Posts

Showing posts from November, 2022
Image
ဥဒါန်း ဒီဘက် ကမ္ဘာခေတ်ရဲ့ ရဲရင့်တဲ့သမိုင်းကြောင်းဟာ တို့ပြည်က ကျောင်းသားအလောင်းတွေဆီမှာရှိတယ်...။ တာရာမင်းဝေ - ၁၉၈၈ Respect Credit to Poet TarYarMinWai  Photo Credit to Octopus and never forget our Spring Heroes  https://www.facebook.com/octopusyangon?mibextid=ZbWKwL
သေတမ်းစာ အမြဲသေနတ်ကိုင်မယ် တရဲရဲတကျက်ကျက် မင်းသတ္တိကို ချီးကျုးတာနဲ့အတူ နောက်ကွယ်က ကြိုးကိုင်တဲ့စွဲလမ်းခြင်းအတ္တ ရင်ထဲပေါက်လာတဲ့ မီးပွားများရယ် ဖုန်းမြည်သံတစ်ဖက်မှာ သူမ အားနာနာနဲ့ပဲပြောခဲ့တဲ့ ဤစကား "မီးလောင်ရာ လေပင့်လိုပဲ" ရင်ထဲက အချစ်တောအုပ်မီးစွဲသွားခဲ့ပြီလား အဆုတ်ထဲ နီကိုတင်းငွေ့တွေဖြည့် အစာအိမ်ထဲမယ် ဇိမ်ခံရည်တွေဖောင်းပွလို့ပေါ့ လက်ကတော့ ဆက်ဆက်၍ရေးနေတဲ့ တစ်ရွက်ပြီးတစ်ရွက်သော ကဗျာညံ့တွေ ဪ...  တောအုပ်မီးလည်း မငြိမ်းနိုင်သေးပေဘူး အရက်တွေ စစ်ကူလိုက်ပြန်ဦး...။ "ဖျောက်" ခြောက်အိပ်မက်တွေလား မင်းမရှိတော့ဘူးတဲ့ကွာ ကဗျာ ကဗျာ ကဗျာတွေ...။ ရင်ထဲက တောအုပ်လည်း  ပြာပုံသာသာပဲ စွဲထင်ပေလေရဲ့ မက်ဆေ့ခ်ျ တစ်ချက်အဝင် အိပ်မက်ဆိုးတောင် မဟုတ်ပြန်ဘူးလေတဲ့။ သွေးကြွေးသီချင်းတွေ ဟစ်ကာဆိုလို့ မင်းအနားမှာ ငိုနေတဲ့မိသားစုဝင်တွေကြား  တိုးလို့မဝင်.....၊ ငါ့ Existence ပျောက်ဆုံးသွားပြီ ငါဟာ ဘာဆိုဘာရယ်မျှ မကျန်တော့ဘူးရယ်။ မင်း စတိုင်လ်လုပ်ရိုက်ခဲ့တဲ့ ဓါတ်ပုံထဲက  သေနတ်လေးတွေ့တော့ ငါခိုးလာတယ် ခေါင်းတိုင်ကနေ မီးခိုးတွေ ဝဲလို့သွားပြီ ငါလာပြီအချစ်ရေ “ဒိုင်း”...။         ။ Tommy
သောကြာကြယ် လေဒီ… မင်းသိဖို့ တစ်ခုရှိတယ်။ တိမ်ထူတဲ့ကောင်ကင်မျိုးပဲ မြင်ရတဲ့ မျက်နှာဖုံးတပ် မြို့ပြအရပ်ကြီးမှာ 'သောကြာကြယ်' ခူးမယ်  'ကဗျာဟာ အာသက်သက်ပဲ' ဒီလိုစွဲနေဖူး စာရူးရဲ့ အတွေးစက်ဝန်းထဲမယ်။ အခုတော့များဗျာ ယုံကြည်ချက်တွေဟာလည်း  မခိုင်မြဲချင်တော့ဘူး ရင်ဘတ်ထဲ ဝုန်းဒိုင်းကြဲကာ  ကျလာတဲ့ 'သောကြာကြယ်' သူ့အနားရောက်ရင်ကိုပဲ  ရင်ထဲနွေးသွားစေပြန်တယ် မင်းအသည်းထဲမယ်  ဘာရာသီများ ရောက်နေလောက်ပြီလဲ။ ငါကတော့ နွေဦးရောက်နေပြီ အချစ်ရေ မြို့ကြီးပြကြီးမှာ  'အချစ်စစ်ဆိုတာ မရှိဘူး' ဆိုတဲ့ ဝါဒတံတိုင်း မင်း ခိုင်းခိုင်းနှိုင်းနှိုင်းကြီး  ခေါ်ပစ်လိုက်တဲ့ အခေါ်တစ်ချက် “ကြပ်ကြပ်သတိထားနေ သေနာကောင်ရဲ့” တကယ့် ဆတ်ဆတ်ထိမခံ။ မင်းမှန်ပါတယ်ကွာ အချစ်ဆိုတဲ့ မျက်မှန်တစ်လက်ကို  တပ်လိုက်တဲ့အခါမှာ သူလုပ်တာကိုင်တာ ထိုအရာရာ ဘာဖြစ်ဖြစ်  သေးသေးတစ်တစ်တွေကအစ သေသပ်ကျစ်လစ်ပါပေသကိုး...