အလှအပနှင့် အဆိပ်သင့် ဆက်ဆံရေး
ဒီနေ့ကတော့ ဘာရယ်မဟုတ် Facebook သုံးရင်း MLM (multi level marketing) စနစ်နဲ့သွားတဲ့ skincare တွေ၊ အဆီကျဆေး၊ ကော်ဖီတွေလိုမျိုး တွေ့တာများလာလို့ စာလေးတစ်ပုဒ်ရေးဖို့ အာရုံရလာတော့တယ်။
Ingredients တွေ Country origins တွေ ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ပထမဆုံး Beauty နဲ့ ဆိုင်တဲ့ group တွေထဲ အမေးအများဆုံး ကိစ္စ။
"ဒါကောင်းလားဟင်။ Review လေးပြောပြပါဦး"
ဆိုတော့ ဒီမေးခွန်းက ကိုယ့်ရဲ့ signature မျက်နှာကို သူများပြောတဲ့ "ကောင်းတယ်၊ မကောင်းဘူး" ဆိုတဲ့ အဖြေပေါ် မူတည်ပြီး အဆုံးသတ်လိုက်တာနဲ့ အတူတူပါပဲ။ လူတစ်ယောက်ချင်းတောင် နာမည်မတူ၊ နေရပ်မတူ၊ တစ်နေ့တာ လှုပ်ရှားသွားလာတဲ့ lifestyle မတူတာ အသားအရေချင်းတူ၊ အသားအရေပြဿနာချင်းတူဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
ပြီးတော့ ကိုယ်သုံးမယ့် ပစ္စည်းရဲ့ ဇစ်မြစ်ကိုတောင် ကိုယ်ကိုယ်တိုင်ရှာဖို့မကြိုးစားဘဲ သူများကို အားကိုးနေတာ လှဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
"...ပျောက်ဖို့ အာမခံပါတယ်"
Group တွေထဲမှာ ပြီးတော့ facebook post တွေမှာ မကြာခဏ တွေ့နေရတဲ့ စာသားလေးတစ်ခုပေါ့။ သတိထားမိမလားတော့မသိဘူး။ တကယ့် နိုင်ငံတကာကို ဖြန့်ကျက်နေတဲ့ brand တွေ ၊ lab တွေနဲ့ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်ပြီးမှ launch လုပ်ထားတဲ့ brand အကြီးတွေ။ ဘယ် brand ကများ ဒီပစ္စည်း သုံးပြီးရင် တင်းတိပ်၊ အမည်းစက်၊ အရေးအကြောင်း၊ အဆီဖု၊ ဝက်ခြံ အလုံးစုံပျောက်ပါတယ်လို့ အာမခံထားတာများရှိသလဲ။ Skincare ဆိုတာ ဆေးမဟုတ်ပါဘူး။ "ပျောက်ကင်းသက်သာစေဖို့ ကူညီပေးသော" ဆိုတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းပါ။
"Thai FDA approved ပါ"
အဲလိုများပြောရောင်းလို့ကတော့ ပထမဆုံး Facebook ရဲ့ အပေါ်ဆုံးက ဘားတန်း search နေရာမှာ ပစ္စည်းနာမည်ကို ရိုက်ထည့်ကြည့်ပါ။ ရောင်းတဲ့သူအချင်းချင်း ပြန်ရောင်းနေတဲ့၊ Group တကာကို ပတ်ပြီး share နေတဲ့ post တွေပဲတွေ့ရမယ်။ ဒါဆို နောက်တဆင့်တတ်ပြီး "Googel" မှာရှာကြည့်ပါ။ Facebook က link တွေကိုပဲ ပြန်ညွှန်းလိမ့်မယ်။
"ဘယ်မင်းသမီးလဲ ကြော်ငြာပေးထားတာလေ"
အခုလို အာဏာသိမ်းကာလပေါ်မူတည်ပြီး ပြောရရင်တော့ အနုပညာရှင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာတင် အားလုံးက ရသမျှအလုပ်သိမ်းကြုံးလုပ်၊ ပိုက်ဆံကို ရသမျှရှာရင်း အားပေးနေတဲ့ ပရိသတ်ကို လိမ်ညာနေတယ်လို့ပဲပြောရမှာပေါ့။ နောက်တချက်က မြန်မာပြည်ရဲ့ အခြေအနေအရ မင်းသမီးဆိုတာ အများစုက မိတ်ကပ်လေးလှလှပြင်၊ အဝတ်အစားလေးလှလှဝတ်ပြီး ဓာတ်ပုံရိုက်၊ ဓာတ်ပုံဆရာက ပိန်တဲ့နေတာပိန်၊ ဖောင်းသင့်တဲ့နေရာဖောင်းနဲ့ လှည့်စားလိုက်ရင်ရပြီဆိုပြီး ထင်နေတာ။ ပြီးတော့ အနုပညာရှင်ဆိုတိုင်းလဲ အကျိုးအကြောင်း ဆင်ခြင်သုံးသပ်၊ အမှားအမှန်ကို ခွဲခြားနိုင်တဲ့ ပညာမတတ်ကြသလို လေ့လာသုံးသပ်နိုင်စွမ်းလည်းရှိကြတာမှမဟုတ်တာ။ ပစ္စည်းကောင်းတယ် မကောင်းဘူးဆိုတာ သူတို့အတွက်မလိုအပ်ဘူး။
