Posts

Showing posts from October, 2022
သူငယ်ချင်းထံ ပေးစာ ( ၁၄ ) ကြယ်တစ်လုံးကြွေမှ ကျီးတစ်အုပ်ရမယ်ဆို ငါတို့....။ တန်ရဲ့လားဆိုတဲ့ မေးခွန်း စဥ်းစားခွင့်မရတာ ကြာခဲ့ပါပကော။          ။ ရင်သွေး
လူ့လောကထဲ  တစ်နေ့ထက် တစ်နေ့   အရူးတွေပို ပိုပေါလာနေပြီ စာရူး ကဗျာရူး    အချစ်ရူး အာဏာရူး   တချို့သော အရူးများ  အာဏာရှင်ကို တော်လှန်ဖို့တဲ့  အသက်တောင် စွန့်သွားလေရဲ့ ဪ.....တော်လှန်အရူးတွေ ကျည်ခွံတွေ ဟိုနားတစ်စ ဒီနားတစ်စ ယမ်းငွေ့တလူလူနဲ့  ကမ္ဘာကြီးထဲမှာ  ဒီအရူးတွေဟာလည်း ငြိမ်းချမ်းစွာပဲ အနားယူကုန်ကြတယ် ငါမျှော်လင့်ပါတယ် တရားသော ရူးသွပ်ခြင်းများ  ခိုင်မြဲပါစေ ငိုသံတွေလည်း  နိဂုံးချုပ်နိုင်ပါစေတော့...၊၊ ThaeNu
တောင်းတမှု ဆောင်းလေဝင်လာပြီ ပွန်းပဲ့နေတဲ့ လေပြေလေး တိုက်ခတ်တော့  တောက်လောင်နေတဲ့အိမ်ရဲ့ မီးခိုးတွေက တလွင့်လွင့် ရွက်ထူလို့ ယိုင်နဲ့နေတဲ့ တဲလေး  ခိုနားရာတစ်ခုက အဘွားအို တစ်ယောက်ရဲ့ ရင်ထဲက မျက်ရည်ပေါက် ကျသံတစ်ခု...။ "အိို အဘယ်ပဲ့သို့ ဝမ်းနည်းဖွယ်ကောင်းတဲ့ မြင်ကွင်းမျိုးလဲ "တဲ့ ယိုင်နွဲ့နေပြီး တသဲ့သဲ့  ဝမ်းနည်းဖွယ် ကောင်းတဲ့ စကားတစ်ခွန်း...။ တောက်လောင်ရာ  လမ်းတစ်လျောက် ပဲ့ထွက်နေသော အရိုးအစိုင်တွေ လောင်ကျွမ်း ပြာကျနေသော အရိုးမှုန် ဝိညာဥ်တွေရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ ငိုကြွေးသံတွေ...။ ဘေးနားက ကလေးလေး တစ်ယောက်က ဦးဦးရေ... "ဘယ်တော့မှ သမီးတို့ လွတ်လပ်စွာ  စာသင် ပျော်ရွင် ကစားနိုင်မှာလဲ "တဲ့ ကျွန်တော့် မျက်ရည်တွေ ထိန်းမနိုင် အလိုလို စီးကျလာမိ...။ "ဘယ်သို့သော အချိန်မှ ကလေးတွေ ပျော်ရွှင်နိုင်မှာလဲ " ကောင်းမွန်တဲ့ ပတ်ဝန်းကျင်  လိုလားတောင်းတ မိရုံဖြင့်။          ။ Zeus
ကျွန်တော် ငိုတယ် အမေ ကဗျာဆရာတစ်ယောက်က ရီဝေဝေနဲ့ထပြောတယ် “ကဗျာတွေလည်း ဆန်မနေတော့ပါဘူးကွာ”တဲ့ မမွှေးတော့တဲ့ သနပ်ခါးတို့ရဲ့ မြေ ကျက်သရေကင်းမဲ့နေတဲ့ ဝင်းဝင်းဝါဝါ ဘုရားတွေ ဒါတွေက ငါတို့နိုင်ငံရဲ့ အမှတ်အသားတွေဆိုပြီး ကြွားရတာ အဟုတ်ထင်နေကြသေးသလား ကျွန်တော်မြန်မာလူမျိုးပါ ရှက်စရာကောင်းလှပါဘိ။ တချို့က ဝတ်စုံပြည့်ကြီးဝတ်လို့ တချို့က ဝတ်စုံအပြဲအစုတ်နဲ့  လှည်းစုတ်ကို တွန်းနေတုန်း တချို့က ဘာကိုမှ မဝတ်တော့ဘူး။ ဆွဲဖြတ်ခံလိုက်ရတဲ့ လျှာဖျားလျှာစကို  အတင်းပြန်လိုက်ရှာနေတာ တစ်ဘဝလုံး အသံထွက်နိုင်စွမ်းကင်းမဲ့သွားတဲ့ သူတွေအတွက် အသံတစ်ခုအဖြစ် ရေးခဲ့တဲ့ ကလောင်တံ " လိပ်ပြာလုံတယ် " သေချာလား မိတ်ဆွေ သေချာလား ? ငါတော့ မလုံဘူး ဘယ်စိတ်နဲ့မှ မလုံတတ်တော့ဘူး ဘာမှလုပ်လို့ မရတော့ပါဘူးဆိုပြီး  တယောကို ဆက်ထိုးနေရတာကို မလုံဘူး။ အနည်းဆုံးတော့ ဒီတယောနဲ့ ဒီကောင်တွေကို ရိုက်လိုက်ဖို့ ကောင်းနေပြီ ငါတို့ဖန်တီးတဲ့  ပန်းချီကား စာအုပ် ကဗျာ ဂီတ အားလုံးက တစ်မနက်နိုးလို့ စားစရာမရှိတဲ့အခါ တန်ဖိုးမရှိတော့တဲ့အရာတွေသက်သက်ပဲ။ တစ်ယောက်တည်း မြင်ယောင်နေတဲ့  သီအိုရီတွေကြားမှာ လူသားဆန်မှုပျောက်ဆုံးသွားတဲ့  ကဗျာဆရာတစ်ယောက်...။ အာဏာက နံ
သူငယ်ချင်းထံပေးစာ ( ၁၅ ) သူငယ်ချင်းရေ... မင်းက ဘောလုံးပွဲ ခရေဇီ ဘောစကား ငါတို့ပြောကြစို့ရဲ့။ ဘောလုံးပွဲ တစ်ပွဲမှာ ဒိုင်ဆိုတာက နှစ်ဖက်အသင်းကို  စည်းကမ်း ထိန်းသိမ်းရသူပါပဲ။ ခု ငါတို့ အပြန်အလှန်ကန်သွင်းနေကြ တခါက ငါတို့ရဲ့ ဒိုင်ဆိုတာ  "အာပလာ" များတဲ့  "နိုင်ငံရပ်ခြားက  အကောင်ကြီးကြီးအမြီးရှည်ရှည်"တွေပေါ့ကွာ။ ခု... ငါတို့ ပရိတ်သတ်က... ငါတို့ အသင်းဖော်တွေက... ငါတို့ကို တစ်ဖက်သတ် ထိန်းနေလေရဲ့ တောက်လျှောက် လူချ ကစားလာတဲ့အသင်းကို  မေ့လျော့ပြီး..... ငါတို့ကို ထိန်းကျောင်းနေပုံများ ငါတို့မှာ အဝါကဒ်တွေ တစ်သင်းလုံးထိခဲ့ရ။ သူငယ်ချင်းရေ... မင်းပဲ မေးပေးပါ "ငါတို့ရဲ့ ပရိတ်သတ် ငါတို့ရဲ့ အသင်းဖော်တွေဟာ တကယ်ရော ငါတို့ဘက်က ရှိသေးရဲ့လား" လို့။  ငါတို့အတွက် သံပုရာသီး တစ်စိတ်ဟာ  တစ်သင်းလုံးစာ အာဟာရပါပဲ။ ဒီပွဲမှာ အချိန်ပို မရှိကောင်းဘူး မဟုတ်လား။          ။  ရင်သွေး