။ ဟိုး…..မဝေးတဝေးက သူ့ကို မြင်မှန်း တစ်ယောက်တည်း လေသံဖမ်းပြီး ပြောမိစေတယ် စိတ်ကူးယဉ်ဆန်ရတာ မကြိုက်ဘူးဆိုသူရယ် ကြားမှ ကြားနိုင့်ပါမလားကွယ် တိမ်ထူကောင်းကင်ကိုကြည့်လို့  မှန်းဆတမ်းတမိတယ် ကိုယ့်ရဲ့ "သောကြာကြယ်ရယ်"…။
ဖြေသိမ့်ရာ ခေတ်တာဝန်  သွေးထွက်သံယို မြင်ကွင်းတွေ မျက်ရည်အတိဖုံးတဲ့ ဘဝတွေ စတေးလိုက်ရတဲ့ အသက်တွေ ပူဆွေးခြင်းနဲ့အပြိုင်  ဦးနှောက်ကိုလောင်ကျွမ်းစေတဲ့  အပူအတိဖုံးတဲ့မြေ အပြစ်မဲ့ သူသေအလောင်းတွေနဲ့  မြေဩဇာဖြစ်တဲ့မြေ ငရဲဆိုတာ သပ်သပ်မရှိတဲ့နေရာ အမာရွတ်တွေထူပြီး  စိတ်ဒဏ်ရာတွေ  တစ်ရက်ချင်းရနေတဲ့နေရာ ကဗျာကလွဲပြီး ပုန်းခိုဖြေသိမ့်စရာမရှိတဲ့လူ အမာရွတ်တွေက မလှပေမယ့် မမေ့ရက်စရာအတိတ်တွေကို ထမ်းပိုးထားဆဲ ဒီနေ့လို ပွဲတော်ရက်မှာ လူသတ်ခံရခြင်းများ အနာဂတ်လည်း မျှော်စရာမရှိသလို  ပစ္စုပ္ပန်ဟာလည်း ကောင်းလာဖို့မရှိတဲ့သူ။ အနာတရဖြစ်ရတယ်ဆိုရင်တောင် မမေ့ပစ်ပါဘူး  တစ်ခုချင်းစီအတွက် သွေးကြွေးဆပ်ခိုင်းမှာပါ ခေတ်ရဲ့ဝန်ကိုထမ်းရမယ့်... အချိန်ကိုလည်း ရောက်ခဲ့ပြီလေ။          ။ Mary ✨🤍
Image
  ကျောင်းဖွင့်ချိန် ကျောင်းသားနဲ့ကျောင်း တစ်နေ့တော့ပေါင်းရမှာပဲ  ငါတို့တွေ သွေးပင်လယ်ကိုဖြတ်ကူးပြီး ကျောင်းကြီးဆီကို အရောက်သွားကြမယ် ...။ တာရာမင်းဝေ - ၁၉၈၈  Respect & Credit to Poet TarYarMinWai  
အဆွေး ဒီကာလ ဆောင်းမနက်တွေဟာ လွမ်းဆွတ်မှုနဲ့ သတိရခြင်းတွေပါ ယှဥ်တွဲ ခံစားရစေတယ်။ မြူနှင်းတွေကြား ကွက်ကြား ထွက်လာသော နေရောင်ခြည် အစအနတစ်ခု နွေးထွေးမှု ရလိုရငြား  အမိအရ ဖမ်းဆုပ်ထားလျက်။ အိမ်ကိုလွမ်းတယ် အမေ့ကိုလွမ်းတယ်  လွမ်းဆွတ်မှု လွှမ်းမိုးဖြတ်သန်းလာ ရဲဘော်တစ်ယောက်ရဲ့ ချစ်သောလက်ဆောင် ကော်ဖီတစ်ထုပ်ကို ညက တည်တဲ့ ရေနွေးနွေးနဲ့ ရောမွေမွေ။ ကော်ဖီထဲ အလွမ်းတွေပါလားမသိ အမေ ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်ကို  မက်မောနေမိ သတိရနေမိ.....