
ဝက်ခြံပြဿနာ အဖြေရှာ ဝက်ခြံထွက်ရတဲ့အကြောင်းရင်းကို သိပြီးတဲ့နောက်မှာတော့ ဝက်ခြံကိုဘယ်လိုကုရမလဲဆိုတာသိဖို့ လိုလာပါပြီ။ အဲဒီတော့ ဘာသုံးကြမလဲပေါ့။ ဝက်ခြံသမားတွေအတွက် အရေးအကြီးဆုံး ရှောင်ရန်ကို ပြောရရင်တော့ အဆီပါပဲ။ အဆီကြိုက်တဲ့ ဝက်ခြံပိုးက အဆီများတဲ့ Skincare သုံးလေ ပိုပွားလေပါပဲ။ နောက်တစ်ချက်ကတော့ Cleansing လုပ်တဲ့အခါ Cream type လိုမျိုး ရှောင်ဖို့လိုပါတယ်။ Alcohol ပါပြီး အရေပြားကို ခြောက်သွေ့သွားစေနိုင်တဲ့ ပစ္စည်းတွေ အတတ်နိုင်ဆုံးရှောင်ပါ။ ရောင်ရမ်းနေတဲ့အဖုကို တတ်နိုင်သမျှ ပွန်းတိုက်မှုကြောင့် ဒဏ်ရာမဖြစ်စေဖို့ Scrub ကြမ်းကြမ်းလုပ်တာမျိုး အတတ်နိုင်ဆုံးရှောင်ပါ။ လုံးဝ လုံးဝ မညှစ်ပါနဲ့။ ဝက်ခြံ ဒဏ်ရာကနေ အမည်းစက် အမာရွတ် တင်းတိပ်အထိ ကူးပြောင်းသွားနိုင်ပါတယ်။ အနံ့အသက်ပါဝင်တဲ့ ပစ္စည်းတွေ အတတ်နိုင်ဆုံးရှောင်ပါ။ ဝက်ခြံသမားအယောက်အတွက် အရေးအကြီးဆုံး skincare ကိုပြောရရင် Cleansing နဲ့ Washing အဆင့်ပါပဲ။ တစ်နေ့တာလုံးကပ်ငြိနေတဲ့ ဖုန်မှုန့်၊ မိတ်ကပ်၊ အဆီပိုတွေကို ချွေးပေါက်ထဲအထိ စိမ့်ဝင်ဖယ်ရှားသန့်စင်နိုင်ဖို့အတွက် Cleansing မဖြစ်မနေလုပ်ဖို့လိုပါတယ်။ မျက်နှာကိုလည်း သေသေချာချာသန့်စင်ပေး...