ကျွန်တော်ချစ်သော...သူမ
ကျွန်တော် မနက်အိပ်ရာထတော့လည်း သူမဆီကိုပဲ စိတ်ရောက်နေမိသည်။ သူမကို အပြေးသွားကြည့်ရသည်။ ကျွန်တော်ကိုယ်တိုင် သူမကိုအစာကျွေး၊ ရေတိုက်ကာ ဂရုစိုက်စောင့်ရှောက်၍ အားလပ်ချိန်များမှာ သူမနှင့်ပင် ကုန်ဆုံးခဲ့ပါသည်။ ကျောင်းပြန်လာတော့လည်း အပြေးကလေး သွားခဲ့ရသည်။ သူမ ကျွန်တော်တို့အိမ်စရောက်တဲ့နေ့မှာ အဆင်မှပြေပါ့မလားဟု စိုးထိတ်ခဲ့ရသေးသည်။ နေရာစိမ်းမှာ သူမ တစ်ခုခုဖြစ်နေမလား? ထို...ထိုအတွေးတွေနဲ့စိတ်စောကာ ကျောင်းအပြန်ခြေလှမ်းတွေလည်း ကျဲခဲ့ရသည်။
ကျီ.....ကျိ
အား!!!
ဗုဒ္ဓေါ
ကားဆရာ အချိန်မီဘရိတ်နင်းလိုက်၍သာ...နို့မို့ ကျွန်တော်အိမ်မရောက်မီ ကားဘီးအောက်မှာ ပြားပြားဝပ်ကာမကယ်နိုင်မရှုသာ ဖြစ်ရချေတော့မည်။ သူမအကြောင်းတွေးကာ ပတ်ဝန်းကျင်ကိုသတိမပြုမိသော ကျွန်တော်လည်း ထိုအခါမှ သက်ပြင်းချ၍ အိမ်ကိုပြန်လာခဲ့ရသည်။ သို့တိုင်လည်း အတွေးများကား ကျွန်တော်နှင့် တဝဲလည်လည်.....
ကလေးလေးတစ်ယောက်အား ပစ်ထားခဲ့ရသဖွယ်ရင်မောရပါသည်။
ကျွန်တော့်အတွေးမဆုံးမီ အိမ်ရောက်တော့ နေမကောင်း၍ ညှိုးနွမ်းအားယုတ်ကာ သနားစဖွယ် သူ့ကိုတွေ့လိုက်ရ၍ ကျွန်တော့်ရင်ဝယ်မချင့်မသာ ဖြစ်ရပါသည်။ ထိုညနေမှာလည်း ကျွန်တော်မအားလပ်နိုင်ခဲ့ပါ။ သူမကို ပို၍ဂရုစိုက်မိသည်။ နေမြန်မြန်ကောင်းဖို့ အစာကျွေး၊ဆေးတိုက်ပြီး စောင့်ရှောက်လိုက်ရသည်မှာ စိတ်စော၊ ကိုယ်မော၍ မြန်မြန်သက်သာလာပါစေဟု ဆုတောင်းကာစိုးရိမ်စိတ်များဖြင့် ညတာရှည်ညကြီးကို ဖြတ်သန်းရဦးမည်။ ညဟာ ပို၍ ပို၍ ညဉ့်နက်လာသလို ပို၍လည်း ရှည်လျားနေသည်ဟု ကျွန်တော့်စိတ်ထဲတွေးထင်နေမိသည်။ မိုးလင်းနိုးနိုးနဲ့ သူမအကြောင်းစဉ်းစားရင်း ဘယ်ကဘယ်လို အိပ်မောကျသွားသည်မသိပါ။ ပြူတင်းပေါက်မှ ထိုးထွက်လာသော နေရောင်ခြည်ကမျက်နှာပေါ်သို့ တည့်တည့်စူးရှစွာ ရိုက်ခတ်လိုက်မှပင် နိုးခဲ့ပါတော့သည်။
