Get link Facebook X Pinterest Email Other Apps April 30, 2022 Get Up! Stand Up! Stand Up for your rights! Get Up! Stand Up! Don't Give up the fight! Bob Marley Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 ကမ်းလက်များ Feeling တွေနဲ့ ကျွတ်ကြဲ Emoji တွေနဲ့ လမ်းဆုံးမယ့်အစား ရပိုင်ခွင့် အတူ ပေးဆပ်ခြင်း ခြားနား အသက်လည်း ပဏာမ မထားတဲ့ ရှေ့တန်းကလူကို ငါတို့ကူကြပါစို့ မိုးစက်မိုးပေါက် တစ်ပေါက်ကျငြား မြစ်နားချောင်းအိုင် ပြည့်လျှံမြိုင်သလို တစ်ဦးက စ ရာထောင်များစွာ သင်သာပါလျှင် အားခွန်တစ်ရပ် လာပါ ရပ်မနေနဲ့ ငါတို့ အောင်ပွဲအတွက် ကမ်းလက်တွေ ဆက်ကြရအောင်။ ။ Aung Kyaw Soe Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 ဆေးရောင်လှလှ ခြယ်သကြရအောင် ပျော်ရွှင်ခြင်းတွေ ပြန်အဖတ်ဆယ်ဖို့ ညှင်းသိုးသိုး နေ့ရက်တွေထဲ ရှင်သန်နေတယ် ဆိုရုံလေးပဲ အပိုမရတဲ့ လက်တံတွေ ထပ်တဲ့အထိ မပြီးဆုံးနိူင်တဲ့ ပင့်ကူအိမ်ထဲ တဝဲလည်လည် နဲ့ နာကျဉ်းခြင်းတွေ အတွက် ငါ ပေးဆပ်နေမိတယ် အရှုံးအမြတ် ... တကယ်မတွက်ချင်တော့ဘူး အဆုံးသတ် ငိုကြွေးခြင်းတွေ တကယ်တိတ်ဖို့ အတွက် အိပ်ခွင့် မရတော့တဲ့ ကြယ်တွေ လင်းလက်နေတုန်း ဗလောင်ဆူဆူ နဲ့ အိမ်အပြန်လမ်း မျှော်မှန်းနေကြတဲ့ သူတွေရှိတုန်း ဝမ်းရေးအတွက် တကယ်ခဲခက် ရုန်းထွက်ခဲ့ကြသူတွေရှိတုန်း သူတို့အတွက် ငါတို့အနာဂတ်အတွက် နောင်မျိုးဆက်သစ်တို့ အတွက် ရုပ်ပုံကားချပ်ကြီး ရှိလို့နေတယ် လှပအသက်ဝင် ရှင်သန်စေဖို့ ငါတို့ အတူတကွ..... ဆေးရောင်လှလှ ချယ်သကြပါစို့။ ။ Aung Kyaw Soe Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 တရားရေစင် သွေးမြေကို အတာရေနဲ့ ဖြန်းမလား သကာအတုထဲမှာ တရားမျှတမှုမရှိဘူး လွတ်လပ်ခြင်းမရှိဘူး တရားရေစင်ဟာ တော်လှန်ခြင်းမှာပဲ ပျော်ဝင်တယ် စနစ်ကို လောင်းဖြိုဖို့ သွေးကို သွေးနဲ့ပဲ ဆေးကြစို့ San Zuren 🌸 Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 တော်လှန်ရေးသမား ဒဏ်ရာဗရပွနဲ့ အသက်မဲ့ခန္ဓာကိုယ်ပမာ မလှုပ်မယှက်ငြိမ်လျက်သား မေးခွန်းသံတွေ ထပ်တလဲလဲကြားက ငါထပ်ဖြေမိပြန်တယ် မင်းကဘာကောင်လဲ.... နာကျင်မှုတွေကို အံတုတင်းခံရင်း ခေါင်းကိုမော့ မျက်နှာကိုစေ့စေ့ကြည့်ပြီး ငါထပ်ဖြေမိပြန်တယ် ငါကတော်လှန်ရေးသမား.... ခန္ဓာကိုယ်အနှံ့ ကျရောက်လာမယ့် နာကျင်မှုတွေကိုလည်း ငါမကြောက်တော့ဘူး ဒါအမှန်တရားပဲ.... ငါတို့ဟာ မုဆိုးရှေ့ ပြားပြားဝပ် တုန်နေအောင် ကြောက်မယ့် ယုန်သူငယ်မဟုတ်ဘူး အမှန်တရားအတွက် အသက်ကို လောင်းကြေးထပ် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတွေကွ! ThaeNu Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 ခြေလှမ်း