သိသင့်ပြီမို့ ပါဝင်စို့ သိသလို မသိသလို သရုပ်ဆောင်သူတွေ အမှန်တရားတစ်ခုအတွက် တိုက်ယူနေရတဲ့ ဒီတိုက်ပွဲမှာ ဘယ်နေရာကိုမှ ဝင်အားမဖြည့်သေး မပံ့ပိုး မကူညီကြသေးဘူးဆိုရင်ဖြင့် စစ်မိစ္ဆာဝင်ကာ နှောက်ချိန်ရောက်လာတဲ့ချိန် သိသလို မသိသလို နေခဲ့ရင်းနဲ့ မိမိပိုင်ဆိုင်သမျှတွေသာမက ဘဝပါ ပေးဆပ်လိုက်ရမယ်ဆိုတာ သိသင့် ကြားသင့် သတိရှိသင့်လှပါပြီ။ ကဲ......ဒါ့ကြောင့် ပြည်သူထဲက ပြည်သူပဲရယ်မို့ အခုလက်ရှိ ခံစားနေကြရ ကြုံတွေ့နေကြရတဲ့ တစ်မြေတည်းနေ တစ်ရေတည်း သောက်နေကြရတဲ့ လူမှုဒုက္ခတွေကို ခဏတာလောက်စဉ်းစားတွေးတောပြီး အမှန်လမ်း ရောင်နီလမ်းအတွက် မြန်မြန်ပါဝင်ပေးကြစမ်းပါရယ်လို့ တိုက်တွန်းရင်း...။ ဟိန်းတေဇ (POL) 19-2-2023 (8:09 PM)
Posts
Showing posts from February, 2023
- Get link
- X
- Other Apps
လွမ်းမိတဲ့ အမေ့လက်ရာ (၄) ခါချဉ်ကြော် ကျွန်တော်က ငယ်ငယ်တည်းက ပုတက်ထောင်၊ အိုင်ပက်၊ ပွေးထိုး၊ ခါချဥ်ဖွပ်တာလိုမျိုးဟင်းစားရှာတဲ့ အလုပ်တွေကို ကျောင်းအားရက်တိုင်း လုပ်ဖြစ်သလို ဝါသနာလည်းပါတယ်။ အိမ်က အမေကတော့ အမေတွေရဲ့ ထုံးစံအတိုင်း သူများအသက်သတ်ရပါ့မလားဆိုပြီး ဆူလည်းဆူပေမဲ့ ရလာတဲ့ အကောင်ပလောင်လေးတွေကိုတော့ ဖွယ်ဖွယ်ရာရာနဲ့ စားကောင်းအောင်တော့ ချက်ပေးရှာပါတယ်။ မြို့မှာလို လိုချင်တာလေးရှိရင် စျေးပြေးပြီး ဝယ်လို့ရတာမဟုတ်တဲ့ ရွာမှာမို့ အမဲ၊ ၀က်ပေါ်ချိန်မျိုးလောက်ပဲအသားစားကြရပြီး ကျန်တဲ့အချိန်တွေက ရွာစည်းရိုး၊ တောတန်း၊ ယာကန်သင်းဘေးမှာ ရာသီအလိုက် အလေ့ကျပေါက်တဲ့ သီးပင်စားပင်တွေနဲ့ဘဲ ထမင်းတစ်နပ်ပြီးလိုက်ကြရတာပါပဲ။ အိမ်မှာမွေးထားတဲ့ ကြက်၊ဘဲလို အကောင်တွေကိုတော့ ဧည့်သည်လာမှပဲ ချက်ကျွေးဖြစ်တာ။ ကျွန်တော် ငယ်ငယ်ကတည်းက အသားမပါရင် ထမင်းမစားတက်တဲ့သူဆိုတော့ ကိုယ်ထက်ကြီးတဲ့သူတွေ ဟင်းစားရှာတာကိုကြည့်ပြီး အတုမြင်အတက်သင်ပေါ့ဗျာ။ အရွယ်လေးနည်းနည်းရလာတာနဲ့ အကုသိုလ်တွေ ဘာတွေ သိပ်စဥ်းစားမနေဘဲ ဟင်းစားအတွက် သားငါးကိုတော့ အချိန်ရတိုင်း ရှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ အမြဲလိုလုပ်ဖြစ်တာကတော့ ခါချဥ်ဖွပ်တာပါ။ ခါချဥ်အုံအောက်မှာ ရေဇလ
- Get link
- X
- Other Apps
အမိုးမလုံသော တိုင်းပြည် မိုးတွေရွာနေသည်။ သည်းသည်းမည်းမည်းကို ရွာချနေသည်။ အမိုးလုံသူတို့ စိတ်ချလက်ချအိပ်နိုင်ကြသော်လည်း အမိုးမလုံသူတို့ဘဝတော့ ထိုသို့မဟုတ်။ ဟိုနားတိုးကပ် ဒီဘက်ကတော့ ခွက်ကလေး ရေဇလုံလေးချထား၊ ဒီလိုနဲ့ မိုးတွင်းကာလတစ်ခုကို ဖြတ်သန်းကြရသည်။ မိုးတွင်းကာလတစ်ခုရောက်တိုင်း အိမ်ခေါင်မိုး အမိုးမလုံခဲ့ရသော မိမိဘဝကို ပြန်ပြန်တွေးရင်း စိတ်အားငယ်မိသည်။ဟော...