အိမ်လွမ်းနာ - ၅
ဒီအကြောင်းအရာပါတဲ့ စာကိုဖတ်ပြီး အညာရောက် ရှမ်းလေးက ပြောလာတယ်။ ငါတို့ဆီမှာဆို ပုရွက်ဆိတ်အကောင်ကြီး တစ်မျိုးရဲ့ ဥကို မက်မန်းဥလိုခေါ်ကြတယ်။ အဲ့ဒီဥတွေ ရှိတဲ့ ရာသီရောက်ပြီဆို စျေးတွေမှာရောင်းကြတယ်။ သုတ်ပဲစားစား၊ ကြက်ဥနဲ့ကြော်စားစား။ ဟင်းချိုထဲပဲထည့်သောက်သောက် အမျိုးစုံလုပ်စားကြတယ်။ အင်းဆက်ထဲပါတဲ့ ခါချဥ်ကိုတော့ အကောင်ရော ဥပါ စားကြတယ်။ သူအကြိုက်ဆုံးကတော့ သဲပိုးကောင်လိုခေါ်တဲ့ အကောင်လေးတွေပါတဲ့။
သူတို့က ရှမ်းပြည်မှာဆို သဲမြေတွေမှာ အနေများပြီး တူးရတာလည်း အရမ်းမခက်ပါဘူးတဲ့။ ပုစဥ်းရင်ကွဲနဲ့ပုရစ်ထက် ပိုနူးညံ့ပြီး တော်တော့်ကို စားလိုကောင်းပါတယ်တဲ့။
ဆောင်းကုန်ပြီဆို သဲပိုးတွေကို စရှာကြပြီ။ ရွှေစင်လိုခေါ်တဲ့ အဆင့်မှာ သဲပိုးဟာအနေကြာပြီး စားလို့လည်း အကောင်းဆုံးပါပဲတဲ့။ သူငယ်ချင်းတွေနဲ့ သဲပိုးအရှာထွက်ကြ၊ အိမ်ပြန်ရောက်ရင် သဲစင်အောင်သေချာဆေးပြီး ကြော်စားကြနဲ့ သူတို့ရပ်ရွာမှာတော့ ဒေသစာ၊ရာသီစာတစ်မျိုးပါပဲတဲ့။
သူငယ်ချင်းတစ်စု သဲပိုးအရှာထွက်ပြီးလို့ ပြန်လာရင် ရလာတဲ့ သဲပိုးကောင်လေးတွေကို အညီအမျှခွဲယူကြတယ်။ အိမ်ကအမေက သဲပိုးတွေကို သဲစင်အောင် တစ်ကောင်ချင်းစီ သေချာစီပြီး ရေစစ်ထား။ ကြက်သွန်ဖြူနဲ့ဂျင်း ရောထောင်းပြီး အရည်ညှစ်ယူ။ ပြီးရင် အဲ့ဒီအရည်ကို ခုနကရေစစ်ထားတဲ့ သဲပိုးတွေထဲကို ဆားလေးသင့်ရုံပါ အတူထည့်နယ်ပြီး ခဏနှပ်ထား။ ပြီးမှ ဆီများများထဲထည့်ပြီး ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်လိုက်ရင် နူးနူးညံ့ညံ့နဲ့ကြွပ်ကြွပ်ရွရွလေး ဖြစ်ပြီး အရမ်းကို စားလို့ကောင်းတာပါတဲ့။
စားကောင်းတဲ့ အကြောင်းပြောနေရင်း ခဏမှိုင်သွားလို့ ဘာဖြစ်လို့လဲငါ့ကောင်ရာဆို မေးလိုက်တော့ အိမ်ကို လွမ်းမိလို့ပါတဲ့။
ဟုတ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အမြစ်ဖြတ်ဖို့ ဟိုး ရှမ်းပြည်ကနေ အညာဒေသဘက်ထိ လာတွန်းလှန်နေတဲ့ သူ့အဖိုးအိမ်ကို လွမ်းရှာမှာပေါ့။ ကျွန်တော်တို့ အညာသားတွေတောင် အညာမှာနေပြီး အညာကို လွမ်းနေရသေးတာပဲဟာ။ သူ့လို ရပ်ဝေးကနေ လာရတဲ့သူအဖို့က ပိုလွမ်းမိရှာမှာ အသေအချာပဲပေါ့လေ။
