အိမ်လွမ်းနာ - ၆
ဒီလူတွေကြားထဲကို တော်လှန်ရေးဘက်တော်သား ယောင်ယောင်နဲ့ အချင်းချင်း စိတ်၀မ်း မကွဲ ကွဲအောင် သွေးခွဲသပ်ရှို လုပ်နေကြတဲ့သူတချို့ဟာ အခုချိန်မှာ ပိုလှုပ်ရှားလာကြတာ တွေ့မိကြမှာပါ။ အခုဆိုရင် တော်လှန်ရေးရဲ့ ပင်မ၀င်ငွေစီးကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ ကလစ်ကာတွေဘက်ကိုပါ လှည့်လာကြတာတွေ့မိပါတယ်။ ဒါဟာ ကျနော်တို့အားလုံး သတိကြီးကြီးနဲ့ စည်းလုံးညီညွတ်စွာ ရှေ့ဆက်ဖို့ ပိုလိုအပ်လာပြီဆိုတာကို အသိပေးတဲ့ ခေါင်းလောင်းသံပါပဲ။
တော်လှန်ရေးကို အောင်မြင်ချင်တဲ့သူ အားလုံးဟာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ တစ်ရေးနိုးရင်တောင် ဒီစိတ်နဲ့ ရှင်သန်နေကြရတာပါ။ အားလုံးဟာလည်း ခြိုးခြံနိုင်သလောက် ခြိုးခြံပြီး တော်လှန်ရေးကို နိုင်သလောက်လေး ပါ၀င်ချင်၊ လှူဒါန်းချင်သော စိတ်ရှိတဲ့ သူတွေကြီးပါပဲ။
ခြိုးခြံတယ်ဆိုလို့ စကားစပ်တုန်း ဟင်းပွဲလေးအကြောင်း ပြောလိုက်ရဦးမယ်။
အိမ်မှာ မိသားစုတွေ စုံစုံညီညီနေကြတုန်းက ဒီလိုအချိန်မှာ ချက်စားလေ့ရှိတဲ့ ဟင်းပွဲလေးပေါ့။ အိမ်နဲ့ အဆက်အသွယ်ရလို့ ချက်စားနေကြပြီလားဆို မေးကြည့်လိုက်တော့ တစ်ခါလားတော့ ချက်စားဖြစ်ပေမဲ့ အရင်လိုချက်တာမျိုးတော့မဟုတ်။ အာသာပြေတယ် ဆိုရုံလေးပါပဲတဲ့လေ။ အရင်တုန်းကဆို အိမ်ကြက်ခုနစ်ဆယ်သားလောက်တစ်ကောင်ကို အရိုး၊ အသား၊ အသည်းအမြစ်တွေအကုန် အတုံးခပ်သေးသေးတုံးပြီး ချက်စားကြတဲ့ ဟင်းဖြစ်ပေမဲ့ ဒီအချိန်မှာတော့ အိမ်ကြက်အစား CP ကြက်နဲ့ပဲ ချက်ဖြစ်တာမို့ အာသာပြေရုံပဲလို့ ပြန်ဖြေလိုက်တာပါ။
အိမ်ကြက်အစား CP ကြက်ကိုသုံးပြီး ချက်မယ်ဆိုရင် CP ကြက်က အိမ်ကြက်လောက် မချိုသော်ငြား ဆီထည့်ရသက်သာတယ်။ ချက်ရတာမြန်တဲ့အတွက် ထင်းမီးသက်သာတယ်။ အသားများတယ်။ အဓိက ကတော့ စျေးသက်သာတယ်ပေါ့။ သေချာခြုံပြီး တွက်လိုက်မယ်ဆိုရင်တော့ ဟင်းတစ်ပွဲမှာ ထောင်ဂဏန်းငွေလေးတော့ အပိုထွက်တာပေါ့။ ဒါလေးကလည်း ဖုန်းဘေလ်လေးဖြစ်ဖြစ်၊ တစ်ယောက်အတွက် တစ်နပ်စာလေးဖြစ်ဖြစ်တော့ လှူလို့ရတယ်မလားတဲ့။ တော်လှန်းရေး အမြန်အောင်ချင်နေချင်ကြတဲ့ စိတ်ရှိသောသူများရဲ့ စိတ်ထားလေးပဲ ဆိုပါတော့။
