
ကျမရဲ့ နှင်းဆီ နေကောင်းပါရဲ့လား ယုံကြည်ရာကို လျှောက်လှမ်းနေတာမို့ လမ်းတူရင် ကျမတို့ တွေ့ကြမှာပါ။ ဒီကာလမှာ အဖျားအနာကင်းပါစေ စိတ်နာကျင်မှုတွေ ပြေလျော့အောင်ကြိုးစားနိုင်ပါစေ ကျန်းမာရေးကို ဂရုစိုက်ပါ ကျမရဲ့ မှီရာတည်ရာမို့ ကြံ့ကြံ့ခံ သန်မာပေးပါ။ အရင်လိုနှင်းဆီရဲ့ live ကနေ ရွတ်ပြတဲ့ ကဗျာဖတ်သံလေးတွေ စာပေဆွေးနွေးသံလေးတွေ လွမ်းမိပါရဲ့ သတိရပါရဲ့ အဲ့အချိန်မျိုးရောက်အောင် ကျမတို့ ပြန်ကြိုးစားကြရမယ် ကဗျာကို ချစ်သော စာပေကို ချစ်သော အနုပညာကို မြတ်နိုးသော အမှန်တရားကို ချစ်မြတ်နိုးသော ကျမရဲ့နှင်းဆီ ကျမရဲ့ ရှိသမျှ ရုပ်၊နာမ် နှစ်ပါး တည်ဆောက်ထားတဲ့ မေတ္တာဓါတ်တွေ ပို့လွှတ်ပေးပါရစေ။ ရန်သူတွေရှေ့မှာ ထွန်းလင်းတောက်ပပါစေ ချစ်သူတွေအတွက် ပန်းရနံ့လို မွှေးကြိုင်သင်းပျံ့ပါစေ။ ကျမရဲ့နှင်းဆီရေ့ ကျမချစ်ရပါသော နှင်းဆီရေ့ နာကျင်စရာအဖြစ်အပျက်တွေနဲ့ကြုံတိုင်း နှလုံးသားတွေ ပဲ့ကြွေမတတ်ခံစားနေရတယ် မဟုတ်လား နှင်းဆီရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ ကျမရဲ့ နှလုံးသားထောင့်တစ်နေရာမှာ နာကျင်မူတွေကို မြှုပ်နှံပါ နှင်းဆီရဲ့ နှလုံးသား...