တော်လှန်ရေးကို Sex Model ဖြစ်စေချင်တယ် We Want Democracy လို့ ဖင်ဖြဲအော်နေတဲ့ လူထုကြားမှာ  တော်လှန်ရေး သတင်းဆိုတာ Sex Model တစ်ယောက်ရဲ့  Sexyပြကွက်လောက် စောက်အရေးမပါခဲ့ဘူး သားကြီး ဒါကြောင့်မို့ တော်လှန်ရေးကို Sex Model ဖြစ်စေချင်တယ်။ Social Media မှာ  တော်လှန်ရေး Sex Model က တနေ့တာ Click သိန်း၂၀၀ ကျော်ရင် YouTube မှာ Viewers 1M ကျော်ရင် နို့ပြမယ်လို့ Post တင်မယ် အရေးတော်ပုံအောင်ရမည်လို့သာ ပြောနေကြ ညကျရင် Bar သွား Club တက် နေတဲ့သူတွေကို တော်လှန်ရေး Sex Model နဲ့ မြူဆွယ်မယ်။ ည၈နာရီတိုင်း Click လုပ်ပုံ နည်းလမ်းကို ရေချိုးပြရင်း Live လွှင့်ပြီး တော်လှန်ရေးSex Modelက ရှင်းပြမယ် တော်လှန်ရေးSex Modelကို PD Fitnessနဲ့ အကိတ်ကြီးဖြစ်အောင်လေ့ကျင့်ခိုင်းမယ် တော်လှန်ရေးSex Modelကို သားကြောဖြတ်မယ်။ ရိုင်းတယ်လို့ ထင်နေတဲ့သူတွေကို တော်လှန်ရေးSex Modelရဲ့  အောက်ခံဘောင်းဘီနဲ့ ပစ်ပေါက်မယ်  ယဥ်ယဥ်ကျေးကျေးပြောတုန်းက စောက်ဖတ်မှမလုပ်တာ  တော်လှန်ရေးထင်ပေါ်ဖို့  ရင်ပေါ်တင်ပေါ် အဝတ်အစားတွေ ဝတ်ခိုင်းမယ် အဖော်အချွတ် ဓာတ်ပုံတွေကို Facebookပေါ်တင်ပြီး Attention ရှာမယ်။ Click တာတွေ နည်းမသွားအောင် တော်လှန်ရေးSex Mode
Image
Respect & Credit to Poet Tin Moe 
ထွက်ပေါက်  သေမင်းဟာ အချိန်မတန်သေးဘဲ ကျနော့်ဆီရောက်လာတယ်  ဟေ့လူသား  ခင်ဗျားရော လိုက်ဦးမလားတဲ့ ကျနော်  ခေတ်ကြီးကို ခဏငဲ့ကြည့်လိုက်တယ် ကျနော့်ခဏဟာ  ဘယ်လောက်ကြာသွားမှန်းမသိ ပြန်လှည့်ကြည့်တော့ သေမင်းဟာ  အော်ခေါ်သံ မကြားနိုင်လောက်တဲ့ အဝေးကြီးကိုရောက်သွားပြီ နောက်တစ်ခါပြန်လာချိန်ကို  မစောင့်နိုင်လို့ အခု... ကျ​နော် သေမင်းနောက် လိုက်နေတယ် မီလား မမီဘူးလား  ကျနော်မသိပါဘူး ဒါပေမယ့်... ကျနော် သေမင်းနောက်လိုက်နေတယ်။          ။  ကိုဟိန်း  ၅.၁၀.၂၀၂၂
အမာရွတ် သစ်ပင်တွေက  မနုပျိုတော့တာကလွဲရင် အရင်တုန်းက နာမည်တွေအတိုင်းပဲ သီးမြဲ  ပွင့်မြဲ  လှမြဲ  စိမ်းမြဲ စကားပြောရင်  အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ် တချို့အရာတွေက မရှိတော့ဘူး  မရှိတော့တဲ့အထဲ  ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ် ရေဆင်းချိုးခဲ့ဖူးတယ် ဆိုတဲ့အဖြစ်နဲ့ ဓားထစ်ပြီး မှတ်သားထားခဲ့တဲ့ မြစ်ရေတွေဟာ အထစ်အငေါ့မရှိ စီးဆင်းသွားပေါ့ ရေတိုက်စားခြင်းခံရတဲ့  ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့။       ။ စိုးခိုင်ညိန်း Respect & Credit to Poet Soe Khaing Nyein
ချိန်းတဲ့နေ့ ဖန်ခွက်ချင်းတိုက်မယ့်အရေး အအေးနှစ်ခွက်က ပူနေအောင် စောင့်နေရပါတယ်။ စားပွဲခုံ မျက်နှာပြင်ကလည်း မျက်နှာပူလို့ ဗာဒံရွက်တွေကလည်း  တစ်ရွက်ပြီးမှ တစ်ရွက် တိတ်တိတ်ကလေး ကြွေလို့ ဪ... မလာမှန်းသိရင် မလာခဲ့ပါဘူး။         ။       လင်းမိုးစွေ ၁၀.၈. ၂၀၁၅ Respect & Credit to Poet Linn Moe Swe
ခင်ဖုန်းသက်ဝေ ဂယ်လာရီ "ရှင်ဘုရင်ဆိုတာ ဆန္ဒရှိရာကို ပြောနိုင်တဲ့နေရာ" လို့  ကျွန်တော်ထင်ခဲ့တယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ ခင်ဖုန်းသက်ဝေ အဖိုးတန်ကြယ်လေးတစ်လုံး ကျွန်တော်ထွန်းထားရစ်ပါတယ် မျက်စောင်းတွေနဲ့ ပလ္လင်တော် မပျော်ပဲ ရယ်ပြနေရတဲ့တိမ်တစ်အုပ် ဗျိုင်းတစ်အုပ် မြူတစ်အုပ် ဆေးပြယ်စ သင်္ဘောကြီးတွေက မြစ်လည်မှာတရွေ့ရွေ့ ပြန်တွေ့ကြဖို့ အစီအစဉ်သည် ရှိ၏ မရှိ၏ ဘာမှမရခဲ့ပါဘူး ဘာမှမရခဲ့လို့သာ ကဗျာဆရာဖြစ်နေတာလေ တစ်ခုခုရလိုက်ဖူးရင် တခြားလူဖြစ်သွားတော့မှာပေါ့ ခင်ဖုန်းသက်ဝေရဲ့ အဲဒီလိုနဲ့ပဲ ကိုယ့်ပန်းပွင့်ကို ရွက်လိုတိုက် ဗေဒါပင်လေး မိုက်မိုက်မဲမဲ ထွက်ခွာသွားပါပြီ ဓားဘယ်နှစ်စင်း  အဲဒီလမ်းမှာခင်းထားပါသလဲ မြစ်ကလက်မခံတော့ရင် ကမ်းမှာတင်မယ် ဘယ်ကမ်းမှ လက်မခံတော့ရင်ရောတဲ့ တောင်ပင်လယ်ကိုမျှော်လို့ ပန်းသုံးပွင့်သာလှူပေးကွယ် သလဲသီးတွေဝယ်ရင်းနဲ့မှ ဗိုလ်အောင်ကျော်လမ်းက ခိုတွေ သိပ်နွဲ့တတ်ကြတာသိတယ် မုန်းစရာကြီးနော် ခင်ဖုန်းသက်ဝေ ဒီအကြောင်း ထရန့် နဲ့ မစ္စတာရှီကို မစ်စ်ကောပို့မယ် အချစ်ထက် ဒေါ်လာဈေးတွေကျော်လာကြောင်း မနှစ်က တမာပင်ရိပ်ကိုပဲ မဟုတ်လား အညာသားလေးရောင်းတဲ့ ရခိုင်မုန့်တီတဲ့ ရယ်ရတယ်နော် ခင်ဖုန်းသက်ဝေ က
