Posts

Showing posts from August, 2022
"ရေတိမ်နစ်တဲ့ရက်" လက်ရှိအချိန်မှာ အသက်ရှိရဲ့လားသိချင်ရုံနဲ့ တစ်ချက်တစ်ချက်တော့ သေချင်မိတယ်။ ဘဝမှာအဆိုးဆုံးခံစားချက်က ဘာလဲသိလား။ ပျော်တာတွေလုပ်ပါရဲ့ အရင်လိုမပျော်တော့တာပဲ။ ကလေးတုန်းကတော့ ဒူးပြဲပြဲ ခေါင်းကွဲကွဲ ​ပြေးတမ်းလိုက်တမ်းဆော့ရရင် ဘဝကြီး ပြီးပြည့်စုံနေတာ။ အခုလည်းပြေးနေရတာပဲ နောက်ကလိုက်နေတာက ပြဿနာတွေ ရေကြွေး၊ မီးကြွေး၊ ဘဝဝဋ်ကြွေး။ လူကြီးဖြစ်ချင်တဲ့ အိပ်မက်တွေမက်ခဲ့လို့ ကလေးဘဝက ကိုယ့်ကိုကိုယ် လက်သီး၊လက်ဝါး ပါချင်နေတယ်။ အိပ်မက်တွေနောက်လည်းမလိုက်နိုင်ဘူး နှလုံးအားနည်းတော့ မောတယ် ဆေးလိပ်ဖြတ်ဖို့ပြောတဲ့ သူ့စကားလည်း ကိုယ် နားမထောင်မိဘူး။ ဒါပေမဲ့ စိတ်မောတာကျ ဆေးလိပ်ကြောင့်မဟုတ်ဘူး အသက်ကြောင့် အသက်ကရော ဘယ်လောက်ရှည်မှာလဲ သောကြာနေ့လေးတစ်ရက်ကုန်ဖို့တောင် အနိုင်နိုင်ကြိုးစားနေရတာ။ ပင်ပန်းနေလားလို့မေးရင် ပြုံးပြုံးကြီးဖြေမိမှာ ဒီအချိန်မှာ မပင်ပန်းတဲ့သူရောရှိလို့လား လို့ပါ။       ။ ဂျေ Respect & Credit to Poet J
သူငယ်ချင်းထံပေးစာ (၁၂) ဘဝမှာ... ကိုယ်ချစ်တဲ့သူတွေကို အက္ခရာ စဥ်ကြည့်မိတော့ သောက်ရူးတွေဖြစ်နေတာကိုတွေ့ရ၊ တကယ်ထူးထူးခြားခြား ကိုယ်တူးတူးခါးခါး မုန်းတဲ့စာရင်း ချရေးမိပြန်တော့ ရူးပါး ပါးတဲ့သူတွေ အများသား၊ သူငယ်ချင်းရေ... မင်းပုံစံအတိုင်း ရိုးရိုးသားသား ရူးစမ်းပါ ရူးစမ်းပါ ရိုးရိုးသားသား၊ ငါ့မှာ မင်းကိုလည်း ချစ်မဝ မင်းမုန်းတဲ့ အကောင်တွေကိုလည်း ကြည့်မရ၊ ငါတို့ရဲ့ ဝဋ်နာကံနာတွေ အားကောင်းခဲ့ပုံ ငါတို့ရဲ့ အပြစ်အနာအဆာတွေ ညီမျှခဲ့ပုံ၊ တကယ်ရူးတဲ့သူတွေသာ တကယ်ချစ်စရာ ကောင်းတယ်လို့ ငါတို့ ဒီလိုယုံခဲ့ကြ... တယ်လည်း ခါးသီးလှပါဘိကွယ်။         ။ ရင်သွေး
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ကျန်းမာရေး မကောင်းလို့ ၀င်ငွေမကောင်းလို့ မိုးလေ၀သမကောင်းလို့  အခုလိုအခက်အခဲတွေထဲမှာ ဖိနပ်သဲကြိုးကို သတိထားနေရ ခုံကလဲလှုပ်လှုပ် မြင်းကလဲလှုပ်လှုပ် ပြုတ်ကျသွားချင်လဲသွား ဒုက္ခဆိုတာ သစ္စာတရား ကျွန်တော့်ရဲ့ မိုက်မဲမှုများ လောကကြီးက အလိုက်သိပါ့မလား ရေပြင်ရဲ့ မာယာကိုမုန်းတယ် ပိုက်ကွန်ထဲက ငါးတွေကိုသနားတယ် ထောင်ချောက်ကို လိုက်ရှာနေတဲ့ သားကောင်ဆိုတာ ရှိပါ့မလား ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ လူနာတင်ယာဉ်တစ်စီးလို အသုံး၀င်ချင်တယ် ရော့ခ်အင်ရိုးလ် တစ်ခေတ်လုံးကို နားထောင်ခဲ့တယ် ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ် ကဗျာနဲ့ ဘ၀ကို ချည်နှောင်ထားခဲ့တယ် သူငယ်ချင်းရယ်  ဒီဇာတ်လမ်းမှာ လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ် အသက်တစ်ချောင်းလုံး ဆုံးရှုံးမယ်ဆိုရင် နာမည်တစ်လုံးတော့ အဖတ်တင်ချင်တယ် ချောက်ကမ်းပါးစွန်းကလူကို တွန်းအားတွေမပေးကြပါနဲ့။       ။ လှသန်း Respect & Credit to Poet Hla Than 