အခုတောင် အရှေ့နားလေးမှာ ဟင်းပွဲအကြောင်း အစချီလိုက်ပေမဲ့ တော်လှန်ရေးပဲ စိတ်ကရောက်နေတော့ ဟင်းပွဲနဲ့ တော်လှန်ရေးက ဆက်ဆက်သွားပြန်ပြီ။ ဟင်းက အရမ်းအဆန်းကြီးတာ့ မဟုတ်ပါဘူး။ ကြက်သားငရုတ်သီးစိမ်းချက်လေးပါပဲ။
အိမ်ကြက် ခြောက်ဆယ်သား၊ ခုနစ်ဆယ်သားလောက် တစ်ကောင်ကို ခပ်ရွယ်ရွယ်တုံးပြီး နနွင်းမှုန့်၊ ဆားနဲ့ ပုဇွန်ငါးပိလေး သင့်တော်ရုံထည့်နယ်ပြီး ခဏနှပ်ထား။ ကြက်သွန်နီဥသေးလေးတွေကို အခွံခွာပြီး ကြော်တဲ့အခါ အထဲပါကျက်အောင် ဓားရာပေး။ ကျက်အောင်ကြော်ပြီး ပြန်ဆယ်ထား။ ခုနက နှပ်ထားတဲ့ ကြက်သားကို ကြက်သွန်နီကြော်တဲ့ ဆီထဲထည့် သေချာလေးလုံးပြီး ရေထည့်တည်လိုက်။ ကြက်သားတစ်ဝက်လောက်နူးပြီဆို ခုနက ဆယ်ထားတဲ့ ကြက်သွန်နီဥကြော်လေးထည့်ပြီး ကြက်သားရောကြက်သွန်နီဥကြော်လေးတွေပါ နူးအောင်ဆက်တည်။ ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းထား။ နံနံပင်ကို ရေသေချာဆေးပြီး အနေတော်လှီးထား။ ကြက်သားရော ကြက်သွန်ပါ နူးပြီ။ အပေါ့၊အငံ၊အချိုလည်း အဆင်ပြေပြီဆို ထောင်းထားတဲ့ ငရုတ်သီးစိမ်းနဲ့နံနံပင် ထည့်မွှေလိုက်ရင် စားလို့ တော်တော့်ကိုကောင်းတဲ့ ကြက်သားငရုတ်သီးစိမ်းချက် ဟင်းတစ်ပွဲရပါပြီ။ ခပ်စပ်စပ်လေးပေမဲ့ ကြက်သားကအချို၊ ပုဇွန်ငါးပိကအချို၊ ကြက်သွန်နီဥအိအိလေးတွေကအချိုတွေ ပေါင်းစပ်ထားတာမို့ အရသာအစပ်အဟပ် အဆင်ပြေပြီး ထမင်းမြိန်တဲ့ ဟင်းလေးပေါ့။ သူနဲ့တွဲဘက်ကိုတော့ ပဲကြီးဆူးပုပ်ဟင်းချိုလေးရယ်၊ မန်ကျည်းရွက်နုသုပ်လေးရယ်နဲ့ တွဲလိုက်မယ်။ မန်ကျည်းရွက်နုလေးတွေကို ဆူးပုပ်ရွက် မထည့်ခင် ဖယ်ထားတဲ့ ပဲကြီးဟင်း အနှစ်လေးရယ်၊ မထူးမပါးလှီးထားတဲ့ ကြက်သွန်နီရယ်၊ မီးကင်ထားတဲ့ ပုဇွန်ငါးပိချေထားတာလေးရယ်၊ ပဲဆီမွှေးမွှေးလေးရယ်နဲ့ ချဥ်ဆိမ့်မွှေးလေး သုပ်မယ်။ ကြက်သားငရုတ်သီးစိမ်းချက်ရယ်၊ မန်ကျည်းရွက်နုသုပ်ရယ်၊ ဆူးပုပ်ရွက် ခပ်ထားတဲ့ ပဲကြီးဟင်းချို ချိုချိုမွှေးမွှေးလေးရယ် သုံးမျိုးတွဲစားလိုက်ရမယ်ဆိုရင်တော့ ဗိုက်သာပြည့်လာပေမဲ့ စားရတာမရပ်ချင်ဖြစ်မယ့် ထမင်း၀ိုင်းလေးဖြစ်မှာ အသေအချာပဲပေါ့။