အညာဟာ စစ်မီးတောက်ခဲ့တာ နှစ်နဲ့ချီနေပါပြီ။ အိုးပစ် အိမ်ပစ် ပြေးရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာလည်း တိုးလာနေပါပြီ။ အိုးပစ် အိမ်ပစ် ပြေးလာရလို့ ပြန်သွားရင်ရော ကိုယ့်အိမ်ယာတွေ ရှိနေဦးမှာလား မေးခဲ့ရင်လည်း မရှိတော့ဖို့က များပါတယ်။
စစ်ခွေးတပ်က ရွာတွေကို စစ်ကြောင်းထိုးလို့ ရွာကို စီးမိပြီဆိုရင် မပြေးနိုင်တဲ့သူ၊ ပြေးတာမလွတ်တဲ့သူမှန်သမျှကို လူမဆန်တဲ့နည်းမျိုးစုံနဲ့ နှိပ်စက်၊သတ်ဖြတ်မယ်။ အကောင်းဆုံးအိမ်မှာ စတည်းချမယ်။ သယ်နိုင်သမျှ အဖိုးတန်ပစ္စည်းတွေကို ခိုးယူမယ်။ ကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ်စားမယ်။ ရွာက စစ်ကြောင်းပြန်ထွက်ရင် ရှိသမျှ အိုးအိမ်တွေကို မီးရှိခဲ့မယ်။ ဒီလိုလုပ်နေတာဟာ သူတို့ဝင်စီးခံရတဲ့ ရွာမှန်သမျှပါပဲ။
အိမ်ကိုလွမ်းမိတဲ့သူတွေ အများစုဟာ မီးရှိခံလိုက်ရလို့ မရှိတော့တဲ့ အိမ်ကိုလွမ်းနေကြတာပါ။ မွေးကတည်းကနေ အခုချိန်ထိ အမှတ်တရများစွာရှိခဲ့တဲ့ ကိုယ့်အိမ်၊ ကိုယ်ဝန်း၊ ကိုယ့်ရပ်ရွာတွေဟာ လူမဆန်တဲ့ မင်းအောင်လှိုင် စစ်တပ်ကြောင့် ပြာအတိဖြစ်ကုန်ပါပြီ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မြန်မာတစ်ပြည်လုံးဟာလည်း အညာဒေသလို၊ အခုတိုက်ပွဲ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်လို၊ ချင်းပြည်နယ်လို မနှေးအမြန် စစ်မီးတောက်တော့မှာပါ။
ကျွန်တော်တို့ဟာ မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အမြစ်ဖြတ်နိုင်မှသာ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဒီမိုကရေစီနည်းကျကျနဲ့ လွတ်လပ်စွာဖန်တီးနိုင်မှာပါ။ စစ်တပ်ရှိနေသရွေ့ အာဏာရှင်ရဲ့ လက်အောက်မှာအဖိနှိပ်ခံရ၊ အနှိပ်စက်ခံရနေကြရဦးမှာပါ။
ဒီလိုတွေဆက်မဖြစ်ဖို့အတွက် စစ်တပ်ကိုမြန်နိုင်သမျှမြန်အောင် အမြစ်ဖြတ်မှ ဖြစ်မှာပါ။ ဒီလိုအမြစ်ဖြတ်ဖို့အတွက် အလိုအပ်ဆုံးအရာတွေထဲက တစ်ခုဖြစ်တဲ့ ငွေအားကလည်း အရမ်းအရေးအရေးကြီးပါတယ်။
ကလစ်ကာတွေရဲ့ ကြိုးစားအားထုတ်မှုကနေ ရရှိလာတဲ့ ငွေအားဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါပဲ။ ဒါကြောင့်မို့ တတ်နိုင်တဲ့ဘက်ကနေ တိုက်ပွဲဝင်ပေးနေတဲ့ ကလစ်ကာတွေကို ပိုကြိုးစားပြီး ကလစ်ပေးကြပါဦးလို့ အနူးအညွတ်တောင်းဆိုပါရစေ။
Linn Khant Maw
ဟုတ်ကဲ့ တတ်နိုင်တဲ့ဘက်ကနေပါဝင်ပြီး ကြိုးစားကလစ်လျှက်ပါ 🤜🤛
ReplyDelete🤜🤛
Delete✊🥰
Delete🤜🤛❤️
Delete🕊️🕊️🕊️
DeleteAppreciate.
