ရှင်သန်ခြင်းရှင်းတမ်း သူရဲကောင်းလည်း မဖြစ်ချင်ဘူး အာဇာနည်လည်း မဖြစ်ချင်ဘူး ပျော့ညံ့သွေးကြောင်သူလည်း မဖြစ်ချင်ဘူး။ မိုက်ရူးရဲလည်း မဖြစ်ချင်ဘူး တွေဝေခြောက်ခြားသူလည်း မဖြစ်ချင်ဘူး ကိုယ့်ကိုယ်ကို ပြန်အရှက်ရသူလည်း မဖြစ်ချင်ဘူး။ လျှာဖြတ်ခံရတဲ့ ပြောရေးဆိုခွင့်ကို ကြုံဖူးတယ် အကျဉ်းချခံရတဲ့ လူ့အခွင့်အရေးတွေ နေဖူးတယ် သားကြောဖြတ်ခံရတဲ့ နေ့ရက်တွေနဲ့ ရှင်သန်ဖူးတယ်။ ငါတို့ ငရဲကို ငါတို့နဲ့ပဲ အဆုံးသတ်ချင်တယ်။ ရေပေါ်ဆီ နိုင်ငံရေးသမား မဖြစ်ချင်ဘူး စိတ်ကူးယဉ်ကဗျာဆရာ မဖြစ်ချင်ဘူး အဓမ္မဝါဒကိုထောက်ခံတဲ့ လူတစ်ယောက်မဖြစ်ချင်ဘူး။ ရှင်သန်မှုဟာ တစ်မိနစ်ပဲကျန်တော့မယ်ဆိုရင် အဲ့ဒီတစ်မိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ်။ ။ ခက်သီ Respect & Credit to Poet Khet Thi
Posts
Showing posts from May, 2022
- Get link
- X
- Other Apps
ပြည်သူ့ ရင်တွင်းသောက အသင်နေမင်း နွေရာသီရောက်လာလို့ သင့်အပူဓာတ် များလာပေမဲ့ အကျွန်ုပ်တို့ ရင်ထဲက ပူလောင် နာကျင်မှုတွေကို သင်အပူဖြင့် မဖုံးလွှမ်းနိုင်ပါ။ မိုးရာသီ ရောက်လာပေမဲ့ အကျွန်ုပ်တို့ ရင်ထဲက အပူသောကတွေကို ငြိမ်းအေးနိုင်မည်မဟုတ်ပါ အကျွန်ုပ်တို့အား ပျော်ရွှင်စေတတ်သော ဂီတ ရသ များတောင် အကျွန်ုပ်တို့ ခံစားချက်ကို မပျော်ရွှင်စေပါ ဤမှန်သော သစ္စာစကားကြောင့် စစ်အာဏာရှင် စနစ် မုချကျဆုံးပါစေသား။ Zeus
- Get link
- X
- Other Apps
''ရုပ်ရှင်'' နှင်းတွေ ဖွဲဖွဲကျနေပုံ မဟုတ်ဘဲ ရွာတွေဆီက ပြာစတွေ တဖွေးဖွေး။ "ဒီအိမ်ကို ဆောက်ဖို့ ငါ့သားလေးက သူများနိုင်ငံ(ထိုင်း)မှာ ကျွန်ခံခဲ့ရတာ" လို့ အော်ဟစ်နေတဲ့ အခန်းမှာ သရုပ်ဆောင်သူအဘွားအို ရူးသွားတယ်။ ဇာတ်ကောင်တွေဟာ အများကြီးဆိုတော့ ငိုသံတွေလည်း အကျယ်ကြီးပဲလေ။ ဇာတ်၀င်တေးက တယောသံနဲ့ မဟုတ်ဘူး သေနတ်သံ ၊ ဗုံးသံနဲ့ ။ ကြည့်ရှုသူတွေဟာ ဘ၀ပိတ်ကားပေါ်မှာ ကိုယ့်အလောင်း ကိုယ် ပြန်မြင်နေကြရတယ်။ ။ မောင်ရေချမ်း Respect & Credit to Owner ( photo & poem )
- Get link
- X
- Other Apps
ကျွန်တော်ဟာဒီလိုကောင် ငါဟာခေါင်းမာတယ်ဂျစ်ကန်ကန်တယ် အရစ်ရှည်တယ် စပ်စုတယ် တုံးအတယ် လူတွေနဲ့အမြဲပြောင်းပြန်ဆန့်ကျင့်တဲ့ဘက် လူဖြစ်လာတာကကံကောင်းလွန်းတယ်လို့ လူအဖွဲ့အစည်းကသတ်မှတ်ထားတာကို လူဖြစ်လာတာကငရဲဘဲဆိုပြီး ငါဟာအတ္တကြီးစွာထင်နေတယ် နိဗ္ဗာန်ဟာအေးချမ်းတယ်ဆိုတာကိုသိလျက်နဲ့ နိဗ္ဗာန်ကိုဖြိုလို့ရမလားတွေးနေတဲ့ကောင် ငါဟာကံကံ၏အကျိုးကိုယုံကြည်ပါတယ် ဒါပေမယ့် အဲ့ဒီယုံကြည်မှုကိုဘဲ သံသယစိတ်များပြီးမယုံကြည်နေတာ ကြိုးစားရင်ဘာမဆိုဖြစ်ပါတယ်ဆိုတာကို အရှေ့မှာဒီလောက်ပညာရှင်ပေါင်းများစွာက သက်သေပြထားတာတောင် အဲ့ဒီကြိုးစားတာကို အရှုံးပေးချင်နေတာ ကမ္ဘာကြီးကသတ်မှတ်ထားတဲ့ စည်းတွေ ဘောင်တွေကို ကိုယ်တိုင် လက်ခံပေမယ့် အဲ့ဟာတွေကြားထဲမှာကိုမနေချင်တဲ့ကောင် လွတ်လပ်မှုဆိုတာကို ငှက်မွေးလို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ခံစားချင်နေတဲ့ကောင် ငြိမ်းချမ်းရေးကို စစ်တိုက်ပြီးယူချင်နေတဲ့ကောင် လူတွေကိုတတ်နိုင်သလောက်ကူညီတယ် မတရားမှုကိုတရားစေချင်တယ် မေတ္တာတရားကိုရင်မှာပိုးထားတယ် ထူးဆန်းတဲ့ကဗျာတွေရေးတယ် ကော်ဖီကိုနှစ်ခြိုက်တယ် စီးကရက်ကိုစွဲလန်းတယ် ပန်းတွေကိုမြတ်နိုးတယ် နေကြာတွေကိုချစ်တဲ့အမျိုးသမီးလေးကို ရူးရူးမူးမူးချစ်တယ် နောက်ပြီး က
- Get link
- X
- Other Apps
ကျွန်တော်နှင့်ပေါကြောင်ကြောင်စာစုများ ၁ မြို့ပြရဲ့မီးရောင်များအောက် မရှိမဲ့ရှိမဲ့ ကဗျာတွေအကြောင်းရေးစပ်သီကုံး အတွေးတွေက ဟိုတစ်စဒီတစ်စ အိပ်မက်တွေရဲ့ အနားသတ်မျဥ်းတွေက ထောင့်မတ်ကျနိုင်ပါ့မလား နယူတန်ရဲ့ ကမ္ဘာတွင်စကားကို ဘဝမှာအတည်မှတ်ပြီး ပေးဆပ်ခဲ့ပြန် ဟိုလူဒီလူတွေရဲ့ သတ်မှတ်ချက်တွေကို စည်းကမ်းတစ်ခုလို မှားမှတ်နေခဲ့ ပူရှိန်းနဲ့စီးကရက်ဟာ လိုက်ဖက်တယ်ထင် အနက်ရောင်ယဥ်ကျေးမှုဟာ ကမ္ဘာကြီးရဲ့ ရိုးရာဖြစ်နိုင်လား ဦးဘညွှန့်ရဲ့ ချစ်ဒုက္ခလို ချစ်မိလိုက်ချင် ကျွန်တော်ဟာ ဆံပင်ရှည်သလို လျှာရှည်တယ် စပ်စုတယ် တုံးအတယ် လူငယ်ဖြစ်တဲ့လျောက် လူငယ်ပီပီ ဂျစ်ကန်ကန် မေးချင်ပါတယ် ဟစ်တလာသာ ရဟန်းကျင့်ကြံခဲ့ရင် ကမ္ဘာတစ်မျိုးပြောင်းသွားနိုင်လား။ ။ -ကျွန်တော်
