Posts

Showing posts from June, 2022
နေရာ သူ ခြေတစ်လှမ်းဆို  ငါလည်း ခြေတစ်လှမ်း သူ့ထက် ငါ အပြိုင်အဆိုင်   လုကြယက်ကြနဲ့။  ကမ္ဘာကြီးမီးလောင်  သားကောင်ချနင်း ဘယ်သူသေသေ  ငတေမာရင်ပြီးရော လူတစ်စုက   ပြိုင်ကြဆိုင်ကြလေတော့ သုဿန်နယ်တောင် ချဲ့ရမယ့်အဖြစ် ငါတို့တော့ရင်လေးပါဘိ။  ​ တကယ်တမ်း လူ့ဘဝကြီးထဲက  ထွက်ခွာသွားရတဲ့အခါ ခြောက်ပေသုံးပေ  ကတုတ်ကျင်းတစ်နေရာသာ။  နေရာတစ်ခုအတွက်နဲ့ ဖခင်အရင်းကိုတောင် ပြန်သတ်တဲ့သား လက်ညိုးညွှန်ရာ သွေးအိုင်ဖြစ်ဖို့ ပါးစပ်ပြောလေးသာရယ် ရင်းလိုက်ရတဲ့ အသက်ပေါင်းများစွာဆိုတာ  အုံလိုက်ကျင်းလိုက်။  ဒါတွေကို သူတို့ဂရုမစိုက် နေရာတစ်ခုအတွက်   သတ်ဖြတ်ရေးရာ မူဝါဒကိုသာ လက်ကိုင်စွဲကြတယ် ငါတို့လက်ထက် အမြစ်ဖြတ်လို့ ပေးအပ်တာဝန် ကျေပွန်စွာထမ်းရွက်ကြမဟဲ့.... ဒီတော်လှန်ရေး ဆုံးခန်းတိုင်မှ ငါတို့စိတ်ဝိညာဉ် လွတ်ငြိမ်းနိုင်မယ်လေ။       ။  ThaeNu 23 June 2022 
Image
သူငယ်ချင်းထံပေးစာ (၅) စိတ်ထင်သလောက် ငါလည်း... ခရီးမရောက်ပါဘူး၊ ရယ်တော့ ရယ်ရသား၊ ငါ့မှာ... မျှင်းမျှင်းပြီး အသက်ရှူရပါတယ် ဘဝထဲ ခေတ်ထဲ။       ။   ရင်သွေး Picture Credit to Owner 
ကမ္ဘာမြေဟာ လည်ပတ်နေအုံးမှာ နှုတ်ဆက်စကားတွေကို  အမုန်းဆုံးပဲ သို့သော် ခွဲခွာခြင်းဟာ  ကျွန်တော်တို့နဲ့ အမြဲ ပုခုံးဖက်ပေါင်းနေတဲ့ဘော်ဒါပဲ လက်ဖက်ရည်ဆိုင်ထဲထိုင် ကမ္ဘာကို အမြင်မျိုးမျိုးနဲ့ဆွေးနွေးကြတယ်။ ရေစက်ဆိုတဲ့  ကံတရားရဲ့ သတ်မှတ်မှုအောက် ခဏတာကို တသက်စာမှတ်ပြီး မြူးတူးကြ ကဗျာဆရာဟာ ရင်ကိုလှပ်ထားရပါတယ် သေခြင်းတရားကို မေ့သင့်သလောက်မေ့။ အချိန်တွေဟာ အမြဲလည်ပတ်နေတယ် ကမ္ဘာမြေဟာ အမြဲလည်ပတ်နေတယ် ရာသီတွေ ဟောင်းဟောင်း နေ့ရက်တွေ ပြောင်းပြောင်း အမှတ်တရဟာလည်း အခိုက်အတန့်တွေကြားညှပ်နေမှာ။       ။  ကျွန်တော်
Image
မင်းဘဝရဲ့ အခိုက်အတန့်တိုင်းကို  လိုက်ကြည့်တဲ့အခါ ကိုယ့်ကို မြူမှုန်စအဖြစ် တွေ့ရမယ် ကိုယ့်ဘဝရဲ့ အခိုက်အတန့်တိုင်းကို  လိုက်ကြည့်ရင်တော့ မင်းကို ကမ္ဘာတစ်ခုအဖြစ် တွေ့ရပါ့မယ် အစကတည်းက  မဖြစ်ခဲ့သင့်တဲ့ ဆက်ဆံရေးတွေပဲ  ဝေးသွားတော့လည်း အရပ်သုံးစကားနဲ့ပဲ ဖြေသိမ့်ကြတာပေါ့ ကံပါသလောက်ပေါ့..... ကျွန်တော်