ကြယ်တပြေး ငါ့စိတ်နဲ့ငါ၊ ငါ့ကားနဲ့ငါဟာ ဘယ်လောက်မြန်မြန်ပြေး လမ်းပေါ်မှာပဲ  မပျော်ရွှင်သော လူတစ်ယောက်  သဲကြီးမဲကြီး ငါ့စိတ်နဲ့ငါ မိုးရွာနေ  ဝဲ ယျာ နှစ်ဘက် လမ်းဘေးတောအုပ်တွေ သစ်ပင်စိမ်းရွက်တို့ စိုရွှဲ လူးလွန့် ဟစ်အော်  ကျယ်လောင်လွန်းသမို့ ဘာသံမှ မကြားရ ပြေးနေသူငါ၊ လိုက်နေသူလည်း ငါပါပဲ ကားရှေ့မှန်ပေါ် ချုံးပွဲချ မိုးစက်မိုးပေါက်များ ငါက ငါ့ကို မှီလည်း မမှီနိုငိ ငါ့ကိုငါ မိလည်း မမိနိုင်တော့။         ။  မောင်သိန်းဇော် Respect & Credit to Poet Mg Thein Zaw
ကြားလား မြင်လား မဝေဝါးနဲ့ သူငယ်ချင်း ငါပြောတာကို မင်းကြားပါစ ? ဒါမှမဟုတ်, ငါ့စကားဟာ နားခါးစေတာမို့ မကြားသလိုများ နေ,နေလိုက်တာလား ? သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘ၀ ချွတ်ခြုံကျ ၊ ဒုက္ခတွေက အထွေထွေ ဒီအမှန်တရားတွေကို မကြားဘဲ မနေလိုက်ပါနဲ့ သူငယ်ချင်း။ ‘မြင်အောင်ကြည့်ပါ’လို့ ငါကပြောတော့ မင်းကဖြေတယ် ‘မြင်တယ်လေမြင်တယ်’ ၊ ‘မြင်နေသားပဲ’တဲ့ ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ ? သတိပဋ္ဌာန်တရားတွေ ရှုမှတ်ပွားနေသလို ‘မြင်တယ်’ လို့မှတ် ၊ ‘မြင်သိစိတ်’ မှာတင်ရပ်နေရင် ဟောဒီ လောကီအရေးမှာ အလုပ်ဟာ မဖြစ်သေးဘူး…..သူငယ်ချင်း။ မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်၀န်းကျင်အသံ မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့လောကဓံ မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့ ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို အချိန်တွေမပိုတော့ဘူး…သူငယ်ချင်း။ မင်းတို့ငါတို့ ဘဝတွေဟာ ‘နမောတေ’ ဂါထာ အခါခါရွတ်ရုံနဲ့ပဲ ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ? မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ လတ်တလောအတွက်လည်း မကြီးပွား နောင်, နတ်သိကြား မလေးစားရင်နေပါ ‘အမှန်တရား’တော့ဖြစ်ဖို့လိုတယ်…သူငယ်ချင်း။ ဒါပေမယ့်... လိုချင်တာ ‘အမှန်တရား’ မှာ လိုနေတာ ‘ရဲဝံ့ခြင်းများ’ ဆို
Image
  Bertolt Brecht  German theatre practitioner
Image