ပုံပြင် "တစ်ခါတုန်းကပေါ့..."ဆိုပြီး အစချီလိုက်တာ ဘယ်မှာဆုံးမယ် မသိဘူး။ လျှောက်ရတာ မောပေမယ့် တစ်လမ်းလုံး ပျော်စရာတွေချည်း တစ်ကြောလုံး မျှောလာခဲ့တဲ့ငါးဟာ ကမ်းရောက်တော့မှ တံငါရွာမှန်းသိတယ်။ "အဲ့ဒီလိုနဲ့... သူစိမ်းတွေဖြစ်သွားကြသတဲ့ကွယ်"  မောင်ဝိုင်နှင်း Respect & Credit to Poet Mg Y Hnin
ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက ညထဲမှာ တစ်ယောက်တည်း အချစ်ကိုဆာလောင်တဲ့အခါ ကိုယ်က သူ့ကိုလွမ်းလို့  အရက်မသောက်တော့ဘူး သူက ကိုယ့်ကိုလွမ်းလို့  မငိုတော့ဘူး ဟိုး...တောင်ထိပ်မှာတော့  မိုးတွေညိုလို့မည်းလို့။ ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက ညထဲမှာ တစ်ယောက်တည်း ဝန်တွေကို ပစ်ချလိုက်လို့ကလည်း မဖြစ်ဘူး ရင်ကို ဖွင့်ချလိုက်လို့ကလည်း မဖြစ်ဘူး တကိုယ်လုံးလည်း နင်နေလှပြီဆိုတော့ ကိုယ်က ညကိုအစိမ်းလိုက် မျိုချလိုက်ပါတယ် ဟိုး...ရင်အတွင်းမှာ  မှောင်လို့မည်းလို့။ ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက ညထဲမှာ တစ်ယောက်တည်း ကိုယ့်လက်ထဲမှာရှိတဲ့ ဖုန်းဆိုတာကလည်း အမှောင်ထုရဲ့ စာရွက်တစ်ခုမျှသာ ရင်ဘတ်ကို သူ့အထဲပစ်ထည့်လိုက်တော့ ညက ညကို စိတ်ကုန်ဆုံးသွားခဲ့ပါပေါ့ ဟိုး....သန်းခေါင်ကျော် အိပ်မက်ဟာ  ခြောက်လို့ကပ်လို့။ ကြယ်တွေအကြောင်းကို မေ့တဲ့ညက ညထဲမှာ တစ်ယောက်တည်း ညဟာ အရောင်ပိုပိုနက်လာ ညဟာ ညဖြစ်ကြောင်း  အစွမ်းကုန်မှောင်မိုက်ပြီး ခြောက်လှန့် ညထဲကို တစ်ကိုယ်လုံးနစ်မြုပ်သွားတဲ့အခါမှာတော့ ကိုယ့်တကိုယ်လုံး မွန်းကြပ်မွတ်သိပ်မောဟိုက်လို့... မျက်လုံးအစုံကို ဖွင့်ချလိုက်တဲ့အခါမှာ ကြယ်တွေကို ပြန်သတိရ ကိုယ်လည်း အလင်းပြန်ရခဲ
ကြိုးလေးတစ်ထုံးဖြစ်ချင်တယ်  ပုဂံဟာ ပျက်နှင့်နေလည်း ငါတို့ ဆက်ရွေ့တာပဲ ချစ်တာကိုး။  တစ်နေ့ တစ်လံ  နှစ်နေ့ နှစ်လံ  ခေတ်ကြီးရဲ့ တောင်းဆိုချက်အရ အပေးအယူမဆန်စွာ ငါတို့ရောက်လာတယ်  လမ်းဆုံးအောင်လျှောက်မယ့်ခြေထောက် ရှိတယ်မဟုတ်လား  အတူသွားရအောင်။  ကြိုးပြတ်စတွေ အချင်းချင်း  မျိုးတူရာ လိုက်ချိတ်ဆက်ကြတော့  ကျွန်တော်လည်း  ကြိုးလေးတစ်ထုံးဖြစ်ချင်တာပေါ့။  ဒို့လမ်းက စည်းကမ်းနဲ့ကွယ် ကျွန်တော်ဟာ  သေဖို့အသက်မပြည့်သေးဘူးတဲ့ တောင်းပန်ပါတယ်။  ဒီတော်လှန်ရေးမှာ  ကျွန်တော်ဟာ ဆင်းရဲသားပါ  အိမ်မပိုင်တဲ့ကောင် အလင်းရောင်မှုန်ပျပျနဲ့ကောင်လေ နှောင်ကြိုးဖြတ်မယ့်အင်အားဟာ ချိနဲ့နဲ့ပေါ့။  ပိုင်ဆိုင်တာဆိုလို့  မရပ်တန့်မယ့်ခြေလှမ်းပဲရှိတယ် ပြောရမှာတော့ အားနာပါတယ် လိုက်ခဲ့မယ် သွားနှင့်ကြ။  ပုဂံဟာ စောင့်နေတယ် ပုဂံဟာ ပျက်ရင်းနဲ့စောင့်နေတယ်။  ကိုဟိန်း
မင်းတို့ပြောတာဟုတ်တယ် မင်းတို့ ပြောသလိုပဲ ငါတို့ဟာ အကြမ်းဖက်သမား အေးချမ်းသာယာငြိမ်းဝတ်ပိပြားဖို့ မင်းတို့ကို ဖျက်ဆီးမယ့်ကောင်တွေပဲ အိပ်နေတဲ့ကျားကို ဘယ်မအေလိုးတွေ အရင်လာနိုးခဲ့တာလဲ ရောဂါကပ်ဆိုးကြားမှာ နိုးထပြီး ပြန်တောက်ပမယ့် ဘဝတွေကို အမှောင်ချခဲ့တာ ဘယ်ကောင်တွေလဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်တွေကြားထဲ ကျည်ဆံတွေပစ်ထည့်တာ ဘယ်ကောင်တွေလဲ ၅၀၅(က)နဲ့ နိုင်ငံတော်သူပုန်တွေလို့ ဘယ်ကောင်တွေက ဝရမ်းထုတ်ခဲ့တာလဲ စစ်ဖိနပ်နဲ့မျက်နှာကို ဖြတ်ကန်တယ် သေနတ်ဒင်နဲ့ ပစ်ထုတယ် ရိုက်တုတ်တွေနဲ့ ရိုက်တယ် မင်းတို့လုပ်ရပ်တွေအတွက် တန်ပြန်လာမယ် ငါတို့က အကြမ်းဖက်သမားတွေ မှန်တယ် အဓမ္မကို ငါတို့တွေအကြမ်းဖက်တာ ငါတို့က သူပုန်တွေဟုတ်တယ် မတရားခြင်းကို ပုန်ကန်တာ ငါတို့က ဖျက်ဆီးရေးသမား တကယ်ပါ အကြောက်တရားကို ဖျက်ဆီးတာ မင်းတို့နိုးခဲ့တဲ့ကျား မင်းတို့ကိုအမဲလိုက်ပြီ မီးပုလင်းတွေ ဗျောက်တွေနဲ့ကောင်တွေ M16 AK47 RPG Droneတွေနဲ့ ပြန်လာပြီ  ၅၀၅(က)တွေ မင်းတို့ကို ပုဒ်မပြန်တပ်ဖို့ လာပြီ တူမီးက တင့်ကားရဲ့အရှိန်အဝါကိုမမှုဘူး အညာသားတွေရဲ့တိုက်ပွဲဝင်ဝတ်စုံကို မင်းတို့​တွေ တွေ့ကြလားကွာ ဟမ် ! နံရံကို ခေါင်းနဲ့ပစ်တိုက်တယ် ငါတို့က စပရိန်တွေ  ဖိ
