When breath becomes air (Paul Kalanithi) ခုနောက်ပိုင်း လူငယ်တွေ တဖွဲ့တနွဲ့ရေးထားတဲ့ အချစ်ဝတ္ထုတွေကို တခမ်းတနား လုပ်ပြီး ပြောနေကြ၊ ရေးနေကြတာတွေ တွေ့တော့ တကယ့် ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုအရာလဲဆိုပြီး လက်တွေ့ကျကျ ရိုးရိုးရှင်းရှင်းလေး ရေးပြထားတဲ့ စာအုပ်လေးတစ်အုပ်ကို အမြည်းလေး ပေးချင်စိတ်ပေါ်မိတယ်ခင်ဗျာ။ ဒီစာအုပ်လေးကို ပထမဆုံး ဖတ်မိတာက ဘာသာပြန် စာအုပ်လေးအနေနဲ့ပါ။ "When breath becomes air" ဆိုတာကို "ဝင်သက်ထွက်သက်တို့ ရပ်တန့်သွားသောအခါ" လို့ ဘာသာပြန်ထားတဲ့ ဆရာရဲ့ အရေးအသားဟာ ကာလအတော်ကြာအောင် စိတ်နှလုံးကို ညွှတ်နူးစေနိုင်ခဲ့ပါတယ်။ ခုတစ်ခါ မူရင်းစာအုပ်လေးဖတ်မိတော့လည်း ဖတ်ပြီး ပြီးသွားတာမျိုး မဟုတ်ပဲ တွေးစရာလေးတွေ ပြောစရာလေးတွေကျန်နေခဲ့ပြန်ရောပေါ့ဗျာ။ ဆိုတော့... နည်းနည်းလေရှည်မယ်ပေါ့ ဒီစာအုပ်လေးဟာ အမေရိကန်နိုင်ငံက အသက် ၃၆နှစ်သာ ရှိသေးတဲ့ Paul Kalanithi ဆိုတဲ့ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်က သူကိုယ်တိုင်အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေတာကို သိပြီးချိန်ကစလို့ နောက်ဆုံး အသက်သေဆုံးချိန်အထိ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်းကို ဘယ်လို ရင်ဆိုင်ဖြတ်ကျော်သွားခဲ့တယ်ဆို
Posts
Showing posts from December, 2022
- Get link
- X
- Other Apps
လွမ်းမိတဲ့ အမေ့လက်ရာ (၁) "မျောက်ငိုသီးချက်" ဆောင်းကတော့ အေးစက်စက်နဲ့ ရောက်လာခဲ့ပြန်ပြီ။ ပြည်သူတွေလှူထားတဲ့ အပေါစားဂွမ်းစောင်တစ်ထည်ကို ခန္ဓာကိုယ်မှာခြုံရင်း ကင်းစောင့်ခဲ့ရတဲ့ ညတွေက ပိုပြီး ညတာရှည်နေသလိုပဲ။ အချမ်းလုံအောင် ဂွမ်းစောင်ကို ခပ်တင်းတင်းခြုံလိုက်မိတိုင်း အစစအရာရာ ခက်ခဲနေတဲ့ ကာလကြီးမှာ ခြိုးခြံချွေတာပြီး နိုင်သလောက်စု လှူပေးကြတဲ့ ပြည်သူတွေရဲ့ စေတနာကြောင့်မို့လို့လားပဲ။ စောင်တစ်ထည်ကနေ သူပေးနိုင်တဲ့ အနွေးဓာတ်ထက်ကို ပိုပြီး