  Firstly, the stupid people who will give you neglect.  Secondly, derision. Also they can give attacks.  After those you will become a winner. Mahatma Gandhi An Indian lawyer, anti-colonial nationalist and political ethicist 
" သားမှာတမ်း " ဒီကာလ ကိုယ့်စိတ်ကိုပျော်အောင် မနည်းချော့မြူရ အားပေးရ တခါတခါ ကိုယ့်တရားကို ပြန်ပြန်နာရ မိုးတွေရွာတိုင်းလည်း မိုးမိခဲ့တာပါပဲ  မိုးဆိုတာ အချိန်တန်တိတ်တယ်ဆိုပြီး မိုးလုံလေလုံနေခဲ့ဖူးတဲ့ ဟိုးအတိတ်တွေကို ပြန်အောက်မေ့သတိရ အချစ်သီချင်းကို စစ်တလင်းမှာ မျှစ်ဟင်းတွေစားပြီး ဆိုခဲ့ရ ကိုငှက်ကြီးရဲ့ အမေ့အိမ်သီချင်းဟာ  ဘယ်အချိန်ပဲဆိုဆို ငိုသံတွေပါတယ် လွတ်မြောက်ရာလမ်းမှာလည်း မျက်နှာငယ်ခဲ့ရတာပါပဲ ခလေးဘဝတုန်းကလို အရုပ်ဆိုင်ရှိုးကဒ်ထဲက စျေးကြီးတန်ဓာတ်ခဲသေနတ် မဝယ်နိုင်လို့ ငေးကြည့်ခဲ့ရသလိုမျိုး အခုလည်း တကယ့်တိုက်ပွဲတွေကြားမှာ စစ်သားကြီးဟာလက်ဗလာပါပဲ ကိုယ့်နိုင်ငံပြန်ရွေးတဲ့သမိုင်းမှာ နိုင်ငံသားတစ်ယောက်အနေနဲ့ပါဝင်ကြတဲ့အခါ ကျနော်ဟာ ယောက်ကျားလေးမို့ သိုင်းချတမ်းပဲ ကစားတတ်တယ်အမေ စစ်တိုက်တမ်းပဲ ကစားချင်တယ်အမေ အိမ်အပြန်နောက်ကျလို့ အရင်လိုစိတ်တွေမဆိုးတော့နဲ့အမေ ပြန်လာဖို့သိပ်ခက်ခဲတဲ့ကြောင်း  အိမ်ကထွက်လာသူတွေပဲ သိကြတယ်လေ တချို့တွေ  ထာဝရ အိမ်ပြန်မလာနိုင်တော့ဘူးအမေ မီးခိုးတန်းလေးတွေကိုမြင်တိုင်း အိမ်တွေ  မိုးပေါ်တက်သွားကြတယ် လူတွေ  မိုးပေါ်တက်သွားကြတယ် မြေပြင်ကိုတော့ မကြည့်ပါနဲ့အမေ တစ်ရွာလုံး
ပြည်သူ့အောင်လံတော် (၁) ဒီနေရာမှာ သင်တို့ကျဆုံးခဲ့တယ် ဒီနေရာကိုလာပြီး ငိုညည်းခြင်းအမှု ငါမပြုဘူး သင်တို့၏ ဝိဉာဉ်များနဲ့ ငါစကားဆိုမယ် 'အို_ချီလီပြည်ရဲ့သားသမီးများ။' (၂) မုန်တိုင်းဒဏ်ကြောင့် အမာရွတ်တင်နေတဲ့ ဝေဒနာမျက်နှာများ တောင်အာဖရိကမြက်ခင်းပြင်လို ညှိုးရော်ခြောက်သွေ့နေတဲ့ ဖြူဖတ်ဖြူရော်မျက်နှာများ နာကျင်မှုနဲ့ တက်ကြွနေပြီး မြေကြီးလို မာကျောတဲ့ ခင်ဗျားတို့ရဲ့ လက်သီးဆုပ်များကို ကျနော်တို့ မမေ့ပါဘူး။ (၃) အရေးတော်ပုံကြီးတုန်းက အတူရှိခဲ့သူတွေရဲ့ သွေးတွေ မီးလျှံလို ဟုန်းဟုန်းထချိန် တိုင်းပြည်ရဲ့ အလယ်လမ်းမကြီးတွေပေါ်မှာ မခြောက်သေးတဲ့ သွေးစက်တွေက စကြာဝဠာတဆုံး တကမ္ဘာလုံးမြင်ရတဲ့ ကြယ်တာရာတွေလို ပျက်မရ ဖြိုမရ ခိုင်မြဲစွာရပ်တည်ခဲ့ကြပြီ။ (၄) သင်တို့ရဲ့ စကားသံတွေ မျက်ရည်တွေ နှလုံးသားက စီးဖြာကျလာတဲ့ ညီညွတ်ခြင်း တေးသီချင်းတွေ ဒါဟာ ဒီမြေကို သင်တို့ရဲ့သွေးတွေနဲ့  ရွှဲရွှဲစိုစေခဲ့ပြီ။ (၅) ရိုင်ဖယ်သေနတ် မောင်းတင်လာသူများ လူသတ်မိန့်ကို ဦးထိပ်ရွက်လာသူတို့အကြား သွယ်လျလျနဲ့ ညီမငယ်တယောက် အလံကိုကိုင်ရင်းလဲကျ လူငယ်တဦးရဲ့ ရင်ဝ သွေးလှိုင်းတံပိုးခုန်ထ 'တောက်' ငါတို့တိုင်းပြည်ရဲ့ အလံတော်ကို ကြေကွဲခြင်