။ ကော်ဖီသောက်တုန်း  ဆေးပေါ့လိပ်ဖွာရင်း လွမ်းဆွတ်မိတဲ့ စာတွေရေးရင်း ဘေးနားက ရဲဘော်တစ်ယောက်က ဦးငှက်ကြီးရဲ့ "အိမ်ပြန်ချင်တယ် ဟူး... အနွေးထွေးဆုံး အမေ့အိမ်" သီချင်း ညည်းသံကြားတော့ ကျွန်တော့်မှာ အိမ်ကို ပိုလွမ်းလာတယ် အမေရယ်...။ မပြီးဆုံးသေးတဲ့ တာဝန်တွေ ရှင်သန်မှုဟာ အနတ္တ ဖြစ်နေတဲ့ ဒီကာလတွေမှာ  ပြည်သူတွေ မလုံခြုံသေးသ၍ သား အိမ်ကိုပြန်ဖြစ်မယ် မဟုတ်ဘူး အမေ...။ ရောင်နီသာတဲ့နေ့ကို မျှော်မှန်းရင်း အိမ်ပြန်ချိန် ဝိုးတဝါးမြင်နေရတဲ့ ဒီကာလကြီးကို ကျွန်တော်တို့ အားလုံး အလွမ်းတွေသယ်ပြီး  ဆက်လျှောက်ရဦးမယ် အမေရယ်...။ Zeus
မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ဦး - ၃ မေလကနေ  မင်းကိုချစ်လာလိုက်တာ နိုဝင်ဘာထိ မင်းကိုအချစ်မပြတ်သေးဘူး။ ဘယ်ကာလသားနဲ့မှလည်း ချိန်းမတွေ့ဘူးတဲ့ အဆင်မပြေမှုတွေဆိုတာ  မင်းရဲ့ရယ်သံကိုကြားလိုက်ရင်  ပြေပျောက်သွားစမြဲ နေ့တိုင်းတစ်ရက်ကို၂၄ကြိမ်မှာ  တစ်ကြိမ်ကို တစ်နာရီ မင်းကို အမြဲသတိရတယ်။ ကိုယ်နဲ့မင်း  လက်‌မောင်းလှဲတာပြိုင်တော့ ကိုယ်မင်းကိုရှုံးခဲ့တယ်  ဒါ...မထူးဆန်းတဲ့အရာ၊ စတွေ့ကတည်းက  ရှုံးနေပြီးသား 'ကိုယ်'ပဲလေ ချစ်ခြင်းမေတ္တာမှာတော့ ကိုယ့်ကိုထပ်ပြီး ကျရှုံးအောင်မလုပ်ပါနဲ့။         ။ ကျွန်တော်
အချစ်ရေ... နေခြည်ကို တိမ်မဲတို့အုပ်လွှမ်းသွားလည်း သင်းခွေချပ်တို့ဘဝကို  စာနာလို့ အားခဲပြလိုက်စမ်းပါ   မင့် မျက်လုံးတွေပိတ်တိုင်း  မင်းဘဝ  အမှောင်ကျရ စတမ်းဆိုရင်  မောင်တို့  ကမ္ဘာလောကကြီးဝယ်  ပျော်စရာကျန်ပါဦးမလား။         ။ ခွဲထွက် ၂၁ ၊ အောက်တိုဘာ ၊ ၂၀၂၂ မြန်မာစံတော်ချိန် နံနက် ၁နာရီ၄၂မိနစ်
IF If you can keep your head when all about you Are losing theirs and blaming it on you, If you can trust yourself when all men doubt you, But make allowance for their doubting too; If you can wait and not be tired by waiting, Or being lied about, don’t deal in lies, Or being hated, don’t give way to hating, And yet don’t look too good, nor talk too wise: If you can dream and not make dreams your master; If you can think and not make thoughts your aim; If you can meet with Triumph and Disaster And treat those two imposters just the same; If you can bear to hear the truth