Delete🥰
Deleteဟုတ်ကဲ့ပါ ဖိုက်တင်း✊
ReplyDelete💛
ReplyDeleteဖိုက်ရင်းတင်းနေပါတယ်
ReplyDelete❤️🤜🤛
Delete☘️❤️☘️
Deleteဒီလူတေကိုချစ်တယ်လေနော် အာဘွားယူ🤗
ReplyDelete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
Done ✅
ReplyDeleteအမယ်ငီး အဲ့ကောင်တွေတော့ ကြောက်တယ် 😬😬😬
ReplyDeleteပူရစ်ကြော်တောင် မစားရဲဘူး
တူတူပဲ အမလဲ မစားရဲဘူး ☺️☺️☺️
Deleteမီ2
Delete🔨🔨🦆6️⃣ တို့ 😌
Delete🔨🔨🦆6️⃣ တို့
Deleteတူတူပဲဆစ်တို့ 😁✌️✌️
😁😂
Delete🥰
Delete😻😻😻
Delete😍😍😍
DeleteDone ✅
ReplyDeleteဖက်ဆစ် စစ်တပ်အမြစ်ဖြတ်ဖို့ နိုင်ရာဝန်ထမ်းကြမယ်💪🏻
ReplyDeleteFighting✊✊
ReplyDeleteWAS
ReplyDeleteကြိုးစားကလစ် လျက်ပါ
ReplyDeleteပါဝင်ကြိုးစားလျှက်
ReplyDeletetsaw ai
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
Deleteတိုင်းရင်းသားတွေရဲ့ ဒေသအစားအစာတွေအကြောင်း ဖတ်ရတာလည်း စိတ်ဝင်စားစရာပါပဲ။
ReplyDeleteမစားဖူးသေးဘူး မြည်းကြည့်ချင်မိ 🤤
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
နောင်ဆိုရင်......ဖားပြုတ် တွေပါ စားကြတော့မယ်ထင်တယ်။ အခုလည်းစားနေကြတာ။
ReplyDeleteဖားပြုပ်က အဆိပ်ရှိ၍ စားမရပါ။
Deleteသူ့ကျောပေါ်မှအဖုလေးများသည် အဆိပ်ရည်ဖုကလေးများဖြစ်၏။
ကြိုးစားကလစ်လျက်နေပါတယ်
ReplyDeleteFighting
ReplyDeleteClick,click,click.........
နေခွင့်ရနေတဲ့အချိန်မှာ လူသားဆန်ဆန်နေနိုင်ကြပါစေ။
ReplyDeleteAppreciate.
ReplyDeleteကြိုးစားကလစ်နေပါတယ်
ReplyDeleteကျန်းမာရေးမကောင်းလို့ တစ်ချို့လင့်တွေ မဝင်ဖြစ်ခဲ့ဘူး အခုမှပဲ အတိုးချဝင်ပေးနေရတယ်။
ReplyDeletetake care @Sayardaw 💪
Deletedone
ReplyDeleteFighting together!
ReplyDeleteကြိုးစားကလစ်နေပါတယ်
ReplyDeleteFighting
ReplyDeleteClick,click,click........ .
ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete🤜🤛
ReplyDelete🌎🏆
ReplyDeleteDone💕
ReplyDeleteဆယ်လမွန်ငါးတို့ အိမ်ပြန်ချိန်။
ReplyDeleteDone
ReplyDelete🤜🤛
ReplyDelete🍀🌧️
ReplyDelete