အမည်မသိ ဘူတာ (၁) ကျွန်တော် သေချင်သေပါစေ... ကျွန်တော့်ပိုက်ဆံကို ရအောင်ကယ်ပါ...ဒေါက်တာ ဒီနေ့ခေတ်ရဲ့ နာကျင်နေတဲ့ အသံက ပြောတယ်...။ (၂) ပြောပါ ငါတို့ ခေတ်ဟာ ဘယ်လိုခေတ်မျိုးလဲ၊ အသေအချာကြီး လေးနက်ရမှာလား...? ဘာကိုမှ စောက်ဂရုမစိုက်ဘဲ နေရမှာလား...? (၃) အသက်ရှင်ချိန်ဟာ တိုတောင်းလွန်းတော့ ငါတို့ချင်း ခင်တွယ်ရတာက တစ်ယောက်ရဲ့ အကျိုးအပဲ့ကို တစ်ယောက်က စာနာပေးဖို့ပဲ...။ (၄) ပိုးဖလံတွေ မီးကိုတိုးတာက ဘာဟုတ်သေးလို့လဲ ငါတို့ လူငယ်တွေဟာ ဟောဒီခေတ်ကြီးကို တိုးခဲ့တယ်...။ (၅) သံလမ်းဟောင်းတွေပေါ်ကိုတော့ ခေတ်က ရထားလို ခုတ်မောင်းသွားခဲ့ပြီ...၊ ငါတို့ရဲ့ ကလေးတွေ ဘယ်ဘူတာမှာ ဆင်းကြမလဲ...။ ။ မင်းခိုက်စိုးစန် (၂၀၂၀) Respect & Credit to Poet Min Khite Soe San
Posts
Showing posts from May, 2023
- Get link
- X
- Other Apps
၄၄ လမ်း Hero တွေက ဝတ်ရုံမပါဘူး မျက်နှာဖုံးမတပ် အပေါ်ရုံမခြုံဘဲ အလွတ်ကြီးကို ခုန်ချသွားတာ အလွတ်ကြီးကို ခုန်ချသွားတာ အသက်လည်းအပိုမပါဘူး ရုပ်ရှင်တွေထဲကလို cut လို့အော်ပြီး ပြန်မရှင်လာဘူး အလွတ်ကြီးကို ခုန်ချသွားတာ အလွတ်ကြီးကို ခုန်ချသွားတာကွ။ ဟာ ! ဟင် ! အို ! ဖြစ်ရလေကွာ...၊ စုတ်တသပ်သပ်နဲ့ မျက်ရည်ဝဲနေတဲ့ကောင်တွေ ခင်ဗျားတို့ပဲ ကမ္ဘာမြေမှာကျန်ခဲ့ကြ လူယုတ်မာတွေကြား နေခဲ့ကြ ကောင်းကင်နိုင်ငံမှာ ကဗျာဆရာတွေစုံနေပြီ နာဂတောင်တန်းအကြောင်း နားထောင်လို့လည်းရတယ် ငါတို့ခေတ်က ရေမွန် ဟိုဘက်ခေတ်ကဆို ထူးအိမ်သင်လည်းရှိတယ် ဟားဟားဟား !!! အလွတ်ကြီး ခုန်ချခဲ့တာကွ အလွတ်ကြီးကို ခုန်ချခဲ့တာနော်။ မငိုနဲ့ ငါတို့က ကောင်းကင်နိုင်ငံတော်မှာ အလွတ်ကြီးခုန်ချပြီး လွတ်မြောက်သွားပြီ ကမ္ဘာမြေကို ပြန်ကြည့်ရင်း စုတ်တသပ်သပ်.........။ ။ ခင်ခင် Respect & Credit to Poet Khin Khin & Photo
- Get link
- X
- Other Apps