အခုတော့ ဘယ်လောက်မိုးရွာရွာ ပြည်သူ့ဝန်ထမ်းဘဝဆိုတော့ အမိုးလုံလုံနဲ့ တိုက်အိမ်ငယ်လေးမှာ ခိုလှုံခွင့်ရတာကို ကျေနပ်နေမိသည်။ ထိုကျေနပ်မှုသည် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၁ ခုနှစ်မနက်ပိုင်းတွင် ကွယ်ပျောက်သွားခဲ့ရတော့သည်။ အရင်ကဆို ရုံးအဝတ်အစားကို ဝတ်၊ မနက် ၈နာရီ ၃၀မိနစ် ရုံးကို အရောက်သွား။ ဘဝဟာ သာသာယာယာပါပဲ။ ဖေ့ဘုတ်ကိုလည်း ညကတည်းကဖွင့်မကြည့်ဖြစ်ခဲ့တော့ ဘာဆိုဘာတစ်ခုမျှပင် မသိခဲ့။ ရုံးရောက်ခါစပင်ရှိသေး အသိရုံးဝန်ထမ်းအကိုက ညီလေး မင်းသိပြီးပြီလားဆိုတော့ ကိုယ်ကကြောင်အမ်းအမ်းနဲ့။ ဘာလဲ ဘာလဲမေးခါရှိသေး သူ တရစပ်ပြောလိုက်သည်မှာ "ဒီနေ့မနက်အစောပိုင်းက အမေစုတို့တစ်ဖွဲ့လုံး စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်".....။ လူကို ထူပူသွားသည်။ သွား
- Get link
- X
- Other Apps
Intelligent Octopus ရေဘဝဲ၏ ဉာဏ်ရည်ဉာဏ်သွေးကို ၎င်း၏ အံ့သြဖွယ်အပြုအမူများစွာတွင် တွေ့မြင်နိုင်ပါတယ်။ ဥပမာ၊ အန္တရာယ်ကျရောက်နိုင်သော အနေအထားတွင် ရှိနေသောအခါတွင် ၎င်းသည် အရောင်နှင့် ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ပါတယ်။ (သို့မဟုတ်) သားရဲသတိမထားမိဘဲ ရေအောက်တွင်းတစ်ခုမှ အခြားတစ်ခုသို့ ရွှေ့နိုင်ပါတယ်။ Oharan Reference: https://biogeoplanet.com
- Get link
- X
- Other Apps
Self-sacrificing mums တချို့ရေဘဝဲမျိုးစိတ်များတွင် ရေဘဝဲအမများဟာ သူတို့ရဲ့ ဥတွေကို စောင့်ပြီး၊ သားကောင်တွေ ရန်ကနေ ကာကွယ်ပေးထားပြီး အောက်ဆီဂျင် ထုတ်ပေးဖို့ ရေပေါ်ကနေ အုပ်ပေးထားပါတယ်။ ဥမပေါက်မချင်း ဒီအပြုအမူကို ထိန်းထားကြပါတယ်။ ရေတိမ်မျိုးစိတ်များတွင် သုံးလခန့်အထိ ကြာနိုင်သော်လည်း အချို့ရေဘဝဲများသည် အချိန်ပိုကြာတတ်ကြပါတယ်။ Graneledone boreopacifica ပင်လယ်ရေဘဝဲဟာ ၎င်း၏ ဥများကို ၅၃ လကြာ မွေးမြူထားသည်ကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ၎င်းသည် တိရစ္ဆာန်တိုင်းတွင် အရှည်ကြာဆုံး သားပေါက်သည့်ကာလဖြစ်ပါတယ်။ Oharan Reference: https://biogeoplanet.com
- Get link
- X
- Other Apps
Blue bloods ရေဘဝဲတွေရဲ့ သွေးဟာ အပြာရောင်ဖြစ်ပါတယ်။ အပြာရောင်သွေးသည် ရေဘဝဲ၏ခန္ဓာကိုယ်တစ်ဝိုက်သို့ အောက်ဆီဂျင်သယ်ဆောင်ပေးသည့် protein၊ Hemocyanin တို့တွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ရှိ haemoglobin တွင်ရှိသော သံဓာတ်ထက် ကြေးနီဓာတ် ပိုပါ၀င်သောကြောင့်ဖြစ်ပါတယ်။ ကြေးနီအခြေခံပရိုတင်းသည် အေးပြီးအောက်ဆီဂျင်နည်းသော အခြေအနေများတွင် အောက်ဆီဂျင်မော်လီကျူးများကို သယ်ယူရာတွင် ပိုမိုထိရောက်သောကြောင့် သမုဒ္ဒရာအတွင်းရှိ သက်ရှိများအတွက် အကောင်းဆုံးဖြစ်ပါတယ်။ Oharan Reference: https://biogeoplanet.com
- Get link
- X
- Other Apps