မနက်တိုင်း မေမေ့မီးဖိုချောင်မှာ သွား၍ကပ်တတ်သောကျွန်တော့်မှာ ခုတော့ သူမအနားပဲရောက်နေမိပါသည်။ ဒီနေ့တော့ သူမ တော်တော်သက်သာလာပါပြီ။ ကျွန်တော်လည်းစိတ်သက်သာယာရခဲ့တာပေါ့။ စားကောင်းသောက်ဖွယ်တွေ စုံစုံလင်လင်ကျွေးမွေးပြီး သူမလှလှပပဖြစ်ဖို့ ရောဂါဘယကင်းဝေးစေဖို့ အားဆေးတွေလည်းတိုက်ကျွေးခဲ့တယ်။
ဒီလိုနဲ့ သူမ...အရွယ်တောင်ရောက်ခဲ့ချေပြီကော
ရွှေမှုန်ဖြူးထားသကဲ့သို့ ဝင်းဝါစိုပြေတောက်ပနေသော သူမကို လမင်းကြီးနှင့် အလှချင်းပြိုင်နေလင့်ကစား တွေးထင်နေမိသည်။ သူမရဲ့ ပြည့်ဝန်းကာ လှပကြည်လင်နေသော မျက်နှာလေးသည် မြင်သူတိုင်းကို ညှို့ငင်ဆွဲဆောင်နေပါသည်။ မတို့ရက် မထိရက်နှင့် သူမအားအရိပ်တကြည့်ကြည့် စောင့်ကြည့်နေခဲ့ပါသည်။ ဒီလိုနှင့် အချိန်တွေလည်း ကြာညောင်းလာသလို မြင်သူတိုင်း မျက်စိကျစေသောသူမအား ကျွန်တော့်အချစ်တွေ တစ်စတစ်စ တိုးလာခဲ့သည်။ ကျွန်တော့်ဖို့တော့ ရွှေစင်ဦး မင်းသမီးလေးတစ်ယောက်ပေါ့။ အပြာရောင်မိုးသားအောက်က သူမရဲ့ အလှနဲ့ဘဝကို စောက်ရှောက်ကာကွယ်နေတဲ့ ကျွန်တော်ကတော့ သူမရဲ့ ပဲ့ကိုင်ရှင်လေးပေါ့ဗျာ...။
တစ်နေ့တော့...ဒီလိုအတွေးတွေနဲ့ ကျေနပ်ကာပျော်နေတဲ့ ကျွန်တော့်အဖို့ ကံဆိုးမိုးမှောင် ကျရောက်လာပါတော့သည်။ ကျွန်တော့်နှလုံးသား တဆစ်ဆစ်ဖြင့် ရင်ထုမနာခံစားရတော့မည်ဆိုသည်ကို ဘယ်သောအခါမျှတွေးထင်မထားခဲ့ပါ။
အဲဒီနေ့က တားဆီးဖို့နောက်ကျသွားတဲ့ ကျွန်တော့်နှလုံးသားရဲ့ အကြီးမားဆုံးအရာတစ်ခုဖြစ်သွားခဲ့တာပေါ့ဗျာ...
