားက အညာဘုရားပွဲတွေကိုလည်း မြင်ဖူးချင်သေးတာပါလို့ သူပြောလာတဲ့အခါ ကျနော်တို့ပါ မျက်ရည်လည်မိပါရဲ့။
အခုများမှာတော့ သူပြောသလိုပဲ မင်းအောင်လှိုင်အာဏာရူးပြီးနောက် သူ့ရဲ့လက်ပါးစေ စစ်ခွေးတပ်ရဲ့ လက်ချက်ကြောင့် အညာဟာ လွမ်းမောဖွယ်၊ ပျော်ရွှင်ဖွယ်တွေထက် ရင်နင့်ဖွယ်၊ နာကျည်းဖွယ်တွေဖြစ်နေတာဟာ နှစ်နဲ့ချီနေပါပြီ။
လွမ်းမောစရာ အညာရဲ့အလှ၊ အညာရဲ့သရုပ်၊ အညာရဲ့ပွဲတော်တွေဟာ မတရားမှုကို တွန်းလှန်ရင်းရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ဖုန်လုံးကြီးအစား ရွာလုံးကျွတ်မီးရှို့ခံရတဲ့ မီးခိုးလုံးကြီးတွေ၊ ပွဲတော်တွေမှာရနေကြ အညာအစားအစာတွေရဲ့ မွှေးရနံ့အစား သွေးညှီနံ့နဲ့စစ်ခွေးတစ်စုရဲ့ မတရားသတ်ဖြတ် လက်စဖျောက် မီးရှို့ခြင်းခံရတဲ့ အပြစ်မဲ့ ပြည်သူတချို့ရဲ့အလောင်းမီးရှို့ရာက ထွက်လာတဲ့ အနံ့တွေ၊ ပွဲတော်ရဲ့ ပျော်ပျော်ပါးပါး သီဆို ကခုန်နေတဲ့ အသံတွေထက် ချစ်ခင်ရသူတွေ မြတ်နိုးတွယ်တာရတဲ့ အရာတွေဆုံးရှုံးရလို့ ငိုကြွေးနေတဲ့ အသံတွေသာ ဖုံးလွှမ်းနေတော့တာပါ။
ပွဲတော်သွားကြတဲ့ လှည်းယာဥ်တွေကြောင့်ဖြစ်လာတဲ့ ဖုန်လုံးကြီးတွေအစား ရွာဘက်စစ်ကြောင်းထိုးပြီဆိုတာနဲ့ ရရာဆွဲပြီး ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကနေဖြစ်လာတဲ့ ဖုန်လုံးကြီးတွေ၊ စစ်တပ်ကနေပစ်တဲ့ လက်နက်ကြီးကျပြီးပေါက်ကွဲလို့ ဖြစ်လာရတဲ့ ဒဏ်ရာဒဏ်ချက်တွေက အစားနေရာယူနေပါပြီ။ မပြေးလို့အဖမ်းခံရပြန်ရင်လည်း လူမဆန်စွာညှင်းပန်းနှိပ်စက်ခံရမယ်။ အဆိုးဆုံးမှာ အိမ်ထဲပိတ်ပြီး မီးရှို့အသတ်ခံရမယ်။ ခြေ၊ လက်၊ ခေါင်းတွေဖြတ်ပြီး အသတ်ခံရမယ်။ မိန်းကလေးတွေဆိုရင် မသတ်ခင်မတရားကျင့်ခံရမယ်။ ပြီးရင်သတ်မယ်။ ဒီအထိကို ရက်စက်ယုတ်မာနေတာပါ။
NUG အစိုးရက ဘယ်လောက်ပဲ နယ်မြေစိုးမိုးထားပါပြီပြောပြော အညာရွာတွေဟာ နေ့စဥ်နဲ့ရက်ဆက်ဆိုသလို မီးရှို့ခံနေကြရတုန်းပါပဲ။ စစ်ခွေးတပ်လာပြီဆိုတာနဲ့ ဖုန်တသောသောထအောင် ပြေးနေကြရတုန်းပါပဲ။ လူမဆန်စွာနှိပ်စက်ခံရ၊ အသတ်ခံရတဲ့ အပြစ်မဲ့ပြည်သူတွေ ရှိနေကြရတုန်းပါပဲ။
ဒါတွေ မြန်မြန်ပြီးဆုံးစေဖို့ဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေးကြီး မြန်မြန်အောင်မြင်မှသာ ဖြစ်မှာပါ။ တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် အဓိကကျတဲ့ငွေအားမှာ ကလစ်ကာတွေရဲ့ အင်အားကလည်း အဓိကထောက်တိုင်တစ်ခုပါပဲ။ ဒါကြောင့် ကလစ်ကာတွေကို ပိုပိုပြီးကလစ်ပေးကြပါဦးလို့ တောင်းဆိုပါရစေလားဗျာ။
Linn Khant Maw
အဲ့လိုဟင်း စားဖူးပေမယ့် အဲ့လိုချက်တာ ဟုတ်မဟုတ်တော့မသိ😁
ReplyDeleteခုလိုပြန်ဝေမျှပေးတာကျေးဇူးပါ။ Fighting ✊
ဒါနဲ့လေ တပေါင်းလက အရမ်းလှပါတယ်။ အဲ့လိုပဲ တပေါင်းလမှာမွေးတဲ့သူတွေကလည်း မဟာတရား လှပါတယ်🤭
Appreciate.