3 hearts ရေဘဝဲမျိုးစိတ်အများစုဟာ အောက်ဆီဂျင်နည်းပါးပြီး ရေအေးများဖြစ်သည့် သမုဒ္ဒရာများတွင် နေထိုင်ကြပါတယ်။ ဒါကြောင့်မို့ ရေဘဝဲများဟာ လက်ချောင်းထိပ်များအထိ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးသို့ အောက်ဆီဂျင်လုံလောက်စွာရရှိရန် ကူညီပေးရန်အတွက် နှလုံးသုံးခုကို ဆင့်ကဲပြောင်းလဲပေးခဲ့ပါတယ်။ နှလုံးနှစ်ခုသည် ပါးဟက်များဆီသို့ သွေးများကို စုပ်ယူပေးပြီး ပိုကြီးသောနှလုံးတစ်ခုသည် အောက်ဆီဂျင်ပါသောသွေးကိုယူကာ အင်္ဂါအစိတ်အပိုင်းများနှင့် ကျန်ခန္ဓာကိုယ်များသို့ လည်ပတ်စေပါတယ်။ Oharan Reference: https://biogeoplanet.com
- Get link
- X
- Other Apps
9 brain ရေဘဝဲတွေမှာ လက်ရှစ်ချောင်းပါတယ်ဆိုတာ လူသိများပါတယ်။ ဒါပေမယ့် လက်တစ်ဖက်စီမှာ ကိုယ်ပိုင် 'ဦးနှောက်သေးသေး' ပါတယ်ဆိုတာ သင်သိပါသလား။ ဗဟို ဦးနှောက်ကနေ ထိန်းချုပ်ထားသောကြောင့် စုစုပေါင်း ဦးနှောက် ၉ခု ရှိပါတယ်။ လက်တစ်ဖက်စီဟာ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီးတော့ အရသာခံနိုင်၊ထိတွေ့နိုင်၊ရွေ့လျားနိုင်ပါတယ်။ 2011ခုနစ်တွင် သုတေသီများက ရေဘဝဲတစ်ကောင်၏ လက်ချောင်းများဟာ ၎င်းတို့၏အစာရေစာဆီသို့ လမ်းညွှန်ပြနိုင်ပြီး၊ အမြင်အာရုံ အချက်အလက်များကို လုပ်ဆောင်ပေးသည့် ဗဟိုဦးနှောက်သည် လက်ချောင်းများကို ထိန်းချုပ်ထားနိုင်ကြောင်း သက်သေပြနိုင်ခဲ့ကြပါတယ်။ Oharan Reference: https://biogeoplanet.com
- Get link
- X
- Other Apps
စဉ်းစားကြည့် မင်းဘယ်ဘက်ကလဲ ? အနှစ် ၇၀ နှိပ်စက် အနှစ် ၇၀ သွေးခွဲခဲ့ လူတစ်စုသာ ကောင်းစားခဲ့ပြီး အများပြည်သူ ဒုက္ခပင်လယ်ဝေနေစေခဲ့တာဟာ ဘယ်သူ့ကြောင့် ဘယ်ခွေးသူတောင်းစားတွေကြောင့်လဲ ဆိုတာသာ စဉ်းစားတတ်မယ်ဆိုရင် အမှန်တရားကို ရင်ဘတ်ထဲက ခံစားနားလည်ပြီး ပြည်သူတွေ လက်တွေ့ခံစားနေရတဲ့အပေါ်သာ စေတနာထားကြ၊ သိတတ်နားလည်ပေးကြမယ်ဆိုရင် ငါတို့ရဲ့ လွတ်လပ်ခြင်းရောင်နီဟာ ဒီနေ့လည်း ဖြစ်နိုင်တယ် နောက်နေ့လည်း ဖြစ်နိုင်တယ်။ ကဲ... ဆက်ပြီး သွေးခွဲခံကြဦးမလား အချောင်နေကြဦးမလား ကဲ...ဘယ်ဘက်လဲ မိတ်ဆွေ မယ်တင် (ဖက်တီးဘုတ်)
- Get link
- X
- Other Apps
မမျှော်ပါနဲ့မယ်ခင် ဝင်ထမ်းပါ ရောင်နီရယ် နင်ဘယ်မှာ ဖွေရှာသူ ရင်မှာစော မျှော်လို့သာမောတဲ့။ *မောမှာပေါ့ မယ်ခင်ရာ ရေတွင်းတူးစဉ် လူအများထဲမှာလ ဘယ်နေရာမှဝင်မပါ မယ်ခင်က...ထိုင်ကာသာ ရေကြည်သောက်ဖို့ကိုဖြင့် စောင့်စားကာ မျှော်နေရုံမျှဖြင့်တော့ ရောင်နီက ပေါ်မလာ စောင့်လို့သာမောမှာပေါ့ကွယ်။ *တူးစဉ်တူးဆဲ လူအများထဲမှာလ အားပျော့ကာ ခဏနားသူနေရာကိုဖြင့် ဝင်ကာသာအားဖြည့်လိုက်စမ်းပါ....၊ *ပြည်သူတွေ ဒီလိုများလာကြရင်ဖြင့် ရောင်နီက ဒို့ဆီသာ ရောက်မည်မှာဧကန်ပဲရယ်မို့ အောင်မည်မှာ အသေချာပဲရယ်ကြောင့် ကဲ...မယ်ခင်ရေ ဝင်ကူနိုင်မယ့်နေရာကသာ ဝင်ကာသာထမ်း။ ။ ဟိန်းတေဇ(POL)
