ဝက်ခြံအကြောင်း သိကောင်းစရာ
ဒီတစ်ပါတ်ကတော့ ဝက်ခြံအကြောင်းပြောကြတာပေါ့။ ဝက်ခြံဆိုတာ... ပြောရရင် ဘယ်သူမဆိုဖြစ်လွယ်တဲ့ အရေပြားပြဿနာတစ်ခုပါပဲ။
ဘယ်လိုအချိန်မှာဖြစ်မလဲဆိုရင် ကိုယ့်အရေပြားပေါ်က အဆီထွက်တဲ့အဆီပေါက်၊ ချွေးထွက်တဲ့ မွေးညင်းပေါက်လေးတွေကို အဆီတွေ၊ ဖုန်မှုန့်၊ dead cells တွေ ပိတ်ဆို့သွားတဲ့အခါမျိုးမှာပေါ့...။
အဖြစ်များတဲ့အသားအရေအမျိုးအစားကိုပြောရရင်တော့ အဆီပြန်လွယ်တဲ့အသားအရေအမျိုးအစားမှာ အဆီ၊ ချွေး၊ dead cells နဲ့ အညစ်အကြေး ပိတ်ဆို့လွယ်ပြီး ဝက်ခြံအဖြစ်များပါတယ်။
အဲဒီတော့ ဝက်ခြံအကြောင်း ဘာသုံးရမလဲဆိုတာ မပြောပြခင် အဖြစ်များတဲ့ ဝက်ခြံအမျိုးအစားလေးတွေကို လေ့လာကြည့်ရအောင်လား။
Pimples: အနီရောင် ဒါမှမဟုတ် ပန်းရောင်သန်းပြီး အရေပြားပေါ်မှာ ဆူပြီ ရောင်နေမယ်။ ထိလိုက်တဲ့အခါမှာ တော်တော်လေးနာကျင်မယ်။ ညှစ်လိုက်တဲ့အခါမှာ ပြည်တွေထွက်လာမယ့် ဝက်ခြံမျိုးပေါ့။
Blackheads: အရေပြားပေါ်မှာ သေးသေးမွှားမွှားလေးနဲ့ ဒါပေမယ့် စုစည်းလိုက်ရင် အနက်ရောင်အကွက်လိုက်ကြီး ဖြစ်သွားစေလောက်တဲ့အထိ အနှောင့်အယှက်ပေးတဲ့ အရာမျိုးပေါ့။ သူကတော့ အညစ်အကြေးတွေကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ချွေးပေါက်လေးမှာ အဆီရယ် dead cells တွေရယ်ပိတ်ဆိုပြီး oxidize ဖြစ်လာတာ (တစ်နည်းပြောရရင် သံချေးတတ်လာတာ) ကနေဖြစ်လာတဲ့ ပြဿနာမျိုးပါ။
Whiteheads: သူကတော့ blackheads နဲ့ ဆင်တူတယ်။ မတူတဲ့အချက်ကတော့ whiteheads လေးတွေပေါ်မှာက အရေပြား အလွှာပါးပါးလေးတထပ် ဖုံးနေတဲ့ပုံစံမျိုးလေးဖြစ်နေတာ။ ပြီးတော့ ဖယ်ရှားရတာလည်းနည်းနည်းခက်တယ်။ ညှစ်လိုက်မယ်ဆိုရင်လည်း ရောင်ရမ်းပြီး အမာရွတ်ထင်တာမျိုးဖြစ်ပြန်ရော။
Cysts: မြင်သာအောင်ပြောရရင် ပြည်တွေအများကြီးရှိနေတဲ့ အဖုကြီးတစ်ဖုပေါ့။ နာကျင်တတ်တယ်။ သေသေချာချာ မကုသရင် ဝက်ခြံအမာရွတ်နက်နက်ရှိုင်းရှိုင်း ကြီးတွေတောင် ဖြစ်နိုင်ပါတယ်။
အဲဒီတော့ ဝက်ခြံထွက်လို့ ကုသနေ skincare သုံးနေပေမဲ့ ဘာကြောင့် မပျောက်နိုင်ဖြစ်နေရသလဲဆိုတာကိုတော့ နောက်တစ်ပါတ်မှာ ဆက်လေ့လာကြည့်ကြတာပေါ့။
Yan
ကလန်သွာ 🥰
ReplyDeleteကလုန်သွာ ရေးတာကို
Deleteဘယ်လိုမွှားသွားပါလိမ့် 🤧
😂
Delete🌷🌷🌷🌷🌷🌷🌷🌷🌷
DeleteAppreciate.
💛
ReplyDeleteကျေးဇူးပါ🩷
ReplyDeleteကောင်လေးထင်တယ်🤣🤣
ReplyDeleteကျေးဇူးပါ 💙
ReplyDeleteဟုတ်ကဲ့
ReplyDeleteကျေးဇူးပါ 🤍
Thanks😍
ReplyDeleteThanks for the knowledge.
ReplyDeleteThank for sharing
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
Till the end
Fighting together 💪
Done💖💖💖
ReplyDeleteChyeju Kaba 🥰
ReplyDeleteClick with love 💕
Delete🍀🍀🍀🍀🍀
🌻
ReplyDeleteGood article
ReplyDeleteThank you.
ReplyDeleteThank you so much.
ReplyDeleteThanks
ReplyDeleteကျေးဇူးပါ။
ReplyDelete🌻
ReplyDeleteChyeju Kaba sai 😘
ReplyDeleteကျေးဇူးပါ
ReplyDelete🌧🌳
ReplyDelete🏵️🏵️🏵️🏵️🏵️🏵️
ReplyDelete