- Get link
- X
- Other Apps
ငါတို့...အတူတူ နောက်ဆုံးတဲ့လား ငါ့ကောင်ရယ် လူတွေအားလုံးက... မင်းကို ငိုကြွေးခြင်းနဲ့ နှုတ်ဆက်ကြတော့ ငါနားမလည်နိုင်။ ဘယ်သူကများ ပြောရဲတာလည်း မင်းတစ်ယောက် မရှိတော့ဘူးရယ်လို့ မင်းကအခုချိန်ထိ ငါ့တို့အတွေးထဲမှာ ရယ်ရယ်မောမော။ မနေ့ညကတင်ပဲ မင်းကောင်မလေးနဲ့ပြတ် အသည်းကွဲလို့ ငါတို့အတူတူ သောက်ခဲ့ကြသေးတာပဲမဟုတ်လား မင်းမရှိတော့ဘူးလို့ ဘယ်သူကများပြောရဲတာပါလိမ့်။ ငါတို့အတူတူ... လောကကြီးကို ဟားတိုက်ရယ်မောကြရဦးမယ်လေ။ ငါတို့အတူတူ... ကြောင်တောင်တောင်ညတွေမှာ ကြယ်တွေထိုင်ကြည့်ရင်း စကားတွေပြောကြမယ်။ ငါတို့အတူတူ... တစ်ယောက်ကို တစ်ယောက် အားပေးနှစ်သိမ့်ရင်းနဲ့ ငိုကြွေးကြရဦးမယ်။ ငါတို့အတူတူ... အသည်းကွဲသီချင်းတွေ အတူတူဆိုကြမယ်လေကွာ။ ငါတို့အတူတူလေကွာ...ဟေ့ကောင်ရာ ငါတို့အတူတူလေကွာ။ ။ စိုး🖤
- Get link
- X
- Other Apps
မင်းတို့ ဖတ်တဲ့ငါ့ကဗျာတစ်ပုဒ် မင်းတို့ဖတ်တဲ့ငါ့ကဗျာတစ်ပုဒ်... တန်ဖိုးမရှိဘူးဆိုရင်တောင်... တန်ဖိုးတော့ထား ငါ့ကောင်။ မင်းအတွက်တော့ စာတစ်ကြောင်း ဖတ်ကြည့်တော့ စာတစ်ပိုဒ်ဆိုရင်တောင်... ငါ့မှာတော့ ရင်းထားရတာက စက်ရုပ်တစ်ရုပ်ရဲ့ရင်ဘတ်ကြီးနဲ့။ ငါ့မှာတော့ရင်းထားရတာက သုခဒုက္ခ အတွေ့အကြုံပေါင်းစုံနဲ့။ ငါ့မှာတော့ရင်းထားရတာက ချုပ်ရိုးမရှိတဲ့ဒဏ်ရာတွေများစွာနဲ့။ ငါ့မှာတော့ရင်းထားရတာက အိပ်ရေးပျက်ညပေါင်းများစွာနဲ့။ ငါ့မှာတော့ရင်းထားရတာက သန်းခေါင်ယံ စီးကရက်မီးခိုးငွေ့ကြားထဲက မိန်းမချောလေးရဲ့ ခပ်စိမ်းစိမ်းအကြည့်တွေနဲ့။ ။ စိုး🖤
- Get link
- X
- Other Apps
ပြန်ခဲ့ပါတော့ 'ရှင်' ရယ် တူယှဉ်ကာ ချစ်တင်းဖွဲ့ အပူအပင်ကင်းမဲ့စွာ ပျော်ကြမယ် ခုတော့လေ..... တစ်ယောက်တည်းပေမို့ သူ့အတွက်ရယ် စိုးထိတ်ပူပန်စိတ်တွေနဲ့ အဝေးရောက်သူကိုဖြင့် စစ်ဘေးရှောင်သူတစ်ယောက်ရယ်က တောင်းဆုခြွေ...နေ့တိုင်း..... ပြန်လာပါ မခေါ်ရက်ပေမယ့် ဒီတစ်ခါ ပြည်တော်ပြန်ရင်ဖြင့် ဆီးကြိုကာ ပန်းသပြေရယ်နဲ့..... ထိုထိုအတွေး မဆုံးခင်မှာလ ' အုံး ' ' ဒိုင်း ' အသံကြားရပြန်တော့ ပုန်းဝှက်စရာ နေရာပြေးဖို့ကြံ အို...'မောင်' ရယ် အောင်ပွဲနဲ့ အတူ မြန်မြန်သာ ပြန်ခဲ့ပါတော့ 'ရှင်'ရယ်။ ။ ဟိန်းတေဇ 2-12-21
- Get link
- X
- Other Apps
ဆောင်းဦးပေါက် ကဗျာရွတ်မယ် အိမ်နီးချင်း အဘွားအိုရဲ့ တိတ်ဆိတ်တဲ့ တကိုယ်ရည် အထီးကျန်မှုကို မျှဝေခံစားမယ် မြောက်အရပ်က အိမ်နောက်ဖေးလယ်ကွင်းကိုငေးရင်း ရေချိုးရင်းဆပ်ပြာအကြိမ်ကြိမ်တိုက်ရင်း ထပ်ငေးနေမယ် နွားခြံ ဖွဲမီးဖိုဆီက မီးခိုးနဲ့ လမ်းဘေးဓာတ်မီးတိုင်ရဲ့ အလင်းရောင်ကို ဝတ်ထားတဲ့ ခပ်ပါးပါး မြူခိုးနဲ့ မြို့လေးရဲ့ တာလမ်းမပေါ်မှာ သွားပြီး ပေါင်းဆုံမိကြမယ် တစ်စုံတစ်ခုရဲ့ ဖူးပွင့်ဝေဆာမှုနဲ့ တစ်စုံတစ်ခုရဲ့ ပျက်သုဉ်းသွားရခြင်းနဲ့ ဆင်ခြင်တုံတရားနဲ့ ခေတ်ကြီးကို မနေ့က ရွာတဲ့ နောက်ဆုံးမိုးထဲမှာပဲ ရွှဲရွှဲစိုနေလည်း ပစ်သာထားလိုက်ရော့မယ်။ ။ (ရိုးခက်လက်)
- Get link
- X
- Other Apps
လမ်း လမ်းမပျောက်သမျှ လှမ်းလျှောက်ရတာပန်းတိုင်ရှိတယ်။ လမ်းမြင်နေသမျှ ပန်းဝင်စေရမယ်ယုံကြည်တယ်။ ရွေးခဲ့တဲ့လမ်း မှန်းခဲ့တဲ့ပန်းတိုင် ကိုယ်တိုင်မြင်၊ကိုယ်တိုင်ဖောက် အသက်မပျောက်မချင်း (ဒို့တွေ) ဆက်လျှောက်ရင်း သမိုင်းရေးကြမယ်။ ။ မောင်စိန်ဝင်း(ပုတီးကုန်း) 11 Nov 21 Respect & Credit to Poet Mg Sein Win(Padigon)
- Get link
- X
- Other Apps
လူငယ်လေးတစ်စု ခေတ်တိုင်းမှာ သူတို့ရှိတယ် ဆေးလိပ်ကြိုက်တယ် ကဗျာကြိုက်တယ် လက်ဖက်ရည်ကြိုက်တယ် စာအုပ်ကြိုက်တယ် ဂန္တဝင်ဂီတကြိုက်တယ် နောက်ပြီး နိုင်ငံရေးကြိုက်တယ်။ လူတွေက သူတို့ကို အရူးလိုထင်ကြတယ် ကျောက်တောင်ကို ကြက်ဥနဲ့ပေါက်တဲ့အကောင်တွေတဲ့။ တချိုကလည်း သူပုန်လောင်းလေးတွေတဲ့။ ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။ ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး။ လူကြောင်တွေတဲ့....ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့။ မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ် ဖောက်ပြန်ရေးသမားတွေကို မုန်းတယ် မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ် အချစ်ရေးတော့ကံခေကြတယ်ဗျ။ အချိန်တန်တော့သူတိုတွေဟာ သံတိုင်တွေ နောက်မှာ တောတောင်လျှိုမြောင်တွေကြားမှာ ဘာဆုလာဒ်မှမရဘဲ ပျောက်ဆုံးကုန်ကြတယ်။ လူမသိသူမသိ ပျောက်ကွယ်သွားတဲ့ လူငယ်လေးတစ်စုဟာ ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။ မောင်ငြိမ်းချမ်း Respect & Credit to Poet Mg Nyein Chan
- Get link
- X
- Other Apps
အို...ဘယ့် ကလေးငယ် ခရစ္စမတ်သီချင်းသံတွေ နေရာမှာ လေယာဉ်ပျံသံတွေ ဗုံးသံတွေ နားနှစ်ဖက်နဲ့ပြည့်လျှံနေအောင် အဘယ်ကြောင့်များ အစားထိုးဝင်ရောက်ရသလဲကွယ် ဪ....တယ်လည်းရက်စက်ပါပေ့ ကွင်းပြင်ကြီးရဲ့တစ်နေရာမှာ အကာဆိုတာမဲ့ ကွယ်ရာဆိုတာဗလာနတ္ထိ အအေးဒဏ်ကို လက်ခမောင်းခတ် မေးငေါ့ စိန်ခေါ်လိုက်တဲ့ ကလေးငယ်ဆီက ညည်းညူသံ တစ်ချက်မကြားရ အိမ်ကိုလွမ်းသော်လည်း လွမ်းစရာတစ်ခုတည်းသော အိမ်ဆိုတဲ့အရာ ဘယ်ဆီဘယ်ကို မျောလွင့်သွားတယ်ဆိုတာ အဖြေရှာမရဖြစ်နေတုန်းဆဲဆဲမှာပဲ ရယ်သံသဲ့သဲ့လေးတစ်ချက် ထိုရယ်သံရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ ငိုကြွေးခြင်းတွေ ဘယ်လောက်များ များနေမလဲ တွေးရင်း မျက်ရည်ကျရပါတယ် အို....ဘယ့်ကလေးငယ် ThaeNu
- Get link
- X
- Other Apps
ရှက်လို့ ရေးတဲ့စာ လူတွေ သေပြီးတဲ့နောက်မှာ ဘယ်ရောက်သွားတယ်ဆိုတာ ငါတို့ သိချင်မှသိမယ် သူတို့ မသေခင်လုပ်ခဲ့တာတွေက ငါတို့အမှတ်ရစရာ ဝမ်းသာ ဝမ်းနည်း လွမ်းဆွေး ကြေကွဲ အမြဲမှတ်ထားမိစရာတွေဆိုတာ အပိုမပါဘူး ငါတို့သိခဲ့ရဖူးတယ် တပြည်လုံး မတရားမှုအစုစု ကောင်းမှုရယ် မဆိုဘူး ထားလိုက်ပါ ရင်ထဲက စေတနာ လွတ်မြောက်စေချင်တာ အဲ့လူ သေနေ့စေ့တော့ မေ့ပျောက်တာခံလိုက်ရတယ် ညီလေး! မင်းနောက်ဘဝ မြန်မာပြည်မှာ ပြန်မမွေးလာခဲ့ပါနဲ့။ ။ Tommy (ကျဆုံးသူရဲကောင်းများဆီသို့ အမှတ်ရခြင်း)