you’ve spoken Twisted by knaves to make a trap for fools, Or watch the things you gave your life to broken, And stoop and build’ em up with worn-out tools: If you can make one heap of all your winnings And risk it on one turn of pitch-and-toss. And lose, and start again at your beginnings And never breathe a word about your loss; If you can force your heart and nerve and sinew To serve your turn long after they are gon
အကယ်၍ အကယ်၍  မင်းအသိုင်းအဝိုင်း တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့  ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်တယ်ဆိုရင်...။ အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့ မင်းကို မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်...။ အကယ်၍ စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်...။ ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုံ့ပြန်ဘူးဆိုရင်...။ ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်း၀န်း မုန်းတီးတဲ့အခါ မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင်...။ အကယ်၍ စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် ပြီးတော့၊ အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်…။ အကယ်၍ အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ တူညီသော လောကဓံတရားတွေပါလား ရယ်လို့ ခံယူနိုင်မယ်ဆိုရင်...။ အကယ်၍ မင်းရဲ့ အမှန်စကားတွေကို လူလိမ် လူညာတွေက လှည့်စား ပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ မင်းဟာ... တည်ငြိမ်စ
ပြည်ထောင်စုသမ္မတ အသေကောင်နိုင်ငံတော် အဆိပ်ပန်း ဘယ်နှစ်ပွင့်စိုက်ခဲ့ပါသနည်း အများဆုံးလူ အဆင့်တစ် ဘဘကြီးသည်  နိုင်ငံကို ကယ်တင်ခဲ့ပါ၏ ငါနဲ့မတူ ငါ့ရန်သူ မြဲအောင်စွဲမှတ်ကြ အရောင်မတူ နေရပ်မတူ  ပြောစကားမတူရင် အကုန်သတ်ကြ စကြဝဠာဆိုတာ ငါတို့ ပိုင်ဖို့ဟေ့။ ငါတို့လူမျိုးအတွက် ငါတို့တိုက်မယ် မာစီးဒီးပေါ်ကနေ ကြေညာသွားတဲ့  သူ့မိန့်ခွန်းကို လက်ခုပ်တီးနေကြလေရဲ့ ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို  နေလာတာရဲ့နောက်မှာ ဒုက္ခဆိုတာ ဒါလောက်ပဲလားဟေ့ ငါတို့ မေးရဲခဲ့တယ်။ ရဲဘော်တို့ ဒီနေ့ဟာ ပြည်ထောင်စုသမ္မတ အသေကောင်နိုင်ငံတော်ရဲ့ အသားထဲက လောက်ထွက်ခြင်း အထိမ်းအမှတ် အစုတ်အပြတ်အားလုံးကို ကုန်းပြီးလျက်ကြစို့ အသားကိုမြို အချိုကိုစို့ပြီး ဒီမြေနေ ဒီလူတွေကိုပဲ တမလွန်ကို ပို့နေကြတဲ့ အဘတို့ ကျည်ဆံတွေကတောင် ပုပ်ဟောင်ဟောင် အနံ့  တော်တော်နံနေပြီ ဝေါ့……။ ရွှေတွေ အပြည့်ဆင်ပြီး  မျက်ကွင်းချောင်ချောင် ပလ္လင်ပေါ်မယ် ငိုက်သယောင်ယောင် အချောင်နေ အကြေအမွလောက်စားရလည်း  စားမယ်ဆိုသူတွေကတော့ အခုထိ ရွှေလည်ဆွဲတွေ ဆွဲပြီး လေတော်လှန်ရေးတွေ  အားရပါးရ ဝင်ရေးနေပြီ။ သုဘရာဇာတို့ ဒီနေ့ဟာ... ငါတို့နိုင်ငံကြီးတစ်ခုလုံး အသုဘချရတော့မယ် လောက်စားနေတဲ့ တရားဓ
မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ဦး - ၂ မင်းနဲ့ ကိုယ်က ပြောင်းပြန်ဖြစ်နေတယ် "ဆေးလိပ်တွေ သောက်တာလျှော့ပါလို့" ကိုယ်ကမင်းကို ပြန်ပြီးသတိပေးနေရတယ် ဦးဘညွှန့်ရဲ့ ချစ်ဒုက္ခဆိုတာကို ကိုယ်လက်တွေ့ကြုံနေရပြီ ဆောင်းရာသီတောင် ရောက်လာပြီ မင်းလည်း ကိုယ့်ဘဝထဲ ရောက်လာခဲ့ပြီ "နေမဝင်အင်ပါယာ"ဆိုတဲ့အဓိပ္ပာယ်ကို ကိုယ်သေချာမသိဘူး  သို့သော် "နေမဝင်အင်ပါယာ"ကို ကိုယ်လိုချင်တယ် သို့သော်  မင်းရဲ့ပါးချိုင့်နဲ့ ပြိုင်ရွေးခိုင်းရင် အဲ့ဒီ "နေမဝင်အင်ပါယာ" ကို  ကိုယ်ခါးခါးသီးသီး ငြင်းပစ်မယ် အချစ်ဆိုတာ  ခမ်းနားမှုတွေမလိုဘူး မင်းရဲ့ယောကျ်ားသံကြီးနဲ့ ရယ်သံကသာ ကိုယ်ရဲ့အဖိုးမဖြတ်နိုင်တဲ့ကျောက်မျက်ရတနာ ကျွန်တော်
မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ဦး - ၁ BTSကိုမကြိုက်ဘူး မာဒုံဆော့ဆိုတဲ့ ဘဲကြီးကိုပဲ ကြိုက်တယ်တဲ့ နူးညံ့တာဆို မလိုချင်ဘူး ရဲရင့်သန်မာချင်တယ်တဲ့ မင်းကိုစတွေ့တဲ့ နွေခေါင်ခေါင် မေလကို ကိုယ်ချစ်တယ် ကိုယ်ကဆံပင်ရှည်ပါတယ် မင်းလည်းဆံပင်ရှည်ပါတယ် ကိုယ်ထက်ခေါင်းတစ်လုံးပိုပြီး အရပ်ရှည်ပြန်တယ် ဒီမှာခင်ပျိုရေ... မင်းရဲ့ "ကိုယ်က ယောကျ်ားလေးတွေဆို စိတ်မဝင်စားဘူး" ဆိုတဲ့ စကားအောက်မှာ ကိုယ်အလဲလဲ အပြိုပြိုကျရှုံးခဲ့တာပါ ကိုယ်ကျရှုံးခဲ့တာပါ ကျွန်တော်