Image
  LIFE ဘဝဆိုတာ အခက်ခဲဆုံး စာမေးပွဲပဲ လူများစုက ကျရှုံးကြရတယ် သူများတွေ(ဘဝ)ကို ကော်ပီကူးဖို့ ကြိုးစားကြလို့ပဲ လူတစ်ယောက်ချင်းအတွက် မေးခွန်းလွှာက တစ်မျိုးစီဆိုတာ သဘောမပေါက်ကြတဲ့ ပြသနာ Life is the most difficult exam, many people fail because they're try to copy others', not realizing that everyone has a different question paper. San Zuren 🌸
Image
သူငယ်ချင်းထံပေးစာ (၄) အားနာတာဟာ အားနည်းချက်ပါတဲ့ ဒီလို ရှာဖွေတွေ့ရှိခဲ့ ခေတ်ထဲ၊ တို့လူမျိုးများ သိပ်အားနာတတ်တယ်၊ သူငယ်ချင်းရေ ဒီတခါ...ငါတို့ ယုံယုံကြည်ကြည် အားနာတတ်ဖို့လိုတယ်။      ။  ရင်သွေး Photo Credit to Owner 
သူငယ်ချင်းထံပေးစာ (၃) သူငယ်ချင်းရေ တော်လှန်ရေး ဆိုတာဖြင့် ကိုယ်ထူ ကိုယ်ထ ကိုယ်ထဖို့ ကိုယ်ထူရတာပဲ။ သူငယ်ချင်းရေ တော်လှန်ရေးမှာ တောင်ဝှေးမရှိစကောင်း ကိုယ့်အလောင်းကိုယ်လည်း သရဏဂုံတင်တန်တင်ရ အားလုံးဟာ ဖိုးသူတော်တွေ။ သူငယ်ချင်းရေ နယ်ဆင်မန်ဒဲလားက ဖိုးသူတော်ဆို သူ့ပြည်သူတွေက ဖိုးသူတော်၊ နယ်ဆင်မန်ဒဲလားက တောင်ဝှေးဆိုလည်း သူ့ပြည်သူတွေက ဖိုးသူတော်။ သူငယ်ချင်းရေ အောင်ဆန်းစုကြည်က ဖိုးသူတော်ဆို ပြည်သူတွေက ဖိုးသူတော်၊ အောင်ဆန်းစုကြည်က တောင်ဝှေးဆိုလည်း ပြည်သူတွေက ဖိုးသူတော်။ ပြည်သူဆိုတာ လဲခွင့်မရှိဘူး မဟုတ်လား လဲတဲ့အခါလည်း ကိုယ်ထူကိုယ်ထ  ဒါ နိယာမ ပါပဲ။ နောက်လိုက်ဆိုတာ  ထာဝရ ခေါင်းဆောင်တွေ ဖြစ်တယ်။     ။  ရင်သွေး
ကျွန်တော်ချစ်သော နှင်းဆီနီ သူမဟာ...  တော်လှန်ရေး ပန်းခင်းကြီးထဲက နှင်းဆီနီတစ်ပွင့် အရဲစွေးဆုံးနီ။ တော်လှန်ရေးရဲ့ ဟန်ဆောင်ပြယုဂ်ထဲ ဘယ်သောအခါမှ မပျော်ဝင်လေတဲ့ အစစ်မှန်ဆုံးသော...အာဇာနည်။ ဆန္ဒပြပွဲတိုင်းရဲ့ ဦးဆောင်ပျိုမဒီ သပိတ်ခေါင်းဆောင်အဖြစ်လည်း အရဲဝံ့ဆုံး...သွေးနှင်းဆီ။ အမိန့်ချခံရတော့လည်း မတုန်လှုပ်ရဲဝံ့ ပလွှားကြည်။ သံတိုင်နောက်ကွယ်က အပြုံးရဲ့ အရှိန်အဟုန်မပျက်ယွင်း။ ချစ်စရာ မျက်နက်ဝန်းအပြင် အပြုံးလေးနဲ့သာ ခွန်းတုံ့စကားဆိုသူ။ ချိုသာယဥ်ကျေးလှပသော တက္ကသိုလ်ကျောင်းသူ။ သတ္တိ ဗျတ္တိ နဲ့ ပြည့်စုံသူ နှလုံးရည်ပြည့်ဝသူ။ လူငယ်ဆိုတာ ခေတ်စနစ်ရဲ့ အရှင်သခင်ဟု ယုံကြည်သူ။  သူမဟာ... အနီရောင်သွေးနှင်းဆီနီ ရဲ...ရဲ...စွေး...စွေး...နီ။ စိုး 🖤