နွေးထွေးနေတော့တာ။ ဘယ်တုန်းကမှ မတွေးထားမိတဲ့ လက်နက်ကိုင်တစ်ယောက်ရဲ့ ဘ၀ဟာ ကျွန်တော့်လို အထက်အညာက မြို့ကြီးသားတစ်ယောက်အတွက် အစပိုင်းကာလတွေမှာ ခက်ခဲမှုတွေ များခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း အစစအရာရာ စွန့်လွှတ်ပြီးကိုယ်ရွေးချယ်ထားတဲ့ လမ်းဖြစ်လို့ အောင်ပွဲမရမချင်း ရှေ့ဆက်လှမ်းနေဦးမှာပါ။ ကိုယ်နေခဲ့တဲ့နိုင်ငံကို အာဏာရူးစစ်ခွေးတွေရဲ့ မတရားအာဏာသိမ်းခဲ့တာဟာ (၂)နှစ်ပြည့်ခါနီးလာသလို ကျနော် PDF တပ်သားတစ်ယောက် ဖြစ်ခဲ့တာလည်း တစ်နှစ်ပြည့်ခါနီးပါပြီ။ ဒါပေမဲ့ ဒါပေမဲ့ပေါ့ဗျာ။ မင်းအောင်လှိုင်နဲ့ အာဏာရူးတစ်စုရဲ့ "မတရားအာဏာသိမ်းခြင်း" ခံခဲ့ရတဲ့ နေ့ကနေစပြီး ကျ
- Get link
- X
- Other Apps
သူမက လက်ဖက်ရည် ကြိုက်တယ် သူမက လက်ဖက်ရည် ကြိုက်တယ် လက်ဖက်မှုန့်ထုပ်ဖောက်ထည့် နို့ဆီအနည်းငယ်ဆမ်းပြီး ရေနွေးစပ် သူမ မနက်တိုင်း အိပ်ချင်ပြေသောက်တဲ့ လက်ဖက်ရည်။ ဒီနေ့က နှစ်ပတ်လည်နေ့ သူမ ရေချိုး ခေါင်းလျှော် မိတ်ကပ်ပြင် အင်္ကျီရွေးနေပြန်ပြီ နောက်တော့ လက်ဆောင်ပေးဖို့ ဘူးလေးယူပြီးထွက်သွားတယ်...။ ကောင်လေးက စိတ်ကောက်နေတယ် "နောက်ကျလိုက်တာ" "အင်္ကျီအရွေးလွန်သွားတာပါ မောင်ရယ်" "ဒီက စိတ်ပူနေတာ" "မမက ကလေးမှမဟုတ်တာ ဘာစိတ်ပူရမလဲ" "ခေတ်မှမကောင်းတာ ဒါများချိန်းနေသေး..." "တွေ့ချင်လို့လေ စိတ်ပူပေမယ့် ကဲပါ ရော့ မောင့်အတွက် လက်ဆောင်" ဘူးထဲမှာ နာရီလေးက သစ်လွင်နေ ကောင်လေး ပြုံး၏ “ဗိုက်ဆာပြီလား”...။ စားဖိုမှူးက ဟင်းချက်တော်တယ် မိသားစုစားသောက်ဆိုင်ထဲမယ် စားကြသောက်ကြရင်း ရယ်မောကြည်နူးနေ အလုပ်လုပ်တဲ့ကောင်လေးတွေကတောင် တိုးတိုးပြောတယ်... “နတ်ဖက်တဲ့အတွဲလေးလိုပဲ” ထမင်းကြော်ပွဲက အသည်းပုံလေး ပြင်ထားတယ် လက်မှာ ကောင်မလေးပေးတဲ့ နာရီလေးပတ်လို့ ကောင်လေး နှလုံးသားက နွေးထွေးလို့ပေါ့။ ပန်းခြံလေးမှာ အနမ်းပန်းပွင့်နေသည် လမ်းလျှောက်ကြရင်း လက်ကလေးကို ညင်သာစွာကိုင်ထား
- Get link
- X
- Other Apps