လူသားဆန်ချင်တာ တရားတယ် မြစ်တစ်စင်းနဲ့ အတူပူးချည် စွန့်စွန့်စားစား စီးဆင်းခဲ့တယ် တစ်ခါမှမမြင်ဖူးတဲ့နေ့တွေကို မြင်ချင်လွန်းလို့ပါ မြေပုံမှာမပါတဲ့ ကျွန်းတွေ ပင်လယ်ထဲမှာ အများကြီးရှိတယ် ရေထဲက ငါးကို လေထဲမှာပျံနေတဲ့သိမ်းငှက်က ဖမ်းယူစားတယ် ဒါ သဘာဝပဲလား နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားရင် ဘာတွေကို မြင်ရဦးမလဲ ကမ္ဘာပေါ်မှာ မနက်ဖြန်ကိုမြင်ရတဲ့ နေရာတွေလည်း ရှိ မနက်ဖြန်ကိုမမြင်ရတဲ့ နေရာတွေလည်း ရှိ ကိုယ် ရောက်နေတဲ့ နေရာကို ကိုယ့်ဟာကိုယ်သိဖို့ အရေးကြီးရဲ့ ။ မိတ်ဆွေတစ်ယောက်ပြောတာ သတိရမိတယ် အခန်းတစ်ခန်း လိုချင်တယ်တဲ့ အေးအေးဆေးဆေး ဘုရားရှိခိုးဖို့ အမူးလွန်တဲ့အခါ ထိုးအန်ဖို့ အမျိုးသမီး တစ်ယောက်ကို ဧည့်ခံဖို့တဲ့ အိုး . . . လူသားဆန်လှချည်လား ကျွန်တော်ကရော ဘာထူးလို့လဲ အာဇာနည်တွေကို လေးစားမယ် ကိုယ်ဟန်ပြမယ်တွေကို ပြစ်မှားမယ် ထမင်းဝဝ စားချင်တယ် ဒါလည်း လူသားဆန်ခြင်းတစ်မျိုး ဖြစ်နိုင်ရဲ့ ဒါပေမဲ့ ရှေ့မှာ ဂျူးလူမျိုး ခြောက်သန်းကျော် သေခဲ့ပြီးပြီ ကမ္ဘောဒီးယားပြည်သူ တစ်သန်းကျော် သေခဲ့ပြီးပါပြီ ဘဝပေါင်းများစွာကို လျှော်ဖွပ်ဖို့ လွတ်လပ်မှုရှိမှ ဖြစ်မယ် မျှော်လင့်ချက်တွေဟာ လုပ်ကြံခံလိုက်ရတယ် အနာဂတ်ကတော့ အသက်ငင်နေဆဲ မက
ကရင်က ကရင်ကိုကယ် ကချင်က ကချင်ကိုကယ် ရှမ်းက ရှမ်းကိုကယ် ဗမာတွေကျ ငါလိုးမ အဲ့သလိုဆဲကြ ကရင်တကျပ် ဗမာတကျပ်  ငါတို့က ငရဲနှစ်ထပ်နဲ့ ဘာသာခြားတွေရဲ့ အခါးတွေ ငါတို့ကိုကူးစက် လူမျိုးခြားတွေရဲ့ အခါးတွေ ငါတို့ကိုကူးစက် တိုင်းရင်းသားတွေရဲ့ အခါးတွေ ငါတို့ကိုကူးစက် ကျောမွဲတွေရဲ့ အခါးတွေ ကျောမွဲတွေကို ကူးစက် အဲ့သလို ကူးစက်ရောဂါသည်တွေအဖြစ် နှစ်ပေါင်းများစွာ ကူးစက်ရောဂါရဲ့ လက္ခဏာအဖြစ် ဆဲဆိုမြည်တွန်ခြင်းကို တွေ့ခဲ့ရ အရိုင်းစိုင်းတွေပါပဲ အရိုင်းအစိုင်းတွေလေ ဆဲရင်းဆဲရင်း ဆင်းရဲခဲ့တယ်ဆိုသလို အရိုင်းပန်းတွေလို တောပန်းတွေလို လမ်းဘေးနားကပန်းတွေလို ဒို့တာဝန်အရေးသုံးပါး မပါဘဲ ပွင့်ခဲ့ကြ အဝေးမှာတော့ ဂန္ဓမာတွေ၊ နှင်းဆီတွေ၊  စပါယ်တွေ၊ ကံ့ကော်တွေ၊  ဂြိုလ်တုသတင်းက မွှေးရနံ့ရ တပတ်အတွင်း နိုင်ငံတကာသတင်းကို မြိန်ရေ ယှက်ရေကြည့်ကြ တက်ဒီရှယ်ရင်ဂန်ရယ် မက်စ်မာနာမန်ရယ်  အလန်ရှီးယားရယ် ပေါဂတ်စ်ကွိုင်းရယ်  သို့သော်..အင်္ဂလန်ဖလားမရ  အဲ့သလို ငါတို့ ဖလားမရခဲ့ပါဘူး သောကပန်းတွေလား သောကပမ်းတွေလား အနံ့တော့ရှိတယ် မမွှေးပျံ့ရဲဘူး ရှက်ဖွယ်... အလှုဒါန ပြုကြသူငှါတဲ့ စစ်ဝတ်စုံမှာ ပိတ်ဖြူစင်စလွယ်စနဲ့ ငါလိုးမဘဝ အဲ့သလို 'တောက်' ခေါက်ကြ