- Get link
- X
- Other Apps
အရိပ်စစ် ကိုယ့်ကိုတန်ဖိုးထားတဲ့ အရပ်မှာ ရှင်သန်ပါ ကိုယ်စွမ်း ဥာဏ်စွမ်း ထုတ်ဖော်ခွင့်တွေကြားမှာ အသက်ရှူပါ ရဲဘော်ရဲဘက်စိတ်တွေ ပေါများတဲ့ အရပ်မှာ ခေါင်းချ အိပ်ပါ စေတနာတွေ သိတဲ့သူတွေကြားမှာ အပြုံးအစစ်တွေ ပြုံးပြပါ အတ္တတွေ ရှင်သန်ရာအရပ်မှာ ရွှေငွေ ဥစ္စာ ဘယ်လောက်ပေါပေါ ဖြတ်မလျောက်ပါနဲ့ ယုံကြည်ခြင်း လက်တွေကို မြဲမြဲ ဆုတ်ကိုင်ထားရင်း သံသရာပါမယ့် ရိုးသားမှုတွေက မင်းအရိပ်စစ် ဖြစ်ပါစေ။ ။ San Zuren 🌸
- Get link
- X
- Other Apps
မသေမျိုးတွေရဲ့ အရုဏ် ကမ္ဘာတုန်အောင် လင်းလက်ပြနိုင်ကြပါစေ အောက်ချင်းမြည်သံ ငါ့နှလုံးသား ငါ့မြို့ မီးတင်ပြီးရှို့လိုက် မီးမြိုက်မီးတောက်ကြားက ဖီးနစ်ငှက်များလိုထပျံ ကောင်းကင်ယံမှာဝဲနေ မသေမျိုးတို့ရဲ့အရုဏ်က ကမ္ဘာတုန်အောင် လင်းလက်ပြလိမ့်မယ်။ မောင်စိန်ဝင်း(ပုတီးကုန်း) 31 Oct 2021 Respect & Credit to Poet Mg Sein Win(Padigon)
- Get link
- X
- Other Apps
မျက်ရည်အားအင် ညကမှောင်မိုက်လွန်းလှတယ် လအပေါ်ကိုလည်း တိမ်စိုင်တွေ အုပ်မိုးလို့ထားတယ် တရွေ့ရွေ့ပြေးနေကြတဲ့ တိမ်တိုက်တွေကလည်း လွမ်းဆွေးစရာကောင်းပြန်တယ် ကောင်းကင်တစ်ခုလုံး မည်းမှောင်လို့နေတယ်။ တိမ်စိုင်တချို့ဟာ ဆိုလျှင်များ လူအရိုးစုပုံစံနဲ့တောင် တူများတူလိုက်ပါပေတယ်။ ကြယ်တွေအကြောင်းလား မမေးပါနဲ့တော့ဗျာ သိပ်ကို ရင်နာစရာကောင်းတယ် ဓူဝံကြယ်ဟူသည် မှေးမှိန်ရိုးထုံးစံမရှိ။ တိမ်ဘယ်လောက် အုပ်စိုင်း အုံ့မှိုင်း တစ်ရေးနိုးထကြည့်တောင် အဆုံးမရှိ လင်းလက်မယ့်ကြယ်၊ ပြောစရာစကားလုံးအစအန ရှာမရလောက်အောင် ဗလောင်ဆူလွန်းလှတဲ့ ဒီရင် တဆစ်ဆစ်နဲ့နာကျင်လွန်းရတဲ့ ဒီအသည်းတစ်စုံ၊ စက္ကူခပ်ပါးပါးတစ်ရွက်ပေါ်ကျတဲ့ မျက်ရည် ကဗျာတစ်ပုဒ်နဲ့ပဲ သုတ်လိုက်ချင်ပါတယ် ညအမှောင်ထဲမှာ ကြယ်ရောင်တဖျဖျနဲ့၊ လမ်းပျောက်တဲ့ငါဆိုသည်မှာ ရှေ့ဆက်လျှောက်ဖို့ အားအင်သစ်တစ်ခုရပြန်ပြီ။ ။ ThaeNu