မရေးတာကြာပြီဖြစ်တဲ့ စာတို ဖျတ်ခနဲ မီးအလင်းအပိတ်အဆုံးမှာ ဘဝတွေ အထပ်ထပ်ကွာကျလာတယ် တို့ရဲ့ပြည်တော်ကြီးက ဗုံးခိုကျင်းတွေနဲ့ ရင်နာစွာတည်ရှိနေပါတယ် ငါတို့ရဲ့အမျိုးသမီးတွေ လုံခြုံစွာရောရှိရဲ့လား ဒါဆို...ငါတို့ရဲ့အမျိုးသားတွေရော ဒဏ်ရာတွေက ကျက်ရဲ့လား နှလုံးသားဟာ သွေးအလိမ်းလိမ်းနဲ့ နှလုံးခုန်ချက်မမှန်ဘူး ဘယ်ဘက်တစ်ခြမ်းက အကြောတွေသေလို့ အကြောတွေပြန်မရှင်နိုင်လို့ ဘယ်မှာလဲ တို့ရဲ့တရားမျှတမှု အပေါ်ထောင်ပစ်ပါတယ်ဆိုတဲ့ ကျည်ဆံတွေ ခေါင်းတည့်တည့် လာမှန်နေတာကရော ကမ္ဘာကြီးအတွက် ပြဇာတ်တစ်ပုဒ်လား လူငယ်တွေဟာ ဘယ်အချိန်ထိ စတေးနေရဦးမှာလဲ စစ်ပွဲတွေကိုရပ်တန့်ဖို့ကြိုးစားလေ စစ်ပွဲတွေများလာလေပဲလား လူမျိုးတုန်းသတ်ဖြတ်မှုတွေဟာ လူတွေကြောင့်ပဲ ဖြစ်လာတာမလား သြော်!...မှတ်သားလောက်ပါပေတယ် ဝရံတာရှေ့ထွက်လိုက်တိုင်း တိုက်ခတ်တဲ့လေတွေထဲမှာ ငိုသံတွေပါနေသလိုလို ငိုသံတွေရှိနေသလိုလို စိတ်၏မချမ်းသာခြင်းတွေ ကိုယ်၏မလုံခြုံခြင်းတွေ ဝေးဝေးထွက်သွားပေးပါလား စီးကရက် ရှိုက်လိုက်တိုင်း ပျံတက်လာတဲ့ အငွေ့တွေထဲ ဦးခေါင်းပွင့်မျိုးဆက်ရဲ့မကျေနပ်ချက်တွေ တစ်စီတစ်တန်း တည်ရှိနေမှာ တို့တွေမအေးချမ်းဘူး တို့တွေမမွေ့ပျော်ဘူး အရင်လို "Good Night&q
- Get link
- X
- Other Apps
အိမ်သေးသေးကလေးတစ်လုံး ငါတို့ တရိပ်ရိပ် ငါတို့ ပြေးခဲ့ကြ။ စနေ တနင်္ဂနွေ တနင်္လာ အင်္ဂါ ငါတို့ ပြေးခဲ့ကြ။ မြက်ပင်များ လယ်ကွက်များ မြို့များ ငါတို့ ပြေးခဲ့ကြ။ အဝေးက ခေတ်များ ငါတို့ ပြေးခဲ့ကြ။ လူလည်း ရှည်လျားခါးကိုင်း ငါတို့ ပြေးခဲ့ကြ။ ဝါကျ အပြတ်အတိုအစများ ငါတို့ ပြေးခဲ့ကြ။ လေဒဏ် နေဒဏ်ကြောင့် အမာရွတ် မျက်နှာတွေ ငါတို့ ပြေးခဲ့ကြ။ မြစ်များအား အလျားလိုက် ငါတို့ ပြေးခဲ့ကြ။ တစ်တိုင်ပြီး တစ်တိုင် ငါတို့ ပြေးခဲ့ကြ။ အိမ်ကလေး တစ်လုံးရှိရာ ငါတို့ ပြေးခဲ့ကြ။ တော်သင့်ရုံ အိမ်သေးသေးကလေးတစ်လုံး ငါတို့ ရခဲ့ကြ။ အဲဒီမှာ မောပန်းစွာ ငါတို့ လဲလျောင်းကြ။ ။ အောင်ချိမ့် Respect & Credit to Poet Aung Cheint
