Posts

Showing posts from September, 2022
ကဗျာတစ်ပုဒ်ကိုစောင့်မျှော်ခြင်း ဘယ်ထောင့်က ပေါ်လာမည် မသိ ချိန်းဆိုထားတယ် မဟုတ်ပါဘူး။ အစာငတ်နေသော ကြောင် လှောင်အိမ်မှာ ငိုနေသောငှက် စီးဆင်းမှုပိတ်ပင်ခံထားရသော မြစ် ရှင်သန်မှုမျိုးကန်းသွားသည့် သစ်ပင်  စျေးတန်းမှာ စျေးဗန်းတွေ ငါ့ကိုရန်ရှာတယ်။ လူက လူကိုလူလို မမြင်ချင်နေပါ အစားအစာနဲ့ သစ်သီးဝလံတွေကပါ မင်းတတ်နိုင်ရဲ့လားကွာ သဘော မချေမငံကြည့် ကြည့်တာလောက် အခံရခက်တာ မရှိဘူး။ သြော် ကိုယ်ခေါ်နေတာတောင် ကိုယ်ပြန်မကြားပြန်ဘူး။ မကောင်းဆိုးရွားတွေ လန်းရွှင်သလိုမျိုး မီးစက်ဟောင်သံတွေ ကြားလာရပြန်ပြီ။        ။ လူအိမ် Respect & Credit to Poet Luu Eain
ကဗျာ ညနေတိုင်း ဒယိမ်းဒယိုင်ခြေလှမ်းတွေနဲ့ အိမ်ပြန်လာတတ်တဲ့  အဖေ့ရဲ့မပီမပြင် ပလုံးပထွေးအသံဟာလည်း  သံစဥ်ကဗျာ။ ဆူဆူဆောင့်ဆောင့်အသံနဲ့  ညနေစာ ပြင်ဆင်ချက်ပြုတ်နေတတ်တဲ့  အမေ့ရဲ့ မျက်စောင်းဟာလည်း  မေတ္တာမလျော့လေတဲ့ အနှစ်သာရကဗျာ။ ခနော်ခနဲ့ စားပွဲလေးမှာ ဖယောင်းတိုင်ထွန်းလို့ စာကျက်နေတဲ့ ညီမလေးရဲ့ မျက်နှာနုနုနယ်နယ်လေးဟာလည်း  ချစ်စရာကဗျာ။ နှင်းဆီသွေးရောင်ပါးပြင်လေးမှာ ရှက်ပြုံးလေးပြုံးလိုက်တိုင်း သိပ်လှတဲ့  သူမရဲ့ မျက်နှာ၀ိုင်းလေးဟာလည်း ရင်ခုန်သံကာရန်ကဗျာ။ ပင့်သက်ကို တစ်ဆုံးရှိုက်သွင်းရင်း ကျနော်မေ့ာကြည့်လိုက်တဲ့ မိုးစဲစ ကြည်စင်ပြာလွင်ကောင်းကင်ကြီးဟာလည်း လွမ်းမောဖွယ်ကဗျာ။ ကဗျာ...။ ကျနော့်ရဲ့ အတွေးတွေအားလုံး အဆုံး အစ မရှိ လွင့်မျောနိုင်တဲ့  လွင့်မျောခွင့်ရှိတဲ့ စီးဆင်းမျောရာ တစ်ခုတည်းသော သုခနိဗ္ဗာန်ဘုံဟာလည်း ကဗျာ။        ။ စိုး🖤
မထင်ထားမှုများ ထွက်လာတုန်းက အမောတကော အမောတကောပြေးထွက်လာတဲ့ မနက်ခင်းမှာ ကျည်သင့်ဒဏ်ရာ ဗရပွ၊ လမ်းပေါ်မှာ  ခဏခဏ ခြေချော်ကျသွားတဲ့ မနက်ခင်းများ...၊ ကော်ဖီတွေဟာ သိပ်ခါးလွန်းတယ်။ မထင်ထားမှုများမှာ မီးတွေသိပ်လောင်တာ ပါတယ်။ မိုးတွေသိပ်ရွာတာ ပါတယ်။ လမ်းကြောင်းလွဲမှားမှုတွေ ပါတယ်။ ကျောချင်းကပ်ပြီး တရွေ့ရွေ့ခွာတာ ပါတယ်။ အမောတကောပြေးနေသူချင်း ခြေထိုးမှုတွေ ပါတယ်။ အကြောင်းမဲ့ ဒေါသတွေ ပါတယ်။ မချေငံမှုတွေ ပါတယ်။ ကျည်ဆံတွေက ပြည်တန်တာမဟုတ်ဘူးတဲ့ မြည်သံတွေက ပြည်တန်တာပါတဲ့ မထင်ထားမှုများ.....၊ မထင်ထားမှုများမှာ လိင်စိတ်ကို အချိုသပ်ရတာ ပါတယ်။ သူတောင်းစားဆန်မှု ပါတယ်။ အပြန်အလှန်သံသယ ပါတယ်။ ဗီလိန်ဖြစ်ရမှု ပါတယ်။ 5000 တန်အသုံးချခံရမှု ပါတယ်။ တောက်တိုမည်ရ ပွေလီရှုပ်ထွေးမှုတွေ ပါတယ်။ ရှင်ကွဲနဲ့ အလွမ်းဒဏ်ရာ ပါတယ်။ မနက်ဖြန်ကို  တစ်ယောက်တည်း ဖန်တီးတာမဟုတ်ပါဘူးတဲ့ ကျောချင်းကပ် ရင်ချင်းအပ်ပြီး  အဆုံးအရှုံး အတုံးအရုန်းများနဲ့ ဖန်တီးပါသတဲ့ မထင်ထားမှုများ.....၊ မထင်ထားမှုများမှာ တယောက်ကိုတယောက် မနွေးထွေးနိုင်မှု ပါတယ်။ တကိုယ်ရေအထီးကျန်မှု ပါတယ်။ အားမလိုအားမရဖြစ်မှု ပါတယ်။ အိပ်မပျော်ခြင်းများ ပါတယ်။ အဆက်အသွယ်ပြတ်တောက်မ