မည်၍မည်မျှ မှောင်မိုက်နေသော်ငြား ဓူဝံကြယ်ဟူသည် မှေးမှိန်ရိုးထုံးစံမရှိ ပိုမှောင်မိုက်လာလေ ပိုတောက်ပလေ အမှောင်ခွင်းမယ့် အလင်းတန်းငယ် ရောင်နီသာတဲ့ နေ့သစ်ရောက်ဖို့ အမှောင်ယံညကို ဖြတ်သန်းနေဆဲ ဘယ်မလဲ 'အားအင်'လို့ မေးလာရင်တော့ ရှိပါတယ်..... ဒါပေမယ့် ခင်ဗျားမြင်နိုင်မှာမဟုတ်ဘူး မီးတိုင်မရှိတဲ့ ပေတရာထက်မှာ မီးအိမ်ငယ်တစ်လုံး လက်ကဆွဲလို့ ရှေ့ဆက်လျှောက်မယ့် ခယောင်းလမ်း ဆူးများသော်လည်း ငါမမှုချေ... ဘယ်တွင်မီးအိမ် ညာတွင်ဓားတစ်လက် ဟော..ဟိုရှေ့မှာ ရွှေအိုရောင်နေ့ရက် ဓူဝံကြယ်ခြေလှမ်း မအေးချမ်း သော် ထက်မြက်ရဲရင့်လှပေစွ။ ။ ThaeNu Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 'ငါ' ဘယ်မှာလဲ ငါဟာ ငါမဟုတ်တဲ့ ငါ ငါ့ဆီကနေ ငါထွက်ပြေးသွားတာ ငါတော်တော်ကြာခဲ့ပြီ ငါဟာ ငါမဟုတ်တဲ့ ငါဆီမှာ ငါခိုလှုံနေတာများပြီ ငါ့ကိုယ်ငါ ငါပြန်ရှာနေရင်း ငါချာလပတ်လည်နေတယ် ငါ...ဘယ်မှာလဲ။ ။ San Zuren 🌸 Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 ပေးဆပ်သူ သစ်ပင်ဟာ အရိပ်မခိုဘူး အရိပ်ပေးတယ် တိမ်တွေဟာ မိုးမမျှော်ဘူး မိုးရွာပေးတယ် မုန်တိုင်းဟာ လေဟုန်မစီးဘူး လေတိုက်ပေးတယ် မြစ်တွေက လှေမစီးဘူး ရေစီးပေးတယ် သူရဲကောင်းတွေက အခွင့်အရေးမယူဘူး အခွင့်အလမ်းတွေ ဖန်တီးပေးတယ်။ ။ San Zuren 🌸 Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 ဒီ ပွဲ ပြီးရင် တစ်နေ့ ကျရင်ပေါ့ ဝင်သက်ကို တမုန်းရှိုက် ပြီး မျက်စိစုံမှိတ် အံမကြိတ်ပဲ အသက်ဆက်ဦးမယ် အဲ့ဒီအခါ သိပ်လှခဲ့တဲ့ ပန်းကလေးတွေအကြောင်း ကောက်ကွေ့လွန်းတဲ့ မြစ်တွေအကြောင်း ရက်စက်လွန်းတဲ့ မြေခွေးအိုအကြောင်း သိပ်ရဲရင့်တဲ့ အိပ်တန်းပြန် ငှက်ကလေးတို့အကြောင်း တပွေ့တပိုက် ဖွင့်ဟချင်သေးရဲ့ မွန်းကြပ်ခဲ့သမျှ အတိုးချရင်း ဟိုး...တောင်တန်းအရှေ့ က စကားမပီကလာ လူရိုးကြီးတွေကြား ဟာသ နှောရင်း ထွက်သက်ကို စွန့်မယ့်.... ရင်ဘတ်ချင်း ညီခဲ့တဲ့ ကြယ်ကလေးတွေနဲ့ အတူပေါ့။ ။ Zaby Sandy 9.1.2022 Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 နှောင်ကြိုးမဲ့ ကဗျာ ခံယူချက်တစ်ခုတည်းနဲ့ ရဲရဲရင့်ရင့်ထွက်ပြခဲ့ပြီ နောက်ပြန်ကြည့်ရင် ထပ်တွယ်ငြိမယ့် နှောင်ကြိုးတချို့ကို မျက်ကွယ်ပြု တရားသော အမှုအတွက် ရှေ့ဆက်မယ့် လမ်းတွေရေ.... ကြမ်းတမ်းမှာလား ခက်ထန်နေပါစေ ယုံကြည်ရာ သစ္စာပန်းပွင့်ခါမှ ပြုံးလင့်ပါ နှောင်ကြိုးရေ။ ။ Zaby Sandy Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 ခမ်းနားစွာသေဆုံးခြင်း မတရားမူတွေဖြစ်နေပြီ ရက်စက်ခြင်းတွေအပြည့်နဲ့ပေါ့ နေနိုင်သူတွေကတော့ အပျော်မပျက် အရွှင်မပျက် မနေနိုင်သူတွေကတော့ လက်သီးတွေဆုပ် အံ့တွေကြိတ်လို့။ တချို့တွေ မြို့ပေါ်မှာ ကလပ်သွားချိန် တချို့က တောထဲမှာ သေနတ်တကားကားနဲ့ ဒုက္ခတွေနဲ့ မိဝေးဖဝေး တချို့က မြို့ပေါ်မှာ တော်လှန်တာ လူမသိသူမသိ တချို့က တိုက်ပေါ်ကခုန်ချပေမဲ့ ဂုဏ်သတင်းကတော့ ကောင်းကင်ပေါ်မှာ တချို့က ရင်ဘတ်ကိုသေနတ်မှန်ပေမဲ့ နာမည်တွေက မသေသေးဘူး တချို့က ဗုံးစတွေမှန်ပြီး ခေါင်းတခြမ်းပဲ့လို့ နှလုံးသားတွေ လတ်ဆတ်နေလိုက်ကြတာ လူစိတ်ရှိတဲ့သူတွေများ သူရဲကောင်းဆန်လိုက်ကြတာ မွေးဖွားခြင်းပြီးရင် သေဆုံးရမှာ သူတို့သိတယ် သို့သော် ခမ်းနားစွာသေဆုံးခြင်းက သူတို့အတွက်။ ။ စစ်ချိုချို 30 Apr 22 Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 လွမ်းဆွတ်ခြင်းစာမျက်နှာများ ကဗျာဆရာတွေများ..... စကားလုံးတွေ အကုန်သုံးပစ်လိုက်ကြတာဆိုတာ ငါ့ခံစားချက်ကိုဖော်ပြဖို့ စကားလုံးတောင်မကျန်ခဲ့တော့ စာမဲ့ကဗျာများလည်း ထင်ရှားအမှန်ရှိခဲ့ပြီ ချစ်ရသူတွေမရှိတော့ရင်..... ဘဝဆိုတာ ဗလာသက်သက်ထက်မပိုခဲ့ပြီ မကုန်ဆုံးနိုင်ခဲ့တဲ့နွေဦးက နှင်းမှုန်မြူခိုးလေးတွေ မြင်ရဖို့ခက်နေရှာတယ် လူတွေကလည်း သောကမီးတွေနဲ့ မနောစိတ်နှလုံး ရွှင်ပြုံးစရာမရှိခဲ့ကြ မလှမပ လက်ရေးလေးနဲ့ ဒီလက်ရေးမူ သူမြင်ပါစေလေ..... ဖော်ပြတတ်ဖို့ခက်ပါပေ ဤခံစားချက်တွေ အလွမ်းနဲ့ဖြည့်ထားသောစာမျက်နှာတွေ ဤနွေဦးလည်း လှပစွာပဲ ဆုံးနိုင်ပါစေ။ ။ Tommy Read more
Get link Facebook X Pinterest Email Other Apps April 30, 2022 ရင်ကွဲလွင်ပြင် လွမ်းစရာ ကောင်းတဲ့ခေတ်ကို သေနတ်နဲ့ ပစ်ခဲ့ကြတယ် မြို့တစ်မြို့ကို ဖြတ်တိုင်း ကျန်ခဲ့တဲ့ မြို့တစ်မြို့ဆီက အော်သံတွေကို ပြန်ကြားယူနေရတယ် တစ္ဆေတွေ နဲ့ နေရောင်ခြည်ကို အပြိုင်လုနေရတယ် ဒဏ်ရာရနေသူတွေလည်း အံကြိတ်ပီး ရှေ့ဆက်နေခဲ့ကြတယ် ဘယ်အာရုံတွေ ဖွင့်ထားရမလဲ ဘယ်အာရုံတွေကို ပိတ်ပစ်ရမလဲ နှင်းစက်ခါးခါးတွေထဲ ရည်ရွယ်ချက်ရှိရှိ အဆိပ်ခပ်ထားတယ် ငါ ကိုယ်တိုင်လည်း... အဆိပ်တွေမိနေတယ် မုန်တိုင်းတစ်ခုဆီကို ရောက်တိုင်း ကျန်ရစ်ခဲ့တဲ့ မုန်တိုင်းဆီက မချိမဆန့်မျက်နှာတွေ ပြန်မြင်ယောင်နေမိတယ် အလောင်းတွေ ပြန်သယ်ခွင့်မရသလို စပါးစိုက်ခင်းတွေလည်း ရိတ်သိမ်းခွင့်မရ ပြည်သူတွေလည်း အိုးအိမ်မဲ့ရတယ် နှလုံးသားနဲ့ နာကျည်းကြရဦးမယ် အသက်တွေနဲ့ ရင်းကြရဦးမယ် ဪ! 'ရင်ကွဲစရာလွင်ပြင်များတဲ့' လား San Zuren 🌸 Read more
Get link Facebook X Pinterest Email Other Apps April 29, 2022 ဆုတောင်းကဗျာ မှောင်မိုက်မိုက်ညနက်ထဲ လရောင်အလင်းကိုသာ အားပြုလမ်းလျှောက်လာရင်း ပုခုံးချင်းတိုက်မိလို့လှည့်ကြည့်လိုက်တော့ ဖုန်တွေတက်နေတဲ့အိပ်မက်နဲ့ အနာဂတ်တွေဖြစ်နေတယ် ဗုဒ္ဓရဲ့နောက်ဆုံးခံတပ်လို့ ခေါ်ဝေါ်ကြတဲ့ ဒီနိုင်ငံမှာ အဓမ္မဟာ အမြဲတမ်းကြီးထွားလာတတ်တယ် ဒါတို့ပြည် ဒါတို့မြေ လို့ခေါ်တဲ့နိုင်ငံကလည်း မုန်းချင်စရာကောင်းလိုက်တာ သက်တမ်းတစ်ဝက်လောက်က သံတိုင်တွေကြားထဲ အရစ်ပြုံးသွားတဲ့ လူတစ်ချို့တွေရယ် အခုချိန်ထိအိမ်ကအိပ်ရာခင်းမှာ ကျောကောင်းကောင်းမခင်းရသေးတဲ့ အိမ်ကိုစွန့်ခွာနေရဆဲ ဒုက္ခသည်တွေရယ် ခံယူချက် ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့ တောထဲတောင်ထဲရောက်နေတဲ့ လူငယ်တစ်ချို့တွေရယ် တရားဓမ္မတွေထွန်းကားတာလည်း ဒီနိုင်ငံ ဒိဠိတွေမျိုးပွားလာတတ်တာလည်းဒီနိုင်ငံ အာဇာနည်သူရဲကောင်းတွေများတာလည်းဒီနိုင်ငံ တစ်ကိုယ်ကောင်းသမားတွေများတာလည်းဒီနိုင်ငံ ဒီရေ ဒီမြေပေါ်မှာ ဒီမိစ္ဆာတွေကို တိုက်ထုတ်ရတာ ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ပါစေ ပန်းရနံ့တွေနဲ့အမြဲမွှေးကြိုင်ပါစေ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေဆိုတဲ့ စကားနဲ့အညီ တရားခြင်းတွေနဲ့အတူ ငြိမ်းချမ်းလာပါတော့ ချစ်သောမြန်မာပြည်...။ ။ Z... Read more
Get link Facebook X Pinterest Email Other Apps April 29, 2022 တိတ်ဆိတ်သော ည အသံမရှိသော်လည်း ငိုနေကြသူ များပါတယ် ငါဒဏ်ရာ သူ့ထက်နာတယ် မပြောလိုတော့ မြိုသိပ်လိုက်တယ် မျက်ရည်မကျသော ငိုကြွေးခြင်း ခပ်ပြင်းပြင်းလေး... ကိုယ့်ခေါင်းကိုယ်တစ်ချက်လောက်ရိုက်ကြည့် အသိသတိ ပြန်ကပ်ကာ လက်ရှိကမ္ဘာ ပြန်ရောက်ကြည့်လိုက်ရင် ကဗျာသိပ်မဆန်တော့တာ ငါဟာ ဝမ်းနည်းစွာပဲ ကြည့်လိုက်ရင်း စာရွှက်နဲ့ ဘောပင် သိမ်းလိုက်ကာ ပြန်ဖို့သာဟန်ပြင် ဪ မေ့သွားတယ် အိမ်ကဖြင့် ပြာဖြစ်လို့ ဘယ်ဆီမှ ပြန်စရာမရှိတော့လေသကိုး တချို့က မိဘကိုဆုံးရ တချို့က သားသမီး မြေးများဆုံးရ ငါတစ်ကောင်ကြွက်ဘဝ ဆုံးစရာမရှိတာ ဝမ်းသာရမလား ကြွားစရာလား မစဉ်းစားတတ်ပါပေ စခန်းပြင်မှာ တောက်ပြောင်သော သေနတ်လေးတွေကိုယ်စီနဲ့ အပြန်အလှန်ဟာသပြောရင်း ရယ်နေသူနှစ်ယောက် သူတို့ဘဝ ဘယ်လောက်စောက်ဒုက္ခတွေဖြတ်သန်းခဲ့ကြရမလဲ အခုအခိုက်အတန့်မှာများ မေ့ထားနိုင်ကြတယ် ငါလည်းပဲ ဒီခွန်အားတွေ လိုချင်တယ် ပေးသနားပါ နတ်သိကြားများရယ် တစ်နေရာရာမှာတော့ ငါ့ကိုစောင့်နေမယ် ငါ့ဆီသူလာမှာပါလို့ ငါကစောင့်နေပါတယ် ဪ! ဒီလူတွေ... အလွမ်းသယ်စရာတွေကြောင့်ပဲ နှစ်ဆ နာကြရသကွယ် တိတ်ဆိတ်သောညမှာ အသံတွေ သိပ်ဆူလှသကွယ်။ ။ Tommy Read more
Get link Facebook X Pinterest Email Other Apps April 29, 2022 အလှည့် ခရီးရှည်ရှည် လေပွေထန်ထန် တိမ်ဆိုင်တွေ မည်းနက်နက် မကြာခင် မိုးသည်းတော့မပေါ့ မုန်တိုင်းက ကြမ်းသမို့ ခေါင်မိုးမပြိုခင် ခေါင်မိုးအရင်ဖာ လေဒဏ်မကြမ်းခင် စိတ်ဓာတ်နဲ့ ကာရံထား ကြာကြာဝါးမည့် 'သွား' ကြံ့ကြံ့ခိုင်ထား မိုးရေတွေလည်းခံထားပါ နှိုးဆော်သံများ ပြတ်သားလာ သံသရာအလှည့်ကျ မနွဲ့စတမ်းမို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါ ဆောင်းမကူးခင် အကြောင်းထူးမှာ အများသတင်းမှာစကား အားတင်းကာထား ပန်းတိုင်ကို လှမ်းနိုင်ပါစေသား။ ။ Matt Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 Respect & Credit to Poet Kyi Mg Tan Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 မျှော်လင့်ခြင်း တံခါးဆိုတာ ခေါက်မှပွင့်သတဲ့ ခေါက်မှပွင့်မယ့် တံခါးအတွက် ဆက်ခေါက်နေဦးမှာပဲ... အိမ်အပြင်မှာတော့ အေးစက်မှောင်မိုက် လမိုက်ညတွေ များခဲ့ပြီ ဒီတံခါးရဲ့အပြင်မှာ ငါဟာ ငုတ်တုတ်...။ ပြီးတော့... တံခါးကြားက အလင်းအချို့ကို ငေးကြည့်ရင်း အနွေးဓာတ်တချို့ကို ကူးယူကာအသက်ဆက် တစ်ခါတရံတော့ ဖျတ်ခနဲပွင့်လာတတ်ပါရဲ့ ထာဝရအတွက် ဘယ်တော့ပွင့်မှာလဲ မရေရာပေမဲ့ ဆက်ခေါက်နေမိဦးမှာပဲ ဒီတံခါးသာ ငါ့မျှော်လင့်ချက် ငါ့အနာဂတ် ငါ့ပျော်ရွှင်မှု ပြီးတော့ ငါ့ရှင်သန်မှု လတ်တလောအတွက်တော့ တံခါးချပ်ခဏတာအလှပ်က အနွေးဓာတ်တချို့နဲ့ပဲ ငါဟာအသက်ဆက် ငါ့ရဲ့တစ်ညတာကို လုံလောက်စေခဲ့ ဆက်ခေါက်နေဦးမယ် ဆက်ခေါက်ရဦးမယ် လှပတဲ့နေ့ရက်သစ်တွေအတွက်။ ။ Spring Mabel May 13 2021 Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 သူ နဲ့ ကိုယ် စိတ်ဝိညာဉ် ညှို့ယူဆွဲ အမြဲတမ်းလည်း မင်းမူ သူသာလျှင် ကိုယ့်အချစ် နေ့ရက်တွေ လွင့်ကြွေ အသစ်ဝေ ချစ်ခြင်း ကြင်နာခြင်း ကြွင်းစေ အလွမ်းများ ကြည်ဖြူ သည်လူကို ပိုင်စိုး လွှမ်းမိုးတဲ့ သူအချစ် ဝေးရက်တွေ ဝေးလည်း စိတ်မှာလေ နီးမြဲ မြတ်နိုးခြင်းကြွင်းစေ။ ။ AK Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 စုတ်ချက် ငါ့သမိုင်းကားချပ် ငါရေးဆွဲနေတယ် ဒီအထဲမှာ ပစ္စုပ္ပန်လည်းပါသလို အနာဂါတ်ဟာလည်း ပုံရိပ်ထင်နေတယ်။ ဆေးစက်ကျရာ အရုပ်ထင်ရမယ်ဆိုရင်တောင် ဘာအရုပ်ရေးမလဲကို ငါကိုယ်တိုင်ဆုံးဖြတ်မယ် အိပ်မက်တွေက စျေးကြီးတယ်။ ဟုတ်တယ် ဒီအိပ်မက်ထဲမယ် သန်းပေါင်းများစွာရဲ့အနာဂါတ်တွေ ဘဝတွေ ပျော်ရွှင်ခြင်းတွေ အဲဒီအတွက် စွန့်လွှတ်ရခြင်းများစွာပေါ့။ ဒီခရီးက နည်းနည်းတော့ကြမ်းမယ် သတိတမံ၊ ဉာဏ်မြေကတုတ်အပြင် အဆာခံနိုင်တဲ့ ဝမ်းခေါင်းလည်းလိုတယ် ပြီးတော့...အနာခံနိုင်မယ့် စိတ်လည်းလိုတယ်။ စကတည်းက တွဲခဲ့ကြတဲ့ လက်တချို့ ပြုတ်ကျခဲ့ပြီလား ကိစ္စမရှိပါဘူး မင်းလမ်းနဲ့မင်း ဆက်လျှောက်လာခဲ့ပါ။ ငါတို့ရဲ့ပန်းတိုင်ကိုတော့ မျက်ခြေမပြတ်စေနဲ့ ငါတို့လျှောက်နေတာ မြေပေါ်မဟုတ်ဘူး ယုံကြည်ခြင်းတွေပေါ်... မကြာခင် ပြန်ဆုံကြမယ် ငါတို့ရဲ့အောင်မြေပေါ်။ ။ Spring Mabel 04 May 2021 Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 ငါသေလေပြီးတဲ့နောက် ဆရာဇော်ဂျီရေးတဲ့ "သင်သေသွားသော်" ကဗျာကောင်းကိုဆက်ရပေါ့ 'ခင်'…။ ငါသေလေပြီးတဲ့နောက် မြေဆီလွှာခြောက်ခြောက် မြေလှိုဏ်ခေါင်းပေါက် ဩဇာဈေးထိပ်သို့ရောက်နေချိန် ရနံ့သစ်ဆန်း နမ်းမိတဲ့ပန်း ခေါင်းမှာစံလည်း လန်းပါစေ။ ငါသေလေပြီးတဲ့နောက် ထိုးထွင်းဖောက်ထွက် ဉာဏ်ဇောက်နက်သည့် ခေတ်သစ်လူငယ် အသိဉာဏ်ကြွယ် နယ်ပယ်တစ်လွှား နံပါတ်တစ်ဟု ဝံ့ကြွားနိုင်ပါစေ...