တင်းတိပ်အကြောင်း သိကောင်းစရာ...
ဆိုတော့...တင်းတိပ်ဆိုတာ ဘယ်လိုဖြစ်လာသလဲ...မြန်မာပြည်မှာတော့ နေရောင်ခြည်ကြောင့် အဓိကဖြစ်တာများပါတယ်။ အထူးသဖြင့် နေရောင်ထဲ အချိန်အကြာကြီးသွားလာလှုပ်ရှားတဲ့သူတွေ၊ Sunscreen ပုံမှန်မသုံးတဲ့သူတွေအနေနဲ့ အဖြစ်များပါတယ်။
တင်းတိပ်ဖြစ်စေတဲ့ မယ်လနင်ဆဲလ်လေးတွေဟာ တကယ်တော့ နေရောင်ခြည်ကိုကာကွယ်ပေးတာဆိုရင် ထူးဆန်းနေမလား...။ အရေပြားမှာ မှန်ကြည့်လိုက်ရင် မြင်နေရတဲ့ လက်ရှိအသားအရောင်ကို မွေးဖွားပေးတဲ့ မယ်လ်နင်ဆဲလေးတွေရှိပါတယ်။ ဒီဆဲလ်လေးတွေက နေရောင်ခြည်နဲ့ အချိန်အတော်ကြာထိတွေ့တဲ့အခါ ဆဲလ်လေးတွေကို နေရောင်ခြည်ကနေ ကာကွယ်ပေးဖို့ နဂိုထက် အရောင်ရင့်တဲ့ အရောင်အဖြစ်ပြောင်းလဲသွားတာပါ။ လူတွေအမြင်အနေနဲ့ ပြောရရင် တင်းတိပ်ဆိုတဲ့ အမည်းကွက်ကြီး ဖြစ်လာတာမျိုးပေါ့။
နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ ဝက်ခြံဒဏ်ရာကနေ ကျန်ခဲ့တဲ့အမာရွတ်တွေပါ။ ဝက်ခြံတွေကို လက်နဲ့ညှစ်တာဖြစ်ဖြစ်၊ ရောင်ရမ်းနေတဲ့ဝက်ခြံတွေက အရေပြားမှာ ဒဏ်အဖြစ်ကျန်ရစ်ခဲ့ပြီး တင်းတိပ်ဖြစ်စေတဲ့ ရောင်ခြယ်အကွက်အဖြစ်ပြောင်းလဲသွားပါတယ်။
နောက်ထပ်တစ်မျိုးက နှုတ်ခမ်းမွေးရိပ်တာ၊ scrub ကြမ်းကြမ်းတွေနဲ့ ပွတ်တိုက်တဲ့အခါမှာ အပေါ်မှာပြောခဲ့သလိုပဲ တင်းတိပ်ဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ်လေးတွေက တတ်ကြွလှုပ်ရှားပြီး မယ်လ်နင်ရောင်ခြယ်တွေထွက်ရာကတစ်ဆင့် တင်းတိပ်အဖြစ် ကူးပြောင်းသွားပါတော့တယ်။
တင်းတိပ်နဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆ Peeling လုပ်ရင်ပျောက်သွားမယ်။ Laser ပစ်ရင် ပျောက်သွားမယ်။ အချိန်ခဏတော့ဟုတ်ပါလိမ့်မယ်။ တင်းတိပ်ဆိုတာ မျက်နှာပေါ်မှာ မြင်ရတဲ့အကွက်ကြီးဆိုပေမဲ့ တကယ်ဖြစ်လာတဲ့အရင်းအမြစ်က အတွင်းမှာပါ။ အရေပြားအတွင်းမှာ မယ်လ်နင်ရောင်ခြယ်တွေက တစ်နေ့ပြီးတစ်နေ့၊ တစ်ရက်ပြီးတရက် မျက်နှာပြင်ပေါ်အလွှာလိုက် တတ်လာရင်း အမည်းကွက်ကြီးပေါ်လာတာပါ။ ပြောရရင် အနက်ရောင်အကွက်ကြီးကို ထင်ထင်ရှားရှားမြင်ရပြီဆို တင်းတိပ်ဖြစ်နေတာအချိန်တစ်ခုကြာနေပြီ သေသေချာချာ ကုသဖို့လိုနေပြီဆိုတဲ့သဘောပေါ့။ Laser/ peeling တွေကအရေပြားအပေါ်ယံအလွှာကို တိုက်စားသွားတဲ့အတွက် အပေါ်ယံတော့ သက်သာကောင်းသက်သာသွားပါလိမ့်မယ်။ ဒါပေမယ့် မယ်နင်ရောင်ခြယ်ကတော့ သူလုပ်နေကျအတိုင်းဆက်လုပ်နေမှာဖြစ်တဲ့အတွက် အမည်းကွက်ကြီးပြန်ဖြစ်လာမှာပါ။
ဒါဆို မယ်လ်နင်ဖြစ်တဲ့ ဆဲလ်ကို သတ်လို့ရမလား...