အဆွေးရဲ့ ခါးသက်မှု ခင်ရေ ခင် စိမ်းကားတဲ့နောက်ပိုင်းအချိန်တွေဆို ကိုယ့်မှာ သိပ်ဆွေးစရာကောင်းတယ်ကွာ ကြားနေကျ ကျေးငှက် အသံတွေတောင် ဘယ်ရောက်ကုန်ပြီလဲ တွေ့နေကျ ဦးလေးကြီး ကို ပြုံးပြသော်လည်း ကိုယ့်ရဲ့အပြုံးတွေ အသက်မဲ့နေဆဲ နားထောင်နေကျ ရှေးဟောင်းသီချင်းတောင် ခင့်ကို ဆွေးနေရတာလောက် ဆွေးစရာမကောင်းတော့ဘူး ဖွာနေကျ ဆေးပေါ့လိပ် တောင် ဖင်မှန်းခေါင်းမှန်းမသိ ကိုက်ဖွာပြီး ဘေးလူပြောရလောက်တဲ့အထိ အာရုံတွေ ပျက်ပြားနေတုန်း သြော် ! ကော်ဖီလေးသောက်မိပါတယ် ခါးသက်မှုတွေ ဘယ်ရောက်ကုန်ပြီလဲ ကျေးဇူးပြုပြီး  ခင့်ရဲ့ စိမ်းကားမှုလေး ထည့်မွေလိုက်ပါရစေ။        ။ Zeus
ပစ္စုပ္ပန်ဟာ လက်ထဲက မကြာခဏထွက်ပြေးတယ်  မွေးနေ့ဆိုတော့ ဘုရားသွားတယ် ပန်းကပ်တယ် ရေလဲတယ် ဖယောင်းတိုင်၊ အမွှေးတိုင်  သက်စေ့ထွန်းတယ်  နမောတဿနဲ့ပဲ ကန်တော့လိုက်တယ် ဘာမှဆုမတောင်းဘူး  ထိုင်တယ်  ဖယောင်းတိုင်မီးတွေသေခါနီးမှ သေချာလိုက်ကြည့်တော့  ရှက်မိသွားတယ် ကြာသပတေးသား ကျွန်တော်က ရာဟုနံရှေ့ရောက်နေတာကိုး  ရာဟုနံက ဗုဒ္ဓဟာ ပြုံးတော်မူတယ် ပြီး​တော့​ အမေ ကျွန်တော့်ကို  ခဏခဏမေးတဲ့မေးခွန်းကိုပဲ မေးတော်မူတယ် မင်းစိတ်တွေ ဘယ်ရောက်နေလဲတဲ့  ဆိုတော့ ကျွန်တော့်စိတ်ကို လိုက်ရှာခဲ့တယ် ဝမ်းနည်းစရာပဲ စိတ်မပါဘဲ ကမ္ဘာကိုပြန်လာခဲ့ရတယ်  အဲဒီတော့  ပလပ်ထိုးပြီး  မီးခလုတ်မဖွင့်ထားမိတဲ့အခါ ဆပ်ပြာတိုက်ပြီးသားပန်းကန်ကို  နောက်တခါပြန်တိုက်မိတဲ့အခါ  ခွက်တစ်ခွက်တည်းကို  ကော်ဖီနှစ်ထုပ်ဖောက်ထည့်မိတဲ့အခါ ပစ္စည်းနှစ်ခုဝယ်ခိုင်းတာ  တစ်ခုမေ့လာတဲ့အခါ  ဘာပြောလိုက်တာလဲလို့  ပြန်ပြန်မေးမိတဲ့အခါ မချစ်ဘူးလို့ ဖြေပြီးသားကို  ချစ်တယ်ချစ်တယ်လို့ ကျွန်တော်က  အထပ်​ထပ်အခါခါပြောနေမိတဲ့အခါ  စိတ်မဆိုးကြပါနဲ့  စိတ်မပါဘဲ အသက်ရှင်ရတာ နေသားကျနေပြီမို့လို့ပါ။         ။  ကိုဟိန်း  ၂၄.၉.၂၀၂၂
လူတွေဘာလို့ အသည်းကွဲလဲသိလား မမျိုသိပ်နိုင်လို့  တစ်ခုခုကို စတင်လိုက်လို့ အထူးသဖြင့်  မသေချာတာတွေ  မမီမကမ်းတွေ မတန်မရာတွေကိုပေါ့ နွေသစ်ငြိမ်း Respect & Credit to Poet Nway Thit Nyein
Image
ဘဝမှာ လေးငါးခြောက်ခု မလိုပါဘူး နှစ်ခုပဲ ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ် ဒီနှစ်ခုပဲ..... မောင်ချောနွယ်(၁၉၄၉—၂၀၀၂) Respect & Credit to Poet Mg Chaw Nwe 
ရင်တုန်မှာကြောက်တဲ့သူက ကော်ဖီကိုရှောင်တယ် ရင်ခုန်မှာကြောက်တဲ့သူက အချစ်ကိုရှောင်တယ် ငါဟာ ငါအေးချမ်းဖို့  ငါကြိုက်တဲ့အရာတွေကိုရှောင်ခဲ့တယ် ဥပမာ ... ပါးချိုင့်တွေ  သွားတက်တွေ ဆံပင်အရှည်တွေ မျက်မှန်ကိုင်းအောက်က  အကြည့်တွေ...။ ဗာဂို Respect & Credit to Poet Va Goh