- Get link
- X
- Other Apps
မကြောက်ပါနဲ့ ကလေးလေးရယ် အသိမဟုတ် သူစိမ်းက စိုက်ကြည့်မေးရုံမျှနှင့် ကြောက်ရသတဲ့လား ကလေးလေးရယ်။ ကြောက်စရာရုပ်ထင်လို့ ငိုပြီးပြေးရတာလား? ဒါဆိုရင်တော့ ကြောက်သင့်တာပေါ့။ သူစိမ်းဆိုရင် ကြောက်ရတဲ့ခေတ်ကာလမို့ ငိုပြီးပြေးရတာလား ဒါဆိုရင်တော့ သမီးငယ်လေးလို ဦးဦးတို့လည်း စစ်အာဏာရှင်ကို ကြောက်တာပါပဲ။ သမီးငယ်လေးလို ဦးဦးလည်း စစ်မိစ္ဆာကောင်တွေမြင်ရင် ဝေးဝေးကနေ ရှောင်ပြေးတာပါပဲ။ ဒါ့ကြောင့် အမှားမလုပ်ရင် ဘယ်သူ့ကိုမှ မကြောက်စရာမလိုတဲ့ ခေတ်ကိုရောက်ဖို့ တွန်းလှန်နေတာပါ ကလေးလေးရယ်။ နောင်တစ်ခေတ်မှာတော့ ဘယ်အရောင်၊ ဘာပဲ ဝတ်ထားဝတ်ထား မကြောက်ရတဲ့ ခေတ်ကိုရောက်မှာပါ သမီးရယ်...။ ။ ဟိန်းတေဇ(POL)
- Get link
- X
- Other Apps
AI နှင့် ပြည်သူ ဉာဏ်ရည်အတုမှာ သူ့ပညာ လွန်စွာတိကျမှန်ကန်တာ။ သူ့ရဲ့စွမ်းရည် လွန်မြင့်မား ပညာရှင်များ အံ့ဩသွား။ မြန်မာပြည်အတွက် ခန့်မှန်းတာ သူ့မှာအဖြေမရှိပါ။ ဘယ်သူနိုင်မည် သူမသိ အချက်အလက်သာ သူသိ။ တွေဝေမနေနဲ့ များသူငါ ငါတို့ပြည်သူ နိုင်ရမှာ။ ဆက်လို့ကာသာ ပံ့ပိုးစမ်း ငါတို့ရောင်နီလမ်း။ ။ ဟိန်းတေဇ (POL) 19-2-23 (7:33 pm)
- Get link
- X
- Other Apps
ရှင်သန်မှု ကျောမွဲ တစ်ယောက်ရဲ့ ရှင်သန်ခြင်း အဓိပ္ပာယ် မည်မျှ ကျယ်ပြန့်နိုင်မည်နည်း။ ခေတ်ထဲ ခလုတ်တိုက်တော့ ကျောမွဲတစ်ယောက် လမ်းပျောက်ခဲ့ ကောင်းကင်မှာ ကြယ်များ ထွန်းတောက် သကဲ့သို့ အရောင်လက်ချင် ဆန္ဒမျှဖြင့် လမိုက်ညတွေချည်း ကျော်ဖြတ်ခဲ့ရ။ နှင်းဆီတစ်ပွင့်ရဲ့ ရှင်သန်ခြင်း နုဖက်မှု ရှိခြင်းနှင့်အတူ မွှေးထုံသော သတ္တိရှိမှု တစ်ပါးသော မိန်းမပျိုတစ်ယောက်၏ ဆံထုံး ပေါ်ဝယ် ဂုဏ်အလှ တိုးစေသကဲ့သို့ ခြောက်သွေ့မှု ညိုးနွမ်းမှု ဒြပ်မဲ့မှု ရှိခဲ့မူ မပျောက်ပြယ်သော မွေးထုံသော ရနံ ရှိခြင်းကဲ့သို့ မွေးထုံခဲ့ချင်ရုံ။ သစ်ပင်အိုကြီးသကဲ့သို့ မည်သည်မျှ မမျှော်၊မပေးနိုင်ခဲ့မှု ကောင်းမွန်သော အရိပ်အေးအေး အာဝါသတစ်ခု ပေးနိုင်ခဲ့ခြင်း ရှင်သန်ခြင်းမျှသာလျှင် ကျောမွဲတစ်ယောက်ဟာ တက်မက်မိခဲ့။ တစ်ခါတစ်ခါ လမိုက်ညများ ကြား လက်ဆုပ်လက်ကိုင် မရှိ ပေးဆပ်စရာမရှိတဲ့အခါ တဆတ်ဆတ်တုန်နေတဲ့ ဘဝတစ်ခုကို ဆုပ်ကိုင်ကာ အရောင်သဲ့သဲ့ ကျနေတဲ့ လမ်းစတစ်ခုကို မျှော်မိနေရင်း...။ ။ ရာယား
- Get link
- X
- Other Apps
မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ဦး ၉ မင်းက မိန်းကလေးသာမဆန်တာ ချည်ထိုးတတ်တယ် ပန်းပင်တွေကိုချစ်တယ် အိမ်မှုကိစ္စနိုင်နင်းတယ် မီးဖိုချောင်ထဲအလုပ်လုပ်ရတာ ကြိုက်တယ် မိန်းကလေးတွေလုပ်တဲ့အလုပ် လုပ်တယ် မင်းအကြောင်း အရိပ်အမြွက်သတင်းရတော့ ၃၅လမ်းမှာ ကိုယ်ခေါက်တုန့်ခေါက်ပြန်ပဲ မဟာမြတ်မုနိဘုရားရဲ့ ဂြိုဟ်ပြေနံပြေထောင့် ကိုယ်မရပ်မနားဆုတောင်းမြဲ ဆုတောင်းဆဲ သံသရာလည်တာ တစ်ပတ်ပြည့်ရင်တော့ ကိုယ်နဲ့မင်းဆုံရဦးမှာပေါ့ ကံတရားရေခင်ဗျားကို တစ်ခါတော့ယုံမယ် ကျွန်တော့်ကိုသစ္စာမဖောက်ဖို့မျှော်လင့်တယ် ကျွန်တော်
- Get link
- X
- Other Apps
အလှအပနှင့် အဆိပ်သင့်ဆက်ဆံရေး...အပိုင်း - ၂ လူ့သဘာဝကိုက တစ်ယောက်ယောက်က တစ်ခုခုလုပ်ပြီဟေ့ဆို ကိုယ်လည်းလိုက်လုပ်လိုက်ရမှ နေသာထိုင်သာရှိတာ။ ကျေနပ်သွားကြတာမျိုး။ ဥပမာ - အလှအပရေးရာနဲ့ ပတ်သက်တဲ့အခါမှာလည်း တစ်ယောက်ယောက်က ဒါကောင်းတယ်ဆို ကိုယ်လည်း ဒါသုံးလိုက်ရမှ ဆိုတာမျိုးပေါ့။ အဲဒီတော့ နောက်ဆက်တွဲက မကုန်သင့်တာ ကုန်လာမယ်။ အခန့်မသင့်ရင် မဖြစ်သင့်တဲ့ အသားအရေ ပြဿနာဖြစ်လာမယ်။ ဒါဆို သူများကောင်းတယ်ပြောတိုင်း မသုံးရဘူးဆို ကျွန်တော်/မ တို့ကဘာသုံးရမလဲ အသားအရေထိန်းသိမ်းခြင်းနဲ့ ပတ်သက်လာတဲ့အခါ အသက်ကြီးကြီး ငယ်ငယ်၊ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အဆင့် ၄ဆင့်ပဲရှိပါတယ်။ ✅Cleansing သန့်စင်ခြင်းပေါ့။ မျက်နှာလည်း သစ်ရဦးမယ်။ Cleansing ကလုပ်ဖို့လိုသေးလားဆိုရင် ဖောင်ဒေးရှင်းမကောင်းတဲ့၊ မခိုင်တဲ့ အိမ်တစ်အိမ်ပေါ်မှာ ပစ္စည်းတွေအများကြီးတင်ထားတာ၊ မိသားစုတွေအများကြီး တတ်နေ နေတာကို မြင်ယောင်ကြည့်ပါ။ Cleansing ဆိုတာလည်း အသားအရေထိန်းသိမ်းခြင်းမှာ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံး။ ဒီအဆင့်ကို သေသေချာချာမလုပ်ဘဲ အပေါ်ကနေ တိုနာ၊ နို့ရည်၊ ဆီရွမ်တွေ ဇွတ်ထည့်နေတဲ့အခါမှာ အခြေမခိုင်တဲ့ အသားအရေ၊ သေသေချာချာ မသန့်စင်စေတဲ့ အသားအရေပေါ်ကအည
- Get link
- X
- Other Apps
အိမ်လွမ်းနာ(၃) ဒီနေ့ ရိက္ခာထုပ်လေးထဲ ကြက်ဘာလချောင်ကြော်ဘူးလေးပါလာတော့ သတိရစရာတွေနဲ့ အတွေးထဲမှာ ပြည့်နှက်သွားတယ်။ ကြက်ဘာလချောင်ကြော်ဆိုတာက ထူးခြားပြီး ရှားပါးတဲ့ အစားအစာတော့ မဟုတ်ပေမဲ့ အမှတ်တရရှိချင်စရာတွေတော့အများသားပါပဲလား...။ ငယ်ငယ်တုန်းကတော့အမေဟာ အနီးအနားကရွာတစ်ရွာမှာ တာ၀န်ကျတဲ့ မူလတန်းပြ ဆရာမတစ်ယောက်မို့လို့ အိမ်ကို တစ်ပတ်တစ်ခါလောက်ပဲ ပြန်လာနိုင်တယ်။ အဖေကလည်း အစိုးရ၀န်ထမ်းဖြစ်ပြန်တော့ ရုံးပိတ်၊ ကျောင်းပိတ်ရက်မှသာ အိမ်မှာ မိသားစုတွေစုံစုံလင်လင်နဲ့ ဆုံကြရများတယ်။ အမေတာ၀န်ကျတဲ့ရွာက ချောင်းမြောင်းပေါတဲ့နေရာဖြစ်လို့ ငါး၊ပုဇွန်လို ပင်လယ်စာလေးတွေ ပေါပေါများများနဲ့ လတ်လတ်ဆက်ဆက်ရတယ်။ အမေကျောင်းပိတ်လို့ မြို့ကအိမ်ကို ပြန်လာပြီဆိုရင် တစ်ပတ်စာဟင်းစားအတွက် ငါး၊ပုဇွန်တွေကို ကြော်သင့်တာကြော်၊ ခပ်ခြောက်ခြောက်လေးချက်သင့်တာချက်ပြီး သယ်လာတတ်သလို ပုဇွန်ခြောက်၊ ငါးခြောက်တွေလည်း ဝယ်လာတက်တယ်။ အဲ့ဒီအချိန်တုန်းကတော့ ပုဇွန်ခြောက်ကို ငရုတ်သီးခွဲကြမ်း၊ ကြက်သွန်ဖြူကြော်တွေနဲ့ရောပြီး ကြွပ်နေအောင်ကြော်ထားတဲ့ ပုဇွန်ခြောက် ဘာလချောင်ကြော်ဆိုတာ အိမ်မှာအမြဲတမ်း အဆောင်ယတြာလို့ ပြောရင်လည်း မမှားဘူး။ ဘာစားရမလဲဆိုတာ စဉ်