Noပါ။ လူခန္ဓာကိုယ်မှာ လှုပ်ရှားရှင်သန်မှုတွေရှိသေးသမျှ မဖြစ်နိုင်ပါဘူး။ တကယ်လို့ melanin cells နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေပြီဆိုရင် ခရုသင်း၊ သမင်ဖြူလိုမျိုး ရောင်ခြယ်မရှိတဲ့အကွက်တွေ ပေါ်လာဖို့သာရှိပါတယ်။
ဒါဆို ဘာလုပ်လို့ရမလဲဆိုတော့ မလ်နင်ဆဲလ်ကို မပွားလာအောင် ထိန်းထားပေးလို့သာရပါတယ်။
တင်းတိပ်အတွက် ဘာကိုအဓိကထားသုံးမလဲ...
Vitamin C, Kojic acid, alpha arbutin တို့လို ingredient တွေဟာ တင်းတိပ်ဖြစ်တဲ့သူတွေအဓိကဦးစားပေးရွေးချယ်ရမယ့် ingredient တွေပါ။ မဖြစ်မနေကတော့ sunscreen ပေါ့။
ဘာတွေရှောင်မလဲ...
နံပါတ် ၁ ဦးစားပေးကတော့ MLM ပစ္စည်းတွေပါပဲ။ ဘာတွေဘယ်လောက်ပျောက်တယ်ပြောပြော ဝေးဝေးကသာရှောင်ပါ။
တင်းတိပ်ပျောက်ပါတယ်ဆိုတဲ့ အာမခံပစ္စည်းတွေ အဝေးဆုံးသာရှောင်ပါ။ သတိထားကြည့်ပါ။ ဈေးကွက်ထဲမှာရှိနေတဲ့ ပစ္စည်းတွေ၊ world class brand တွေဘယ်သူမှ တင်းတိပ်ပျောက်ပါတယ်လို့ အာမ မခံပါဘူး။ Skincare ဆိုတာ ဆေးမှမဟုတ်တာ။ Skincare ရဲ့ သဘောသဘာဝကိုက...ကူညီပေးသည်၊ ထိန်းသိမ်းပေးသည် ဆိုတဲ့သဘောပါ။
ပြောရရင် Skincare က တင်းတိပ်ကိုထပ်ပြီးမပွားလာအောင်၊ ရှိနေပြီးသားတင်းတိပ်ကို အရောင်တစ်ဖြည်းဖြည်းပါးပြီး နဂိုအသားအရောင်အတိုင်းဖြစ်လာဖို့ပဲ ကူညီပေးမှာပါ။
Yan
Appreciate.
ReplyDeleteAppreciate.
Deleteဝက်ခြံဖြစ်ရင် လက်နဲ့ မညှစ်ဘဲ မနေနိုင်ဘူး 🤧
ReplyDeleteကျန်ခဲ့တဲ့အမာရွတ်တွေကနေ တင်းတိပ်ဖြစ်နိုင်တယ်ဆိုတော့
မညှစ်ဘဲ ထိန်းမှ
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
ကျေးဇူးပါ❤️
ReplyDeleteThanks
ReplyDeleteDone ✅
ReplyDeleteအိုခေပါ 🥰
ReplyDeleteအိုခေပါ
ReplyDeleteလူယူမလား🤭
ReplyDeleteဟဲ" တင်းတိပ်တော့မဖြစ်ချင်ဘူး ဂရုစိုက်ရမယ်😁Thanks😙
ReplyDeleteကျေးဇူးပါ <3
ReplyDeleteနေပူထဲသွားရမယ်ဆိုရင် ကျန်တာမသုံးဖြစ်ပေမယ့် Suncreamတော့ အမြဲသုံးဖြစ်တယ်။
MLM တွေလည်း ေ၀းေ၀းရှောင်တယ် မုန်းလို့
MLM ကဘာလဲဟင် တကယ်မသိလို့
DeleteThank you so much.
ReplyDeleteကျေးဇူးပါ
ReplyDeleteThank for sharing
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
Well noted! Thanks.
ReplyDeleteThanks for sharing.
ReplyDeleteကျေးဇူးပါ
ReplyDeleteChyeju Kaba sai 😘
ReplyDeleteChyeju Kaba sai 😘
ReplyDeleteသတိယတယ်
ReplyDeleteThanks
ReplyDeleteDone💕
ReplyDeleteThank you so much.
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteကျေးဇူးပါ
ReplyDelete🌧🌳
ReplyDelete