ခင့်ကို...တိုင်တည်ပါရစေ ကိုယ်က သူတို့နဲ့တွေ့တိုင်း တသက်တာ ဆက်ဆံရေးတွေးထင်။ သူတို့က ကိုယ်နဲ့တွေ့ တခဏတာ ချွေးသိပ်ချင်။ တစ်ခုလိုချင် တစ်ခုတော့ စွန့်လွှတ်ရ ဒါကိုတော့ ကိုယ်သိသည်ပင်။ ခက်သည်က လူ့အတွေး ဖယ်ခွာ...မဝေးချင်။ ဒီလိုနဲ့ သံသရာလမ်း သံယောဇဉ်တော ပျော်မွေ့ချင်။ အဆုံးသတ်တော့ ဒီနေ့ရက် ကိုယ့်နံဘေးနား မည်သူမျှပင်မရှိ။ နာကျင်ရ အသည်းနှလုံး ကွဲကြေရပြန်ပါသည်...ခင်။ ကိုယ်သူတို့နဲ့ ဒီတသက် အပြီးတသက်တာ ကွာဝေးချင်။ ခင်လည်း ကိုယ့်ကိုခွင့်လွှတ်တော့ ကိုယ်...ထပ်မံ မနာကျင်ရခင်။      ။ စိုး 🖤
ဒဏ်ရာ နေ့တစ်နေ့ရဲ့ညနေတိုင်း ငါတို့တွေ လွမ်းနေရတာပဲမလား။ ငါတို့ဟာ ငါတို့ရဲ့အမှန်တရားအတွက် အနာဂတ်တွေ စတေးခဲ့ရ နှောင်ကြိုးတွေ ချိုးဖျက်ခဲ့ရ အိပ်မက်တွေ မြောင်းထဲပစ်ချပြီး ငါတို့ယုံကြည်ရာကို လျှောက်ခဲ့ကြတာပဲ။ တစ်ခါတလေ ငါတို့ရဲ့ အနာဟောင်းက တဆတ်ဆတ်နာလျက် တဆတ်ဆတ်နာ သွေးမထွက်ပေမဲ့။ အတွင်းဒဏ်ရာမို့ ပိုနာကျင်ရတယ် အတွင်းဒဏ်ရာ ဖြေလျော့ဖို့ ဆေးပေါ့လိပ်ဖွာတယ် ကဗျာတွေရွတ်တယ် တပြည်သူမရွှေထား သီချင်းကြီးနဲ့ မျက်ရည်ကျခဲ့ရတာပဲ။ သေခြင်းတရားကိုတောင်  လက်ပိုက်ကြည့်နေရက်တဲ့ ကောင်တွေက  အသည်းကွဲတော့ မျက်ရည်တွေကျလို့။     ။ Zeus
"သင်သေသွားသော်" ဪ... လူ့ပြည်လောက၊ လူ့ဘဝကား အိုရ၊ နာရ၊ သေရဦးမည် မှန်ပေသည်တည့်။ သို့တပြီးကား၊ သင် သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာ စကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။ သင်ဦးချ၍၊ အမျှဝေရာ စေတီသာနှင့်၊ သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျက်၊ ဝင်းလျက် ကျန်စေသတည်း။   ။ ဆရာဇော်ဂျီ အိုးဝေမဂ္ဂဇင်း၊ အတွဲ၅၊ အမှတ် ၁၊ ဒီဇင်ဘာ ၁၉၃၅။
Image
Author : Zun Pwint Oo  Reference some facts : World Wildlife Fund website.
