အမည်ရှိ

ငါ ခေါ်နေသံကို ကြားလား 
ဟိုးအဝေးကနေ မင်းကို ခေါ်နေတဲ့ ငါ့ရဲ့အသံ 

ကြားနိုင်လား 
မကြားနိုင်တော့တဲ့ အခြေအနေမှာလား 

ကလေးရေ့ 
ငါးနှစ်သားကလေးရေ့ 
ငါ လှမ်းကြည့်လိုက်တော့ 
မင်းရဲ့ အသွေးအသားစိုင်တွေ 
မင်းအလိုမတူဘဲ 
ဖော်ကျူးသွားတဲ့ 
မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့တွေ 
မင်းရဲ့ နာကျင်မူတွေ 

ငါမြင်နေရတယ် 
မီးခိုးတွေ တလူလူကြားထဲမှာ 
ယမ်းငွေ့လှိုင်လှိုင်ကြားထဲမှာ 
ငါကြည့်နေတာကိုရော မင်း လှမ်းမြင်ရတယ်မဟုတ်လား  
မင်း လှမ်းမြင်နေရတယ် မဟုတ်လား 

မင်း လှမ်းကြည့်လိုက်တဲ့အကြည့်က 
ငါ့ကို နှုတ်ဆက်နေသလို 
ငါ ပွေ့ဖက်လိုက်တော့လည်း 
လေဟာနယ်ကိုပဲ ဖမ်းဆုပ်မိ 

ငါ လှမ်းအော်လိုက်မယ်
မင်း ကြားနိုင်ပါစေကွယ် 
ကလေးရေ့ လူမမည်လေးရေ့ 
အရှေ့မှာ အလင်းရောင်ရှိနေတယ်ကွဲ့ 

မင်းရဲ့အမှန်တရားကို ရှာဖွေပေးဦးမှာမို့ 
နှုတ်ဆက်ထွက်ခွါသွားတယ်ဆိုရင်တောင် 
အရှေ့မှာ အလင်းရောင်လေးရှိတယ်ဆိုတာကို 
ငါ ညွှန်ပေးပါရစေကွယ်
ငါ ညွှန်ပေးပါရစေ။           ။

ဆုမီမီအောင်

Comments

  1. ပို့သ မေတ္တာရကြပါစေ
    🕊️🕊️🕊️

    ReplyDelete
  2. ကဗျာတေဖတ်ရင်းမျက်လုံးတေစိုလာတယ်April 26, 2023 at 4:23 AM

    😔😰

    ReplyDelete
  3. အလင်းရောင်လေးရေ
    ငြိမ်းချမ်းပြီး အသက်တိုင်းကို တန်ဖိုးထားတဲ့နေရာစီ လမ်းပြပေးလိုက်ပါနော် 💙

    ReplyDelete
  4. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  5. အားလုံး ဘေးအန္တရယ်များကင်းဝေးကြပါစေ။

    ReplyDelete
  6. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  7. Fighting
    Click,click,click......

    ReplyDelete
  8. Fighting
    Click,click,click.......

    ReplyDelete
  9. 🎉🎉🎉🎉🎉🎉

    ReplyDelete
  10. ရှေ့မှာ အလင်းရောင်ရှိတယ်တဲ့လား

    ReplyDelete

Post a Comment

Popular posts from this blog