- Get link
- X
- Other Apps
အလှအပနှင့် အဆိပ်သင့်ဆက်ဆံရေး (၆) ချက်... တကယ်တော့ ဒီအကြောင်းကို ရေးဖို့ဆိုတာထက် Toxic people တွေအကြောင်းစဉ်းစားနေရင်း အလှအပ အထူးသဖြင့် Skincare ဘက်ကို အာရုံရောက်သွားတာ။ အမှန်တကယ်ဆိုရင်လည်း အများစုက Toxic relationship လို့ပြောလိုက်တာနဲ့ ပထမဆုံး ပြေးမြင်မိမှာက ကိုယ့်ပတ်ဝန်းကျင်ကသူတွေ၊ ကိုယ်နဲ့သက်ဆိုင်တဲ့သူ၊ ကိုယ့်သက်ဆိုင်ရာ အသိုက်အဝန်း မဟုတ်ပါလား…။ ဒီထက်ပိုပြီး စဉ်းစားကြည့်ရင် အလှအပနဲ့ မကင်းနိုင်တဲ့ လူတိုင်းအတွက် အလှအပအသုံးအဆောင် တွေမှာလည်း Toxic relationship ဆိုတာရှိနေပါတယ်။ ပြီးတော့ ဒီ blog ကို ဖတ်နေတဲ့အထဲမှာ Skincare, Cosmetics သုံးရတာကို စိတ်ဝင်တစားရှိတဲ့ အမျိုးသား/သမီး တွေရှိမယ်ဆိုရင် တော်လှန်ရေးကာလကြီးထဲမှာ မကုန်သင့်တာ မကုန် ချွေတာဖြစ်သွားအောင်၊ ပြီးတော့ Skincare, Cosmetics ကထွက်လာတဲ့ ငွေပိုငွေလျှံလေးကို သက်ဆိုင်ရာတော်လှန်ရေးမှာ အင်အားတစ်ခုအနေနဲ့ ပါဝင်ဖြစ်သွားအောင် ရေးဖြစ်သွားတာလည်း ပါတာပေါ့။ အလှအပနဲ့ ပတ်သက်ပြီး အဆိပ်သင့်ဆက်ဆံရေး ဘယ်ကစတင်သလဲဆိုရင် Insatiability ဆိုတဲ့ ကိုယ့်အသုံးပြုနေတဲ့ skincare, cosmetics တွေကနေ ရလာတဲ့ ရလဒ်တွေကို နှေးလို့၊ စိတ်တိုင်းကျမဖြစ်လို့ ကျေနပ်ရောင့်ရဲမှုမ
- Get link
- X
- Other Apps
ကျန်းမာရေးအတွက် ဆားခါးတစ်ခွက် ဆားခါးကိုတော့ ဆံပင်အဆီပြန်လွန်းလို့ ၊ ဗောက်ထလို့ ရေလေးနဲ့ထည့်ပြီး ဦးရေပြားကိုဆွတ်ပြီး သန့်စင်ပေးတာမျိုး လုပ်ဖူးကောင်းလုပ်ဖူးကြမယ် ထင်ပါတယ်။ အဆီပြန်တာ သက်သာစေဖို့၊ ဗောက်သက်သာစေဖို့ အသုံးပြုတာအပြင် ဆားခါးက ကျန်းမာရေးအတွက် တခြားဘယ်လိုအကျိုးပြုတာတွေရှိနေသေးလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။ စိတ်ဖိစီးမှု သက်သာစေတယ် ဆားခါးတစ်ခွက်ကိုရေခပ်နွေးနွေးထဲ ရောစပ်ထားပြီး မိနစ် ၂၀ ခန့် တစ်ကိုယ်လုံးကို စိမ်ထားပေးလိုက်ပါ။ စိတ်အပန်းပြေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ စိတ်ဖိစီးမှုပြေပျောက်ဖို့ တစ်ပါတ်မှာ ၃ ကြိမ်လောက် ဆားခါးနဲ့လည်း ရေချိုးပေးနိုင်ပါတယ်။ အဆိပ်အတောက်ကင်းစင်စေတယ် ဆားခါး ၁ - ၂ ခွက်ခန့်ကို ရေခပ်နွေးနွေးနဲ့ရောစပ်ပြီး တစ်ကိုယ်လုံး ၁၀ - ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။ တစ်ပါတ်ကို ၂ - ၃ ကြိမ်ခန့်လုပ်ပေးမယ်ဆိုရင် ပတ်ဝန်းကျင်က နေဒဏ်၊ ရေဒဏ်၊ လေဒဏ်တွေကြောင့် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေဖြစ်ခြင်းကို ကင်းစင်စေပါလိမ့်မယ်။ ကြွက်သားနာကျင်ခြင်း သက်သာစေတယ် ဆားခါးနဲ့ ရေခပ်နွေးနွေးကို ခပ်ပျစ်ပျစ်လေးဖြစ်အောင် ဖျော်စပ်ပြီး နာကျင်တဲ့ ကြွက်သားနေရာမှာ မိနစ် ၂၀ ခန့်လိမ်းပေးခြင်းကလည