Image
Author : Zun Pwint Oo  Reference some facts : World Wildlife Fund website.
Image
Author : Zun Pwint Oo  Reference some facts : World Wildlife Fund website.  
Image
  Author : Zun Pwint Oo  Reference some facts : World Wildlife Fund website.
Image
Author : Zun Pwint Oo  Reference some facts : World Wildlife Fund website.  
Image
Author : Zun Pwint Oo  Reference some facts : World Wildlife Fund website.
Image
ဖြစ်ရပ်မှန် ဘဝရုပ်ရှင် ရင်ထဲရင်းပြီး ရိုက်ရတဲ့  အဖြစ်မှန်တွေရဲ့ ဘဝရုပ်ရှင်  ဘယ်သူက ဇာတ်လိုက် ဘယ်သူက လူမိုက်  သိသိကြီးနဲ့ကို  ဇာတ်လမ်းကြီးရဲ့အစမှာတင် ငါတို့တွေ ခံပြင်းနာကျည်း နေရတာများ လမ်းမပေါ်က ဝိညာဉ်တွေတောင် အိမ်ပြန်လမ်းတွေ ပျောက်ရတယ်။ သရုပ်ဆောင်တွေလည်း များလွန်းတယ် ဇာတ်ဆောင်တွေ ငိုတဲ့အခန်းမှာ မျက်ရည်တွေ သွေးတွေ ပွက်ပွက်ညံခဲ့။ ဇာတ်ဝင်တေးသွားတဲ့လား မရဏမင်း တီးခတ်တဲ့ သေနတ်သံ ဗုံးသံတွေနဲ့ ဓမ္မနဲ့ အဓမ္မက ရင်ဆိုင်စီးချင်းတွေ ထိုးနေလေရဲ့။ ဇာတ်နာလိုက်ရတာဗျာ  မီးခိုးတွေ အူ  ပြာတလူလူ နဲ့  ကျုပ်တို့ ရွာလေး  ဘယ်အခန်းကများ ပါနေပါ့မလဲ။      ။ ငရာ Respect & Credit to Poet Nga Yar
Image
သူငယ်ချင်းထံပေးစာ (၂) သူငယ်ချင်းရေ... ညောင်ပင်အောက်မှာ ထီးဆောင်းရင်ဖြင့် ညောင်ရိပ် ဘယ်မှာ မလွတ်နိုင်။     ။ ရင်သွေး Photo Credit
Image
သူငယ်ချင်းထံပေးစာ (၁) လောကဓံကို ကိုယ်ဖော့နေတတ်တော့ အနာအဆာ ကင်းတာပေါ့လေ၊ ကမ္ဘာကြီးဟာဖြင့် ဒဏ်ရာတွေနဲ့သာ ဖွံ့ထွားရပါတယ်။      ။        ရင်သွေး
ခွင့်မပြု မိုး... မိုးဦးရာသီတစ်နေ့မှာ သူ နဲ့ ကျွန်မ ရင်ခုန်သံတွေ ဖလှယ်ခဲ့ကြ။ မိုး... မိုးဖွဲဖွဲကျတဲ့နေ့တွေမှာဆို လွမ်းမောတမ်းတ ချစ်သူဘဝ။ မိုး... မိုးနှောင်းရာသီကုန်ဆုံးလုပြီ တောထဲမှာ သူ...တစ်ယောက် အဆင်မှပြေရဲ့လား။ မိုး...အိုကွယ် ဘယ်အငြိုးရယ်နဲ့များ အသင်...ရက်စက်စိမ်းကား သူ့ဝိညာဉ်ကိုမှ ရွေးချယ်စားသုံးရက်လေသလား။ မိုး... ဒီနှစ်မင်းမလာပါနဲ့တော့ ရင်ထဲက သွေးမထွက်ဒဏ်ရာ ထပ်မံ ကလူကြည်စယ်ဖို့ရာ။ မိုး... ငါမဖိတ်ခေါ်ပါ မင်းပြန်နိုင်ပါပြီ။      ။ စိုး🖤