ပြဿဒါးများ - ၃ ဆရာဝန်ကို ခေါ်ပေးပါဗျို့ နိုင်ငံရေးအကြောင်း ငြင်းစရာ ကမ္ဘာကြီးအကြောင်း ရှင်းစရာ အချက်အလက်တွေရှိနေတယ် မျက်မှန်ထူထူနဲ့ စေ့စပ်လက်စွပ်ကိုစွပ်ထားတယ် သူပြုံးပြတာပေါ့ “အခြေအနေကောင်းရဲ့လား” “နည်းနည်းမှမကောင်းဘူးဆရာ” ကျွန်တော်ကြိုက်တဲ့ အဆိုတော်က နားသွားပြီ ချစ်ရသူတွေက သေသွားပြီ ကျွန်တော်ပဲ ညသန်းခေါင်မှာ လရောင်ကိုရှာနေရင်း လမ်းပျောက်နေတယ်။ ကျွန်တော်ရေးထားတာတွေ ဖတ်ပါဦး ဆရာ ဒီစာသားတွေကို ဘယ်သူမှ နားမလည်ဘူး ဒါပေမဲ့... ဒါက ကျွန်တော့်အတွေ့အကြုံတွေလေ ထပ်ပြီးတော့ ဘာမှမရေးနိုင်တော့ဘူးဆရာ အားလုံးကိုသယ်ဆောင်နေရတာ ပင်ပန်းနေပြီ ကျွန်တော်အကြိုက်ဆုံးအရာကို လုပ်ရတာတောင် ကျွန်တော်မုန်းနေပြီ။ ကမ္ဘာကြီးက စောက်တလွဲတွေအပြည့် လွဲတာကို လွဲတာလို့ပဲ မြင်တတ်တာကြောင့် မျက်လုံးမမြင်ရတော့အောင် ဓါးချွန်ချွန်ပေးပါ။ စိတ်ထဲကမပါတဲ့ စကားတွေပဲကြားရတာကြာတော့ ဟာသတွေလည်း မရယ်ရတော့ဘူး ဆရာ နားပိတ်စေမယ့် ဂွမ်းစတစ်မျိုးပေးပါ ဆရာ နှလုံးတွေခုန်သရွေ့ နာကျင်မှုဆိုတာရှိတယ်ဆိုရင် သေဆေးတစ်တောင့်ပေးပါ "ဒီမှာဆေးဖိုး"...။ ဆရာဝန်က ငြိမ်သက်စွာ နားထောင်ပြီးတော့ ဆေးတစ်ခုထပ်ပေးတယ် Antidepressantsလေးတွေ သောက်ပေးပါ
- Get link
- X
- Other Apps
ပြဿဒါးများ - ၂ ဘဝအကြောင်း ကဗျာရေးမလား အများကြီးပဲပေါ့ သေတဲ့တိုင်အောင် မပြည့်စုံဘူး။ အချစ်အကြောင်း ကဗျာရေးမလား ကမ္ဘာဦးစကတည်းက ရေးလိုက်တာ ဒီနေ့အထိ ချစ်ကြတုန်းမလို့ ရေးဖြစ်ကြတုန်းပေါ့။ အနှစ်၆၀….. ဘယ်လောက်မှန်း မသဲကွဲတော့တဲ့ ခေါင်းထဲက ဂဏန်းတွေထဲမှာ လူသန်းချီပိတ်မိနေတဲ့ ကမ္ဘာတစ်ခုရှိတယ် အဲ့ထဲမှာ ဘုရားကလည်း အရောင်တွေ ဝင်းလို့ သာသနာ၊ဘာသာ၊နိုင်ငံရေးက စလို့ မိဘနဲ့ သားသမီးကြားမှာအထိ နတ်ဆိုးတစ်ကောင်က ခြယ်လှယ်တယ် "ငွေ" ကလေးတွေကို ပထမနေရာအတွက် အချင်းချင်းသတ်ဖြတ်ဖို့ သင်ကြားပေးထားတယ် ငါကလည်း ငွေကြောင့်ရှင်လို့ ငွေကြောင့်သေမပေါ့ ငွေရှိရင်... ပတ်ဝန်းကျင်ကလည်း