- Get link
- X
- Other Apps
"အိမ်ပြန်ချင်တယ်" ခြင်တွေသိပ်ကိုက်တဲ့ပတ်ဝန်းကျင်ကနေ မထဘဲ ထိုင်လွမ်းနေမိတာ အိမ်ဆိုတာ ပန်းကလေးပါပဲ မွှေးပျံ့ရီဝေ။ ရနံ့ဟာ မပြယ်တော့ဘူး တစ်သက်လုံး စွဲပါလာတာ ကောင်းကင်ထဲက ဝလုံးလေးတွေ စားပွဲဝိုင်းပေါ်က ဟင်းခွက်လေးတွေ ရှိနေသေးတဲ့ အသက်မျှင်လေးကို သံယောဇဉ်နဲ့ပြန်ဆက်ထားတယ် အိမ်ဟာ မဝေးတော့တဲ့နေ့။ ခေါက်ရိုးကျိုးနေတဲ့ တောင်းဆိုနည်းလို အဲ့ဒီနေ့တွေပဲ ပြန်ပေးပါ ကျနော် ဘာပေးရ ပေးရ အိမ်ရနံ့ဆိုတာ ရှုရှိုက်ခဲ့ရသူတိုင်းရဲ့ ထွက်သက်ချချင်ရာ မြေကြီးပါပဲ။ ။ ထက်အိမ်
- Get link
- X
- Other Apps
အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ် ပူချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ရင်တောင် "ဘယ်လဲ" မဟုတ်တော့ဘူး "တော်တော်ပူတာပဲနော်" "မီးကလည်း ပျက်လိုက်တာ" ဆိုတာမျိုးတွေဖြစ်နေပြီ။ အပူဒဏ်ကို ကိုယ်တိုင်လည်း ခံစားနေရတာဆိုတော့ How To ဆိုပြီး tips လေးတွေရေးဖို့ စိတ်ကူးမိလာတယ်။ Sunscreen ဘာမှမလိမ်းဘူးဆိုရင်တောင် sunscreen ကိုတော့ မဖြစ်မနေလိမ်းပေးပါ။ ဘယ်လိုလိမ်းမလဲဆိုရင် အပြင်မထွက်ခင် ရေကို ကြိုပြီးချိုးထား။ ပြီးလျှင် လိမ်းထားပေး။ မိနစ် ၃၀ လောက်နေပြီးမှ ချွေးမထွက်တော့ဘူး စိတ်ပေါ့ပါးသွားပြီဆိုမှ အပြင်ထွက်။ ဘာလို့လဲဆိုတော့ အချိန်အများစုက မီးပျက်/မီးလာချိန်အပေါ်မူတည်ပြီး လုပ်နေရတာဆိုတော့ စိတ်လောတယ်၊ rush ဖြစ်တတ်တယ်။ အဲဒီတော့ stress ဝင်လာတယ်။ ရေချိုးပြီးကာစပဲရှိသေးတယ် ချွေး တောက်တောက်ကျလာတယ်။ ဒါကြောင့် အပြင်ထွက်မယ့် အချိန်ထက်စောပြီး ရေကြိုချိုး၊ sunscreen ကြိုလိမ်းပါ။ ပြီးတော့ တချို့ sunscreen တွေက မိနစ် ၃၀ လောက်ကြိုလိမ်းပြီး နေပူထဲထွက်မှ အလုပ်လုပ်တာ။ ထီး UV ပါတဲ့ထီးသား အကောင်းဆုံးပါ။ ဒီလိုမှမဟုတ်ရင် ထီးဆောင်းထားတာပဲ အဖက်တင်တယ်။ UV တွေက ကိုယ့်ခေါင်းပေါ်လာစုပြီး တရှိန်းရှိန်း