- Get link
- X
- Other Apps
ခံတွင်းရနံ့ဆိုးတွေကိုသဘာဝအတိုင်း ဖယ်ရှားကြမယ် လူတစ်ယောက်ရဲ့ Impression အတွက် ခံတွင်းရနံ့က အရေးကြီးတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အစားအသောက်ကြောင့်ဖြစ်စေ၊ ဆေးလိပ်သောက်ခြင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခံတွင်းရနံ့ဆိုးလာတဲ့အခါ စကားပြောတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းလာစေပါတယ်။ အဲဒီတော့ အနံ့ဆိုးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းစေတဲ့ ခံတွင်းရနံ့တွေကို ဘယ်လိုတိုက်ထုတ်ကြမလဲ… လေးညှင်း လေးညှင်းမှာပါဝင်တဲ့ antibacterial ဂုဏ်သတ္တိတွေဟာ ခံတွင်းရနံ့ဆိုးတွေကို ဖယ်ရှားပေးပြီး လန်းဆန်းသင်းပျံ့စေပါတယ်။ လေးညှင်းပွင့်လေးတစ်ပွင့်လောက် အလွယ်တကူ၀ါးနိုင်သလို ရေနွေးဆူဆူနဲ့ လေးညှင်းပွင့်ကို ၅ - ၁၀ မိနစ်ခန့်ပြုတ်ပြီး တစ်နေ့ နှစ်ကြိမ် ပါးလုတ်ကျင်းပေးနိုင်ပါတယ်။ သံပုရာရည် သံပုရာရည်မှာပါတဲ့ အက်ဆစ်ဓာတ်တွေဟာ ခံတွင်းအတွင်း ဘက်တီးရီးယားပေါက်ဖွားခြင်းကို လျှော့ချပေးပြီး သင်းပျံ့တဲ့ ခံတွင်းရနံ့ကို ပိုင်ဆိုင်စေပါတယ်။ သံပုရာရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရေတစ်ဖန်ခွက် ရောစပ်ပြီး ပါးလုတ်ကျင်းပေးလိုက်ရုံပါပဲ။ ပန်းသီးရှာလကာရည် သူ့မှာပါဝင်တဲ့ pH ထိန်းညှိပေးနိုင်တဲ့ ဂုဏ်သတ္တိဟာ ခံတွင်းရနံ့ဆိုးတွေကိုလည်း ဖယ်ရှား
- Get link
- X
- Other Apps
အိမ်တွင်း အနှောင့်အယှက်ပေးနေတဲ့ ပုရွက်ဆိတ်တွေကို ဘယ်လိုဖယ်ရှားမလဲ ရှာလကာရည် ရှာလကာရည်အနံ့ကိုလည်း ပုရွက်ဆိတ်တွေ မခံနိုင်ကြပါဘူး။ ရှာလကာရည်နဲ့ ရေဆတူရောပါ။ Spray ဘူးလေးထဲထည့်ပြီး ပုရွက်ဆိတ်အလာများတဲ့နေရာတွေ သူတို့လမ်းကြောင်းတစ်လျှောက် ဖြန်းထားပေးလိုက်ရုံပါပဲ။ တစ်နေ့၁ကြိမ် လုပ်ပေးနိုင်ပါတယ်။ ပရုတ်လုံး ပရုတ်လုံးကတော့ ပုရွက်ဆိတ်တွေကို သေစေနိုင်စွမ်းရှိပါတယ်။ ပုရွက်ဆိတ်အလာများတဲ့နေရာတစ်လျှောက် ပရုတ်လုံးကို အလုံးလိုက်ဖြစ်စေ၊ အမှုန့်ကြိတ်ပြီးဖြစ်စေ ချထားပေးလိုက်ရုံပါပဲ။ ကလေးငယ်တွေ၊ တိရိစ္ဆာန်တွေနဲ့တော့ ဝေးဝေးထားဖို့ သတိပြုပေးပါ။ သံပရာ သံပရာအနံကြောင့် ပုရွက်ဆိတ်ကင်းစေပါတယ်။ သံပုရာရည်ကို ပုရွက်ဆိတ်လမ်းကြောင်းတစ်လျှောက် ဖြန်းထားပေးလိုက်ရုံပါပဲ။ သခွားသီးအခွံ သခွားသီးကို အခွံနွှာပြီး ပုရွက်ဆိတ်တွေရှိတဲ့နေရာ ထားထားပေးရုံပါပဲ။ အခွံနွမ်းသွားတဲ့အခါ အသစ်ပြန်လဲပေးပါ။ သခွားသီးအခွံရဲ့ အနံ့နဲ့ အရသာကို ပုရွတ်ဆိတ်တွေ ခံနိုင်ရည်မရှိကြပါဘူး။ ဆပ်ပြာရည် ဆပ်ပြာရည်၊ baking soda နဲ့ ရေရောစပ်ပြီး ပုရွက်ဆိတ်လာတဲ့နေရာတစ်လျှောက် ဖြန်းထားပေးရုံပါပဲ။ အိမ်သန့်ရှင်းရေးလုပ်ပါ ဒီလို ပုရွက်ဆိတ်ပြေးစေမယ့် နည်းလမ်းလေးတွေအပြင် အိ