။ ငါသေလေပြီးတဲ့နောက် အသက်တွေသေ ပေးဆပ်ရပေ ဒါဟဲ့ ဒီမိုကရေစီ ထာဝစဉ်တည်မြဲ အသည်းထဲ၌ စွဲပါစေ သွားနှင့်ပြီးသူ သူရဲကောင်းတွေ။ ငါသေလေပြီးတဲ့နောက် ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူအချင်းချင်း အတင်းအဖျင်း ယုတ်ရင်းစကား မပွားမများ မေတ္တာတရား ကိုယ်ချင်းစာစိတ် ထားပါစေ။ ငါသေလေပြီးတဲ့နောက် ကမ္ဘာတစ်ခွင် လျှမ်းလျှမ်းတောက် လူတို့နှလုံးသားကို လမ်းဖောက်သွားစေ အနုပညာတွေ မပျောက်မပျက် တစ်ရက်ထက်တစ်ရက် တိုးတက်လို့သာနေပါစေ။ ငါသေလေပြီးတဲ့နောက် ရာဇဝင်အထာကဌာတွေဆီ တစ်ချက်လောက်များ ရောက်ခဲ့ရင် ကဗျာ၊စာ၊ဘာညာသာရကာတွေရဲ့ ဖခင် မခေါ်ပါနဲ့ '... Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 တိုက်ပွဲ နေ့စဉ် တိုက်နေရမယ့်ပွဲ လူမမြင် သူမမြင် အသံမကြားတဲ့ ပွဲ စိတ်နဲ့စိတ်ချင်း တိုက်တဲ့ပွဲ ခံစားချက်နဲ့ ဉာဏ်ပညာ တိုက်တဲ့ပွဲ ငါနဲ့ငါသာ တိုက်တဲ့ပွဲ ခရာမှုတ်သံမပါ လက်နက်မပါ အောင်ပွဲအတွက် အလံမပါ ရအောင်တိုက်တဲ့ ပွဲမဟုတ် လျော့အောင်တိုက်တဲ့ ပွဲ ရင်ထဲက "တိုက်ပွဲ" ။ ။ Spring Mabel 10 May 2021 Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 မရေးချင်ဘူး နေ့ဆိုလည်း အထိတ်တလန့် ညဆိုလည်း အထိတ်တလန့် သွေးသံရဲရဲဖြိုခွဲခံလိုက်ရတဲ့ အနာဂတ်တွေ အကြောင်း မရေးချင်ဘူး ကိုဗစ်က တစ်မျိုး စနစ်ဆိုးက တစ်မည် တောကြောင်နဲ့ မီးဘေး စိတ်မအေးဘဲ ညည လမ်းမမှာ ကင်းစောင့်နေရတဲ့ ပြည်သူ့ ဘဝတွေအကြောင်း မရေးချင်ဘူး အုပ်ချုပ်ရေးလား ဥပဒေပြုရေးလား တရားစီရင်ရေးလား သတင်းမီဒီယာ လား မဏ္ဍိုင်ကြီး ၄ ရပ် ပြိုလဲပျက်စီးနေတဲ့အကြောင်း မရေးချင်ဘူး ပျော်ရွှင်မှုတွေ ဆိတ်သုဉ်း မျက်ရည်ဖုံးနေတဲ့ ရင်ဘတ်တွေထဲ တဆစ်ဆစ်ကိုက်ခဲနေတဲ့ နာကျင်မှုတွေအကြောင်း မရေးချင်ဘူး ငါနေထိုင်ရာ နိုင်ငံတော်ဟာ ကျည်ပေါက်ရာတွေ ဗရပွနဲ့ လက်နက်မဲ့ပြည်သူတွေရဲ့ နှလုံးသားတွေကိုမှ တည့်တည့်ရွေးပြီး ပစ်တတ်တဲ့အကြောင်း ဘယ်သောအခါမှ မရေးချင်ခဲ့ပါဘူး။ ။ (လမ်းမထက်က ကဗျာများ) Anonymous Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 ဘုန်းတော်ကြောင့် ဖဲသမားစကားလို လူတွေလည်း ဘူကျကုန်လေသလား ရှုတည်တည် ညှင်းသိုးသိုး ကွဲအက်အက် အလိုမကျခြင်းနေ့ရက်တွေသာပြည့်နှက် ကုန်ဈေးနှုန်းက လူ့အခွင့်အရေးဆိုတဲ့အရာကို ငုံ့ကြည့်နေလေရဲ့ ....... မြို့တိုင်းနယ်တိုင်း ရပ်ရွာတိုင်းအိမ်တိုင်းရဲ့ နံရံမှာ မလုံခြုံခြင်းကို