ဒုတိယနှောင်ကြိုး တိတ်ဆိတ်ပြီး အထီးကျန်ဆန်လွန်းတဲ့ ညတွေ ဖြတ်သန်းဖို့ ခွန်အားဘယ်က ရနိုင်ပါ့မလဲ လွမ်းသင့်ဒဏ်ကို အံတုနိုင်ဖို့ ရွေးစရာ ၂ ခုရှိခဲ့တာမို့ ဆေးပေါ့လိပ်နှင့် ကဗျာကိုရွေးခဲ့ရ ကျွန်တော့်မှာ အချစ်ဆိုတာ တော်လှန်ရေးလောက် သူမကိုဖွင့်ပြောဖို့ သတ္တိတွေ မရှိခဲ့ဘူး တော်လှန်ရေးဆိုပြီး နှောင်ကြိုးတွေ စတေးထားတဲ့ ကျွန်တော်က သူမ ဆိုတဲ့ နှောင်ကြိုးလေးတစ်ခုကို တွယ်ငြိခဲ့ပြန် ကျွန်တော့်မှာ အမေပြီးရင် သူမကဒုတိယ နှောင်ကြိုးတစ်ခုပဲလား တော်လှန်ရေးမှာ ဘယ်လောက်ပဲ အာရုံစိုက်ထားနိုင်ပါစေ သူမဆိုတဲ့ နှောင်ကြိုးတစ်ချောင်းလေးက အချိန်တန်ပေါ်လာစမြဲမို့လို့ သေးငယ်ပြီးတွယ်ငြိလွန်းတဲ့ သံယောဇဥ်ကြိုးလေး တစ်ချောင်းကပဲ ခိုင်မာလွန်းတာလား Zeus