ပြုံးပြုံးပြတယ် ဥပဒေကလည်း နတ်ဆိုးကို အလေးပြုတယ်။ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကမ္ဘာတစ်ခုမှာ ဂေါပက တစ်ခွက်ချပြီး ရီဝေဝေနဲ့ပြောတယ် လူငယ်တွေက အရိုအသေသိပ်မဲ့တာ ဒယ်အိုးဆင်းမယ့်ကောင်တွေ ငရဲခန်း ဒန်းဆေးနဲ့ ခြောက်မှတော့ ဘာသာမဲ့လာတာက မကောင်းတဲ့ရလာဒ်လို့ အော်နေတာက မမှန်သေးဘူး။ ကောင်းဆိုးချမ်းသာ ငွေကြွေလောင်းလို့ အရောင်းအဝယ်ဖြစ်စေသတည်း ဘုရားသခင်၏ စီးပွားရေးမှာ သူတို့က ပွဲစားတွေပါပဲ။ သွေးစက်ကို မင်လိုသုံးပြီး ပုံနှိပ်ရေးတဲ့ ပိုက်ဆံနဲ့ ထမင်းဝယ်စားသူတွေရယ
- Get link
- X
- Other Apps
ဘုရားသခင်အတွက် မွေးနေ့ပို့စကတ် သို့…ကောင်းကင်ဘုံ Dear Lord လောကကြီးကနေ ရောက်လာတဲ့ စာတွေပုံနေလို့ ဒီစာကို ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်ပါလိမ့်မယ် ဒီတစ်နှစ် မွေးနေ့ဟာ ပျော်ဖို့ကောင်းရဲ့လား ? ကောင်းနိုင်ပါတယ် လူကောင်းတွေ အများကြီး ခင်ဗျားအနားမှာ ခြံရံရင်း ဂုဏ်ပြုကြလိမ့်မယ် မဟုတ်လား တစ်နှစ်ပြီး တစ်နှစ် ခင်ဗျားဟာ လက်ဆောင်တွေပေးလိုက် ပြီးရင်... အကြွေးတွေ သိမ်းလိုက်နဲ့။ ခင်ဗျားရဲ့ အေဂျင့် ဆန်တာကလော့ဟာလည်း မျက်ရည်တွေ ခမ်းခြောက်နေတယ် သူလည်း အလုပ်ထွက်စာတင်ချင်နေတာ ကြာပါပြီ ခရစ္စမတ်သစ်ပင်ဟာလည်း မီးအစစ်တွေ လောင်မြိုက်လျက် ရှိနေတယ် ဆုတောင်းတွေကို သယ်ဆောင်ပေးတဲ့ တမန်တော်တွေဟာလည်း လစာတိုးပေးဖို့ မျှော်လင့်နေရဲ့။ သေမင်းကလည်း 'အ' ချင်ယောင် ဆောင်နေရတယ် သားတော်သမီးတော်တွေကလည်း ဆုတောင်းချင်စိတ်တွေ ကုန်နေကြပြီ ကျွန်တော်တို့ဆီကနေ ခေါ်ဆောင်သွားတဲ့ ညီနောင်တွေကို "အသင့်ဆီမှာ ကောင်းစွာ အိပ်စက်ခွင့်ပေးလိုက်ပါ" ဆိုသော ဆုတောင်းလေးတစ်ခုထက် ဘာမှပိုမတောင်းသလို ပိုလည်းမလိုချင်တော့ပါ။ သူတို့ကား လူ့လောကမှာတုန်းက အရမ်းပင်ပန်းခဲ့ကြရပြီ ဖြစ်ပါသည်။ "ပျော်စရာမွေးနေ့ဖြစ်ပါစေ" ဟု ဆုတောင်းရင်း နိဂုံးချုပ်ပါသ
- Get link
- X
- Other Apps