- Get link
- X
- Other Apps
ညိုညစ်ကြမ်းတမ်းနေတဲ့ တံတောင်ဆစ်တွေအတွက် တံတောက်ဆစ်မှာ ရှိတဲ့အရေပြားဟာ တခြားနေရာတွေထက် အဆီ gland တွေနည်းပါးတာကြောင့် ပိုပြီးပါးလျပါတယ်။ အဲဒီတော့ အစိုဓာတ်လည်း နည်းပါးပြီး ခြောက်သွေ့လွယ် ယားယံလွယ်တာပေါ့။ ဒါတင်မကပါဘူး။ ရေအကြားကြီးချိုးတဲ့သူတွေ၊ chemical based skin care product တွေအသုံးများတဲ့သူတွေ၊ ရေနွေးနဲ့ရေချိုးတဲ့သူတွေ၊ နေရောင်ခြည်အချိန်ကြာမြင့်အောင် ထိတွေ့သူတွေ နဲ့ အရေပြား ပြဿနာရှိတဲ့သူတွေလည်း ဒီပြဿနာကို ကြုံတွေ့ရပါတယ်။ အဲဒီတော့ ညိုညစ်ကြမ်းတမ်းမွဲခြောက်နေတဲ့ တံတောင်ဆစ်အရေပြားကို ဘယ်လို care လုပ်ကြမလဲ ကြေးချွတ်ပေးခြင်း (Scrub) က အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားအရောင် ညီညာကြည်လင်စေပါလိမ့်မယ်။ တစ်ပါတ် ၁ကြိမ် (သို့ ) ၂ ကြိမ်ကြေးချွတ်ပေးနိုင်ပါတယ်။ Petroleum Jelly အထူးသဖြင့် Vaseline လိုမျိုး တံတောင်ဆစ်မှာလိမ်းထားပေးနိုင်ပါတယ်။ ညအိပ်ရာဝင်ကာနီးတိုင်း Petroleum Jelly ကို လိမ်းထားပေးရုံပါပဲ။ အုန်းဆီ လိမ်းပြီးနှိပ်နယ်ပေးခြင်းကလည်း တံတောင်ဆစ်အရေပြားအသားအရေကို ညီညာကြည်လင်စေပါလိမ့်မယ်။ အုန်းဆီလေးကို ခပ်နွေးနွေးဖြစ်အောင် အပူပေးပြီး နှိပ်နယ်ပေးရုံပါပဲ။ သံလွင်ဆီနဲ့ သကြားညို ရောစပ်ပြီး DIY
- Get link
- X
- Other Apps
မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ဦး - ၈ လူမလာ သတင်းမကြား ကိုယ်လွမ်းနေရပြီ ဘယ်တွေရောက်နေလဲ ပျိုပျို ဟိုတစ်ရက်က အင်္ကျီအဝါဆွယ်တာ ဂျင်းဘောင်းဘီအနက်နဲ့ မျက်မှန်ဆိုင်ထဲမှာ မင်းကိုတွေ့လိုက်တယ် ကိုယ်အံ့အားသင့်ပြီး အားရပါးရပြုံးမိတယ် ဆိုင်ထဲက သူတွေအားလုံးထဲမှာ မင်းရဲ့အရပ်ကြီးက ထိုးထွက်နေတာ ဘေးနားက ကာလသားတွေတောင် မင်းရဲ့ပုခုံးလောက်ပဲရှိတော့တယ် မင်းက သိပ်ကိုမြတ်နိုးစရာကောင်းတယ် သိပ်ကိုချစ်စရာကောင်းတယ် အချစ်... ကိုယ့်ဘယ်လောက်ထိ ကျရှုံးနေရဦးမလဲ ကိုယ်တကယ်ပြောတာ တကယ်ပြောတာ မင်းကို အရမ်းချစ်မိနေပြီ. ကျွန်တော်
- Get link
- X
- Other Apps
နေကြာပန်း အလွမ်းတွေကို ကမ္ဘာဆီပစ်လွှတ်လိုက်တယ် မင်းကနေကြာပန်းဆို ကိုယ်ကနေလုံးလို မင်းမျက်နှာမူရာအရပ်မှာ ဖြစ်တည်နေချင်တဲ့ကောင် ခြွေဖို့ရောက်လာတဲ့ရန်သူတွေကို ကိုယ်အမြဲတွန်းလှန်မယ် မင်းလိုပေါ့ နေကြာတွေအရမ်းလှတယ် ခွဲခွာခြင်းတွေ ရောက်လာမှာမှန်သော်လည်း ဝေးရမယ့်ကိစ္စတွေ နည်းသထက်နည်းအောင် မင်းကကိုယ့်ဘေးနားမှာ ကြာကြာနေပေးမယ့် နေကြာပန်းလေးဖြစ်စေချင်တယ် ကျွန်တော်