ကျည်စဝင် ခေါင်းတစ်လုံး၏ မေးခွန်းများ အမေ… သမီးက ဒီနိုင်ငံကမွေးတဲ့  ကလေးတစ်ယောက်မဟုတ်ဘူးလားဟင် ဘာလို့ သမီးကို  ဒီနိုင်ငံကလူတွေကပဲ ဒုက္ခပေးနေတာလဲဟင် စစ်သားဆိုတာ  တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်တယ်လို့  ဖတ်စာအုပ်ထဲပါတယ်လေ ဘာလို့ သမီးကို မကာကွယ်တာလဲဟင် အမေ… လေယာဉ်ပျံတွေက ဘယ်လိုပျံလဲဟင် ငှက်တွေက အတောင်ခတ်ပျံကြတာ သူက အတောင်လည်းမခတ်ဘူး ပြီးတော့… ဘာလို့ လေယာဉ်တွေက  သမီးတို့ကို ဒုက္ခပေးနေတာလဲဟင် အမေ… အဖေက လူသတ်ဖူးလားဟင် ပစ္စည်းခိုးဖူးလားဟင် လိမ်ပြောဖူးလားဟင် ဒါဆို အမေ… ဘာလို့ အဖေက ထောင်ထဲရောက်နေတာလဲဟင် အမေ… ဘုရားသခင်ရဲ့ ကလေးတွေဖြစ်တဲ့ သမီးတို့က ဘာလို့ ကောင်းချီးမင်္ဂလာရမယ့်အစား ခေါင်းထဲက ကျည်စပဲရရတာလဲဟင် အမေ… ဘာလို့ငိုတာလဲ အမေ… ဖြေပါအမေ… သမီးလိမ္မာပါ့မယ်အမေ… အမေ…အမေ… Tommy (ကြေကွဲခြင်းဖြင့်)
စိုက်ပျိုးရေးသီချင်း တချို့က စပါးစိုက်တယ် တချို့က ဂျုံစိုက်တယ် တချို့က ဝါစိုက်တယ် တချို့က ရော်ဘာစိုက်တယ် အဘိုး အဘွားတွေက အမိအဖတွေကို စိုက်ပျိုးတယ် အမိအဖတွေက သားသမီးတွေကို စိုက်ပျိုးတယ် သားသမီးတွေက မြေးမြစ်တွေကို စိုက်ပျိုးတယ် စိုက်ပျိုးရေးဟာ မြစ်တစ်စင်းလို စီးဆင်းခဲ့တယ် ဒါပေမဲ့ တောမီးတွေကြောင့် သဘာဝလောက အကျည်းတန်ခဲ့ရတယ် လူ့လောကဟာ အမြဲစိမ်း သစ်တော ဒါပေမဲ့ သစ်ခိုးဂိုဏ်းတွေက သမိုင်းကို အရုပ်ဆိုးစေခဲ့တယ် ဘာပဲဖြစ်ဖြစ် စိုက်ပျိုးရေးဟာ ကမ္ဘာဦးနည်းပညာ ခုချိန်ထိ  ညည်းလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်။        ။ လှသန်း Respect & Credit to Poet Hla Tan
နွေဦးအလျား တချို့ နာမည်ကျန်တယ် ငွေမကျန်ဘူး တချို့ ငွေကျန်တယ် နာမည်မကျန်ဘူး တချို့ ထောင်ကျနေတုန်း  သမိုင်းဝင်သွားပြီး တချို့ ထောင်ကလွတ်တော့  သမိုင်းကလည်း လွတ်သွားတယ် တချို့ တိုင်းပြည်ခေါင်းဆောင်အဖြစ် နိုင်ငံသားတိုင်းရဲ့ အသွေးအသားထဲ စွဲမြဲကျန်ရစ်တယ် တချို့ တိုင်းပြည်အာဏာကို  ချည်ပြီးတုပ်ပြီး အပိုင်ကြံတာတောင် လူထုနှလုံးသားမှာ ခြေချစရာ ခြေတစ်မှုန်စာ နေရာမကျန်ဘူး ညီမင်းညို 19 10 2022 Wed am 8:08 Respect & Credit to Poet Nyi Min Nyo
လေထုညစ်ညမ်းမှု  နာရီလက်တံပေါ် ထိုင်စီးရတာ အရင်လိုလည်း ပျော်စရာမကောင်းတော့ဘူး  အသက်မရှူမှ သေတာမဟုတ်ပါဘူး ဒီနေ့ဟာ မနေ့ကအတိုင်း မနက်ဖြန်ဟာ ဒီနေ့အတိုင်းပဲဆိုရင် ဒါဟာလည်း သေနေတာပဲမဟုတ်လား  ကျွန်တော့်ကိုပဲကြည့်လေ ပြန်ရှင်လာမလားလို့ ကဗျာတွေရေးနေတာ  ကျွန်တော် သေနေတဲ့အကြောင်းကို လူသိရှင်ကြား ကြေညာရအောင်လည်း အာဏာရှင်နာရေးလို ပျော်စရာမှမကောင်းဘဲ ရှင်ချင်ယောင်ဆောင်နေရတဲ့ကြားထဲ စိတ်ညစ်စရာတွေချည်းပဲ အားကောင်းလာတယ်  ပန်းတွေမပွင့်တော့တဲ့ကမ္ဘာမှာ အသက်ရှူကျပ်နေတဲ့ပျားတွေ  ကိုယ့်ကိုယ်ကိုသတ်သေကြတာ အသက်ရှူဝဖို့ပဲလေ ကိုဟိန်း
ဝီအာသယ်ဝေါ ဝီအာသယ်ဝေါဆိုပြီး ဗုံးကြဲချလိုက်လည်းရတာလား တရားမျှတမှုက  မီဒူဆာလိုပဲ  ကြည့်လိုက်တာနဲ့ ကြည့်သူကို ကျောက်တုံးဖြစ်သွားစေသလား ငါတို့လမ်းမှာ မီးပြတ်ရင် ဂျိုကာတွေလုကြတယ် သူတို့ဆီမှာတော့ မီးပုံထဲက သတင်းစာလေးကိုဖတ်ရင်း အနာဂတ်ကိုမျှော်ရတယ် ရွှေရည်စိမ်အနာဂတ်အတွက် ကိုယ့်စောက်အာရုံ၆ပါးလုံး ကိုယ် လိမ်စဉ် ပေါ်တင်ထားပြီး မုသားရေနဲ့ချိုးခဲ့တယ်  ငါလိပ်ပြာလုံတယ်ပေါ့ စိတ်မြား
အနေအထိုင်မတတ်မှုများ  ကြယ်တွေမရိုးမရွ ကောင်းကင် ကျိုးကျတော့မယ် မြေကြီးကိုရွှေ့ထားရရင် ကောင်းမလား။  လမ်းဆိုးလို့ ယာဉ်ပျက်တာ ဘယ်သူ့ကို စွဲချက်တင်ရမလဲ မျိုးဆက်တစ်ခုလုံး ချကျွေးခဲ့တာတောင် ရှေ့ရေးက မကောင်းနိုင်သေးဘူး။  မာယာများတဲ့ မြက်ခင်းပြင်မှာ ကျင်းစိမ်ဖို့ကြိုးစားနေသူ ဂေါက်ရိုက်သမား  ဒါကိုအပြစ်လို့ခေါ်ရင် အပြစ်တင်ခံပါ့မယ် ကျူးလွန်ခဲ့သမျှမှာ ထူးချွန်ဖို့ပဲလိုတယ်။  လှသန်း Respect & Credit to Poet Hla Than
တော်လှန်ရေးသမား  မြေကြီးထဲမှာ မြုပ်နေပါလည်း ကျောက်ခဲဟာ ကျောက်ခဲ မာသည်ပဲလေ။ မြေကြီးပေါ်မှာ ရောက်နေပါလည်း ကျောက်ခဲဟာ ကျောက်ခဲ မာသည်ပဲလေ။  မောင်ချောနွယ် Respect & Credit to Poet Mg Chaw Nwe
သမိုင်းဖတ်စာ စစ်ကြီးပြီးတော့ လူတွေ အတိဒုက္ခရောက်ကြတယ် စစ်ကြီးပြီးတော့ လူတွေ ပျင်းလာကြတယ် စစ်ကြီးပြီးတော့ လူတွေ ကြံဖန်အသက်ရှင်လာကြတယ် စစ်ကြီးပြီးတော့ လူလိမ်တွေပေါလာတယ်။ အောင်ချိမ့် Respect & Credit to Poet Aung Cheint