တစ်နေ့...အဲဒီနေ့က သာယာတဲ့မနက်ခင်းလေးလို့အောက်မေ့ရလောက်တဲ့ ဆောင်းအလှရဲ့ နှင်းဆောင်းဝေချိန်ခါ နေ့လေးတစ်နေ့မှာပေါ့...ခါတိုင်းလိုပင် အိပ်ရာထပြီး ပြူတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေခဲ့မိတယ်။
အဲဒီအချိန်မှာ မေမေ၊ သူမရှိတဲ့ ခြံဘက်ကိုသွားနေတာ လှမ်းတွေ့လိုက်တယ်။ ခါတိုင်း မေမေ အဲ့ဘက်ကိုခြေဦးတောင် မလှည့်ပါဘူး။ ဒီနေ့မှ ထူးဆန်းလိုက်တာ၊ဘာလို့ပါလိမ့်...? စိတ်ထဲတစ်မျိုးတဖုံတော့ ဖြစ်သွားရသည်။
ထိုအခိုက် မေမေ့လက်ထဲမှ ချွန်မြမြ အသွားတစ်လက်ကို တွေ့လိုက်တဲ့အခါမှာတော့ ရင်ထိတ်သွားခဲ့ရသည်။ကျွန်တော် စကားတစ်ခွန်းပြောဖို့ အား.....ယူ၊ မေမေ့ဆီကိုသွားဖို့ ခြေတစ်လှမ်း လှမ်းဖို့ ပြင်နေတုန်းမှာပဲ.....မေမေ.....မေမေကလေ.....ကျွန်တော်သိပ်ချစ်ရတဲ့ သူမလေးအား...
မျက်စိရှေ့မှောက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကို အိပ်မက်တစ်ခုလားဟု ထင်မှတ်မိသည်။ ကိုယ့်ကိုယ်ကို ပါးကိုရိုက်ကြည့်သည်။ ဒါအိပ်မက်မဟုတ်ပေ။ ဤမျှရက်စက်ပြီး အညှာအတာကင်းမဲ့သော မြင်ကွင်းကို ကျွန်တော်ဘယ်လိုခံစားပြီး ဆက်ပြီးကြည့်ရက်နိုင်မလဲဗျာ....
ဘယ်လိုမှ စိတ်ကိုချုပ်တည်းမထားနိုင်တော့ဘဲ မြင်လွှာမျက်ကွင်းနှစ်ဖက်ကနေ ဝမ်းနည်းမှုမျက်ရည်မိုးတွေ သွန်းဖြိုးနေခဲ့မိတာ မိုးသီးမိုးပေါက်ပမာကျခဲ့ပါတော့တယ်။
မေမေ.....မေမေ လုပ်ရက်တယ်ဗျာ.....
အတော်ကြာကြာ ဆို့နင့်ကြေကွဲရင်း ကြက်သေသေနေမိသည်။ ထိုမြင်ကွင်းကို ကျွန်တော့်ရင်ထဲ နှလုံးသားထဲမှထုတ်၍ ရတော့မည်မဟုတ်ချေ။ မေမေက သူမအား သူမ၏ ဆံပင်မှဆွဲ၍ လည်ချက်ကိုရိုက်လှဲခုတ်ထစ်ကာ သူမရဲ့ ရွှန်းစိုလှပတဲ့ မျက်နှာလေးကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးလိုက်တဲ့အဖြစ်က ကျွန်တော်ရဲ့ နှလုံးသားအရှိုက်ကိုအလဲထိုးနှက်လိုက်သည်။
ပြီးတော့ မေမေ မီးဖိုချောင်ထဲမှာ အလုပ်တွေရှုပ်နေသည်။ သားရေ.........သား.......
သတိလက်လွတ်ဖြစ်နေသော ကျွန်တော်မှာ မေမေ့ခေါ်သံကြားမှပင် ပြန့်လွှင့်နေသောစိတ်ကို ပြန်၍စုစည်းလိုက်ရသည်။
သားရေ...သား....
ဟော....မေမေ ထပ်ခေါ်နေပြီ
ဗျာ!......တုန်ရီနေသောအက်ကွဲသံနှင့် ထူးလိုက်မိသည်။ မေမေ....မေမေ...သားလာပြီနော်....မျက်ရည်များ ကပြာကယာသုတ်ကာ အောက်ထပ်ကိုဆင်းလာခဲ့မိသည်။ ကျွန်တော့်ရင်တွေ ဗလောင်ဆူနေသည်ကို မေမေနားလည်နိုင်မည်မဟုတ်။
ဟင်းကောင်းချက်ထားတယ် သား.......လာ....
