အချစ်ဆိုတာက စံပယ်ခြံထဲမှာ စံပယ်ဖူးတွေခူးရင်း မင်းသီဆိုနေကျ Nothing's gonna change my love for you သီချင်းလိုပါပဲ။ သိပ်ကိုကဗျာဆန်သိမ်မွေ့လှပတာပေါ့။ ကိုယ် ဒီရက်ကွက်ကို စရောက်ကတည်းက မင်းကို အရင်ဆုံးသတိထားမိတာပါပဲ။ နွေဦးရဲ့ ညနေခင်းတွေမှာ စံပယ်ဖူးတွေခူးရင်း သီချင်းကိုတီးတိုးသီဆိုနေတတ်တဲ့မင်းနံမည်က "ဖြူစံပယ်ဖူး" တဲ့လေ။ အိုကွယ် နာမည်လေးအတိုင်းပါပဲ မင်းက ဖြူနုပါးလျနူးညံ့လိုက်ပုံကများဖြင့် ပိုးဟပ်ဖြူလေးတစ်ကောင်လိုပါပဲ။
ဒုတိယမ္ပိ မင်းနဲ့ပြန်ဆုံတာက ကိုယ်တို့ရက်ကွက်ရဲ့ ရဲရဲတောက်သပိတ်မှာပေါ့။ ဂျင်းပန်အပြာကို ရှပ်အဖြူရောင်နဲ့တွဲ၀တ်ထားတဲ့မင်းက သပိတ်ခေါင်းဆောင်လို့ ကိုယ့်နံဘေးက သူငယ်ချင်းကပ်တိုးလေးပြောချိန်ကတော့ ကိုယ်အံ့သြမိရတဲ့အခိုက်အတန့်ပေါ့။
အဲ့ဒီနေ့ အဲ့ဒီနေ့ကပေါ့ ၂၀၂၃ ရဲ့ နေ့စွဲလေးတစ်ရက်ပါပဲ။ ဒါပေမဲ့ ကိုယ့်ကမ္ဘာကြီး တုန်ဟီးပျက်ပြားသွားခဲ့ရတယ်။ အစိမ်းရောင်ကားပေါ်က လူတစ်စုဆင်းလာတယ် မင်းကိုလာရှာကြတယ်ပေါ့။ မင်းလည်းရုတ်တရက်ဆိုတော့ လွတ်မြောက်ဖို့လမ်းစ ရှာမိမှာပါပဲ။ ကိုယ့်မျက်စိရှေ့မှာတင် မင်းတစ်ယောက် မင်းခူးနေကျ စံပယ်ပင်ဖြူဖြူစင်လေးတွေကြား အ၀တ်ငယ်တစ်စလို ခွေလျက်ပုံကျသွားခဲ့တာ။
အိုကွယ်! အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေးကို မိစ္ဆာတချို့က ရက်စက်စွာ ကွပ်မျက်စီရင်ခွင့်မျိုး ဘယ်နတ်ဆိုးရဲ့ အလိုတော်အရ ဖြစ်တည်လာရပါသလဲ။ ကျွန်ုပ်တို့အမှန်တရားကို ချစ်မြတ်နိုးရခြင်းသည် ဤမျှလောက် အပြစ်ကြီးပါ၏လော။
ဒီမနက်ကတော့ မိုးဖွဲဖွဲကြား မင်းရဲ့နာရေးကို လူတွေစည်စည်ကားကားလိုက်ပို့ကြတာပေါ့။ လူတိုင်းလိုလိုရဲ့ ပါးပြင်ထက်မှာ မိုးရေစက်တွေလား မျက်ရည်စတွေစွတ်စိုနေတာလား ကိုယ်တစ်ကယ်မသိချင်တော့ပါဘူးလေ။ ကိုယ်သိတာတစ်ခုက ခြံချင်းကပ်ရပ်နေခဲ့ရပါလျက် မင်းနဲ့ စကားလေးတစ်ခွန်းတောင် ရင်းရင်းနှီးနှီးပြောခွင့်မရလိုက်တာပါပဲ။
အခုများတော့ဖြင့်
ဂျင်းပြာပြာ၀တ်ထားတဲ့ မိန်းကလေးတွေကိုတွေ့တိုင်း...
Nothing's gonna change my love for you သီချင်းတစ်စွန်းတစ်စ ကြားရလေတိုင်း
နွေဦးရဲ့ စံပယ်ဖြူနုတွေပွင့်ဖူးလေတိုင်း
ကိုယ် မင်းကိုလွမ်းရပြီပေါ့ ကလေးရေ။ ကိုယ် အခုလည်း မင်းချစ်တဲ့စံပယ်ပင်မွှေးပျံ့တွေ နံဘေးက ခုံတန်းလေးမှာထိုင်ရင်း မင်းဆိုနေကျ သီချင်းလေးကို တီးတိုးညင်သာ လိုက်ညည်းနေမိပါတယ်။
Hold me now
Touch me now
I don't want to live without you...
Soe 🖤
Illustrated by Khin Lay
ဟာ 💔
ReplyDelete🖤
DeleteAppreciate.
Deleteကြေကွဲဝမ်းနည်းရတယ်😔
ReplyDelete🖤
Delete😇😇😇😇😇😇
ReplyDelete🖤
Delete💛
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
🖤
DeleteThis comment has been removed by the author.
ReplyDelete💔😟
Delete🖤
DeleteDone ✅
ReplyDelete🖤
DeleteWAS
ReplyDelete🖤
Delete😢💔
ReplyDelete🖤
DeleteNothing's gonna change my love for you💔
DeleteSoe ရေ ထိတယ်ကွာ😢
ReplyDelete🖤
Delete💔
ReplyDelete🖤
Delete🤍
Deleteဟာဗျာ😓
ReplyDelete🖤
DeleteNothing's gonna change my love for you...
ReplyDeleteYou ought to know by know how much I Love you
The world may change my whole life through but
Nothing's gonna change my Love for you....
ဆက်ဆိုခဲ့တယ်
One of my fav; oldies love song.
🖤
Deleteသြော်...ဂျင်းပြာလေးရယ်။
ReplyDelete🖤
Deleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
ReplyDeleteTill the end
Fighting together 💪
🖤
Deleteစံပါယ်ပန်းလေးလှသလို အားလုံးလည်းလှကြပါစေ။
ReplyDelete🖤
Deleteနေခွင့်ရတဲ့အချိန်မှာ ကောင်းတာတွေပဲလုပ်သွားပါရစေ။
ReplyDeleteDone💘💘💘
ReplyDelete🖤
DeleteWheel............dope.🏹🏹🏹
ReplyDelete🖤
Delete❤️
ReplyDeleteDone
ReplyDelete🌧🌳
ReplyDelete💕💕💕💕💕💕💕
ReplyDelete