ငါ့နာမည် "ဂုဏ်သရေရှိ" ဒီအချိန်ကစ ဒီနေရာကစ အခုကစပြီးသကာလ ငါ့နာမည်“ဂုဏ်သရေရှိ”ဖြစ်တယ် ငါ့နာမည်“ဂုဏ်သရေရှိ” ဘ၀အဆက်ဆက်က ငါ့နာမည်တွေ လက်ထိုးအန်ပစ်ရမယ် ငါ့နာမည်”ဂုဏ်သရေရှိ”...။ အခုလို ငါ့နာမည်ကို ”ဂုဏ်သရေရှိ”လို့ ခေါ်ဆိုရမည့်အကြောင်း ငါ့အပေါင်း ငါ့အသင်းတွေကို ပြောတော့ ဒင်းတို့က သဘောမတူကြသလို ငါက ချစ်သလောက် ငါ့ကို ပြန်မချစ်နိုင်တဲ့ ငါ့ချစ်သူကလည်း ငါ့ကိုမကြည်ဘူး ထား... အခုကြည့် ငါ့အမေကလည်း တငိုငိုတယိုယို။ နာမည်ဆိုတာ တည်ဆောက်ယူရတယ် နာမည်မရှိရင် ဘာမှမရှိ နာမည်ရှိမှ လူတစ်လုံးသူတစ်လုံးဖြစ်သော လူတစ်လုံးသူတစ်လုံးများကြား နာမည်မရှိရင် သေနိုင်တယ်။ ဘယ်လိုလုပ်မလဲ လွယ်ပါတယ် နာမည်ဆိုတာ မြို့တွေထဲမှာရှာကြည့် “မက်ဒရစ်”တဲ့ နာမည်ဆိုတာ မြစ်တွေထဲမှာရှာကြည့် ”ဗော်လဂါ”တဲ့ နာမည်ဆိုတာ တောင်တန်းတွေထဲမှာရှာကြည့် “ကီလီမန်ဂျာရိုး”တဲ့ နာမည်ဆိုတာ လမ်းတွေထဲမှာရှာကြည့် ”ရှောင်ဆေလီဆေး”တဲ့ နာမည်ဆိုတာ “ငါ့ကိုမြန်မြန်နမ်းပါ” ဆိုတဲ့ ပန်းကလေးတွေမှာတောင် ရှိနေတာပဲ။ အားလုံး နာမည်ကိုယ်စီကိုယ်ငှနဲ့လှလို့ နာမည်ဆိုတာ လှဖို့လည်းလိုအပ်တယ် ငါ့နာမည်”ဂုဏ်သရေရှိ”လို လှဖို့လည်း လိုအပ်တယ် ငါ့ဥာဏ်နဲ့ လက်လှမ်းမီသ၍ လှတဲ့နာမည်တွေ ငါချရေ
နံလာတဲ့ကမ္ဘာ - - - - - - - - - - - ဒီမယ် -ကျုပ်ကလူတိုင်းကိုအရှူံးပေးပြီးသား -နှလုံးအေးလွန်းလို့တော့မဟုတ်ဘူး ပြိုင်လို့မပြီးဆုံးသေးတဲ့ ပြိုင်စော်နံတွေကို စိတ်ကကုန်ကုန်လာလို့ -ချစ်လို့ခင်လို့တော်လို့သိလို့ဘာခေါင်းစဉ်နဲ့လာလာ -မျက်နှာသာပေးခံရတောင် -ကျုပ်ကထွက်ပြေးတတ်တဲ့ကောင်။ -အတ္တလည်းပြိုင် ပရလည်းပြိုင်နဲ့ -ဘယ်သူမှမနိုင်နိုင်တဲ့ပွဲကြီးမှာ  -အနိုင်ဆုတွေအတွက်  -ကိုယ့်သိက္ခာ ကိုယ်ချနင်းနေတဲ့လူတွေကိုကြည့်ပြီး -သံဝေဂလို့တော့မပြောချင်ဘူးဗျာ -ကျုပ်လည်းလူပါပဲ -ဣသာနဲ့မစ္ဆေရိယ ဘယ်ဟာကပိုအပြစ်ကြီးပါလိမ့် -ခင်ဗျားသိလား -ကမ္ဘာဖျက်လက်နက်တွေက ပြိုင်ရာကစတယ်ဆိုတာ။ -ကျုပ်အတွက်တော့လား.. -လွယ်အိတ်တလုံးကိုချလို့ -စားပွဲသေးသေးနဲ့ စီးကရက်တစ်ဖွာရှိုက် -စာတစ်အုပ်အုပ်ဖတ်နေရေးနေရရင် -ပတ်ဝန်းကျင်ကိုမေ့လို့ -မစပ်စုအားဘူးဗျို့။ -ခင်ဗျားက ပရော်ဖက်ဆာလား  -ဝန်ကြီး ကက်ဘိနက်လား  -ဟာဂျီလား ဘုန်းကြီးလား ဖာသာလား  -ချင်းလားကရင်လား -တရုတ်လားဗမာလား  -အရေးမကြီးပါဘူး -လာအတူသွားကြမယ် -လက်ရည်တပြင်တည်းစားကြမယ် -ကျုပ်နဲ့ကတသားတည်းလို့ပြောရင် -ခင်ဗျားကကြိုက်ချင်မှတော့ကြိုက်မယ် -မျက်ခွက်ဖြတ်ရိုက်ခံရတောင် -ကျုပ်ကသောက်ဂရုမစိုက်ဘူး။ -ဒီမယ်  -
မျှော်လင့်ခြင်း ထမင်းသိုးများ ညနေမင်းတွေဟာ ဒီကမ္ဘာမြေပေါ်က မြို့ရွာတွေအပေါ်  ဘယ်လိုများ ကျရောက်ခဲ့ပါသလဲ။ ဟောဒီလိုများ တစ်နေရာရာမှာတော့  ကျရောက်ခဲ့မယ် ထင်တာပဲ။ ငါးရှဥ့်သွေးရောင် ကောင်းကင်လမ်းမှာ  ငန်းမွေးရောင် ဘောင်းဘီ မြင်းချေးရောင် ဖိနပ်  တိမ်သားရောင်စုံ ရှပ်အင်္ကျီကောင်းတယ်လို့  ညနေခင်းဟာ  လေညင်းခံ ထွက်နေမယ်။ အဲဒီမှာ  လေညင်းကလည်း နှင်းဆီခင်းတွေထဲ လူးလှိမ့်လာခဲ့လို့  နှင်းဆီနံ့တွေနဲ့  ကိုယ်လက်နှီးနှောခဲ့လို့မို့  ညနေခင်းဟာ မွှေးပြီးနေပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း  ဖန်ကလပ်ထဲမှာ  ဝိုင်ပုလင်းထဲမှာ  ညနေခင်းဟာ တစ်ကိုယ်လုံး ဆင်းစိမ်ပြီး  စည်းစိမ်ယစ်မူး ပျော်ပါးနေတာလည်း  ကမ္ဘာမြေ တစ်နေရာက  မြို့တစ်မြို့မှာ  ရှိဖြစ်တန်ကောင်းလေရဲ့။ ဒီမှာ ဟောဒီမှာ ရန်ကုန်အစွန် ငမိုးရိပ်ချောင်းစပ်နားက  ထားပါ  လယ်ကွင်းတွေ ဝိုင်းရံထားလို့မို့  လယ်ကွင်းတွေနဲ့ ရန်ကုန်မှာပေါ့။ ၇ ပေ၊ ၁၀ ပေ အခန်းတစ်ခုထဲမှာ  ညနေခင်းဟာ  ဆာလောင်ခြင်း ဒီရေတက်ပြီး  ညနေခင်းဟာ လူဆန်ချင်နေရှာပါတယ်။ ဒီအခန်းမှာ ညနေခင်းမှာ  ဝမ်းစာသင်္ဘောဟာလည်း  ဆိုက်ကပ်မလာခဲ့သေးပါဘူး။ ဒီမှာတော့ ညနေခင်းဟာ  အထိအခိုက် အကျအရှုံးများစွာနဲ့  သူဆင်းရဲသား ဖြစ်ခဲ့ရှာရဲ့ ။