ကျွန်တော်လည်း လေးပင်စွာသွားကာ ထမင်းစားပွဲ၌ဝင်ထိုင်လိုက်သည်။ မငိုရုံတမယ်....တိတ်ဆိတ်စွာထိုင်ကာကျွန်တော့်ရှေ့ ဟင်းခွက်ထဲက သူမအားကြည့်ရာ...
အိုဗျာ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တော့ဘူးဗျာ။ ကျွန်တော် နေ့မအား ညမနား ပြုစုစောင့်ရှောက်ခဲ့တဲ့သူမကို မေမေက တစ်ချက်တည်းနှင့် အလဲသတ်ခဲ့တယ်။ ထိုနေ့အဖို့ကတော့ ကျွန်တော့်အဖို့ လုံးဝ ပြဿဒါးနေ့တစ်နေ့ပါပဲ။ ထိုနေ့မှစ၍ ကျွန်တော်လည်း သူမနေခဲ့တဲ့ ခြံဘက်ကို ခြေဦးမလှည့်ခဲ့တော့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ဤမျှ ကြေကွဲစရာအဖြစ်အပျက်အား မြေလှန်ကာ ယခုလိုအစဖော်နေမိသည်ကိုက ကျွန်တော့်နှလုံးသားအား ဓါးချက်များ အကြိမ်ကြိမ်စိုက်ဝင်ထိုးနှက်လိုက်သကဲ့သို့ ခံစားရပါသည်၊ သူမ မရှိတော့ပါ။ ကျွန်တော်ချစ်သော သူမ ထွက်ခွါသွားခဲ့ပါပြီ။ မေမေ့လက်ချက်ဖြင့် ဒယ်အိုးထဲရောက် ဘဝပျောက်ခဲ့ရရှာလေခဲ့ပါပြီကော.....။
ထိုသူမဆိုသည်ကို....အသင်စာဖတ်သူ
ဘယ်သူထင်သနည်း..?
ပန်းမုန်လာ (ခေါ် ) ပန်းပွင့်လေးပါတည်း။
ကျွှန်တော်ချစ်သော သူမကား..........
မေမွန် (စီဒီအမ်ကျောင်းသူ)
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
Appreciate.
Deleteလန့်သွားတာပဲဟယ်😑
ReplyDeleteဒီစာဖတ်ရတော့ ကိုစိုးထိုက် (ဖဒို)ရေးတဲ့ ချစ်ရပါသောမိသွေးစုနာလေးတောင်သတိရ😁
Voice. နဲ့ဖတ်ပြပါလား🤭
Delete🤣
Delete🥺
Deleteသူမ🤭
ReplyDeleteဪ 🙃
ReplyDelete🤭😄
ReplyDelete🥰🤭
ReplyDeleteဪ 😅
ReplyDeleteတော်သေး ပန်းမုန်လာမို့ 😁
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
သူမကို မြေပဲဆံထောင်းပြီးရောကာချက်စားချင်တယ်။
ReplyDeleteလန့်တာငိုရတော့မလားလို့ဟီး"
ReplyDeleteစစဖတ်ချင်းကတော့ ကြောင်လေး ခွေးလေး ထင်လိုက်တာ
ReplyDeleteနောက်တော့ ကြက် လားပေါ့
နောက်တော့ ကျနော့်အကျင့်အတိုင်း နောက်ဆုံးကို အရင်သွားဖတ်လိုက်တယ်
အဖြေသိမှပဲ စိတ်အေးရတယ် 😂
😅🥰
Delete😇😇😇😇😇
ReplyDeleteWAS
ReplyDeletethe answer is 😊
ReplyDelete😂
ReplyDeleteDone🥗
ReplyDeleteDone
ReplyDelete🌧🌳
ReplyDelete♡
ReplyDeleteDone💕
ReplyDelete💙
ReplyDelete