နောက်ဆက်တွဲပြဿနာဆိုတာ သူတို့မသိဘူး။ အလုပ်လာအပ်တယ်။ ပိုက်ဆံရမယ်ဆိုပြီးပြီ။ ဒီလို အရည်အချင်း စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းတဲ့သူတွေ ကြော်ငြာတဲ့ ပစ္စည်းကိုမှ ကိုယ်က ယုံကြည်သုံးနေပြီဆိုတော့ အဲဒါ ကိုယ်ညံ့လို့ပါပဲ။
"Online သီးသန့်ရောင်းနေတယ်"
နောက်တချက်က ဒီလို ပစ္စည်းမျိုးတွေဟာ City Mart လို local supermarket တွေမှာရှိဖို့မပြောနဲ့ ရပ်ကွက်တိုင်းမှာရှိနေတဲ့ convenience store , drug store လိုမျိုးနေရာတွေမှာတောင် မတင်ထားကြပါဘူး။ "ဘာကြောင့်လဲ" ။ ဆိုင်မှာတင်မယ်ဆို သက်ဆိုင်ရာ စာရွက်စာတမ်းတွေလိုမယ်လေ။ Online မှာ ရောင်းသလို လိမ်ညာနေလို့မှ မရတာ။
"ကျွန်မသုံးတာတော့ တော်တော်အဆင်ပြေတယ်"
ဟုတ်ကဲ့။ အဆင်ပြေရင် ဆက်သုံးပါ။ မတားပါဘူး။ "ဒီ cream လေးသုံးပြီးရင် စိုပြီး အိနေတာပဲ" "ဒီ lotion လေးသုံးပြီးတာနဲ့ အသားအရေသိသိသာသာစိုလာတယ်"။ ဒီ ပစ္စည်းမှမဟုတ်ပါဘူး။ ဘယ်ပစ္စည်းမဆို water based, oil based ဆိုတဲ့ အဆီ/ရေဓာတ် အခြေခံထားလို့ သုံးပြီးတာနဲ့ စိုပြီး အိလာမှာပါပဲ။ အရေးကြီးတာက နောက်ဆက်တွဲပါ။
ဒီလောက်ဆိုရင်တော့ ဈေးကွက်ထဲက multi level marketing စနစ်နဲ့ ထိုးရောင်းနေကြတဲ့ ပစ္စည်းတွေအကြောင်း တစေ့တစောင်းလောက် သဘောပေါက်လောက်မိကြမယ်ထင်ပါရဲ့။ နောက်တပါတ်ကျရင် တင်းတိပ်အကြောင်း ဆက်ပြီး ပြောကြတာပေါ့။
Yan
💛
ReplyDeleteAppreciate.
Delete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
Thanks 💙
ReplyDeleteDone♥
ReplyDeleteDone♥@♥
Deleteအင်းးးးး
ReplyDeleteဟုတ် သိုင်းကျူးပါ
ReplyDeleteThat's good to know. Thanks alot.
ReplyDelete🤗
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
ReplyDeleteTill the end
Fighting together 💪
မန့်တွေ ယူစားထားပြန်ပြီ😑
ReplyDeleteဟုတ်ပ 🤭
Deleteသူလဲ ဗိုက်ဆာရှာမှာပေါ့လေ 😌
Deleteနော်🫠
Delete😅🥰
Delete😅
Deleteတော်သေးမန့်ပဲချားပြီး မမကိုချန်ခဲ့လို့🤭😁
Delete😂
Deleteဟ🤣
Deleteဠ အ😁
Delete@မမလင်း
Deleteမမကိုက သူအစားခံရမှာကြောက်လို့ ချန်ခဲ့တာ🤭🤣
🎉🎉🎉🎉
ReplyDeleteWAS
ReplyDeleteDone
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete🌧🌳
ReplyDelete♡
ReplyDeleteDone💕
ReplyDelete💙
ReplyDelete