အခုချိန်မှာတော့ အိမ်ကိုလွမ်းနေရတဲ့ ဘ၀လေးမို့ ဒီဟင်းလေးတွေနဲ့လည်း ဝေးနေရတုန်းပါပဲ။ တော်လှန်ရေးကြီးပြီးရင် ချစ်တဲ့ကလစ်ကာတွေကို တစ်ခါလောက်တော့ ချက်ကျွေးချင်မိပါရဲ့။ တော်လှန်ရေးကြီးရဲ့ တစ်ထောင့်တစ်နေရာမှာပါကြတဲ့ စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်တွေအချင်း ထမင်းမြိန်မြိန်လေး စားကြတာပေါ့ဗျာ။ အခုတော့ ကလစ်ကာ ရဲဘော်ရဲဘက်တွေကို မဆုံနိုင်သေးတဲ့သူတွေ အမြန်ပြန်ဆုံကြဖို့၊ မစုံနိုင်မဆုံနိုင်တော့တဲ့သူတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တော်လှန်ရေးကြီး အမြန်အောင်မြင်ဖို့၊ မင်းအောင်လှိုင်ရဲ့ စစ်ခွေးတပ်ကို မြန်နိုင်သမျှမြန်မြန် အမြစ်ဖြတ်ဖို့အတွက် အားစိုက်ပြီး ကလစ်ပေးကြပါဦးဆို လေးစားစွာတောင်းဆိုရင်း .......
Linn Khant Maw
ကလစ်နေပါတယ်...
ReplyDeleteလွမ်းမိတယ်အမေ့လက်ရာ😢
ReplyDeleteဟုတ်ကဲ့ ကလစ်နေပါတယ်
ReplyDeleteဟင်းအစပ်အဟပ်ကလေးကလဲ
စားချင်သဖွယ် 🤤
ဟင်းချက်နည်းအတွက်ကျေးဇူးပါ 🥰
Done ✅
ReplyDelete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
တလရကြီး ပြီးသွားရင် ရဲဘော်လေး ချက်ကျွေးတဲ့ ဟင်းတွေ စားချင်သေးတယ်ဗျာ 🤤
ReplyDeleteတကယ်ရေးတတ်လိုက်တာ
ReplyDeletearticle တစ်ခုထဲမှာ အသုံးဝင်တာတွေကြီးပဲ
ဟုတ်ပချယ်ရေ
Deleteကျေးဇူတင်မိတယ်
အင်းနော်
Deleteကြိုးစားclickရင်းနဲ့ ကြက်သားငရုတ်သီးစိမ်း ချက်နည်းလေးကိုပါ မှတ်သွားလိုက်ပါပြီး။
ReplyDeleteချက်စားဦးမယ်
ReplyDeleteကြက်သားငရုပ်သီးစိမ်းချက် 🤤
ReplyDeleteWe Are Clicker
Till the end
Fighting together 💪
Chyeju kaba sai 🌻
ReplyDeleteကျွန်တော်တို့ဆက်ကလစ်နေတယ်
ReplyDeleteကျွန်တော် ယခု PDF ကနေနားထားပြီး
ကလစ်နေပါတယ်
နိုင်ရာဝန်ကို ထမ်းနေပါတယ်
ကျွန်နော် နာမည် Godzilla ပါ
💪🥰
Deletedone
ReplyDeleteFighting together!!
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteDone
ReplyDelete🌧🌳
ReplyDelete