သုန့်ရဲ့ကဗျာဆရာ....

ကဗျာဆရာဟာ သုန့်ရဲ့မူပိုင်မဟုတ်ကြောင်း
တစ်နိုင်ငံလုံးကိုကြေညာမယ်..

သုန်ဟာ နွေဦးမှာပွင့်တဲ့ ကံကော်ပန်းတစ်ပွင့်ဖြစ်ကြောင်း
ကဗျာဆရာကိုတိုင်တည်ပါရစေ..

အချစ်မှာ တန်ဖိုးထားခြင်းမရှိကြောင်း 
သုန်ဟာ သက်သေပြမယ်
မေတ္တာတရားဟာ ပေးပြီးပြန်မရတဲ့အကြောင်း
သုန် ပြောပြချင်ပါသေးတယ်...

ကဗျာဆရာ..
ထောက်ကြံ့က စစ်သင်္ချိုင်းရှေ့မှာစောင့်နေသေးတယ်
မြောက်ဥက္ကလာ နွယ်သာကီမှတ်တိုင်က
ရွှေနေ့သစ် လက်ဖက်ရည်ဆိုင်ကို ရှောင်ပါတယ်

ကဗျာဆရာ
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲလို့ မေးခဲ့တယ်နော်
ချစ်ခြင်းမေတ္တာဟာ ကဗျာဆရာနမ်းလို့ကြွေခဲ့တဲ့ 
ပန်းလေးတစ်ပွင့်ပါ

ကဗျာဆရာ
မျှော်လင့်ချက်တွေပေးပြီး
ထွက်ပြေးသွားတဲ့ကဗျာဆရာ့ကို
စောင့်နေပါသေးတယ်..

"လူတွေဟာ ကိုယ့်အမှားကို မဝန်ခံချင်ကြတဲ့အခါ
ကံတရားကိုအပြစ်ပုံချတတ်ပါတယ်" ကဗျာဆရာလို့
သုန်ပြောတဲ့အခါ 
ကဗျာဆရာဟာ အော်ရယ်ခဲ့ပါသေးတယ်

မှန်ပါတယ် ကဗျာဆရာ
လွမ်းရေးထက်ဝမ်းရေးက အရေးကြီးပါတယ် 

ချစ်သောကဗျာဆရာ
ဒီတစ်သက်ဝေးပါပြီ
တကယ်ဝေးသွားခဲ့ပါပြီ
အချစ်ဦးဟာ သစ္စာမရှိခဲ့ဘူး.....။

ThoanDrayNwayOo🖤🍓

Comments


  1. "လူတွေဟာ ကိုယ့်အမှားကို မဝန်ခံချင်ကြတဲ့အခါ ကံတရားကိုအပြစ်ပုံချတတ်ပါတယ်"
    #Crd ThoanDrayNwayOo

    ReplyDelete
    Replies
    1. ဘာယို့လဲ🤔

      Delete
    2. ကိုယ်လုပ်တဲ့ အမှားဆိုတာကို လက်မခံချင်တာ အရှုံးဆိုတာကို ရင်မဆိုင်နိုင်တာ 🔥

      Delete
    3. This comment has been removed by the author.

      Delete
  2. တကယ်ဆွေးသွားပြီ သုန်ရေ🔥

    ReplyDelete
  3. It's so good Thoandray❤️‍🔥

    ReplyDelete
  4. အလွင့်ကြီးဘဲသုန်🤭

    ReplyDelete
  5. ချစ်သောကဗျာဆရာ❤

    ReplyDelete
  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. လွမ်းရေးထက်ဝမ်းရေးက အရေးကြီးတယ် ...
    အချစ်​ရေးထက် စစ်​ရေးက ခက်တယ် ...

    ReplyDelete
  8. ချစ်ခြင်းဆိုတာ
    အပြစ်ကင်းပါတယ် ကဗျာဆရာ
    ဒါ​ပေမယ့် ​
    ပိုင်ဆိုင်လိုမှု​တွေ ယှက်နွယ်
    ကိ​လေသာ​က ဖက်တွယ်လာတဲ့ခါ
    ချစ်ခြင်းဟာ အ​ရောင်​တွေ ​ပြောင်း
    မ​ကောင်း ​ကျောင်းပို့ ခံလိုက်ရတယ်။

    အတိတ်ကံ ပစ္စုပ္ပန်ကံ
    ခြံရံထားတဲ့ ဘဝ​တွေဟာ
    အ​ကြောင်းတရား​တွေ လှပလာတဲ့ခါ
    ကဗျာဆရာနဲ့ ဆုံစည်းလို့
    ကဗျာ​တွေ တဖုံပြီး တဖုံ နား​ထောင်ချင်ပါ​သေးတယ်။

    အပြစ်ကင်းတဲ့ ချစ်ခြင်းနဲ့
    ရှင်းလင်းလှပ အပြုံးတစ်စ
    ကဗျာဆရာ့ နှုတ်ခမ်းဝမှာ
    ထာဝရချိတ်ထား​ပေးပါ။

    ReplyDelete
    Replies
    1. စိတ်ကြည်သွားပါပြီ✌️

      Delete
  9. သြော်...သုန်ရယ်💛

    ReplyDelete
  10. ဒဏ်ရာလည်း ရှိတယ်
    နာကျင်ရမယ် ဆိုတာလည်းသိတယ်
    ခက်တာက အမှတ်မရှိတာပဲ ၊
    မင်းကို ချစ်မိတာ အမှားတစ်ခုဆိုရင်လည်း
    ငါ အကြိမ်ကြိမ် ပြုလုပ်နေမိတဲ့ အမှားတစ်ခုပေါ့ ။

    #Nat khat ta yar

    ReplyDelete
  11. စစ်​ခွေးနိဂုံး ၂၀၂၃ ✊
    ​တော်လှန်သင်္ကြန် အကြို​နေ့

    Till the end
    Fighting together 💪

    ReplyDelete
  12. ကံတရားကိုက ကံဆိုးလွန်းတာပါ။

    ReplyDelete
  13. Chyeju Kaba sai 😘

    ReplyDelete
  14. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  15. Fighting
    Click,click,click.........
    ..



    ReplyDelete
  16. 🏵️🏵️🏵️🏵️🏵️🏵️🏵️

    ReplyDelete
  17. မေတ္တာဟာအသွားအပြန်ရှိတယ်လို့ နားလည်ထားခဲ့ပေမယ့် မေတ္တာပေးပြီး မေတ္တာပြန်မရတဲ့အခိုက်တန့်တွေကတစ်ကယ်ရှိခဲ့ပါတယ်

    ReplyDelete

Post a Comment

Popular posts from this blog