သူငယ်ချင်းထံပေးစာ (၁၁) "လောကကြီးဟာ စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာ လောကကြီးရယ်လို့ ဘယ်သောအခါမှ ကျနော်မအောက်မေ့ခဲ့ပါဘူး" တဲ့ အဲ့လို... အဲ့ဒီလို ဗိုလ်အောင်ဒင် လေ နဲ့ ငါ တသက်လုံး ရင်ခုန်လာခဲ့ပေရယ့် ထင်သလောက် မလွယ်ဘူးလို့ သိရတဲ့အခါ ငါ့မှာ... ငါ့ကိုယ် ငါထက် လွမ်းမောရင်နာစရာ ဘဝတွေကို ငါ စာနာခဲ့မိပါတယ် ခက်တယ်ဟေ့ နော် မီးမရတဲ့အရပ်က လျှပ်စစ်မီးကို ပိုတန်ဖိုးထားတယ်၊ လမ်းမသာတဲ့အရပ်က လမ်းကောင်းတန်ဖိုးကို ပိုသိတယ် ဘယ်အစိုးရတက်တက် ဘာမှမထူးဘူးလို့ တကယ်မထူးတဲ့သူတွေက တွေးကြတယ်လေ ငါ့မှာ... ရင်နာရ စာနာရ လေးစားရ ချစ်ရ၊ လူ့ဘဝမှာလေ ကျောမွဲတွေဟာ  ကျောချင်းကပ်ကြတယ် ဆိုတဲ့အကြောင်း ငါ့မှာ ရင်နာနာနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ရပါ ပကောလား ငါတို့ အသက်ရှည်ကြစေသား။       ။ ရင်သွေး  
Image
  သူငယ်ချင်းထံပေးစာ (၁၀) အနာဂါတ်ကလေး လှဖို့ပေါ့လေ ပစ္စုပ္ပန်ကို ချကျွေးရပါတယ်၊ ကိုယ်လုပ်နိုင်သမျှ ကိုယ် တကယ်လုပ်ကြဖို့ပါပဲ၊ ဦးချောက ပြောခဲ့ပါတယ် "လမ်းတူရင် လူချင်းတွေ့ပေလိမ့်"။ ရင်သွေး
"ဥစ္စာရူးတယောက်အမှု" အစကတော့ ဘယ်တော့မှ မခွဲပါဘူးဆို ကျောင်းပိတ်ရက်တွေ မလိုချင်ပါဘူးဆို  ယောက်ျား၊ မိန်းမ ခွဲစီးရတဲ့ အမှတ်(၉)ကားကိုတောင် မစီးချင်ပါဘူးဆို အသားချင်း မထိမှာစိုးလို့ နှုတ်ခမ်းနီတောင် မဆိုးပါဘူးဆို ဒါပေမယ့် ပြန်တမ်းဝင် ဆိုတဲ့စကားလုံးကို မြင်ရုံနဲ့ ဒတ်ဆန်းကားဆီက ပိညှက် ပိညှက် ဆိုတဲ့  အချက်ပေးသံကို ကြားရရုံနဲ့  ကျပ်ငွေ ငါးသောင်းတန် ချက်လက်မှတ်တစောင်ကို တွေ့ရရုံနဲ့  မင်းမျက်လုံးတွေက မူမမှန်တော့ဘူး  ဟင်... ခုတော့လည်း သူစိမ်းတွေလိုပါပဲလား။ မင်းလူ (၁၉၇၉) Respect & Credit to Poet Min Luu
"အလောင်း" မင်းသေဆုံးတာနဲ့ မင်းရဲ့နာမည်ဟာ အလောင်းဖြစ်လာတယ်။ အလောင်း သုသာန်ပို့ပြီးပြီလား အလောင်း လာသယ်သွားကြပြီ အလောင်း ထုတ်ရဦးမယ် အလောင်း ပြင်ပြီးပြီ အလောင်းကို အခေါင်းထဲထည့်ကြစို့ အလောင်းကို မြေမြှပ်မလား မီးသင်္ဂြိုဟ်မလား အဲ့ဒီလို မင်းကို ရည်ညွှန်းပြောဆိုကြလိမ့်မယ် အသက်ရှင်စဉ်က လူတွေသဘောကျ ကြိုးစားခဲ့တဲ့ မင်းရဲ့နာမည်ကို ဘယ်သူမှ မခေါ်ကြတော့ဘူး။ လူတွေ မင်းကိုပေးလိုက်တဲ့ နာမည်က " အလောင်း " မိုဃ်းဇော် Respect & Credit to Poet Moe Zaw