ခရစ္စမတ် ကြယ်မိုးတွေရွာ ပါသွားတာတွေထဲ သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေ ပါသွားသလား။ သိချင်လို့မေးမယ့်ဟာ ဖြေမယ့်ဘုရားသခင်က ဘယ်နေတယ်မသိ သူ ခလုတ်ဖွင့်ပြီး ထားခဲ့တဲ့ စက်ရုပ်တွေကတော့ ငိုလို့ကောင်းဆဲ။ မကျလာတဲ့ နှင်းတွေကို ငေးရင်း ခဲ ဝဲနေတဲ့ မျက်ရည်တွေ လက်ဖက်ရည် နွေးနွေးလေးထဲ ဖျော်ချလိုက်ပြီး အော်ဟစ်လိုက်ကြရအောင်ပါ။ ။ Merry Christmas❤️ Tommy
- Get link
- X
- Other Apps
"အလှည့်" တာဝန်ယူမှု တာဝန်ခံမှုဟာ ပါးစပ်ပြော သက်သက်မဟုတ်ဘူး။ လူ့အသက်ကိုများ ဖက်တစ်ရွက်လို တောက်ချ မျောက်ပြပြီး ဆန်တောင်းလို့ရနေတာ ကံဟောင်းတွေ အကျိုးပေးနေသေးလို့။ ဥပဒေကို လှန်လိုလှန် မှောက်လိုမှောက် ဟောက်စား မြှောက်စား ခိုးစား အနောက်နားက ကြိုးကိုင်သူတွေ မိုးနတ်မင်းသာ တိုင်တည်ကြပေတော့။ အရှိန်ရှိတုန်းတော့ အကောင်းကြုံ မမြဲပုံကလည်း ပြောမကုန် လောကဓာတ်ဘုံ ငရဲဝမှာ စိဉ္ဇမာနကို မြေမြိုသလို အလိမ်ဝါဒတွေ အရည်ကြို တစ်နေညို တုံ့မဆိုင်းဘဲ ကံရိုင်းတွေ ပေါက်ချလာလိမ့်မယ် အလှည့်ရောက်ရင် မနွဲ့ကြေး။ ။ ဆာကူရာ
- Get link
- X
- Other Apps
အမိန့် အမိန့်ဟာ အထက်ကလာတယ် အမိန့်က "ခန့်ခန့်ကြီးဓာတ်ပုံတိုက်"မှာ ခန့်ခန့်ကြီးဓာတ်ပုံရိုက်ခဲ့။ အမိန့်ဆိုတာ ရုပ်ရှင်လား ရုပ်သေလား မသေချာဘူး။ အမိန့်အရဆို ရွယ်ရုံပဲလား ရိုက်ရော မရိုက်ခဲ့ဘူးလား။ အမိန့်မှာ ရဟန်းသံဃာမရှိ ပြည်သူပြည်သားမရှိ ကျောင်းသားကျောင်းသူမရှိ၊ အမိန့်ဟာ ဘီလူးဆိုင်းတီးတဲ့အခါ "မိုးပေါ်ကို ထောင်မပစ်ဘူး"လို့ ပြောတယ်။ အမိန့်ဟာ လေချိုသွေးတဲ့အခါ "မိဘပြည်သူများခညာ"လို့ ညောင်နာနာ အသံထွက်တယ်။ အမိန့်အတိုင်း ဂုဏ်သိက္ခာမရှိတဲ့ သေနတ်ပြောင်းဟာ စာသင်ခန်းနဲ့ လမ်းမတွေပေါ် လှည့် လှည့်လာတယ်။ အမိန့်ရဲ့ဥပဒေသက ငါနဲ့မတူ ငါ့ရန်သူဖြစ်တယ် ငါ့ကိုကာကွယ်ရေးအမြင် ရှိရမယ် အမိန့်အထပ်ထပ်ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်များကို "ပက်ပုန်း"မှာ search လုပ်ပါ...