နောင်တမရတဲ့ ဘက်ခြမ်း ငါနေမယ် ငါတို့ကမ္ဘာကြီးက နှစ်ခြမ်း ကွဲသွားပြီလား ငါ့မှာတွေးရင်း ငေးရင်း စဥ်းစားရင်း ကမ္ဘာကြီးလည်ပတ်နေတာတောင်  မေ့လျော့အောင် နေ့စဥ်ညစဥ် ငါ ဆေးပေါ့လိပ်ဖွာရင်း  ဦးနှောက်ခြောက်ကပ်လွန်းအောင် စဥ်းစားနေတဲ့ အကြောင်းအရာ တစ်ခုက "လူအချို့ ဘာလို့ အတ္တကြီးစိုးနေရတာလဲ" ငါတို့ ပတ်ဝန်းကျင်မှာတင်  ကမ္ဘာကြီးက နှစ်ခြမ်းကွဲနေတာ  အချို့ငိုကြွေးသံတွေ နာကျင်  ကျယ်လောင်မှုက ကမ္ဘာကြီးတောင် ကြောက်ရွံ့ဝမ်းနည်းရတယ် အချို့တွေကျ ပျော်လို့ ရွှင်လို့ ရယ်မောလို့ သူတို့ပတ်ဝန်းကျင်က  ပူလောင် နာကျင် ငိုကြွေးသံတွေကို မျက်ကွယ် ဥပက္ခာပြုထားတာလား ငါ ငါ့မိသားစု ဘာမှ မဖြစ်ရင်ပြီးရောဆိုပြီး အတ္တတွေများ ကြီးစိုးလွန်းနေကြတာလား အမှန်တရားကို မမြင် ဥပက္ခာပြုရအောင် ဘာသာတရား အယူ အလွဲအမှားတို့ အတ္တကြီးစိုးမှုတွေက ဖုံးလွှမ်းထားပြီး ပျော်ရွှင်နေကြတာလား ကမ္ဘာကြီးတင်မက ကိုယ့်ပတ်ဝန်းကျင်မှာတင် အကယ်၍ နှစ်ခြမ်း ကွဲလာခဲ့ရင် သေချာပါတယ် အမှန်တရားအတွက်  အသက်တွေ သွေးတွေ နှောင်ကြိုးတွေ စတေးပြီး  နောင်တမရတဲ့ဘက်ခြမ်းမှာငါနေမယ်။      ။ Zeus
သံဝေဂ ရုပ်နဲ့ နာမ်က လက်ခုပ်တီးလိုက်လို့ ကျနော်ဟာ လူအဖြစ်မြည်ဟီးလာသလား ကိုယ့်အသံကို တပါးသူကြားသွားမှာ အားနာလိုက်တာ။ စီးကရက်ကို တဟွတ်ဟွတ်သောက်မိတာလား ချောင်းကို မီးညှိပြီး ဆိုးနေတာလား ကျနော့်မှာဖြင့် စွတ်စို ဖျားနာခဲ့ရပြီ။ မေမေရေ..... ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့ ကျနော်ဟာ ကိုက်ခဲညောင်းညာနေတဲ့ လောကအဝါတပွင့်ပါပဲ။ အခုတော့..... လေအလာကို မျှော်လင့်ရင်း ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။      ။ တာရာမင်းဝေ Respect & Credit to Poet Taryar Min Wai
Image