ကပ်ဖ်ကာသို့ - ၂၁ ကပ်ဖ်ကာ. . . ငါဟာ မဖွံ့ဖြိုးသောအာရှနိုင်ငံတစ်ခုမှ ကဗျာဆရာတစ်ယောက်ပါ။ တစ်ယောက်ယောက်ကို ယူကျုံးမရ ချစ်ခဲ့ပြီး တုံ့ပြန်မှု မရခဲ့သူ နာကျင်ခဲ့သူ အပြစ်ဖြစ်ခဲ့သူပါ။ ခင်ဗျားကို ကျွန်တော် နည်းနည်းသိပါတယ် ကျွန်တော့်ကို ခင်ဗျား လုံးဝ မသိပါဘူး။ နည်းနည်းသိသူက လုံးလုံးမသိသူထံ အသံပြုတဲ့ကဗျာပါ ကပ်ဖ်ကာ။ စိတ်ချမ်းသာပါစေ ဘိုင့် ဘိုင်။         ။ အောင်ချိမ့် Respect & Credit to Poet Aung Cheint 
ဖော်ဝေးဒိုင်ယာရီ Marlboroတစ်ဘူးနဲ့ မျက်နှာပြုံးပြုံးတစ်ခု  ကျွန်တော့်ဘဝကတော့ ရိုးရိုးလေးပါဗျာ။ ထမင်းစားတယ်  ဆေးလိပ်သောက်တယ်  လက်ဖက်ရည်သောက်တယ်  စာအုပ်ဖတ်တယ်။ နောက်…. စိတ်ပါရင် ကဗျာရေးတယ်။        ။ ဖော်ဝေး Respect & Credit to Poet Phaw Wye
CLOUD 11 ငှက် လို သရုပ်ဆောင်တယ် လူ လို သရုပ်ဆောင်တယ် တကယ်တော့ အားလုံးဟာ တိမ်တွေပဲ လွင့်ပါးသွားရတယ်   ပျောက်ကွယ်သွားရတယ် လွင့်ပါးမသွားမီ   ပျောက်ကွယ်မသွားမီ အလှဆုံး အကောင်းဆုံး တင်ဆက်ခဲ့ကြတယ် သုခမိန်လှိုင် Respect & Credit to Poet ThuKaMeinHlaing
အမေ... သားတော့မီးလောင်နေပြီ လူတွေကတော့ရယ်မှာပဲ သားရင်ထဲမှာ ကဗျာ... ကဗျာ... ကဗျာ... သက်သာရာရမလားလို့ပါ... (ဒီတစ်ခါတော့ဖြင့်) ဝမ်းရေစပ်ရင်လည်း နည်းနည်းတော့ ခွင့်လွှတ်ပါအမေ သားတော့ မီးလောင်နေပြီ။  သျှပ်မှူးကျော် Respect & Credit to Artisit Htoo Eain Thin
ဒုက္ခဆက်တင် လူလည်နဲ့လူအ နှစ်မျိုးလုံးတင်ဆက်လို့ရတဲ့   မြို့တော်ကြီးမှာ တစ်ဝက်အောင်မြင်ပြီး တစ်ဝက်ကျဆုံးခဲ့ရ  သည်မြစ်ဟာ ငါမကူးခတ်နိုင်လောက်အောင် မကျယ်ဝန်းပါဘူး။  လမ်းပျောက်နေသလား တဲ့ လမ်းရှာမတွေ့သေးသူပါ။  အကုသိုလ် ဒုစရိုက်တရား ဒါလောက် မများခဲ့ပါဘူးကွယ် ဆူးလေဘုရားကို ရှာတွေ့ရမှာပေါ့။  ဒုက္ခတွေကို ဒုက္ခနဲ့မြှောက်ခဲ့ရသူမို့ နောက်ထပ်ဒုက္ခပန်းတစ်ပွင့် မဖူးပွင့်ပါရစေနဲ့တော့  ညီမလေးရယ်။  ဖြောင့်ချက်တွေမပေးမိခင် လေနှင်ရာလွင့်ခဲ့ရတာကိုပဲ မင်းတို့မြို့ကလေးကို ကျေးဇူးတင်ရ။ ဘတ်စ်ကားပေါ်မှာ မတော်တဆလက်ချင်းထိမိသလိုသာ သဘောထားလိုက်ပါတော့။           ။  ပိုင်စိုးဝေ Respect & Credit to Poet Paing Soe Wai 
စိတ်ဖိစီးမှုများ  တတောင်တောင် တတင်တင် နိုတီတွေ မနားတမ်းတက်လာသံတွေကြားတော့ အိပ်ရေးမဝတဲ့ကြားထဲ သူလန့်နိုး ခဲ့တယ် ကွင်းဆင်း လေ့လာကြည့်တော့ သူ့အလုပ်သိပ်များနေတာကို တွေ့လိုက်ရတယ်  ဒို့အရေးလို့ အော်နေသူတွေကြားထဲ တိုးဝင်သွားတယ် အာဏာရူးသုတ်ပိုးတွေ လွှတ်ထုတ်လိုက်တဲ့ ကျည်ဆန်တွေကြား လွတ်အောင်ပြေးရင်း လက်သုံးချောင်းတထောင်ထောင်နဲ့ လူတချို့ကို သူ ကယ်တင်သွားတယ်။  ကျွန်တော့် သားသေသွားတာ  ကျွန်မသမီး သေသွားတာဆိုပြီး  အော်ဟစ်သံတွေကိုကြားတော့  သူ့လက်နှစ်ဖက်ကို တွဲထားတဲ့  ကလေးနှစ်ယောက်ကိုငုံ့ကြည့်ရင်း ရှော့ခ်ရသွားတယ်။  မီးလောင်နေတဲ့ ရွာတွေကြား အောက်ဆီဂျင်ဘူးနဲ့ ပြေးရလွှားရ  အရှင်လတ်လတ်လောင်နေတဲ့ လူတချို့ကြောင့် သူ့ဝတ်ရုံလည်း မီးပေါက်ရာတွေနဲ့ ပြည့်ကုန်တယ်  အမည်မသိ အလောင်းတွေကြောင့်လည်း ခေါင်းစားခဲ့ရတယ် မအားတဲ့ကြားထဲ ကလေးတချို့က  မိုင်းနင်းတမ်းကစားဖို့ တောင်းဆိုကြသေး  လက်နက်ကြီးကျည်စမှန်သွားတဲ့ ကလေးရဲ့အသုဘလည်း လိုက်ပို့ရသေး ဒီမိုကရေစီရမှ အမျှဝေကြဆိုတော့  ဗိုက်မှောက်ခဲ့ရတဲ့ နေ့တွေလည်းရှိရဲ့ ညရောက်တော့ ခဏနားမယ်ကြံ မာရှယ်လောချိုးဖောက်တဲ့  အလောင်းတွေ သွားထမ်းရသေးတယ်။  သူ အလုပ်တွေနဲ့ပိနေတာ တနှစ်ကျော်ပြီ သေပုံသေနည