။ အမိန့်ဟာ နာဇီဝါဒ လက်သစ်လား ဖက်ဆစ်ဝါဒ လက်သစ်လား နှစ်မျိုးလုံးလား...၊ အမိန့်မှာ တစ်သွေးတစ်သံ မကဘူး သွေးဟာ တစ်ပြည်လုံးချောင်းစီးလို့ အသံဟာ 'ခွေးအ' လို အူလို့။ အမိန့်ရဲ့ လက်ကျန်သက်တမ်းမှာ ကြောက်ရွံစရာတွေနဲ့ ဗျာပါဒများလာ အမိန့်ဟာ မိန့်မိန့်ကြီးထိုင်နေရင်းကနေ ကတုန်ကယင်ဖြစ်လာ...။ အမိန့်အရ ဘုရားအဆူဆူတ
- Get link
- X
- Other Apps
အသက် လူသားတစ်ယောက် တည်ရှိနေမှုက အသက်ဟု ဆိုစမှတ်ပြုကြတယ် အသက်ဆိုတာ ဘာလဲ လိပ်ပြာလား၊ ကိန်းဂဏန်းလား ဒါမှမဟုတ် သွေးကြောတွေကို အရင်းခံစီးဆင်းစေတဲ့ နှလုံးသား တစ်စုံလား အသက်ရှူနေခြင်းလား (သို့မဟုတ်) တည်ရှိနေခြင်းလား အတ္တတရားလား အနတ္တတရားလား လူတချို့က အသက်ရှည်ရာ ရှည်ကြောင်းကျင့်ကြတယ် လူတချို့က အသက်တိုရာ တိုကြောင်းကျင့်ကြတယ် အသက်ဆိုတာ ကျင့်ကြံရတဲ့တရားလား လူတချို့ဟာ ကြွေရာကြွေကြောင်း မထိုက်ဘဲ ကြွေလွင့်ကြတယ် ပျောက်ကွယ်သွားကြတယ် အသက်ဆိုတာ အနတ္တဆန်မှုလား လူတချို့ကျ ကြွေရာကြွေကြောင်း ကြောက်ကြတယ် တချို့တွေကို ကွယ်ပျောက်စေတယ် ချုပ်ငြိမ်းစေတယ် အသက်ကို လောင်းကြေးမထပ်ကြ တချို့အသက်တွေက အတ္တဆန်မှုလား နားလည်ရန်ခက်တဲ့ လူသားတချို့က ကိုယ့်ဘဝကိုရင်းပြီး သူ့ဘဝတွေ ကောင်းဖို့ကြံတယ် ဘယ်လိုအသက်တွေတုန်း Zeus
- Get link
- X
- Other Apps
ညီမလေးသို့ ညီမလေးရေ တသက်လုံးအဖော်ရှာခဲ့လည်း တကယ့်ဘ၀မှာ တစ်ယောက်တည်းပဲ မဟုတ်လား၊ လူဆိုတာ ကိုယ့်တရား ကိုယ်နာကြားပြီး ကိုယ့်ခရီးဆီ ကိုယ်သွားကြရတာပါပဲ။ ညီမလေးရေ လမ်းတူတိုင်းလည်း လူချင်းလွဲရပြန်တဲ့ဘ၀များ ဘယ်တရားတော်မှာများ လောကဓံက ညှာတာခဲ့သလဲ၊ ညီမလေးက သေးသေးလေးတဲ့ မမြင်ဖူးခဲ့တဲ့ ကိုယ့်ညီမလေး ဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာမှမကူနိုင်ပါလားကွယ်။ အမှန်တရားဆိုတာ လောကဓံအပြင်းစားနဲ့ဖောက်မှ သောက်လို့ရတဲ့ ကစော် တမျိုးထင်ပါရဲ့၊ ကိုယ်တို့မှာ ပွန်းပဲ့ရသလို ညီမလေးမှာ ဒဏ်ရာတွေ တနင့်တပိုး။ ခေတ်ဆိုးကြီးကို ရိုက်ချိုးတဲ့အခါ နာမည်မရှိတဲ့ ကြယ်များ ဘယ်ထိ ကြွေကျရဦးမလဲ၊ ဒီတစ်ခါ အိပ်တန်းပြန်တဲ့အခါ နွေးနွေးထွေးထွေးရှိပါစေသား။ ။ ရင်သွေး