ချိတ်ဆွဲထားကြလေရဲ့.... နံရံတွေ ကြမ်းပြင် နဲ့ မြေသားထုတွေတိုင်းမှာ သေခြင်းတရားက ခင်းကျင်းကာ စောင့်စားနေလေရဲ့.... နဂိုကမွဲပြာပြာ နိုင်ငံတော်ဟာ အတိတ်ရထားပြန်စီး ကျောက်ခေတ်ကြီးဆီ ပြန်ရောက်လာပေါ့ ဖွတ်မိကျောင်း ဖြစ်မှတော့ မြစ်က ဘယ်ချမ်းသာပါတော့မလဲ ဖွတ်မင်းကြီးရဲ့ အာနုဘော်ကြောင့် တိုင်းနိုင်ငံတော်ကြီး ဘူကျနေတာ ရှုစားလို့ အဆင်ပြေတော်မူပါရဲ့လား။ ။ AK 9/1/22 Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 The Meaningless Days မနက်ဖြန်ဟာ ဘာလဲဘယ်လဲ ဘယ်သောင်တင် ဘယ်ကမ်းခြေရောက် ဘယ်ဆီနေ ဘာထပ်ဖြစ်မှန်းမသိတဲ့ နေ့ရက်တွေ အနာဂတ်တွေ ဘယ်ချိန်ထိ အသက်ရှင်ဦးမလဲ မသိတဲ့ဘဝတွေ ဘယ်ချိန်ထိ တောင့်ခံတင်းခံနိုင်ကြဦးမလဲ မိုးက အချိန်မှန်ရွာ နေဟာ အချိန်တန်ပူစမြဲ ဘယ်မှာလဲ ငါတို့ရဲ့ အချိန်မှန်ဖြစ်တည်နေတဲ့ ဘဝလည်ပတ်မူတွေ မိစ္ဆာတွေ ထင်ရာစိုင်း အဓိပ္ပာယ်မဲ့နေ့ရက်တွေ ဖြတ်သန်းနေရသမို့ တွဲလက်ခိုင်မြဲ သွေးချင်းညီလို့ ရဲဘော်တို့ ! အားမလျော့စတမ်း ရှေ့ဆက်ချီတက်ကြစို့။ ။ Matt Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 Respect & Credit to Poet Hla Tan Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 သွေးမအေးကြေး ခင်ဗျားတို့ဆီမှာ သင်္ကြန်ကျနေပြီလား... ကျနော်တို့ဆီမှာတော့ သင်္ကြန်မကျဘူး ကျည်ဆန်တွေကျတယ် ဗုံးဆံတွေကျတယ် သွေးတွေကျတယ် ပြီးတော့.... မျက်ရည်တွေလည်း ကျတယ် ခင်ဗျားတို့ဆီမှာပွင့်တဲ့ ပိတောက်က ဘာအရောင်လဲ...? ကျနော်တို့ဆီမှာတော့ ပိတောက်ပွင့်တွေက အနီရောင်တွေ။ ။ ညလည်မိုး Respect & Credit to NyaLalMoe Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 တော်လှန်ရေးနှင့် ချစ်ခြင်းတရား ဖိနပ်ပြတ်ရင် ပြတ်မယ် ယုံကြည်ချက် မပြတ်ဖို့လိုတယ် ပိုက်ဆံပြတ်ရင် ပြတ်မယ် အတွေးအခေါ် မပြတ်ဖို့လိုတယ် အဝတ်အစားတွေ နွမ်းရင်နွမ်းမယ် တော်လှန်စိတ်တွေ မပမ်းဖို့လိုတယ် ရိက္ခာဖူလုံချင်မှ ဖူလုံမယ် ချစ်ခြင်းတရားတွေ ဖူလုံဖို့လိုတယ် ဘဝဟာ..... ကြမ်းတမ်းချင်သလောက် ကြမ်းတမ်းပါစေ တော်လှန်ရေးနဲ့ ချစ်ခြင်းတရားတွေ စီးဆင်းဖို့ လိုပါတယ်။ ။ San Zuren 🌸 Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 သင်္ကြန်ပျောက်တဲ့နွေ အို... အမိမြန်မာပြည် လူစိတ်ပျောက် အသိဉာဏ်ပျောက် တိရစ္ဆာန်စိတ်ပေါက်တဲ့သူတွေကြောင့် တချို့တွေ အသက်ပျောက် တချို့တွေ အနာဂတ်ပျောက် တချို့တွေ မိဘတွေပျောက် တချို့တွေ သားသမီးတွေ တချို့တွေ အိုးပျောက်အိမ်ပျောက် အို... အမိမြန်မာပြည်လဲ သင်္ကြန်ပျောက်နေခဲ့ပါရောလား။ ။ San Zuren 🌸 Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 ပိတောက်တစ်ခက်ရဲ့ အနာဂတ် ပိတောက်ဖူးတို့ ဝေဝေဆာ ရက်မြတ်အခါတော် သင်္ကြန်မှာ တစ်ယောက်တစ်လှည့် လောင်းကာရွှဲ နှစ်သက်စရာ ဓလေ့ပွဲ ယဉ်ကျေးမှုကို ခွေးမျိုးဖျက် လက်သုံးချောင်းထောင် သပိတ်တက် ဒီနှစ်သင်္ကြန် တို့ငြင်းဆန် အာဏာရူးတို့ သေစေရန် တော်လှန်ဦးမယ့် လူတွေအတွက် ပက်ဖျန်းရေတစ်စက် အဆိပ်ခွက် တော်လှန်ပန်းတစ်ပွင့် လူဆိပ်သင့် မြေသို့ကြွေလည်း လန်းနေမြဲ တော်လှန်ကြယ်တံခွန် မြေသို့လျှို သမိုင်းအလင်းရောင် တောက်ပဆဲ ကြိုက်သလောက်ဆွဲနုတ် အမြစ်ဖြုတ် တို့ပြည်သူများ ညီဆဲမို့ ကြိုက်သလိုဖျက်စီး မိစ္ဆာကြီး အမှန်တရား အောင်ပွဲနီးလာပြီ ကျွန်ပါး၀တဲ့ ထိုလူများ ဆက်၍မှားကြပါစေသား ပြည်သူမွေးတဲ့ ပြည်သူ့သွေး အမှန်တရားဘက်က ရပ်ကြမလေး သိပ်သေချာတဲ့ အနာဂတ် တို့တွေရှေ့ဆက်လို့ ချီတက် အရေးတော်ပုံအောင်တဲ့တစ်နေ့ မင်းခေါင်းပေါ်က ပိတောက်ပွင့် လိပ်ပြာလုံလျက် ပြုံးပါစေ။ ။ နွေဦး Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 Stay Strong ! Stay Tuned ! Clickers 💪 Thank You 💖 Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 PDF ကျောပိုးအိတ်လေးထဲမှာ တော်လှန်ရေး ချစ်ခြင်းတရားနဲ့ ဥာဏ်ပညာကို ယုံကြည်မှုနဲ့ထုပ်ပိုးပြီး မျှော်လင့်ချက်လမ်းအတိုင်း ဆက်လျောက်မြဲ။ ။ San Zuren 🌸 Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 ကဗျာနေ့များ ရှိပါစ အာဏာကိုရခဲ့ဖူးတော့ အာဏာ ကဗျာကိုရခဲ့ဖူးတော့ ကဗျာ မက်ကြမှာပါပဲ နေ့တွေထဲ ဘာမှမရခဲ့ဖူးသူ တိုင်းသူပြည်သားများ ခင်ဗျာ လွမ်းရသူ တစ်ယောက် ရှိပါစ မိသားစုလို လူသားအဖြစ်လို အချစ်တစ်ခုလို လွမ်းမောဖွယ်တစ်ခုခု ရှိပါစ တိုင်းပြည်တစ်ခု ရှိပါစ။ ။ မြတ်ဝေ Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 တော်လှန်ချစ်သူ မသေသေးရင်တော့ ပြန်တွေ့ကြေးပေါ့....ချစ်သူ အသက်ဘေးရင်းထားမှတော့ ကမ္ဘာ့တေးဟာ ဘယ်ချိုတော့မလဲလေ တို့တစ်တွေရဲ့ နိုင်ငံတော်ကြီးဟာလည်း အလဲလဲ အပြိုပြို မပြိုတဲ့စိတ် ခိုင်မာတဲ့ သန္နိဌာန်နှင့် မအိုတဲ့ အချစ်တွေပိုက်ရင်း ကြိုဆိုမယ့် မင်းရင်ခွင်ဆီ တော်လှန်တေးသီရင်း ခိုဝင်မယ်ဆို မင်းမျှော်ပါနော် မင်းပျော်ပါနော်....ချစ်သူ။ ။ San Zuren 🌸 Read more
Get link Facebook X Pinterest Email Other Apps April 26, 2022 မာန် နေစိမ့်သူ နေနိုင်သူ အမျိူးမျိူးလူ ကောက်ရိုးစထဲမီးထည့် ဟုန်းကနဲထလောင် လူဆိုတဲ့အမျိူး မရိုး အချိန်အခါ မစောင့်ဆိုင်း အရိုင်းပန်း မိုးကရွာ ထီးမပါ လှေကမှောက် လှော်ပျောက် အကူညီမပါ အဆုံးထိရွက်လွှင့်ကာ အားမာန်မလျော့ ချီတက်လော့ မေ့ပျောက်နေသူမေ့နေစေရော့ သနားမျက်နှာ မထောက်ထားနဲ့ တွေ့ရာသင်္ချိုင်း ဓားမစိုင်းနဲ့ အားပြည့်သန်စွ ဆင်မောင်လှ အနိုင်သာတိုက် ဤအမိုက် အဆုံးသတ် လှပါစေသား။ ။ Matt Read more