Image
ဝလုံးရေးဖို့ ရွှေခဲထိုင်  ခဲတံတွေလည်း ကျိုးခဲ့ပြီ  သွေးတွေလည်းစွန်းခဲ့ပြီ ဝလုံးလေးတွေ မဝိုင်းနိုင်တော့ဘူး ညီလေး မင်း ငြိမ်းချမ်းသွားပြီလား တောရွာအရပ်က လေယာဉ်သံတွေက မြို့ပြက ဒီဂျေအသံတွေကို ထိုးဖောက်ဖို့ ဗုံး  ဘယ်နှစ်လုံးလောက်ကြဲပြဖို့ လိုနေသေးတာလဲ ဘာအရေးလဲ  အရင်လိုပဲ   Save The Children ပေါ့...... ThaeNu
ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း အထောက်အထားဆိုလို့  ပုံပျက်ပန်းပျက် ဖြစ်သွားတဲ့ ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။ ငါတို့က...  တစ်သက်လုံးအတူရှိလို့ရပါတယ်။ ဒါပေမယ့်.....  အတူရှိနေရင်တောင်  အတူဖြစ်နေတော့မှာမဟုတ်ဘူး။ မီးရထားသံလမ်းတွေကို တွေ့တိုင်း  ငါဒါကို ပိုပိုနားလည်လာခဲ့တယ်။ ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင်  ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို  ငါတို့ ရရှိခဲ့ကြပါတယ်။ နောက်တော့လည်း တွေ့ဆုံခြင်းဆိုတာဟာ  အာကာသထဲက ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့ အခိုက်အတန့်တွေလိုမျိုးပဲလို့ ခံစားမိလာတယ်။ ကမ္ဘာက အကျယ်ကြီး။  ငါတို့ တွေ့ဖို့အတွက်  အခွင့်အရေးက အများကြီးမရှိ။ ဒါပေမယ့်  ငါတို့တွေ့ခဲ့ကြတယ်။ တစ်နည်းအားဖြင့်  ငါတို့တိုက်မိခဲ့ကြတယ်။ ပြီးတော့  အပွန်းအပဲ့ကိုယ်စီနဲ့  ကိုယ့်လမ်းကို  ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။ မျက်လုံး မှိတ်လိုက်တိုင်း  မိုးတွေရွာနေတယ် ငါ့လက်နှစ်ဖက်မှာ  နှင်းတွေခဲနေတယ် ငါတို့ဘယ်တော့မှ  စကားမပြောဖြစ်ကြတော့ဘူး။        ။ ဆပ်ရိပ် Respect & Credit to Poet Sat Yate
အလွမ်းတစ်ဝက် မြက်ခင်းပြင် ပျော်စရာ အစစ်တွေဟာ ကမ္ဘာပေါ်မှာ ရှိနေသေးရဲ့ သင်ကော မျှော်လင့်ဖို့ အသင့်ဖြစ်ပြီလား။ ကျွန်တော်တို့ဟာ အထပ်ထပ် ကုလားဖန်ထိုးထားတဲ့  ဖဲထုပ်ထဲက ဖဲချပ်တွေလို ကိုယ့်နေရာ ကိုယ်မေ့နေရဲ့။ မြို့တော်ရဲ့ အဆောက်အအုံတွေအလယ် ယောင်လည်လည်ဖြစ် ဖြစ်ချင်ရာဖြစ်မှုရဲ့ ထုထည်ကောင်းတဲ့ သီချင်းကို နားသောတဆင်ရင်း... ကလေးငယ်များ  ဗြဟ္မစိုရ်တရား အစားအစာနှင့် ကမ္ဘာသစ်...။ ကျွန်တော်တို့ဟာ သတင်းစာပေါ် ချော်လဲခြင်းမရှိ နောင်တရခြင်း လုံးဝမရှိ ဘဝကို နှစ်နှစ်ကာကာချစ်မိကြရဲ့။ ' ချစ်ခြင်းမေတ္တာ' တဲ့ ဒါ...သမိုင်းဦးကဗျာတစ်ပုဒ်ပဲ သန်မာစွာ ကခုန်လို့ သိမ်မွေ့စွာ ပေါက်ကွဲလို့ ဝေခွဲမရခြင်းကလည်း ဆွံ့အလို့။ ရောက်မလာသေးတဲ့အချိန် သက်ငြိမ်ဆန်ဆန် အိပ်မက်မှလန့်နိုး မလုံတဲ့ ခေါင်မိုးကြောင့် ရိုးသားတဲ့ ဘဝတွေ အရေးနိမ့်နေခဲ့ရပြန်တယ်။           ။ လှသန်း Respect & Credit to Poet Hla Tan 