ကဗျာဆိုတာ ကဗျာဆိုတာ လူ့ စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ လူ့ နှလုံးသားရဲ့ ခုန်လှုပ်သံ လူ့ စိတ်ဓာတ်ရဲ့ မြည်ဟီးသံ လူ့ မျှော်လင့်ချက်ရဲ့ သီကျူးသံ ကဗျာဆိုတာ ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။     ။ အောင်ဆန်းဆုကြည်  
အတုတွေစစ်တော့ အစစ်တွေ သေရတယ် လူဆိုတာ ပါးမှ နပ်မှ ဆိုတဲ့ ယဥ်ကျေးမှုထွန်းကားရာ မြေမှာ ငါ့မှာ  'လူအ' ကြီး ဖြစ်ရ၊ အ​ဖြူမဖြစ်ရုံနဲ့ အမည်းမဖြစ်ရဆိုတဲ့  လူတော်များ ရပ်ဝန်းမှာ ငါ့မှာ  လူညံ့ကြီးဖြစ်ရ၊ ရေဆန်ကို ကူးတဲ့အချိန်မှာ ရေစုန်ပေါ် ရောက်နေသူတွေက မှိန်းပြီး ပန်းပြနေတာမျိုး ရိုးရိုးလေးနဲ့ ရူးလောက်ပါပေတယ်၊ တချို့အလိမ်တွေက အမှန်တွေထက် လှတယ်။     ။ ရင်သွေး
ကြယ်နဲ့မတန်တဲ့ မြေကြီး သေနိုင်တယ် ရှင်နိုင်တယ် ဆိုတာမျိုးမဟုတ်ပါဘူး သေဖို့ တလမ်းထဲ ရှိတဲ့ခရီး လက်ဖြောက်တီးပြီး ရွေးသွားကြတာပါလား အသေခံ ဗုံးခွဲသွားတာမဟုတ်ဘူးဗျ အသေခံ အသဲခွဲသွားကြတာ။ ကျန်ရစ်သူတွေမှာ ကျောထဲ စိမ့်...စိမ့်...ပြီး မျက်ရည် တွေတွေ ကျရတယ်။ ကြယ်နဲ့မတန်တဲ့ မြေကြီးမှာ ရှင်ပြီးသေရင်း ကျန်ခဲ့တယ်။     ။  ရင်သွေး
Image
မင်းချစ်တာ ငါကြောက်တယ် မိုးစက်ပွင့်လေးတွေကိုချစ်တယ်လို့ မင်းပြောတယ် ဒါပေမဲ့ မိုးလည်းရွာရော မင်းကထီးဆောင်းသွားတယ် နေခြည်နွေးနွေးကိုချစ်တယ်လို့ မင်းပြောတယ် ဒါပေမဲ့ နေလည်းပူရော မင်းအမိုးအောက်သွားနေတယ် လေနုအေးကိုချစ်တယ်လို့ မင်းပြောတယ် ဒါပေမဲ့ လေလည်းတိုက်ရော မင်း ပြတင်းပေါက်တွေထပိတ်တယ် အဲ့ဒီ့တော့ မင်းငါ့ကိုချစ်တယ်ပြောတော့ ငါ ကြောက်တာပေါ့ ။     ။ Bob Marley
ကဗျာ ကဗျာဟာ ကဗျာပဲ ဒီထက်မပိုဘူး  ဒီထက်လည်း လိုစရာအကြောင်းမရှိဘူး ကဗျာဟာ ကဗျာပါပဲ ကဗျာဆရာ ဆိုတာလည်း ဆုံးရှုံးစရာတွေ သာရှိပြီး ရယူစရာမရှိတဲ့လူ‌တွေ ဆိုရင်တော့ပိုမှန်မယ် ဒါပေမယ့်  ကဗျာဆရာဟာ ကဗျာဆရာပါပဲ။     ။ ခေတ်  Respect & Credit to Poet Khit
နွေအိပ်မက် မရေရာတဲ့ အနာဂတ်နေ့ရက်တွေဆီ မလှမ်းမျှော် မရော်ရည်မှန်းတော့ဘူး။ အရင်လို ကိုယ့်နံဘေးမှာ မင်းတစ်ယောက်ပြုံးရွှင်ချိုသာ ပျော်ရွှင်ဝမ်းနည်းခြင်းအရပ်ရှိတဲ့ တနဂ်နွေနံနက်ခင်းတွေဆီကိုပဲ မင်းနဲ့အတူတူ... ပြန်လည်ရောက်ရှိသွားချင်မိတော့တယ်။ အိုကွယ်..လန့်နိုးလာခဲ့ မနေ့ညက ဂယောက်ဂယက်နဲ့ နွေအိပ်မက် မက်တယ်။ ဒီမနက်နိုးထလာတော့ မင်းမှ ကိုယ့်နံဘေးနားမရှိပဲ။    ။ စိုး🖤
