ချောသို့

"ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါး မုန်းတယ်အမေ"။

ဦးချောရေ...
ဧည့်ခန်းနွမ်းနွမ်း အင်္ကျီစုတ်စုတ်နဲ့ တိုင်းပြည်မှာ
လူဖြစ်လာသူ ပြည်သူတွေပါ။

ဦးချောအလိုအရ
ရေရောထားတဲ့ ညရယ်လို့ တစ်ခါမှ မရကြသူတွေပေါ့။

ဒီသံသရာမှာ ကမ္ဘာ့အမှုန်အမွှား နိုင်ငံတစ်ခု
လူ့ဘဝကို " လု " နေရတဲ့သူတွေ နေပါတယ်။

ဘယ်သူမှမရှိဘူးလို့ နားလည်လာလေလေ
ရုန်းကန်မှုတွေကို ​​ကြေကွဲရလေလေပါပဲ။

ဒီတစ်ခါ လောကဓံတရားဟာ
မချစ်ရဲ့အရက်ထက်ပြင်းပါတယ်။           ။ 

ရင်သွေး

Comments

  1. မချစ်ရဲ့ အရက်က ဘယ်မှာရနိုင်လဲ လက်တွေ့ အဖြေထုတ်ထုတ်ချင်လို့😁✌️

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. "ရေရောထားတဲ့ည".....

    အသုံးလေးသဘောကျမိ 💙

    ReplyDelete
  4. အရက်ကတော့ တကယ်ပျင်းတယ် ရေကိုရောမသောက်ဘူး😆

    ReplyDelete
    Replies
    1. အခုတော့ခံနေရပီမဟုလားApril 23, 2023 at 6:30 PM

      🤨🤣

      Delete
  5. မချစ်ရဲ့အရက်မြည်းကြည့်ချင်တယ်.. :D

    ReplyDelete
    Replies
    1. ကိုလင်းကိုလိုက်ပို့ခိုင်းမှရမယ်😁

      Delete
    2. တကယ်ကောင်းတာ🤭

      Delete
  6. လောကဓံရဲ့ ရိုက်ချက်ကတော့ ပြင်းသလား မမေးနဲ့။

    ReplyDelete
  7. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  8. ရေရောရမှာပျင်းခဲ့တာတွေ အခုတော့လှိမ့်ပြီးခံနေရပြီ။

    ReplyDelete
  9. ​လောက အ​ကြောင်း ​ပြောရရင်
    ​ဒဏ်ရာ ဒဏ်ချက်​တွေက ​သက်​သေ ​
    ကိုယ့်မှာ...
    မျက်စိ​တွေ ပိတ်
    နား​တွေ အိပ်​နေခဲ့တာ ကြာ​ပေါ့။
    နာကျင်မှု​တွေကြား
    ကြင်နာမှုကလည်း ဆီမလာ ပဲမလာ
    မီးမလာ ​ရေမလာ။
    ​အော်...
    အ​မေ လာရင်​ဝတ်ဖို့
    အင်္ကျီ​ကောင်း​ကောင်း တစ်စုံ​တော့ ချုပ်ဦးမှ။

    ReplyDelete
  10. ဟုတ်ကဲ့ချုပ်လိုက်ပါမယ်

    ReplyDelete
  11. မရှိဘူူ ဘာအင်္ကျီမှ ချစ်သူတောင် မရှိတော့ဘူး
    အရင်ကလဲ မရှိဘူး

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  14. ကချင် မီးတောက်ထက်
    ပြင်းလေရော့လား။

    ReplyDelete
  15. Fighting
    Click,click,click......

    ReplyDelete

Post a Comment

Popular posts from this blog