 တစ္ဆေ စကား                (၁) ခေတ် ကို စားသုံးရတာက ငါးပြေမ ဟင်းခွက်လို အရသာ တစ်စက် ရဖို့ အတွက် အရိုး နွှင်ရတာက လက်ခက်တယ် ...  အသက်ဆက်ရှင်နေတာလား ဖုတ်၀င်နေတာလား ငါ့ ကိုယ် ငါလည်း မကွဲပြားတော့ဘူး ..။ ကိုယ့်ဘာသာ သတ်သေချင်တာတောင်မှ သေနတ် ကိုင်ခွင့် မရှိတော့ အဆိပ်ပုလင်း ကိုပဲ ဖွင့်ရတယ် ... အဖုံး တွင်း ကံစမ်းမဲ ကလည်း Thank you ပဲ ..။               (၂) ဒီနိုင်ငံ မှာ တချို့လူတွေရဲ့ ပညာရေး အမြင်က ကိုယ့် ကလေးလေး ရဲ့ နှလုံးသား ထဲ ကိုယ်ချင်းစာ တရား စွဲသွားဖို့ထက် အင်္ဂလိပ်စကား သွက်သွက် ပြောတတ်ဖို့က            ပို အရေးကြီးနေလေရဲ့ ...။               (၃) ဒီနိုင်ငံ မှာ တချို့လူတွေရဲ့ စီးပွားရေး ဦးခေါင်း က တစ်ရက်တောင်းရင်  သုံးသောင်းကျော် ရတယ်ဆိုတဲ့ သူတောင်းစား ကိုပဲ ကျိတ်ပြီး  အားကျချင် သလိုလို ... တစ်နေ့ကို ဘယ်လောက်ရရ သူတောင်းစား တွေနဲ့တော့  တိုင်းပြည်ကို တည်ဆောက်လို့           မရပေဘူး ...။               (၄) အတ္တမျိုးစုံဟာ ဒီနိုင်ငံ ရဲ့ ဟန်းမိတ် မကောင်းမြင်စိတ်က ဒီနိုင်ငံ ရဲ့  ဆေးယဉ်ပါး တီဘီ .....။               (၅) ဒီနိုင်ငံ ကို စိတ်နာလို့  ကိုယ့်ကိုယ်ကိုယ်  သတ်သေလိုက်တော့လည်း ပြီးမသွားဘူး ၊ ငါ က အစ
သံမဏိနှင်းဆီ တစ်ပွင့်တည်းပါ တစ်ပွင့်တည်း  ဒါပေမဲ့ ရဲရဲနီနေတယ် မသဲမကွဲမြင်နေရတဲ့ အချိန်မှာတောင် အဝေးကရှုမျှော် ထိုပန်း လန်းဆန်းနေတာ အထင်းသားမြင်နေရတယ် ပွင့်ချပ်တွေက အလွှာထပ်လို့ ခန့်ညားထည်ဝါလိုက်တာ အကွယ်အကာမရှိဘူး မေတ္တာတွေ ကရုဏာတွေ စာနာ နားလည်မှုတွေ သန့်ရှင်းစင်ကြယ်တဲ့ မုဒိတာက ခိုင်းနှိုင်းမှုကင်းမဲ့ တစ်ပွင့်တည်းပါ တစ်ကယ့်ကို တစ်ပွင့်တည်း ပမာခိုင်း နှိုင်းစရာမရှိဘူး အလှသမိုင်းတွေနဲ့ ဘဝမရိုင်းတဲ့ ရဲရဲတောက်နှင်းဆီ သံမဏိတွေနဲ့ ဖွဲ့သီပေမဲ့ ဝတ်ဆံညှာတွေက  တစ်ကမ္ဘာလုံးကို ရနံ့သင်းစေတယ် ပွင့်ချပ်အလွှာတွေက ခိုင်ခန့်တည်မြဲ အလှတရားက  မြင်သူ ငေးမောပေါ့ အဲဒါ မနွမ်းသော မ​ကြွေသော အမြဲလန်းနေသော ငါတို့ရဲ့ တစ်ပွင့်တည်းသော နှင်းဆီ သံမဏိနှင်းဆီပေါ့ ယမုံ (aas)
တမ်းချင်း အမှတ်တမဲ့တွေကြားမှ အမှတ်တရ ဖြစ်စေခဲ့တဲ့ နေ့ရက် အလွမ်းသက်သက် ဖြစ်စေခဲ့သလား အလွမ်းတွေပေကျံနေတဲ့ ငါ့ရင်အစုံကို  သတိရခြင်းဆိုတဲ့ စိတ်တစ်ခုနဲ့ ဖုံးအုပ်ထားခဲ့ရပေါ့ နယ်လွန်နေတဲ့ စိတ်အစဥ်ကို အချိန်မီကာဆီးလို့  ခဏခဏအမှတ်ရနေတာကလွဲရင် မဖြေသာပေမဲ့ ကွယ် နေသာခဲ့ပါတယ် ပိတ်လှောင်ခံရတဲ့ သံယောဇဉ်  ပြန်ပြောရင် အသစ်ဖြစ်  အမြစ်တွယ်မှာစိုးလို့ ငါသာ တန်ခိုးရှိခဲ့ရင်လေ သူ့ထံ အရောက်သွား အနားမှာ ထိုင် တစိမ့်စိမ့်ကြည့်လို့ တိုး တိုးလေး ပြောနေမိမယ် ထင်တယ် အရမ်းချစ်တယ် အရမ်းချစ်ခဲ့မိပါတယ် 💔💔💔 Aye Aye San
