အိမ်သေးသေးကလေးတစ်လုံး


ငါတို့ တရိပ်ရိပ်
ငါတို့ ပြေးခဲ့ကြ။
စနေ တနင်္ဂနွေ တနင်္လာ အင်္ဂါ
ငါတို့ ပြေးခဲ့ကြ။
မြက်ပင်များ လယ်ကွက်များ မြို့များ
ငါတို့ ပြေးခဲ့ကြ။
အဝေးက ခေတ်များ
ငါတို့ ပြေးခဲ့ကြ။

လူလည်း ရှည်လျားခါးကိုင်း
ငါတို့ ပြေးခဲ့ကြ။
ဝါကျ အပြတ်အတိုအစများ
ငါတို့ ပြေးခဲ့ကြ။
လေဒဏ် နေဒဏ်ကြောင့် အမာရွတ် မျက်နှာတွေ
ငါတို့ ပြေးခဲ့ကြ။
မြစ်များအား အလျားလိုက်
ငါတို့ ပြေးခဲ့ကြ။

တစ်တိုင်ပြီး တစ်တိုင်
ငါတို့ ပြေးခဲ့ကြ။
အိမ်ကလေး တစ်လုံးရှိရာ
ငါတို့ ပြေးခဲ့ကြ။
တော်သင့်ရုံ အိမ်သေးသေးကလေးတစ်လုံး
ငါတို့ ရခဲ့ကြ။
အဲဒီမှာ မောပန်းစွာ
ငါတို့ လဲလျောင်းကြ။        ။

အောင်ချိမ့်
Respect & Credit to Poet Aung Cheint 

Comments

  1. တော်သင့်ရုံ အိမ်သေးသေးကလေးတစ်လုံး
    ငါတို့ ရခဲ့ကြ။

    ReplyDelete
    Replies
    1. အိမ်ကလေး တစ်လုံးရှိရာ
      ငါတို့ ပြေးခဲ့ကြ။

      Delete
  2. တော်သင့်ရုံ အိမ်သေးသေးကလေးတစ်လုံး
    ငါတို့ ရခဲ့ကြ။
    အဲဒီမှာ မောပန်းစွာ
    ငါတို့ လဲလျောင်းကြ။ ။

    အောင်ချိမ့်

    ပြေးနေတုန်း...

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. ကျနော်ပြောမယ် ကိုအောင်ချိမ့်
    ဆေးလိပ်ဆိုတာ ဖြတ်လို့ မရဘူးဗျ ခဏပဲနားလို့ရမယ်

    မောင်ချောနွယ်

    ReplyDelete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
  6. ပြေးလို့ပန်းနေတဲ့လူတွေလည်း နားခိုစရာ အိမ်လေးတစ်လုံး အမြန်တွေ့ပါစေ။

    ReplyDelete
  7. ခဏတာအပန်းဖြေဖို့ အိမ်လေးတစ်လုံးတော့လိုပါတယ်

    ReplyDelete
  8. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  9. လင်းဆက်May 29, 2023 at 5:01 AM

    ❤️

    ReplyDelete
  10. ❤️❤️❤️❤️❤️

    ReplyDelete
  11. တစ်နေ့ရောက်ရမယ့်အိမ်
    ခုတော့ပြေးနေတုန်း

    ReplyDelete

Post a Comment

Popular posts from this blog