- Get link
- X
- Other Apps
“မူကြိုကျောင်းမှာ” သားကိုလာဖမ်းတော့ သေနတ်တွေနဲ့ ဆရာမကမပေးပါဘူး ကျမ မွေးစားလိုက်မယ်တဲ့ အတင်းခေါ်သွားတော့ သားငိုတယ် တစ်ကျောင်းလုံးငိုတယ် သားတို့အရုပ်လေးတွေပါ လိုက်ငိုတယ်။ ။ မင်းကိုနိုင် "In my nursery school" With the guns They came to get me My teacher said Do not take him I will adopt him I cried The whole school cried Our toys also cried.. Min Ko Naing Respect & Credit to Ko MinKoNaing
- Get link
- X
- Other Apps
တောမှာပျော်လို့ တောခိုတာ မဟုတ်သလို သွေးဆာလို့ လက်နက်ကို ဆွဲကိုင်တာလဲမဟုတ်ဘူး။ ခရီးကြုံလို့ လှေကြုံလိုက်တာ မဟုတ်သလို ပေါ်တဲ့လှေကို တက်စီးတာလဲ မဟုတ်ဘူး။ အောက်ခြေမခိုင်သေးလို့ ခဏတာ မှေးအိပ်နေခဲ့တာ ငယ်နိုင်လို့တော့ မသတ်မှတ်လိုက်နဲ့လေ။ အရေးကြုံရင် သက်လုံကောင်းစေဖို့ အင်ဂျင်တွေကို ပါဝါဖြည့်လိုက်ပြီ။ ရိုင်ဖယ်ဟာ မိုင်နှစ်ဆယ်ပြေးသလား ? လာခဲ့!!! ယှဉ်ပြိုင်ရင် စင်ပြိုင်တိုက်ဖို့ Ak မှာ ကျည်ဖြည့်ထားတယ်။ စစ်တလင်းမှာ မင်းတို့ အလောင်းထပ်သွားစေရမယ်။ ကောက်ကျစ်တဲ့ လှည့်ကွက်အောက်မှာ လက်ဝါးဖြန့် ဒူးထောက်ရအောင် ငါတို့က နိုင်ငံရေးသူတောင်းစား မဟုတ်ဘူးကွ!။ 'တောင်'ဘယ်လောက်ကြီးကြီး ခြေဖဝါးအောက်မှာပဲ 'လှိုင်း' ဘယ်လောက်ကြီးကြီး လှေအောက်မှာနေရမြဲပဲ။ အင်အားကြီးလို့ အနိုင်ရစတမ်းသာဆိုရင် ဆင်စွယ်ကို ဘယ်သူက ဝယ်ယူခွင့်ရှိဦးမှာလဲ။ အနာဂတ်ကို ရုပ်လုံးဖော် ထုဆစ်ဖို့ ပေဖြစ်တုန်းက ခံခဲ့ရတဲ့ တူတစ်လက်ဟာ အရင်းနှီးများစွာနဲ့ စောင့်နေလေရဲ့။ ။ * မင်းကိုနိုင် * #နွေဦးတော်လှန်ရေး #အရေးတော်ပုံအောင်ရမည် Respect & Credit to Ko MinKoNaing
- Get link
- X
- Other Apps