ဘယ်သူသိမှာလဲ အခုချိန်မှာ လူတစ်ယောက် သူ့ကိုသူ suicide လုပ်သွားတယ်ဆို ဘယ်သူသိမှာလဲ။ အချိန်တန်လို့ သတင်းတက်လာရင်  sad react ပေးတာထက် ဘာများပိုခံစားကြဦးမှာလဲ။ ​ညကြီးအချိန်မတော် ပေတရာပေါ်က  သွေးတွေ ဆေးချနေတယ်ဆိုရင်ရော ဘယ်သူသိမှာလဲ။ ကျဆုံးစာရင်းထဲ နာမည်တောင်မပါလာဘဲ တိတ်တဆိတ် ထွက်သွားသူတွေကိုရော ဘယ်သူသိမှာလဲ။ မင်းစိတ်ကို  မင်း ညာနေတယ်ဆိုရင်ရော  ဘယ်သူသိမှာလဲ။ ဘယ်သူမှမသိပေမယ့် မင်းကိုယ်တိုင်ရော   လိပ်ပြာလုံလို့လား။        ။ ThaeNu
အရှေ့ဘက်စစ်မျက်နှာ ကတုတ်ကျင်းထဲမှာ စိတ်ကူးယဉ်ခွင့်မရှိ ရွက်တိုင်ထိပ်မှာ အရိုးခေါင်းပုံ အလံလွှင့်ထားရင် ပင်လယ်ဓားပြပဲ တချို့က အမှန်တရားကို အလောင်းဖျောက်ပစ်တယ် တချို့က သစ္စာတရားကို အလောင်းပြန်ဖော်တယ် ဘိန်းစားတစ်ယောက်မှာတောင် မျှော်လင့်ချက်ရှိသေးတာပဲ ကိုယ့်တိုင်းပြည် မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက် ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား မီးသတ်ကားတစ်စင်း ဖြစ်ချင်ပါတယ် ကိုယ့်ဘဝနဲ့ကိုယ်  သစ်ရွက်တွေကြွေနေပါတယ် ခရီးတစ်ခုရဲ့အကြောင်း သံလမ်းများက ပြောပြပါလိမ့်မယ်။ ကြည်ဇော်အေး 8 July 21 Respect & Credit to Poet Kyi Zaw Aye 
ကျောင်းသား အတ္ထုပ္ပတ္တိ ခေတ်လွတ်လပ်မှ  ကျောင်းသားလွတ်လပ်မယ် အရွယ်နဲ့မလိုက်အောင်တွေး "ကျောင်းသားအရေး" ဆိုတာ မင်းမှာ မရှိခဲ့ပါဘူး။ ဘုရားခေတ်မှာဆိုရင် ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ် ဒါပေမယ့် ... အမှောင်ခေတ်မှာတော့ အာဏာရှင်ကို ဖီဆန်တယ် ညီလေးရယ် မင်းသိပ်မှန်တယ်။ တာရာမင်းဝေ - ၁၉၈၈  Respect & Credit to Poet TarYarMinWai  
ပုံစံ ( ၃ ) နိုင်ငံတော်ဟာ သခင်တွေအတွက် မဟုတ်ဘူး ပြေးသုံးပြေး ဦးစွာ လူသတ် လူသေ မုဒိန်း ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကင်းမဲ့ဇုန်သာဖြစ်တယ်  ညှီနံ့တထောင်းထောင်း မနက်စာ နို့ဆန်ပြုတ်ကိုကြည့်ရင်း မော်စီတုန်းအကြောင်း တွေးမိတော့  ကျွန်ပါးဝမှုဟာ နားရင်းဖြတ်ရိုက်သွားတယ် ငါဟာ ဇာတ်ပြုတ်သူ မီးထိုးသမား  တော်ပြီ... ညက ဆယ်နာရီ ခေါင်းချအိပ်ချိန်  အိပ်နေလျက် နိုးပါတော့မည်။         ။ ခွဲထွက်
ကျပျောက်သွားတဲ့နွေ ပေတရာထက်က ခြောက်ခမ်းသွေးစက်တွေ ခေါင်းတလားဘေးက ငိုကြွေးသံတချို့ မချိတင်ကဲ တောက်ခေါက် ရေရွတ်သံ။ အိမ်မက်တွေ ကျပျောက်သွားတဲ့  လူငယ်တချို့နဲ့  ဒီနွေ နေ့ရက်တွေက  ပူလောင်လွန်းလှ။ တနေ့တခြား လျော့ပါးလာတဲ့  ငါတို့အားလုံးရဲ့လွတ်လပ်ခွင့်။ တနေ့တခြား ခမ်းခြောက်လာတဲ့  ဆိတ်သုဥ်း လူ့အခွင့်အရေး။ သြော်... ဖေဖ၀ါရီရဲ့ နေ့စွဲလေးတစ်ရက်ပါပဲ ငါတို့အားလုံးမှာတော့ ကိုယ်စီကြေကွဲ။ Soe 🖤