Delete🤜🤛
Delete💛
ReplyDelete💛
ReplyDeleteနုတ်တက် 😁
Delete🍓ကတပေါင်းသူလေးပေါ့လေ
ရပလိုင်းမှားသွားတယ်😁😂@Great CHEyeCK
Deleteဒေသတိုင်းက အရမ်းလှခဲ့တဲ့ တန်ဖိုးထားရပါသော မြန်မာပြည် .......
ReplyDeleteအဆင်ပြေပါစေ အမြန်ပြန်လာနိုင်ပါစေ လွမ်းလို့နေပါပီ 👉🤗👈
ReplyDelete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
🦋🕊️🦋
ReplyDeleteကင်မွန်းချဉ်ဖူး သူ့ချည်းချက်စားလဲ ကောင်းပါတယ် ကြိုက်တယ်
ဗိုက်တောင် ဆာလာပြီ
ReplyDeleteFighting💪🏻
ReplyDeleteအိုး...ထမင်းမြိန်မယ့်ဟင်းပဲ! ချဉ်ချဉ်လေးဆိုတော့။
ReplyDeleteစားခြင်တယ်
ReplyDeleteကင်ပွန်းချဥ်စပ်ချဥ်ချက် စားဖူးပေမယ့်
ReplyDeleteခုလို ငါးနီတူနဲ့ချက်တာ မစားဖူးသေးတော့ စားချင်မိ 🤤
စစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
Fighting!💪👍
ReplyDeleteလွမ်းမောစရာအပြည့်ပေါ့
ReplyDeleteFighting✊✊
လွမ်းတယ် အညာရေ။
ReplyDeleteဖိုက်တင်း
ReplyDeleteငါရယ် မင်းရယ် တိုင်းပြည်ရယ် ။
#အောင်ခိုင်မြတ်
ဟုတ်🤭
Delete😁😁😁
Deleteလွမ်းတယ်အညာ😢
ReplyDeleteAppreciate.
ReplyDeleteDone ✅
ReplyDelete❤️
ReplyDelete💔
ReplyDeleteDone
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteနယ်မြေစိုးမိုးမှု 🙄
ReplyDeleteDone
ReplyDeleteFighting
ReplyDeleteClick,click,click.......
💔
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete💔
ReplyDelete🍂
ReplyDelete♡
ReplyDeleteငါးနီတူခြောက်လေးတွေကို
ReplyDeleteခေါင်းတွေဗိုက်သားတွေ
ဖယ်ပြီး မီးအေးအေးနဲ့လှော်
ပြီးရင် ဇကာနဲ့တိုက်ချ။
သဲတွေအကုန်ထွက်သွားပါ၏။
ပြန်ချက်၊ပြန်လှော်၊ဒီအတိုင်းဘဲ
သုပ်သုပ် ရေဆေးတာထက်
ပိုကောင်းပါ၏။
Done💕
ReplyDelete🍀🌧️
ReplyDelete💙
ReplyDelete