- Get link
- X
- Other Apps
အမေ မိုးသားတွေက မည်းလို့မှောင်လို့ အတွေးစတွေကို ကောင်းကင်မှာကပ်ထားလေသလား ငါ့အမေက ကောင်းကင်မှာဆို ငါ့အတွေးစတို့ ကြည်လင်ပါစေ။ ငါ့အမေ ဆိုတာက ကိုယ်ကြိုက်တာမှာ အကုန်လာချတဲ့ စားသောက်ဆိုင်လိုမျိုး မဟုတ်ဘူး သူ့ရှိတာနဲ့ ခံတွင်းမြိန်စေတဲ့ အတုမရှိ စားဖိုမှူး၊ ငါ့အမေ ဆိုတာက ကျောင်းမုန့်ဖိုး အလျှံပါယ်ပေးနိုင်တဲ့ မပူမပင် မကြောင့်မကြ ကြွယ်ကြွယ်ဝဝတောင် မဟုတ်ရှာဘူး ဥပမာ - ကျောင်းသွားတဲ့အခါ ထန်းလျက်ဖြင့် ထန်းလျက် ကြံသကာဖြင့် ကြံသကာ ကြံဖန်ပြီး ထုပ်ပိုးပေးလိုက်တာမျိုး။ ငါ့အမေ ဆိုတာက အရာရာတတ်သိနားလည်ပြီး ဘဝအောင်မြင်ရေးတွေ သင်ပြသွားသူမျိုး မဟုတ်ဘူး ညှာတာထောက်ထားခြင်းနဲ့ ကူညီစောင်မခြင်းဆိုတာ ဒါပဲလို့ မပြောဘဲ ပြသွားသူမျိုး။ ငါ့အမေ ဆိုတာက ရွှေမျိုးလို့ ပါးစပ်က အသံထွက်ပြီး ဆွေမျိုးဆိုတာ ဒီလိုစိတ်ထားရတယ်လို့ (တစ်ခါတစ်ခါအလိုက်မသိစွာ) နေပြသွားတဲ့သူမျိုး။ ငါ့အမေရဲ့ အမှန်တရားဆိုတာကျ နိမ့်ပါးသူဘက် ခပ်ပါပါ၊ တစ်သက်တာ ဒီလိုနေသွားတဲ့ ငါတို့အမေလေ။ ခုကျ...ခက်တယ် ငယ်ငယ်ကလို ဖိနပ်တစ်ဖက် ပျောက်ဆုံးတာမျိုးမဟုတ်တော့ ခက်တယ်။ ခက်တယ်... စာမေးပွဲခန်းထဲက ကွက်လပ်ဖြည့်ပါ ပုစ္ဆာမဟုတ်တော့ ခက်တယ်။ ခက်တယ်... အမေတစ်ယောက် ဆုံး
- Get link
- X
- Other Apps
မျက်ဝန်းများ၏ ကဗျာ အရက်ပုလင်းတွေသာ စကားပြောတတ်ရင် “ဟေ့ကောင် တော်တော့ဟ" လို့ ပြောလိမ့်မယ် ဆေးလိပ်တွေသာ စကားပြောတတ်ရင် “ကိုယ်ချင်းစာပါတယ်ကွာ" လို့ ပြောလိမ့်မယ် အိပ်ဆေးပုလင်းတွေသာ သီချင်းဆိုတတ်ရင် "သိုးလေးတွေ... ခြံစည်းရိုးကို ခုန်ကျော်နေတဲ့ အကြောင်း" ပြောပြပါလိမ့်မယ် မြစ်တွေက တစ်ခုနဲ့တစ်ခုဆုံတဲ့အခါ နှုတ်ဆက်ကြတယ် “အခြေအနေ ဘယ်လိုလဲ” “ဒီတစ်လအတွင်း အယောက်၂၀ကျော်သွားပြီ” အကယ်၍ မျက်ဝန်းတွေသာ စကားပြောတတ်ရင်တော့ မင်းကိုငါ ချစ်ကြောင်း မင်းကိုငါ လွမ်းကြောင်း အကြောင်းဆုံဖို့ ကံကြမ္မာကဖန်ပေးမှာလား။ 'ဝဋ်ရှိသမျှ ကြေစေ' ဟု ဆုတောင်းရင်း မီးလောင်နေတဲ့ ကမ္ဘာကို ငေးကြည့်လိုက်ကာ ဆေးလိပ်ကို အဲ့မီးနဲ့ ညှိလိုက် ကော်ဖီခွက်ထဲက ဇွန်းကိုမွှေလိုက်ရင်း ချမ်းသာကြွယ်ဝခြင်းဟာလည်း သတ်သေခြင်းမှ ကယ်တင်နိုင်ခြင်းမရှိကြောင်း အသိတစ်ခုမှတ်သား...။ နောက်တစ်နေ့ မျက်နှာပေါ် ကျလာတဲ့နေရောင်ဟာ 'အဆင်ပြေသွားမှာပါ' ဆိုတဲ့ ခံစားချက်ကို သယ်လာဖို့ မျှော်လင့်ကြည့်တယ် အေးစက်စက် ကျောက်သားကြမ်းပြင်ပေါ် ခေါင်းအုံးနေသူတွေကိုရော သံတိုင်တွေကြားကနေ ဗန်ဂိုးရဲ့ ပန်းချီကို မြင်ကြည့်နေရသူတွေကိုရော အိမ်နံရံ
- Get link
- X
- Other Apps
ပြဿဒါးများ - (၁) ပြက္ခဒိန်ကို လက်ထောက်လို့ ကြည့်လိုက် ပြဿဒါး နီနီလား ရက်ရာဇာ အရောင်ပြာပြာလေးလား တစ်လလုံးက နီရဲနေတယ် (ပိတ်ရက်မဟုတ်) Can’t wake up from the nightmare And started to know that This is reality It’s really rare But no one can bear I dare you ! Keep reading, ရိုးရိုးသားသား ဈေးရောင်းရင်း ကျည်မှန်သွားတဲ့ ခေါင်းပေါ်ကအပေါက်နဲ့ အလောင်းမှာ မျှော်လင့်ချက်တွေ မီးပျက်ကုန်တဲ့ မိသားစုတွေရှိတာ ဘယ်သူမှ နားလည်ကြတာမဟုတ်ဘူး၊ Sad reaction လေးပေးပြီးရင် ဂိမ်းဆော့ပြတာ ဆက်ကြည့်ကြတယ်။ စိတ်ညစ်လိုက်တာဗျို့ ကလပ်သွားရအောင် ဘီယာလေး ဝိုင်လေးချ အငွေ့လေးရှိုက် မိတ်ကပ်အပေါစားလေးအုပ်ရင်း မျက်နှာဖုံး မိန်းမပျိုတွေနဲ့ပျော်ပါးကြ။ မမေ့ကြနဲ့ဦး မျက်နှာဖုံးက မျက်နှာမဟုတ်ဘူး၊ ကျောင်းပေါက်ဝမှာတင် သေသွားတဲ့ သွေးကွက်က အငွေ့တောင်မပြန်လိုက်ရ မြောင်းထဲကို စီးမကျလိုက်ရခင် အဖြူနဲ့ အစိမ်းလေးကို ဝတ်ကာ သားသား ကျောင်းသွားမယ်။ ထမင်းစားခြင်းနှင့် ထမင်းချက်ခြင်းသည် မသက်ဆိုင်ပေ ဆာတဲ့သူချက်ကြ ငါတို့ကတော့ ကျက်ရင်စားမယ် မချက်ရင် အစုတ်အပြတ်ကောက်ဝါးမယ် စက်ဝိုင်းကိုကြည့်ရင်း အစရှာရသလို "ဘယ်ကစသလဲ" ဆွဲတဲ့သူမေးပါရစေ