အပြင်းဖျားခြင်း စစ် ရှုံးပြီ ငါ့ကို မိုင်းကွင်းထဲ မထားခဲ့ပါနဲ့ သံတွေ ခဲတွေ မြုံထားပြီး သတ္ထု ပွင့်ချပ် ရဲ့နှုတ်ခမ်းမှာ အသံအက်အက်ကလေးတောင် ပူပြင်း အငွေ့ပျံ ငါ့ သီချင်းကို အပ်နှံလိုက်ပါပြီ တွေဝေခဲ့ တွန့်ဆုတ်ခဲ့ ရှုပ်ယှက်ခပ်နေတဲ့ ဓါတ်ကြိုးတွေနဲ့ အာရုံငါးပါး အလင်းဓါတ်ပွင့်ခဲ့ အသက်ရှူမှုတစ်ခုမှ နောက်တစ်ခုပေါ်ဆင့်လို့ လူမှုထွက်ပေါက်တစ်ခုရဲ့ အစွန်းပေါ် တက်ထိုင်မိကြ ပတ်သက်လို့ မဝနိုင်တော့ဘူး။ ရုပ်ရှင်ကို တခြမ်းပဲကြည့်မယ် ငါ့ကိုလည်း တဝက်ပဲ ဝယ်ပါ ဖြတ်ပြီးသားလက်မှတ်ပေါ် မှိန်ထားတဲ့ တောက်စားမှုဟာ ဆလိုက်မထိုးတဲ့ ရုပ်ရှင်။          ။ ခက်သီ Respect & Credit to Poet Khet Thi 
Image
  လူ့လောကထဲကို  ခဲရာခဲဆစ် ရောက်လာခဲ့ကြတယ် လူတွေအကြောင်း  ဘာမှမသိသေးဘူး လူ့လောကထဲကနေ လွယ်လွယ်လေး ပြန်ထွက်သွားကြရတဲ့  သူတွေ ငါတို့နိုင်ငံမှာ အများကြီးရှိတယ် ThaeNu                                    
ကွယ်လွန်သွားသူများ သို့ ငါ  မြူတွေ ဆိုင်းနေတာပဲ အရင်လို မြင်တော့မယ် ငါ့ကဗျာထဲ ငါပြန်နေတော့မယ် နေဟာ လုံးတယ်လို့ ကဗျာထဲကပဲ ပြောတော့မယ် ကဗျာထဲမှာလဲ ကျည်ဆံတွေ ထိပါတယ်။ မိုးဝေး Respect & Credit to Poet Moe Way
ပြဿနာ ဒီလိုပါဘဲ စောက်ပြဿနာတွေဆိုတာ  လူတိုင်းရဲ့နေ့စဥ်ဘဝမှာ  ရှိခဲ့တယ်  ရှိနေမြဲ  ရှိဦးမှာ လူမကြပ်တဲ့ ဘတ်(စ်)ကားကိုမမှီလိုက်ဘူး တံခါးကြားထဲလက်ညပ်တယ် ဝယ်စားလိုက်တဲ့ အစားအစာထဲမှာ ဆံပင်မွှေးတွေပါတယ် အလုပ်နောက်ကျရတဲ့အထဲ  ကား​လမ်းပိတ်နေတယ် ကော်ဖီကိုရိုးရိုးရေနဲ့ဖျော်မိတယ် ပြတ်သွားတဲ့ဖိနပ်က  ဝယ်ထားတာမကြာသေးဘူး အိမ်ဌါးခ ဆိုင်ခန်းခ လစဥ်ကြေးတွေကြောင့် ဝင်ငွေထွက်ငွေမမျှတဘူး ကြိုးစားသလောက်အရာမထင်ဘူး။ ပြီးတော့... ကိုယ်အရမ်းချစ်ရတဲ့ သူတစ်ယောက်က ကိုယ့်ကို ပြန်မချစ်နိုင်ဘူး။             ။ ကျွန်တော်