ဆေးရုံမှာ ဆေးမရှိဘူး ဆေးရုံလည်း ဆွေးရုံပဲ ဝါးလုံးခေါင်းထဲ နေပူနေတယ် လူတွေဟာ ဖယောင်းတိုင်တွေလို ပျော်လို့ ရဲတွေက ဘာလို့ သေနတ်တွေကိုင်ပြီး လမ်းပေါ်မှာ ရပ်နေကြတာလဲ လူပဲသွေးလိုမယ်ထင်ခဲ့တာ တိုင်းပြည်တစ်ပြည်ဟာ သွေးလိုနေပြီ ငါ့ကောင်မလေးက ငါ့ကိုချစ်သလို အာဏာရှင်တွေက တိုင်းပြည်ကိုချစ်ရင် သိပ်ကောင်းမှာပဲ အပျော်တမ်းမှမဟုတ်တာ မပျော်လည်းတမ်းတတယ် ။ အောင်ခိုင်မြတ် Respect & Credit to Poet Aung Khaing Myat
Image
ကိုယ်သိသမျှ ပွားနေကြတာ မသိတာတွေလည်း အများကြီး သိတာလည်း အကုန်မှန်‌တာတော့မဟုတ် အချက်အလက်တွေလည်း မူရင်းအတိုင်း ရကြတာမဟုတ် အာဘော်တွေနဲ့ အရောင်ဆိုး  ပုံပျက်ပြီးမှ ရကြတာ အဲ့ဒီရတာလေးနဲ့ပဲ ကိုယ်သိသမျှ ပွားနေကြတာ စိတ်သန်သူတွေက ထပ်ဖြန့်ကြ/လိုက်ပြောကြတာပဲ အလစ်မှာ အာဘော်နည်းနည်း ထပ်ထည့်ကြတာပဲ ဂျုံရုပ်ပျော့ပျော့ကို ပြေးရင်းလွှာရင်း လက်ဆင့်ကမ်းသွားကြသလိုပေါ့ မူလ နွားရုပ်ကလေးက သင့်လက်ထဲရောက်တော့ ဝက်ရုပ် ဒီလိုနဲ့ပဲ..... ကိုယ်သိသမျှ ပွားနေကြတာ။      ။ မင်းကိုနိုင် Respect & Credit to Saya Ko Min Ko Naing
အညတရ  သပိတ်တိုက်ပွဲ  အစမှအဆုံး သူပါဝင်ခဲ့ မထင်မရှား အညတရအနေနဲ့၊ CDM စတော့လည်း  အခုအထိ သူပါဝင်ဆဲ မိသားစုအရေး ... သူမျှော်တွေးလို့ မထင်မရှား အညတရအနေနဲ့၊ PDF,UG တော်လှန်ရေးလည်း သူမနေသာ အခါခါအကြံဉာဏ်ပေး ရင်တလေးလေးနဲ့ ထောက်ပို့အရေးပါ နေရာတကာ အညတရအနေနဲ့၊ ကိုယ့်အတွက်... နေရာ အတည်အကျမရှိ မိသားစုလည်း ဘယ်ရောက်သည်မသိ သူစိတ်ထဲမှာ တော်လှန်ရေးအသိဘဲရှိ အညတရဘဝလေး ဆိုးပါဘိ။        ။ စစ်မင်းထက်သာ (Sorry for late upload) 
Image
  သစ်ပင် သစ်ပင်ကြီး ဖြစ်ပြီးမှတော့  လေတိုက်တာကို ကြောက်မနေကြနဲ့ အမြစ်တွေနဲ့ အညွန့်တွေဟာ ဆန့်ကျင်ဘက် ထိုးဖောက်ကြရမယ် မြေနစ်မှာလည်း မကြောက်နဲ့ လေနစ်မှာလည်း မကြောက်နဲ့ ရေမွန်းမှာလည်း မကြောက်နဲ့ အရိပ်နေနေ အခက်ချိုးချိုး အသီးချူချူ အရွက်ခူးခူး ရွက်နုတွေဟာ ရဲရင့်ရမယ် ဝေရဲရမယ် ကြွေရဲရမယ် ကမ္ဘာမြေကို အရိပ်ပေးတဲ့ လောင်းရိပ် သစ်ပင်ကြီးအဖြစ်နဲ့ အရိပ်ပေးရဲရမယ် San Zuren 🌸