မနေတတ်တော့ မကျေနပ်စရာ   ကမ္ဘာကြီးကို ပြန်ရှာပြီးဖတ်ရတာ သေနတ်သံတွေနဲ့ ငြီးငွေ့စရာပဲ  လေးမြှား  ကျည်ဆန်  ဒိုင်းနမိုက် နူကလီးယား  ပျော်စရာကမ္ဘာကြီးကိုရော ဘယ်သူမှရှာမတွေ့ခဲ့ဘူးလား  ငြိမ်းချမ်းရေးလိုချင်ရင် သေသူတွေကိုမေးပါ တမလွန်မှာ ချိုးငှက်တွေ ပျော်နေသလားလို့  ကလေးကိုလွှတ်ပေးလိုက်ရအောင်လည်း ငါ့တို့မှာ မဟော်သဓာမှမရှိဘဲ ထမင်းစားရင် လူစကားပြောဖို့ကောင်းတာပေါ့  ခေတ်ပျက်ရာသီမှာ ဘယ်လိုအပင်မျိုးက လှလှပပ ရှင်သန်နေနိုင်လို့လဲ  ပန်းကလေးရယ် သည်တစ်ခေတ်လောက်ပဲ သည်းခံပေးပါ နောင်တစ်ခေတ် သို့မဟုတ် နောင်ဘဝရောက်မှ ဒို့အတူ ပွင့်လန်းကြတာပေါ့ကွယ်။ ကိုဟိန်း
အဝိဇ္ဇာ အရောင်းပြခန်း အမဲဖျက် ခံလိုက်ရပြန်ပြီပေါ့ ရွှေသားအတိ အိပ်မက်တွေ အထည်ကြီးပျက် ကဗျာတစ်ပုဒ် အဲဒီရုပ်တု ရေညှိတက်နေပြီ တစ်ယောက်က သေချင်ယောင်ဆောင်နေသူ တစ်ယောက်က ရှင်ချင်ယောင်ဆောင်နေသူ ကျွန်တော်က ပျော်ချင်ယောင်ဆောင်နေသူ ဒီတောင်ကို ကျော်နိုင်ပါ့မလား ဘယ်အချိန်က စပြီး မှားခဲ့တာလဲ မီးကို တွေ့ရှိပြီး နောက်ပိုင်းလား ဘီးကို တီထွင်ပြီး နောက်ပိုင်းလား သင့်အမျိုးအစားကို သိပါရစေ ယာဥ်ကြောပိတ်ဆို့မှုကို ကြည့်ရင်း စိတ်ပျက်နေတဲ့ မိတ်ဆွေ ခင်ဗျားစိတ်ထဲမှာ ဘာတွေ ပိတ်ဆို့နေပါသလဲ စာအိတ်ပေါ်က တံဆိပ်ခေါင်းကို ကြည့်ရုံနဲ့ အဲဒီဒေသ အ​ခြေအနေကို ရိပ်မိပါတယ် အဆင်သင့်ဖြစ်ပြီလား အချိန်မှန် နောက်ကျခြင်းတွေနဲ့ ဖုတ်သွင်းရထား ဝင်လာပြီ ကပ်ဆိုက်ခြင်း ဘူတာရုံဆီသို့ မေ့ကျန်နေခဲ့တာက သံလိုက်အိမ်မြှောင်တစ်ခု လမ်းညွှန်​မြေပုံတစ်ချပ် စားနပ်ရိက္ခာတော့ လုံလောက်မယ် ထင်ရဲ့ အာရုံငါးပါးရဲ့ ရှုမျှော်ခင်းကို ပုလင်းထဲက သွန်ချလိုက်တယ် ယခုအချိန်မှစ၍ ကျွန်တော့်ကို မြည်းကြည့်နိုင်ပါပြီ။         ။ လှသန်း Respect & Credit to Poet Hla Than
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ် လူဟာ  မီးကိုရှာတွေ့ရုံနဲ့ မလုံလောက်လို့  ဓာတ်ဆီကိုရှာကြ လကမ္ဘာတွေ ဘာတွေခြေချ   ဘယ်ဂြိုလ်တွေမှာ  သက်ရှိတွေ ရှိသေးလည်း ရှာကြနဲ့ ကိုယ့်ဘေးခန်းမှာ  ဘယ်သူတွေနေတာတောင် မသိကြတော့ ညထဲ ပျောက်သောသူရှာရင်း  ကိုယ့်ကိုကိုယ် ပြန်မတွေ့ရတော့သလို  တိုင်ပတ်ကြတဲ့အခါ ငါ့မှာ စောက်အသည်းက ကွဲရသေးတယ် ဘဝဆိုတာလည်း  မိန်းမတစ်ယောက်ကိုချစ်ရသလိုပဲ တိုင်တန်းနစ်ပေါ်မှာ  ကိတ်ဝင်းဆလတ်ကြီးနဲ့ လိင်ဆက်ဆံရလို့  စောက်ရမ်းတွေ ဂျလန်းသလိုနဲ့ ခဏနေ သင်္ဘောမှောက်တော့တာပဲ ကြိုးစားရင် ဘုရားဖြစ်တယ်ဆိုလည်း  ဘုရားဖြစ်မယ့်သူကြိုးစားမှ ဘုရားဖြစ်တာပဲ အကောင်းဆုံး ဂိုးတွေဆိုတာ  ကြက်တွေပါပဲလို့ သိလိုက်ရသလို ငါ့မှာ စောက်အသည်းက ကွဲရသေးတယ် လွတ်လပ်မျှတပြီး  လူလိုတန်ဖိုးထားတတ်တဲ့  တိုင်းပြည်မှာ သွားနေချင်တာမဟုတ်ဘူး ကိုယ့်တိုင်းပြည်ကို အဲဒီလို ဖြစ်စေချင်တာ လောလောဆယ်တော့  မီပွိုင့်မှာ ဘဝတွေပိတ်နေတယ် ရန်ကုန်မြို့လည်ကောင်ကြီး  သေနတ်သံတချက်မှ မကြားရပါပဲ စစ်ဘေး ဒုက္ခသည်တစ်ယောက်လို ငါ့မှာ စောက်အသည်းက ကွဲရသေးတယ် ''အချစ်က ရွှီရှောင်ခံစားချက်သက်သက်မဟုတ်ဘူး စနစ်တကျ တည်ဆောက်ယူရတာ'' ဆရာမကြီး တော်ကီတွေပစ်ပစ်ပြီး ပ
အချစ်ကဗျာ ခြေထောက်မှာ ခွေးကိုက်ရာက သေရာပါတော့မယ် ဒီအမာရွတ်အကြောင်း ခေါင်းအေးအေးထားစဉ်းစားမယ် သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့ ချစ်ခြင်းဟာ ဘယ်ပုံဘယ်နည်း  သွားဆိပ်တက်သလဲ သိချင်တယ်။ စားဖူးသမျှ ဆီဦးထောပတ်များစွာမှာ အခုလို မိုက်တွင်းနက်ပစ်လိုက်ရတာဟာ အရသာအရှိဆုံးပဲ။ မိုက်ရူးရဲစိတ်နဲ့ ခွေးကိုမှ ကဗျာရွတ်ပြမိတယ်။          ။  ကြည်ဇော်အေး Respect & Credit to Poet Kyi Zaw Aye 
ပေးတဲ့ဆုနဲ့ပြည့်ပါစေ 'မျက်နှာတောင် မကြည့်ချင်ဘူး'တဲ့      သြော် မျက်နှာမြင်ချစ်ခင်မိမှာ စိုးလို့လား 'အသံတောင် မကြားချင်ဘူး'တဲ့ သြော် အသံကြားသနားမိမှာ စိုးလို့လား 'ဘာမှ လာမပြောနဲ့' တဲ့ သြော် မေးပါများ စကားရမှာ စိုးလို့လား 'ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့'တဲ့ သြော် မအိပ်မနေ အသက်ရှည်မှာ စိုးလို့လား 'အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့'တဲ့ သြော် ရေလိုအေးလို့ ပန်းလိုလန်းမှာ စိုးလို့လား 'ဘာမှ ပြောစရာမရှိဘူး'တဲ့ သြော် စကားထဲက ဇာတိပြမှာ စိုးလို့လား '-------------' သြော် ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။         ။ မင်းလူ Respect & Credit to Poet Min Luu 
ဘုရားသခင်ဟာ မင်းကို ချစ်မြတ်နိုးမှု ခံယူ​စေဖို့ ဖန်ဆင်းပြီး ငါ့ကို​တော့ အချစ်မှာ ရူးသွပ်ခံစား​စေဖို့  ဖန်ဆင်းတယ် အချစ်မှာ မင်း အချစ်မှာ ငါ ထာဝရငရဲဆိုလည်း ငရဲ​ပေါ့ ဘုရားသခင်နဲ့ အဆင်မ​ပြေချင်ဘူး မင်းနဲ့ပဲ အဆင်​ပြေချင်တယ် အဲ့ဒါ ငါ့ ဘာသာတရားပဲ ။ ဆစ်ခ် Respect & Credit to Poet Sik
ကပ်ဖ်ကာသို့ - ၉ ငါ့ထက် အပုံကြီးသာတဲ့ရည်းစား ရလို့တဲ့ ငါ့ကို လာမော်ကြွားတယ် မယ်မင်းကြီးမက။ အေးလေ၊ ဝမ်းသာပါတယ်။ "မိဘအသိုင်းအဝိုင်းတောင့်တယ် ချမ်းသာတယ်၊ ရုပ်ချောတယ် ယောကျာ်းပီသတယ်..."တဲ့ ငါက အေးဆေးပဲ၊ လူသေကောင်လို ငါက လူသေကောင်လို အေးအေးဆေးဆေးပဲ။ "နင့်ကောင်...  ငါ့လို ကဗျာရေးတတ်ရင်ခက်မယ်" အေး၊ ခက်မယ်။       ။ အောင်ချိမ့် Respect & Credit to Poet Aung Chaint 
Image
  ကြည်ဇော်အေး  (4 Oct 1978 - 3 Oct 2022) Rest in Peace/ Rest in Poems Respect & Credit to Poet Kyi Zaw Aye
လာမယ့်ဆောင်းရာသီ မလုံခြုံမှုမီးခိုးများဟာ အူနေတယ် လေထု ပွန်းပဲ့ ရဟတ်များလည်ပတ်လျက် ခြောက်ကပ်လယ်ယာမြေပေါ် စိုစွတ်နေတဲ့သွေးစ အသားစ အရိုးစ အပူချိန်ဟာ အိမ်ခေါင်မိုးတွေဆီကနေ ဖြာကျ တခါတခါ ကလေးတယောက်ရဲ့ငိုသံ တခါတခါ အမယ်အိုတယောက်ရဲ့ညည်းသံ “စစ်ဖြစ်နေမှတော့ အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ”  လူငယ်တယောက်က အံကြိတ်ပြီးပြောတယ် “ခွေးမသားတွေ ခွေးကျွေးတောင်မစားဘူး” တဲ့ အဖိုးအိုတယောက်က တောက်ခေါက်တယ် ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့ လမ်းကမှားနေတယ် ဆောင်းဝင်တော့မယ် အချစ်ထက်ပိုပြီး ဘယ်မီးဖိုက နွေးပါ့မလဲ နာကျင်မှုကိုသာ လှုံကြ ။ ကြည်ဇော်အေး 2 October 22 Respect & Credit to Poet Kyi Zaw Aye
အီလျာအာရင်ဘတ်ထံ ပေးစာ  မျက်ရည်ကျတာဟာ ရာဇဝတ်မှုဆိုရင်  သွေးမြေကျတာကရော တရားမျှတမှုလား  သွေးရော မျက်ရည်ရော တပြိုင်နက်တည်းကျပါတယ်  စိတ်ဓာတ်တော့ မကျဘူး ။  ကြည်ဇော်အေး Respect & Credit to Poet Kyi Zaw Aye
အလှဆုံးခေတ်  အကျဉ်းကျနေတဲ့နေရောင်အောက်မှာ အသက်ရှူရတာကအစ မလွတ်လပ်  လေဟာ မောပမ်း  မြေဟာ နွမ်းနယ်  ဝေးကွာခြင်းဟာ မီးရထားသံလမ်းများကို အရည်ပျော်ကျသွားစေတယ်  စစ်ကြီးပြီးရင် ခန်းစီးအသစ်တွေလဲကြမယ်  ပျော်စရာကောင်းတဲ့ ဖျော်ရည်တွေသောက်ကြမယ်  ဘုရားစင်ပေါ်မှာ အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်  တောင်းရမယ့်ဆုက ချစ်သူများသာ အဓွန့်ရှည်ပါစေ။  ကြည်ဇော်အေး Respect & Credit to Poet Kyi Zaw Aye
ဗမာ့ဆိုက်ဘေးရီးယား  ဘယ်တုန်းကမှ ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး  ကိုယ့်အလံကိုယ်လွှင့် ကိုယ့်ရွက်ကိုယ်ဖွင့် ဆန်တက်ခဲ့ရတာချည်းပဲ  စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ ကမ္ဘာကိုဖျက်တယ်လို့ အဲဒီကဗျာငါဖတ်ဖူးတယ်  မင်းလောင်းလည်းမမျှော်နဲ့ ကယ်တင်ရှင်လည်းအားမကိုးနဲ့ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်  ကျည်ဆန်မှာ နေရပ်လိပ်စာမပါဘူး  ဓားဆိုတာ မီးနဲ့ဆေးရတာ  တရားဆိုတာ ကိုယ်တိုင်ကျင့်ရတာ  လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ရင်တော့ အမှားနည်းတာပေါ့  ဝမ်းနည်းစရာကောင်းတာက ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့် ကဗျာဆရာတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပဲ  တစ်နေ့နေ့ လက်ဝဲသုန္ဓရလို အလက်ဇန္ဒားလို  ဇန်နစ်ဇင်လို ဒီကောင်ပြန်မလာဘူးလို့ ဘယ်သူပြောရဲသလဲ။  -ကြည်ဇော်အေးဗမာ့ဆိုက်ဘေးရီးယား  ဘယ်တုန်းကမှ ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး  ကိုယ့်အလံကိုယ်လွှင့် ကိုယ့်ရွက်ကိုယ်ဖွင့် ဆန်တက်ခဲ့ရတာချည်းပဲ  စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ ကမ္ဘာကိုဖျက်တယ်လို့ အဲဒီကဗျာငါဖတ်ဖူးတယ်  မင်းလောင်းလည်းမမျှော်နဲ့ ကယ်တင်ရှင်လည်းအားမကိုးနဲ့ သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်  ကျည်ဆန်မှာ နေရပ်လိပ်စာမပါဘူး  ဓားဆိုတာ မီးနဲ့ဆေးရတာ  တရားဆိုတာ ကိုယ်တိုင်ကျင့်ရတာ  လေ့ကျင့်ခန်းမှန်မှန်လုပ