အိပ်မက်လွယ်၍ အိမ်မှပြေးခဲ့သည် ကင်းချိန်တွေ  ရန်သူစခန်းဘက် ခေါင်းပေးအိပ်တဲ့အခါ စေတီရှိရာ ခြေထောက်ပေးမိ၍ ငရဲကြီးမကြီး မသိချင်တော့။ အမှောင်ဟာ ကျွန်တော့်အတွက်ဘုရားသခင် အိပ်မောကျချိန် တိုးဝင်လာတဲ့အလင်းစနဲ့ ခရာတွတ်သံတွေကိုတော့ စိတ်ကုန်တာကြာပြီ။  ချစ်ခြင်းမေတ္တာလက်ကိုင်ထား နေထွက်ရာကို ကျောပေးရင်း ငြိမ်းချမ်းရေးရှိရာ မျက်နှာမူတဲ့အခါ ကျော အထက်က  ငါးတောင့်ထိုး လက်လုပ်တူးမီးသေနတ်ကို မမြင်အောင် ဖွက်ထားရတယ်။  ငါ့ဘေးနားက ရဲဘော်က ဂစ်တာအိုလေး ခေါက်ရင်း  အိမ်ပြေးသီချင်းတွေ ထထညည်းတယ်။  အမြင်မကြည်တဲ့ မိုးဝဿာန်က လက်နက်ကြီးပေါက်ကွဲသံနဲ့  အန်တုပြီး သံယောင်လိုက်တဲ့အခါ  တောင်တွေဟာ မိတကွဲဖတကွဲ ကလေးငယ်ပမာ လဲပြိုကျ။  မှောက်တတ် ခြောက်တတ် ပျောက်တတ် တဲ့  တောတွေက သားကို  ခင်တွယ်လာတဲ့အခါ လီဗာ တဗြင်းဗြင်းပုတ်ပြီး သဝေထိုးခဲ့တဲ့ ရပ်ကွက်လမ်းတွေက သား ပြန်အလာကို မေ့သွားပြီ မေမေ...။  တစ်ခါတစ်ခါ ကျည်ဆန်မိုးတွေ သည်းလာပြီဆို ကချင်ပုဆိုးနဲ့ လှမ်းအုပ်လည်းမလုံခြုံတော့ သူတို့တော်လှန်ရေးက ဂျမ်း ခဏခဏဖြစ်တဲ့ ငါ့သေနတ်လို ဖွတ်ခနဲ အသံထွက်  အငွေ့ပျံပြီး ပျောက်ပျောက်သွားတတ်တယ်။  ဒါပေမယ့်  အခုထိ ဆက်ပြေးနေတုန်း  မက်ခွင့်တောင်မရှိတဲ့ အိပ်မက်
ငါ ဘယ်သူလဲ   ငါဘယ်သူလဲ ဆိုတာ သိရဖို့ သေချာတဲ့ အကြောင်းအရာတစ်ခု  ရှိဖို့ လိုအပ်တယ်...။ ငါ ဘယ်သူလဲ အမိဝမ်းထဲက ထွက်လာကတည်းက လောကကြီးကို ငိုသံတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တယ်...။ မျက်လုံးကလေး တစ်စုံကို သတ္တိတွေမွေးလို့ ဖွင့်ပြီးချိန် ငါလိုအပ်နေတာ အာဟာရဓာတ်တစ်ခု အမေက နို့ချိုတိုက်လို့  ငါ့မှာ  စစ်ပွဲတစ်ပွဲ အနိုင်ရဘိကဲ့သို့ ပီတိဖြစ်ကာ နို့စို့နေခဲ့...။ ငါ ဘယ်သူလဲ အရွယ်ရောက်လာပြီ လူ့လောက ကျင့်ဝတ်တွေ သင်ယူလေ့လာပြီး  တလွဲပညာရေးကို သင်ယူခဲ့...။ အဲ့အချိန်ဝယ် အာဏာရူးက တိုင်းပြည်ကို ခွေးကျင့်ခွေးကြံ သိမ်းခဲ့ ငါ့မှာ  အိမ်အလှချိတ်ဖို့  ဘွဲ့ဓာတ်ပုံတစ်ခုထက် တိုင်းပြည်ပြန်အေးချမ်းဖို့ စိတ်တွေရောက်နေခဲ့...။ ငါ ဘယ်သူလဲ ငါ တောထွက်ခဲ့တယ် အမေ့ကိုလည်း နှုတ်ဆက်ခဲ့တယ် နှောင်ကြိုးတွေကိုလည်း တောင်းပန်ခဲ့တယ် ချစ်ရတဲ့သူကိုလည်း စွန့်လွှတ်ခဲ့တယ် အခုချိန် ငါ သေနတ်တစ်လက်နဲ့ ကျောပိုးအိတ်ထဲ အလွမ်းတွေသယ်ပြီး တိုက်ပွဲတွေ ဆက်ခဲ့တယ်...။ ငါဘယ်သူလဲဆိုတာ အခုထိ ဝေဝါး တွေဝေနေတုန်း အချိန်တွေဟာ ငါ့ကိုဖြတ်သန်းသွား ဆောင်းဝင်လာလေပြီ အလွမ်းတွေ ပိုလာသည် အိမ်ကို တမ်းတလာပြီ အိပ်မက်ထဲလည်း  အမေ့ကို လွမ်းဆွေးရ  ညနေတိုင်းလည်း သီချင်းဆိုညည်း...။ ငါ ဘ