အိမ်ကလေးလိုတယ် စိတ္တဇဆေးရုံကြီးထဲက လူနာဖြစ်သူ ရုရှားလူငယ်လေး ဂရိုမော့ဗ်ဟာ အရူးလက်မှတ် မလိုခဲ့ဘူး Suicide နဲ့ရုန်းထွက်ခဲ့တဲ့  ၃၇ နှစ် ဗန်ဂိုးရဲ့အဆုံးသတ်ဟာ ဒိုင်းခနဲ တော်လှန်ရေးလုပ်ပြသွားတာပဲ။ အဓိပ္ပါယ်က  မင်းတို့ ကြိုက်အောင်ငါမလုပ်ဘူး ငါကြိုက်တာပဲ ငါလုပ်ခဲ့တယ် ဗန်ဂိုး ခပ်ညံ့ညံ့ကောင် မဟုတ်ဘူးပေါ့ ကမ္ဘာကြီးအကြောင်းစဉ်းစားတိုင်း ဘဝကအသိကို ပြဋ္ဌာန်းတဲ့ လူ့လောကီမှာ အိမ်ကလေး လိုတယ်။  ကျော်မြင့်လွင်(ထူးအိမ်သင်)လူဆိုးပါလို့ အနုပညာမသိတဲ့ လူတတ်ကြီးတွေ  သံပြိုင်ထွက်တော့သူ့အမေ ငြင်းဆို တလုံးတည်းထွက်တဲ့ အသံဟာ ``ငါ့သားက လူဆိုးမဟုတ်ဘူး သူဟာအနုပညာသမား..'' အဲဒီလို အိမ်ကလေးလိုတယ်။ အဖေ့ကို လူပိန်းတွေက ``ခင်ဗျားသားဟာ လူမိုက်  ရပ်ကွက်လူကြီးစကားတောင် နားမထောင်ဘူး''....ရယ်လို့  စစ်ရေးစတော့ အဖေက သူ့တော်လှန်ရေးကိုပြဋ္ဌာန်း  စစ်ကြေညာခဲ့တာပေါ့လေ  ကျနော့သားက စာဖတ်တယ် သူ့မိုက်ရဲမှုကို ကျနော်ယုံတာပေါ့ သူမမှားဘူး. . ရပ်ကွက်ကမှားနေတာ  အဲဒီလို အိမ်ကလေးလိုတယ်။ နင့်အစ်ကိုက "အစိုးရဆန့်ကျင်ရေးသမား" မဟုတ်ဘူး... ငါ့ အစ်ကိုက အစိုးရကောင်းကိုလိုချင်တာ ပြည်သူ ထမင်းမဝရင် သူ အမြဲဆန့်ကျင်နေမှာ . . အဲဒီလို
အမှန်တရားအတွက် ခေတ်စနစ်ကြီးကိုက ပညာတတ်တွေ ခံရတဲ့စနစ်ဖြစ်နေပြီအမေ၊ ဒီလမ်းကို နိုင်မယ်ထင်ပြီး မျှော်လင့်ချက်နဲ့ လျှောက်ခဲ့တာမဟုတ်ဘူးအမေ၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ယုံကြည့်ချက်နဲ့ လျှောက်လှမ်းခဲ့တာ...။ နောက်ဆုတ်လို့မရမှန်းလည်း  သမီးတို့သိပါတယ်အမေ ဒီတစ်ခါမှ 'အာ'မခံရင်  နောင်မျိုးဆက် ကျွန်ခံရတော့မှာ။ အမှန်တရားအတွက် တိုက်ရဲမှတော့ အမှန်တရားအတွက်လည်း သေရဲပါတယ်အမေ၊ အသေခံပြီး တော်လှန်မလား  ခေါင်းငုံ့ခံပြီး ကျွန်ခံမလား လွတ်လပ်စွာရွေးချယ်ပါတဲ့၊ တစ်ခါသေ သေလိုတော့ 'ကျွန်'ဘဝတော့ ထပ်အရောက်မခံနိုင်ဘူးအမေ အသက်သေရမှာထက် ဘဝသေရမှာကို သမီးတို့ပိုကြောက်တယ် ဒီတိုက်ပွဲ နိုင်ကိုနိုင်ရမယ်။       ။ ThaeNu
