မရေးတာကြာပြီဖြစ်တဲ့ စာတို

ဖျတ်ခနဲ မီးအလင်းအပိတ်အဆုံးမှာ
ဘဝတွေ အထပ်ထပ်ကွာကျလာတယ်
တို့ရဲ့ပြည်တော်ကြီးက
ဗုံးခိုကျင်းတွေနဲ့ ရင်နာစွာတည်ရှိနေပါတယ်

ငါတို့ရဲ့အမျိုးသမီးတွေ 
လုံခြုံစွာရောရှိရဲ့လား
ဒါဆို...ငါတို့ရဲ့အမျိုးသားတွေရော
ဒဏ်ရာတွေက ကျက်ရဲ့လား

နှလုံးသားဟာ သွေးအလိမ်းလိမ်းနဲ့
နှလုံးခုန်ချက်မမှန်ဘူး
ဘယ်ဘက်တစ်ခြမ်းက
အကြောတွေသေလို့
အကြောတွေပြန်မရှင်နိုင်လို့

ဘယ်မှာလဲ တို့ရဲ့တရားမျှတမှု
အပေါ်ထောင်ပစ်ပါတယ်ဆိုတဲ့ ကျည်ဆံတွေ
ခေါင်းတည့်တည့် လာမှန်နေတာကရော
ကမ္ဘာကြီးအတွက် ပြဇာတ်တစ်ပုဒ်လား

လူငယ်တွေဟာ
ဘယ်အချိန်ထိ စတေးနေရဦးမှာလဲ
စစ်ပွဲတွေကိုရပ်တန့်ဖို့ကြိုးစားလေ
စစ်ပွဲတွေများလာလေပဲလား
လူမျိုးတုန်းသတ်ဖြတ်မှုတွေဟာ
လူတွေကြောင့်ပဲ ဖြစ်လာတာမလား
သြော်!...မှတ်သားလောက်ပါပေတယ်

ဝရံတာရှေ့ထွက်လိုက်တိုင်း
တိုက်ခတ်တဲ့လေတွေထဲမှာ 
ငိုသံတွေပါနေသလိုလို 
ငိုသံတွေရှိနေသလိုလို
စိတ်၏မချမ်းသာခြင်းတွေ
ကိုယ်၏မလုံခြုံခြင်းတွေ
ဝေးဝေးထွက်သွားပေးပါလား

စီးကရက် ရှိုက်လိုက်တိုင်း
ပျံတက်လာတဲ့ အငွေ့တွေထဲ 
ဦးခေါင်းပွင့်မျိုးဆက်ရဲ့မကျေနပ်ချက်တွေ
တစ်စီတစ်တန်း တည်ရှိနေမှာ
တို့တွေမအေးချမ်းဘူး
တို့တွေမမွေ့ပျော်ဘူး
အရင်လို "Good Night"ဆိုပြီး
ကြည်ကြည်နူးနူးပြောခွင့်ရမယ့်
ညချမ်းတွေ တစ်ပတ်လည်ပြီး 
တို့တွေဆီပြန်ရောက်လာမှာ 
ယုံကြည်တယ်
မျှော်လင့်တယ်
သေချာတယ်...။          ။

ကျွန်တော်

Comments

  1. ယုံကြည်မျှော်လင့်လျှက် 🕊️

    ReplyDelete
  2. လူငယ်တွေဟာ
    ဘယ်အချိန်ထိ စတေးနေရဦးမှာလဲ

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. ယုံကြည်တယ်
    မျှော်လင့်တယ်
    သေချာတယ် ...

    ReplyDelete
  5. စိတ်၏မချမ်းသာခြင်းတွေ
    ကိုယ်၏မလုံခြုံခြင်းတွေ
    ဝေးဝေးထွက်သွားပေးပါလား

    ReplyDelete
  6. Wheel............dope.🏹🏹🏹

    ReplyDelete
  7. ယုံကြည်ပါတယ်

    ReplyDelete
  8. "စိတ်၏မချမ်းသာခြင်းတွေ
    ကိုယ်၏မလုံခြုံခြင်းတွေ"

    ReplyDelete
  9. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  10. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  11. ယုံကြည်တယ်။
    မျှော်လင့်တယ်။
    သေချာတယ်။

    ReplyDelete
  12. We fight for the country and people

    ReplyDelete
  13. Fighting
    Click,click,click.....

    ReplyDelete
  14. အရင်လို ကြည်ကြည်နူးနူးပြောခွင့်ရမယ့်
    ညချမ်းတွေ တစ်ပတ်လည်ပြီး
    တို့တွေဆီပြန်ရောက်လာမှာ
    ယုံကြည်တယ်
    မျှော်လင့်တယ်
    သေချာတယ်...။ ။

    ကျွန်တော် 🕊️

    ReplyDelete
  15. 💅💅💅💅💅

    ReplyDelete
  16. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  17. စိတ်၏မချမ်းသာခြင်းတွေ
    ကိုယ်၏မလုံခြုံခြင်းတွေ
    ဝေးဝေးထွက်သွားပေးပါလား ...

    ReplyDelete
    Replies
    1. စိတ်၏ချမ်းသာခြင်းတွေ
      ကိုယ်၏ လုံခြုံခြင်းတွေ
      ရရှိပါစေ။
      ဖိုက်တင်း။

      Delete
  18. 💅💅💅💅💅💅

    ReplyDelete
  19. 💅💅💅💅💅💅

    ReplyDelete
  20. စိတ်ဓာတ်ခွန်အားတွေ
    ပြည့်ဝကြပါစေ။

    ReplyDelete
  21. Wheel............dope.🏹🏹🏹

    ReplyDelete
  22. စိတ်၏မချမ်းသာခြင်းတွေ
    ကိုယ်၏မလုံခြုံခြင်းတွေ
    ဝေးဝေးထွက်သွားပေးပါလား

    ReplyDelete
    Replies
    1. စိတ်၏ချမ်းသာခြင်းတွေ
      ကိုယ်၏ လုံခြုံခြင်းတွေ
      အမြန်ရရှိပါစေ။
      စိတ်ဓာတ်ခွန်အားတွေ
      ပြည့်ဝပါစေ။

      Delete
  23. Fighting
    Click,click,click.........

    ReplyDelete
  24. Fighting
    Click,click,click.......

    ReplyDelete
  25. ယုံကြည်တယ်
    မျှော်လင့်တယ်
    သေချာတယ်💪💪

    ReplyDelete
  26. ယုံကြည်မှု အပြည့်နဲ့
    ကလစ်နေပါတယ်။

    ReplyDelete
  27. လက်ညိုးထိပ်လေး
    အသားမာတက်နေသည် အထိ
    ကလစ်ပါ၏။

    ReplyDelete
  28. ယုံကြည်မှု အပြည့်နဲ့
    ပန်းတိုင်ရောက်အောင်
    လျှောက်လှမ်းနေပါတယ်။
    ကလစ်ရင်းဖြင့်........။

    ReplyDelete
  29. ဒန်း🌲🌲🌲

    ReplyDelete
  30. ခုနောက်ပိုင်း ရေးတာတွေ
    မပေါ်တော့ဘူးနော်။

    ReplyDelete
  31. တွဲလက်တွေ မြဲခိုင်ကြစေ။

    ReplyDelete
  32. ရင်ဘတ်တူတွေအားလုံး
    ကျန်းမာအောင်နေကြပါ။

    ReplyDelete

Post a Comment

Popular posts from this blog