မီးတောက်ရစ်သမ် (၆) တောင်ညိုမှာ ပြိုတဲ့မိုးတွေ နင့်မျက်နှာလေးကို တိုးသက်တဲ့အခါ တောင်ပင်လယ်က ဗေဒါတွေဟာ ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်...။ ဟေး...ငါပြောမယ် အက်ဆစ်တိမ်ခိုးတို့ မုတ်သုန်ကို နှိုးပြ ဒီလူဆိုးအတွက်လည်း မိုးကြမ်းတို့ တစ်စက်စက်ရွာပါ...။ မထိုက်တန်သူဆိုတာ လွင့်မျောရမှာပါပဲ ခွဲခွာခြင်းဟာ ခရမ်းပြာကျည်ဖူးကို အဆိပ်ချိုတွေ လိမ်းသုတ် နှလုံးသားတည့်တည့်ဆီ ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်...။ သက်ပြင်းဝေ၀ ခရေတို့  နှင်းစက်ဖားလျား မျက်ရည်ကိုစားတဲ့ ချောက်ချားဖွယ်ရာ စကားမဲ့ည ငါဟာ...ထက်ပိုင်းချိုးခံခဲ့ရတဲ့ တစ်ခြမ်းပဲ့ 'လ' ပဲဖြစ်တယ်...။ အိမ်မက်ထဲက ကမ္ဘာစစ်လို အရိုးပြိုင်းပြိုင်းညနေအိုက မြေကိုရှိခိုး... မြူခိုးတို့ ပျောင်းအိညွတ်တွဲ လူငယ်ဘ၀ရဲ့ ညရိပ်တို့ မှုန်‌ဝေ ၀မ်းနည်းခဲ့ရတယ်။ အခင်ဆုံးမဖြစ်ခဲ့ပေမဲ့ အခင်ဆုံးတွေအကြောင်းပြောတိုင်း သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ ငါ...မရောက်...ရောက်အောင်သွားမယ်...။ ပြီးတော့ ခရိုးခရိုင်...လက်ဖက်ရည်ဆိုင်လေးမှာ ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း ကိုယ့်ကိုယ်ကို ပြန်လည်ဖန်ဆင်းပစ်မယ်ကွယ်။ အရက်သမားက သူတစ်ပါးကိုလွမ်းဆွတ်တာ ရယ်စရာမဟုတ်ပါဘူး တစ်ခါတစ်ရံရဲ့  ပြန်မလာတဲ့သူတို့ သိကြ
တစ် နဲ့ နှစ် ကြားတွင် အဆုံးမရှိပါ လေယာဉ်သံတွေ ဗုံးသံတွေ တိုက်ပွဲခေါ်နေတဲ့ တီးတိုးစကားသံတွေက တစ်နေ့ထက်တစ်နေ့ ပိုပျံ့နှံ့လာနေတယ် ငါတို့နေတဲ့ကမ္ဘာကြီး  ပျက်စီးလာတာနဲ့အမျှ နိစ္စဒူဝ အဆိပ်ငွေ့တွေနဲ့ပဲ အသက်ရှင်နေရတော့ ကဗျာငွေ့လေးတွေက  စွဲမက်စရာကောင်းလာတယ် ပျက်စီးပြီးသား ကမ္ဘာကြီးကိုလည်း  ထပ်ပြီးတော့ မဖျက်ဆီးလိုတော့ပါဘူး သေလူတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးထဲမှာ သေလူအချင်းချင်းတောင် ပြန်ယုတ်မာနေကြသတဲ့ တစ် နဲ့ နှစ် ကြားက အပေါင်းအနှုတ်  သင်္ကေတတွေ အဆုံးမရှိသလို စစ် နဲ့  အချစ် ကြားမှာလည်း   မေတ္တာအမှတ်အသားတွေကလည်း အဆုံးမရှိပါဘူး စုတ်ချာချာ လောကကြီးထဲကနေ တနေ့တော့ ထွက်ခွာသွားရမှာ   ခပ်တုံးတုံးနိယာမ တစ်ခုပါပဲ  ကြိုတွေးပြီး ဝမ်းနည်းမနေပါနဲ့ သွေးဆာနေတဲ့  စစ်တလင်းပြင်မျဉ်းပေါ်မှာ အဆုံးမရှိဒဿန ငြိမ်းချမ်းခြင်း အမှတ်သားတွေကိုတော့  ချထားခဲ့ချင်တယ် အဆုံးမရှိ ပျက်စီးခြင်းတွေကြားထဲက အဆုံးမရှိ  ငိုသံတွေ   ဟိုနားတစ်စ ဒီနားတစ်စနဲ့ ​ နေကွယ်ပြီးရင် လထွက်မယ် အဆုံးမရှိလည်ပတ်ခြင်းတွေ ဒီကမ္ဘာကြီးထဲမှာရော  ချစ်ခြင်းမေတ္တာအပါအဝင် အဆုံးမရှိခြင်းများစွာတွေ   ဘယ်လောက်တောင် ထပ်ရှိနေလိမ့်ဦးမလဲ ရှူရှိုက်ချင်တယ် အဆုံးမရှိ   လွတ်လပ
နာကျင်မှု နာကျင်မှုဟာ ငရဲတမျှ။ ငါအော်တယ် ငါအော်တယ် ငါ တဆတ်ဆတ်ခါအော်တယ်။ အော်သံဟာ ထွက်မလာဘူး မျက်ရည်ဟာ ကျမလာဘူး နာကျင်မှုဟာ မျက်ဝန်းထဲတဖျပ်ဖျပ်။ ရူးသွားမှာစိုးလို့ ငါထွက်ပြေးတယ် နာကျင်မှုကို မခံနိုင်လွန်းလို့ ငါပြေးထွက်ခဲ့တယ် တောင်ထိပ်စေတီလေးရှိရာ အင်ကြင်းတောနဲ့ ရင်ခတ်ပန်းတို့ပွင့်ရာ ကိုယ့်အသက်ရှူသံ ကိုယ်ထမ်းလို့တက်ခဲ့တယ် မိမိကိုယ်ကိုယ် ပြန်တွေ့သည်အထိ ဘုရားရှေ့ ထိုင်နေမိတဲ့နေ့ရက်များ။ လူတိုင်း ကြုံနေရတဲ့လောကဓံ ငါ့ကျမှ ပိုနာကျင်ရသလားလို့ အရှက်ရခဲ့မိ နေ့ရက်များပေါ့။           ။ ခက်သီ Respect & Credit to Poet Khet Thi 