လူငယ်ဘဝကို မသင်္ကာမှုနဲ့ အလောင်းပြန်ဖေါ်ကြည့်တော့ ဆွေးနေတဲ့ အရိုးက လက်သီးကျစ်ကျစ်ဆုပ်ထားဆဲ။  ကြည်ဇော်အေး Respect & Credit to Poet Kyi Zaw Aye
Image
Author : Zun Pwint Oo
Image
Author : Zun Pwint Oo
Image
Author : Zun Pwint Oo
Image
Author : Zun Pwint Oo
Image
  Author : Zun Pwint Oo
Image
  Author : Zun Pwint Oo
စက်နဲ့လူ ဂြိုလ်တု ၁၇မိနစ်မှတစ်ခါ ကမ္ဘာကိုတစ်ပတ် ပတ်သတဲ့ မိန်းကလေးရေ... နိုင်လွန်ကြိုးတစ်ချောင်းလို  တိုတောင်းသွားတဲ့ကမ္ဘာကြီးမှာ ငါတို့အူသံတွေ မိုင်ပေါင်းများစွာ။ လန်ဒန်မြို့ကြီးက နှစ်ပေါင်း၅၀မှာ တစ်ညပဲမီးပျက်ဖူးသတဲ့ မိန်းကလေးရေ နေမင်းကို တူနဲ့ထု အလင်းရောင်တွေ ငါတို့စုကြပါစို့။ နေရောင်ခြည်စွမ်းအင်နဲ့  မော်တော်ကားမောင်းနှင်သတဲ့ မိန်းကလေးရေ နှလုံးသားထဲဓာတ်ဆီထည့် ငါတို့အချစ်တွေမီးရှို့ပစ်ရုံပေါ့။  မိုဃ်းဇော် Respect & Credit to Poet Moe Zaw
စင်သီယာ - ၅ မင်းကို ငါချစ်တယ် ရာစုနှစ်ပေါင်များစွာမှာ လူတွေဒါပဲ ပြောကြတယ် ငါ့အတွက်စကား (၅) လုံး မင်းအပြုံးက ဝါးမြို ခဲ့ သရော်တဲ့ နှုတ်ခမ်းတွေ “ချွင်” “ချွင်” မြည်နေတယ် မြေကြီးသားဘဝမှာ အဇ္ဈတ္တိကမီးပုံကြောင့် ငါ့ရင်အုံ လူသတ်ကွင်းထဲ သားရဲတွေ အစာတောင်းပြီး အသက်နဲ့အညီအမျှ ကျိန်ဆို မိုးပြိုတယ် စင်သီယာ မင်းကို ငါချစ်တယ် သျှပ်မှူးကျော် Respect & Credit to Artist Htoo Eain Thin 
စင်သီယာ - ၃ ငါ မပြောတော့ဘူး မင်းဦးနှောက်နွံအိုင်တောမှာ ဘောဂဗေဒ ဇယားချပ်တွေ မျက်တောင်ခတ်တဲ့ ကိန်းဂဏန်းတွေ “ငွေ ..ငွေ ..ငွေ”  (မင်းတို့) ဆိုနေကျ သီချင်းတစ်စမို့ ငါ အလွတ်ရနေပြီ ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ  ငါမလာနိုင်ဘူး စူးစူးဝါးဝါးအော်ဟစ် ချွေးမိုးအောက်နစ်ပါစေ မင်းပြုံးနေ စင်သီယာ ငါမပြောတော့ဘူး။ သျှပ်မှူးကျော် Respect & Credit to Artist Htoo Eain Thin 
စင်သီယာ - ၂ ငါ့ကဗျာ ဘယ်မှာလဲ မရဲတရဲ မေးခွန်း တိုးတိတ်လွန်းမှာသိတယ် နယ်မချဲ့မီနဲ့  ‌ဝေဒနာ ငါမနေတတ်ဖူး အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို မင်းဘာကြောင့် နားထောင်ချင်တာလဲ အသဲမှာစွဲတဲ့ မြှားချက်ဟာ လူမသိဘဲ အသက်သေစေတယ် နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ မုတ်သုန်မလာခင် အိပ်စက်ရဦးမယ် မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ ငါသေခဲ့ပြီ စင်သီယာ ငါ့ကဗျာဘယ်မှာလဲ။ သျှပ်မှူးကျော် Respect & Credit to Artist Htoo Eain Thin 
စင်သီယာ - ၁ ငါမငိုဖူး ပြာပုံမှာ လူးတဲ့ဘ၀ လွတ်မြောက်ရေး လမ်းစရှာတုန်း မင်းအမုန်းကို မေ့လို့ အငွေ့ပျံနေတဲ့ မျက်ရည် လေပွေနဲ့ သစ်ရွက် ချွေးစက်တွေ ချွေရဦးမယ် တကယ်ပါ စင်သီယာ ငါမငိုဖူး... ပထမဆုံး မင်းအတွက်ငါ သေခဲ့တာကြာပြီ မကြွေနဲ့စင်သီယာ ငါ... သျှပ်မှူးကျော် Respect & Credit to Artist Htoo Eain Thin 
စင်သီယာ - ၄  မင်းမညာနဲ့ ကွန်ပျူတာနှလုံးသားရှေ့ အသံမဲ့နေတဲ့ တိတ်တစ်ခွေ မင်းငိုနေသလား .. အချစ် အက်စစ်မျက်ရည်တွေပဲ ငရဲဆန်လှတယ် မင်းဘဝ … မင်းအသက် မင်းဟာ စက်ရုပ်ပဲ မင်းလုပ်သမျှ ဆန္ဒမဲ့တယ် ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ ငွေဟာ လောင်စာပဲ စင်သီယာ မင်းမညာနဲ့ … ။           ။ သျှပ်မှူးကျော် Respect & Credit to Artist Htoo Eain Thin
ရေဒီယို ရေဒီယို ကိုယ်စီနဲ့ အသက်ရှူစက်တွေ ကိုယ်စီနဲ့လို အဲဒီမှာ ငါတို့ အသက်ရှင်ခဲ့ရ။ နှစ် ၂၀၊ နှစ် ၃၀ နှစ် ၅၀ လူ့ဘဝတဲ့ ငါတို့မှာ ရက်စက်တဲ့ အမှောင်အောက် ရက်စက်တဲ့ ခေတ် အောက် ကိုယ့်ကိုယ်ကိုယ် ပျောက်မတတ်နေခဲ့ကြ။ ဇာတ်တိုက်ထားသလို ကျန်းမာရေး လေ့ကျင့်ခန်းလို ရေဒီယို နားထောင်ရန် ငါတို့ အချိန်မှန်မှန် ရှိကြ။ မည်းမည်းလေး၊ သေးသေးလေး အသံထွက်ကောင်းတဲ့ ရေဒီယိုလေး မှန်မှန်အသံထွက်ရန် ငါတို့ အချိန်မှန်မှန် အသက်ရှင်ကြ။       ။ အောင်ချိမ့် Respect & Credit to Poet Aung Cheint