မင်းတစ်ယောက်တည်းမဟုတ်ဘူး လောကထောင့်ကျဉ်းထဲမှာ ခံတွင်းပျက်နေပြီလား မင်းတယောက်တည်း မဟုတ်ဘူး လက်တင်အမေရိက က ကချေသည်မ တစ်ယောက်က ပြောတယ်။ "တစ်ဘဝတည်းမှာပဲ နှစ်ဘဝစာလောက် ဒုက္ခခံခဲ့ရသမို့" မင်းတစ်ယောက်တည်း မဟုတ်ဘူး အရှေ့တောင်အာရှက တရားမဝင် အလုပ်သမားတစ်ယောက်က ပြောတယ်။ နာကျည်းခံပြင်းမှုတွေကို အတိအလင်းဖော်ပြရရင် မင်းတစ်ယောက်တည်း မဟုတ်ဘူး အရှေ့ဥရောပက ကဗျာဆရာတစ်ယောက်က ပြောတယ်။ "လူလို မနေရတာကြာတော့ လူစိတ်ကလည်း ပျောက်လုလု" မင်းတစ်ယောက်တည်း မဟုတ်ဘူး အာဖရိက က စားစရာမရှိတဲ့ လူတစ်ယောက်က ပြောတယ်။ "ကောင်းပြီ ဘယ်သူတွေပါသေးသလဲ" ခေတ်ကြီးတစ်ခုလုံးပါတယ် ခေတ်ကြီးတစ်ခုလုံး အဖော်လုပ်ရမှာဆိုတော့ နည်းနည်းတော့ စိတ်ညစ်စရာကောင်းမှာပေါ့ ကဲ ကဖေးတစ်ခုခုမှာ ချိန်းတွေ့ရအောင် ဂျကာတာက ဖက်ရှင်ကဖေးမှာလား ဟိုချီမင်းစီးတီးက ကွန်ဒွန်ကဖေးမှာလား တိုကျိုက ဆိုင်ဘာကဖေးမှာလား ကွာလာလန်ပူက ဟာ့ဒ်ရော့ခ် ကဖေးမှာလား ရေငုပ်သင်္ဘောလို နေလို့ မဖြစ်တော့ဘူး တဲ့ အာကာသယာဉ်လို နေမှ ဖြစ်တော့မယ် တဲ့ ယဇ်ပလ္လင်ပေါ်ကို ခေါင်းထိုးတင်လိုက်တဲ့ သိုးတစ်ကောင်က ထအော်တယ် မင်းတစ်ယောက်တည်း မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ က
- Get link
- X
- Other Apps
အချစ် နှင့် အမုန်း ပျိုးသောသစ်ပင် ရှင်သန်သောခါ ဖူးညှာသီးဆင့် အပွင့်ခိုင်တွဲ ကြဲသောမျိုးကို တူးရမြဲ အမုန်းပင်ကို စိုက်လိုမူကား ဝန်တိုငြူစူ မကြည်ဖြူစတမ်း ဆိုးသွမ်းရက်စက် ညှင်းပန်းလေရာ လိမ်ညာဖုံးဝှက် လုယက်သတ်ဖြတ် သူ့အားရွံရှာ မေတ္တာကင်းပ မဲ့ကြ ရွဲ့ကြ ကဲ့ရဲ့ကြ ရန်သူကဝိုင်း တစ္တေသင်္ချိုင်း တောရိုင်းကန္တာရ ခြောက်သွေ့လှသည် သူ့ဘဝ အထီးကျန်...... အချစ်ပင်မျိုး စိုက်ပျိုးသူကား သနားကြင်နာ ညှာတာသည်းခံ စံလျှင်ဝေမျှ ခံစရာရှိက ရှေ့ မှသူရပ် မားမားမတ်သည် အများပြည်သူ လူတကာက မြတ်နိုးခံရ မေတ္တာခံရ ရန်သူမရှိ လိုလားသူသာ ဝန်းရံကာလျက် နှစ်သက်ခင်မင် လွတ်လပ်ပျော်ရွှင် စည်ပင်ဝပြော လှပလန်းဆန်း ငြိမ်းချမ်းသာယာ အေးမြမြဲ အမုန်းပင်မျိုး သည်အမျိုးလျှင် အချစ်ပင်မပေါက် မုန်းငြောင့်ညွန့်ကြွ သူ့ဘဝ၏ ဓမ္မတရား သင်ကြားခဲ့သည် သင် ဘယ်သစ်ပင်စိုက်မည်နည်း။ ။ ဒဂုန်တာရာ