သမိုင်းစာမျက်နှာကဒဏ်ရာများ (၁) သမိုင်း မျက်နှာစာမှာ ရှက်စရာ အထုပ်အပိုးတွေနဲ့ ကုပ်ကျိုးအောင် ထမ်းခဲ့ရ။  ဘယ်လမ်းက လျှောက် ဘယ် တံခါးပေါက်ကို ဝင်ပြီး ဘယ်ပလ္လင် ဘယ်လိုဆောက်ရပါ့ စိတ်ခြောက်ချားနေခဲ့ပြီ။ (၂) အမှန်တရား အမှန်တရားနဲ့ အသံသာ ကြားနေရ ဘယ်နားကမှန်း ငါမသိ။  တုံးပိတဲ့ ဖား မြှူံးမိတဲ့ ငါးပမာ ရုန်းကြည့်တဲ့ အားလည်း နုံးချိလို့ သွားရော့ထင့် တရားတွေ ပျောက် အမှားတွေ ဖောက်သနဲ့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုးသည့်နှယ် အမျိုးမျိုး ကြုံ အဆိုးမျိုး စုံခဲ့ပြီ။  မနုဿဘုံပေမို့ ဒုက္ခ စုံလေရော့သလားကွယ်ရို့။ (၃) တစ်ယောက်နဲ့ အများ တစ်ယောက်က ဓားနဲ့မို့ အများက အရာမဝင်တာ အာဏာရှင် စနစ်ပဲ။ ဒီအာဏာရှင် စနစ်ဆိုးကို ငါတို့ မရှိခိုးနိုင်။ လက်နက် တကားကား ရက်စက်သလားမမေးနဲ့ တို့သွေးများ ချောင်းစီးလို့ မြောင်းကြီး မြောင်းငယ်ဖောက်ကြတယ်။ ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို ထုံးသုတ်လို့ ဖြူမတဲ့လား။ (၄) လိမ်လုံး ညာလုံးတွေကို ငါ အင်မတန် မုန်းမိတယ် ငါ အရှုံးမပေးနိုင်။ စစ်အာဏာရှင် သေနတ်ကို ကြောက်လို့ ငါ တို့ လက်မြှောက်ရရင် ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး တို့နိုင်ငံ အသက်သေလိမ့်မယ်။ ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီး တို့
ဘယ်တော့မှမမေ့ဘူး မမေ့ဘူး ဘယ်တော့မှ မမေ့ဘူး ခဏလောက်ခေါ်သွားပါရစေ စစ်ဆေးပြီးရင် ပြန်ပို့ပေးမယ် အဲ့ဒီ့ညကို... ဘယ်တော့မှ မမေ့ဘူး ညို့သကျည်းကို မျဉ်းလုံးနဲ့ လှိမ့်ခံခဲ့ရတာကို ဘယ်တော့မှ မမေ့ဘူး ပလတ်စတစ်အိတ်ကြီး စွပ်ပြီး ဘယ်ပြန်ညာပြန် ပါးရိုက်ခံခဲ့ရတာကို ဘယ်တော့မှ မမေ့ဘူး အိမ်သာထဲမှာ ဘီယာဘူးခွံစုတ်လေးနဲ့ အိမ်သာသုံးရေကို ခိုးသောက်ခဲ့ရတာကို ဘယ်တော့မှ မမေ့ဘူး စားထားတဲ့ထမင်း အတောင့်လိုက်အန်ထွက်လာအောင် ရင်ဝ ဖနောင့်နဲ့ ပေါက်ခံခဲ့ရတာကို ဘယ်တော့မှ မမေ့ဘူး သမံတလင်းပေါ်မှာ တိရိစ္ဆာန်တစ်ကောင်လို နေခဲ့ရတဲ့ ငရဲခန်းကာလ ၁၇ ရက်ကို ဘယ်တော့မှ မမေ့ဘူး အဖေ ခံစားခဲ့ရတဲ့  စိတ်သောက ဒုက္ခတွေကို ဘယ်တော့မှ မမေ့ဘူး အမေကျခဲ့ရတဲ့  မျက်ရည်ပေါက် ကြီးငယ်တွေကို ဘယ်တော့မှ မမေ့ဘူး ဖရိုဖရဲဖြစ်ခဲ့ရတဲ့  ငါ့ရဲ့မိသားစုဘဝကို ဘယ်တော့မှ မမေ့ဘူး နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ နှစ်ကာလများကို ဘယ်တော့မှ မမေ့ဘူး။          ။ လှသန်း Respect & Credit to Poet Hla Than 