စတော်ဘယ်ရီနဲ့စီးကရက် ၃ ဘူတာရုံဟာ သူ့နေရာမှာနေမြဲဘဲ ရထားတွေသာ တစ်စင်းပြီးတစ်စင်း ဆိုက်ရောက်လာတယ် ဖြတ်မောင်းသွားတယ် ကိုယ့်ရဲ့ဘဝထဲ ဖြတ်လျှောက်သွားတဲ့ ချည်နှောင်ကြိုးတွေအထဲ မင်းကလည်းခဏတာပဲပေါ့ Julyကကိုယ့်ရဲ့အလွမ်းတွေဟာ Augustလအထိ မိုးနဲ့အတူ မပြတ်ဆဲခဲ့ဘူး မျက်တောင်လေးကို ကော့ကြည့်လာရင် ထွက်လာတဲ့အကြည့်တွေက မိုးညတွေကိုဖြတ်သန်းဖို့ လုံလောက်ခဲ့တယ် သောက်တလွဲတွေပဲလွဲနေတဲ့ ကိုယ့်ဘဝက မင်းနဲ့လည်းလွဲသွားခဲ့တာပါဘဲ မနီးစပ်ခြင်းရဲ့ အသုံးတော်ခံဟာ ကိုယ်တို့ဖြစ်ရတာ ရင်နာဖို့ကောင်းတာ ချိုမြိန်ပြင်းရှခြင်းဟာ သိပ်စွဲလန်းဖို့ကောင်း တစ်နည်းအားဖြင့် စတော်ဘယ်ရီနဲ့စီးကရက်  တွယ်တာမြတ်နိုးမှုက  မင်းကိုတော့ ပိုမြတ်နိုးမိခဲ့ပါတယ် အကြောင်းတိုက်ဆိုင်လို့ ကိုယ်တို့အတိတ်ကို မင်းပြန်တွေ့တဲ့အခါ အသုံးမကျခဲ့တဲ့ ဒီငနဲကို အရင်တိုင်းလေး မင်း ပြန်ဆုံးမခဲ့ပါ ခင်ရယ် ။       ။ ကျွန်တော်
ရိုသေကြမယ် ဘုရားစင်ပေါ်က ဘုရားကို ရိုသေကြမယ် စာအုပ်တွေထဲက တရားကို ရိုသေကြမယ် ငါတို့ ကိုယ့်ကိုယ်ကိုယ် ရိုသေကြမယ် ကိုယ့်ကိုယ်ကိုယ် ရိုသေကြရင် လောကမှာ လူပိုတွေ မရှိတော့ဘူး ။       ။ လှသန်း Respect & Credit to Poet Hla Than 
ဆေးတံတစ်အိုး ဆေးချေးတိုးမှ လူခိုးခံလိုက်ရသည်ကတစ်ကြိမ် ဖောင်တိန်တစ်လက် အရေးသွက်မှ နစ်ပျက်သွားသည်ကတစ်ကြိမ် ရည်းစားတစ်ယောက် ဆယ်နှစ်မြောက်မှ လင်နောက်လိုက်သွားသည်ကတစ်ကြိမ် သုံးကြိမ်သုံးခါ ရှိခဲ့တာမို့ ငါ့မှာ ကိုယ်ကျိုးနည်းလှပြီ။        ။ တာရာမင်းဝေ Respect & Credit to Poet TarYarMinWai 
Image
သက်တံ့မြစ် ညနေခင်းတစ်ခု မိုးစဲလင်းပွင့် ကောင်းကင်မှာ ဟာ… လှလိုက်တဲ့ သက်တံ့ကြီးတစ်စင်း စီးဆင်းနေတာတွေ့တယ် ရုတ်တရက်ပဲ ငါကြေကွဲခဲ့ရပေါ့ ဘဝဆိုတာ သက်တံ့လိုပါလား… ရှိတော့ရှိပါရဲ့ ဒါပေမယ့် အရှိမဲ့ သျှပ်မှူးကျော်(ထူးအိမ်သင်) Respect & Credit to Artist Htoo Eain Thin 
Image
Click and donate for them…. Thank you…. 🙏 
Image
  Click and donate for them…. Thank you…. 🙏 
Image
စစ်ရှောင်ကြသူများ
Image
Click for IDPS PEOPLE…. Thank you…. 🙏 
Image
  Your click is their tents and houses …. Thank you…. 🙏 
Image
  ခါးသီးသော စစ်ဘေးဒဏ်
Image
  ခါးသီးသော စစ်ဘေးဒဏ်
Image
  Your click is medicine for them…. Thank you for your click 🙏 
Image
  He has no option, though he doesn’t like his present life in IDP camp…  
Image
  Click and donate for them…. Thank you…. 🙏 
Image
  Your click is their cloths …. Thank you for making them warm …. 🙏 
Image
  Your clicks are stepping stones for their future …. Thank you for your click 🙏 
Image
  Stand firm for the little ones... click for them.... 