မေ (သို့မဟုတ်) အာဏာရှင်ဖီဆန်သူ မေ နှင့် ကျွန်တော်  ဒီတော်လှန်ရေးမှာ ဆုံဖြစ်တယ် မေဟာ ငယ်ရွယ်သူပီပီ လှပတယ် ဖျတ်လတ်တယ် စိတ်သဘောထားကြီးတယ် မေတို့ဇာတိက မြန်မာ့အလယ်ပိုင်း မြစ်ကြီးနံဘေးက လှပတဲ့တစ်နေရာ မေဟာ အာဏာရှင်ကို ဖီဆန်ထားသူ လှပပြီး မြင်သူရင်အေးရသော ဆရာမလေးတစ်ယောက်.... တစ်နေ့  ကျွန်တော် ရှေ့တန်းရောက်နေတုန်း စာတစ်စောင်ဝင်လာတယ် မေတို့နေရာ မီးရှို့ခံရပြီတဲ့ ကျနော့်မှာ စိတ်တွေလေပြီး ဒေါသတွေထွက်လို့ မေတို့နေရာလေးလို အခြားဘယ်နေရာတွေ မီးရှို့ခံရပြီးပြီလဲ တစ်နေ့  တော်လှန်ရေးကြီးပြီးရင် မေတို့နေရာ ကျွန်တော်သွားဦးမှာပါ အကယ်၍ ကျနော်ရောက်သွားတဲ့အခါ မေတို့နေရာ  ကျွန်တော်မှတ်မိနိုင်ပါ့ဦးမလားလို့ တွေးရင်း တစ်ဖက်မှာလည်း  အာဏာရှင်ကိုတိုက်ထုတ်နေရင်း။        ။ Zeus 
တသက်မခွဲမခွာဘဲ ထန်းရွက်တဲမှာပဲ နေချင်တယ်။ ကြာသလားပေါ့ တမာအခါးကို အတို့အမြှုပ် လုပ်ကျွေးပါ့မယ်။ တမာရိပ်မှာလည်း ကဗျာနိမိတ်တွေ နှစ်‌ယောက်ဖလှယ် တစ်‌ယောက်ရယ်တော့ တစ်ယောက်ကြည်နူး။ သောကအပူ ဟော မျှအတူခံစား ရင်း အဖန်ဖန်အားတွေဖြည့်ဖို့ရယ် (ချစ်သူရေ) မွေ့တဲ့ စိတ်ကူး။    ။        LinnSatt
ရှင်သန်ခြင်း ဘဝဆိုတာက ဘုန်းတော်ကြီး သပိတ်လုံးလို၊ လောင်းလှူသမျှကို ငြင်းပါယ်ခွင့်မရ။ ငါ့မှာ... လောကဓံကို ဗက်လပိုင်စားပြီး ကုသိုလ်တရား ပွားများရပါတယ်။         ။ ရင်သွေး
ရှင်ကွဲ အချစ်ဆိုတာ ရှားဖဲဆို စစ်ဆိုတာ ထာဝရပစ်ဖဲပေါ့... ခေတ်အသေဟာ ရှင်သန်အားကြီးတယ်။ အချစ်ရေ... တို့တွေ တစ်ယောက်လက်ကို  တစ်ယောက်လည်း မဆုပ်ကိုင်အားကြဘူးကွယ်။      ။ LinnSatt
Image
Author : Zun Pwint Oo 
Image
Author : Zun Pwint Oo   
Image
Author : Zun Pwint Oo   
Image
Author : Zun Pwint Oo   
Image
Author : Zun Pwint Oo  
Image
 Author : Zun Pwint Oo