Image
  Click for those who have been displaced for over a decade in Kachin Land…
Image
  They would have no idea how to survive…. Your click is for them…  
Image
အိမ်ပြန်ချိန်များ
မရွှင်ပြခြင်းပေါင်းခြောက်ထောင်နဲ့အတူ သောက်စိတ်ပျက်စရာတွေတစ်ပုံကြီးက အိမ်ပေါက်ဝရှေ့ရောက်လာတယ် တရားဓမ္မတွေနဲ့လွှမ်းခြုံထားတဲ့ တိုင်းပြည်ဟာ အဓမ္မဘာသာကို ဇွတ်တရွတ်ကိုးကွယ်ခိုင်းတာခံနေရတယ် ကံကံ၏အကျိုးကို ဟောပြောခဲ့တဲ့ ဗုဒ္ဓရဲ့အဆုံးအမက မှန်လားမှာလား ရေရေရာရာမသိသေး ဘုရားရှင်ဟာ လောကအကျိုးအတွက် တောထွက်ခဲ့တယ် ဒါဆိုမခံချင်စိတ်နဲ့လွတ်လပ်ခြင်းအတွက် တောခိုခဲ့ကြတဲ့ တို့လူငယ်တွေကရော ? ကမ္ဘာကြီးအတွက်ဘာလည်း ကွန်မြူနစ်လား စတန့်ထွင်တဲ့ကောင်တွေလား ဟစ်တလာပေါက်စလား  ဘယ်လိုသတ်မှတ်မယ်မေးချင်တယ် လူငယ်တွေပုန်ကန်ရင် ကမ္ဘာကြီးဟာလည်း ငြိမ်ငြိမ်နေလို့မရတာ အားလုံးသိ ကဗျာဆရာဟာ ရှိရှိသမျှစကားလုံးတွေကို တရားအဖြစ်ရေးရသလို  အလွမ်းအဖြစ်လည်းရေးရတယ် နွေဦးရဲ့ညနေခင်းတွေဟာ  မနွေးထွေးတာတော့အတော်ကြာနေပြီ နွေ မိုး ဆောင်း သုံးရာသီလုံး သွေးညှိနံ့တွေစွန်းထင်းနေတယ် လက်ဖျောက်တစ်ချက်တီးတိုင်း မြည်ဟီးလာမယ့် နာကြည်းသံတွေက အာဏာရူးရဲ့ရင်ဘတ်ကို တစ်ကြိမ်းကြိမ်းသွားဆောင့်စေရမယ် နံရံကိုခေါင်းနဲ့တိုက်တယ် တင့်ကားကိုဖိနပ်နဲ့ပေါက်မယ် ခေါင်းတည့်တည့်ကိုကျည်ဆံနဲ့ပစ်မယ် အကြောက်တရားကိုလက်ခလယ်ပြမယ် ပုခုံးချင်းဖက်ပြီး နိုင်ငံတော်သီချင်းကို အရင်လိုတရားမျှ
Image
  ယုံကြည်ရာလမ်း သေသည့်တိုင်.. ငါ့လမ်း  ငါလျှောက်ဆဲ ငါ့လက်တစ်ဖက်က ဒုက္ခထုပ်ကိုပိုက် ကျန်တစ်ဖက်က ယုံကြည်မှုကိုပိုက်ရင်း ငါ့သိက္ခာကို..ငါအရောင်တင်မယ် San Zuren 🌸
Image
  လူမျက်နှာပျောက်တဲ့ လူသားတွေ လူအချင်းချင်း မီးထက်ပြင်းတဲ့ ထိုးနှုက်မှုတွေ အချစ်ကို ဝယ်စားကြတဲ့သူတွေနဲ့ အချစ်ကို ရောင်းစားကြသူတွေ ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့ မေတ္တာမဲ့တဲ့ နှလုံးသားတွေ ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။ ငါတို့ခေတ်မှာ...လူသားတွေဟာ တစ်ယောက်ရဲ့အတ္တအတွက် တစ်ယောက်က အခြားတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုး အသွေးအသားတွေ ဝါးမျို အရိုးတွေနဲ့ မီးလှုံ ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့။ ငါတို့ခေတ်မှာ...ကမ္ဘာရဲ့သစ္စာ ပျောက်ဆုံးနေတဲ့ လောကပါလဟာ ဘယ်မှာမှ ရှာမရသလို အတ္တမျက်မှန်ပြာတွေတပ် မောဟအမှောင်တိုက်ထဲဝင် ဟင် ! လူတွေဟာ လူမျက်နှာပျောက်နေကြပြီ။        ။ ဇေယျာသော် 27.June.2008 23.July.2022 တွင် ကျဆုံးသွားသော ကိုဇေယျာသော်အား အလေးနီပြုဂုဏ်ပြုအပ်ပါသည်။ ✊
Image
  နိုင်တဲ့သူ  တရားကြေးလို့ ဆိုပြီး ကျည်ဆန်တွေနဲ့ သမိုင်းရေးဖို့ မင်းတို့ ကြိုးစားနေလား..… ဟောဒီ ... ကျောင်းသားမျိုးဆက်ကုန်မှ အဲဒီတရားကို မင်းတို့ ရမယ်။ တရားတဲ့သူသာ နိုင်ကြေး။        ။ Jimmy 23.July.2022 တွင် ကျဆုံးသွားသော ကိုဂျင်မီအား အလေးနီပြုဂုဏ်ပြုအပ်ပါသည်။ ✊