(D Day  ၁ နှစ်ပြည့်) နွေဦးတော်လှန်ရေး ပြည်သူတွေ အသက်ပေးရ အိမ်မရှိတော့ဘူး ကျီမရှိတော့ဘူး နွားမရှိတော့ဘူး လယ်ယာမရှိတော့ဘူး ယောက်ျားမရှိတော့ဘူး  သားမရှိတော့ဘူး သမီးမရှိတော့ဘူး ကိုယ့်အသက်ကိုတောင်  ပြေးတဲ့ ခြေထောက်ပေါ်  ယဲ့ယဲ့လေး တင်ထားရဆဲ D Day မခေါ်လည်း  အာဏာရှင်ကို အာခံတိုက်နေတာ ပြည်သူ D Day ခေါ်လည်း  ကိုယ်လယ်ယာလေးရောင်း ကိုယ့်နားကပ်လေးရောင်း လက်နက်ဝယ် တိုက်နေတာ ပြည်သူ ခွင့်တူညီမျှ  ဒီမိုကရေစီရအောင် ဖက်ဒရယ်ရအောင်  ပြည်သူတွေက  အသက်ပေးလို့ ချနေကြလေရဲ့ D Day တစ်နှစ်ပြည့်မှာ လောင်နေတဲ့မီးတွေ ကျဆုံးသွားတဲ့ သူရဲကောင်းတွေတိုင်တည် သင်ပုန်းမချေ လက်စားချေမယ် မကြေကမ္ဘာ သံသရာကြွေး သွေးပေးဆပ်မှ ကျေနပ်ကြမယ် ကယ်တင်ရှင် ဘယ်သောအခါမှ မရှိချေ နှောင်ကြိုးကို တို့လက်ရုံးနဲ့ ချိုးဖျက်မလေ လွတ်လပ်ရေး တန်းတူရေး တရားမျှတရေး လူအခွင့်အရေး ဒီမိုကရေစီအရေး ကိုယ်ပိုင်ပြဌာန်းခွင့် လူမျိုးပေါင်းစုံ စိတ်ကြိုက်ဖန်တီးခွင့်ရတဲ့ အနာဂတ်အတွက် ဆက်လက်တိုက်ပွဲဝင်ကြမယ် အရေးတော်ပုံ အောင်ရမည် San Zuren 🌸
Image
မမ လာနာ လှိုင်သာယာရောက်ဖူးလား မမ လာနာ လှိုင်သာယာရောက်ဖူးလား ရောက်ဖူးတဲ့ ကျနော့် စကီဟောင်း တစ်ပွေကတော့ ပြောဖူးတယ်။ ရန်ကုန်တိုင်းမယ် နင်တို့မြို့ ပါတယ်လို့ကို မထင်တာတဲ့။ ဟာသပဲ၊ ကျနော့်မယ် ရယ်လို့ မရ။  ဒါပေမဲ့ ဘဝအကြောင်း  ကျနော့်ကိုသာ ပြောခိုင်းရင် ဝဇီရာ ၂ ရုပ်ရှင်ရုံထဲမယ်  စော်ကို နှိုက်နေရင်းတန်းလန်းက  ခြင်ထရိုက်လိုက်ရတာဟာ  ဘဝပဲလို့ ကျနော်ကတော့ ပြောရမှာပဲ။ ကျနော် ဘာတစ်ခုမှကောင်းကောင်းမသိပါဘူး  ကျနော် သိတာ မှန်သမျှကလည်း  အမြဲ သွေးထွက်တယ်။ အားတဲ့တစ်ရက်လောက် ကျနော်နဲ့အတူ  ရန်ကုန်-ညောင်တုန်းလမ်းမပေါ်က သွေးကွက်တွေ သွားကြည့်ကြမလား မနက် ၂နာရီခွဲလောက်ထပြီးမှ  သမကုန်းထိပ်က ဘိုကလေး ဝက်ချိုစားမလား သူများ လျှာကို  ကိုယ့်လျှာပေါ် တင်လိုက်ရတဲ့ အရသာ  မမလာနာကို သိစေချင်တယ် ဒါမှမဟုတ် ထန်းတပင် တွံတေး  ဆိုင်ကယ်လေးစီးပြီး သွားရှို့ကြမလား ဗုံးတွေတော့ မပါကြေး။  ကျနော့်နားက ဖြတ်လျှောက်ရင်  နင်းပြားနံ့ဟာ  ပေနှစ်ဆယ် ပတ်လည်လောက်အထိ မွှေးနေလိမ့်မယ် ဒါပေမဲ့ ကျနော့်မှာ ရှက်နေစရာ  ဘာစောက်ကြောင်းမှ မရှိ။  မမလာနာ သေချာမှတ်မိအောင်တော့ ကျနော် ထပ်ပြောရလိမ့်ဦးမယ်။  တရုတ်ထုတ် ဝမ်းတူးဖိုက်ဘီးကို  ပါဝါအိတ်ဇောတပ်ပြီး  စက်ရုံဆ
Image
  ရန်သူနဲ့ တွေ့တဲ့အခါ  ကိုယ့်လက်သီး ကိုယ် စမ်းမိတယ်။ မိတ်ဆွေနဲ့ တွေ့တဲ့အခါ ကိုယ့်နောက်ကျော ကိုယ် စမ်းမိတယ်။ ချစ်သူနဲ့တွေ့တဲ့အခါ  ကိုယ့်ရင်ဘတ် ကိုယ် စမ်းမိတယ်။ ခက်သီ Respect & Credit to Poet Khet Thi May 09 2021 တွင် တိုင်းပြည်နဲ့ လူမျိုးအတွက်  မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပါသည်။
Image
  အလိုရှိသည် ရေသန့်သန့် လေသန့်သန့် နှင့် တူသော မိတ်ဆွေ အလိုရှိသည် ။ ချစ်ခြင်းအားဖြင့် (ထူးအိမ်သင်) Respect & Credit to Artist Htoo Eain Thin  
Image
  တစ်ထောင့်နဲ့ ငါးရာ အနားလည်နိုင်ဆုံး  ဘာသာစကားနဲ့ ရှင်းပြရမယ်ဆိုရင် မင်း ရေချိုးမှားသွားတဲ့အခါ  ကိုယ်က အအေးပတ်မယ်  ကိုယ်က အိပ်ရေးမဝတဲ့အခါ  မင်းက မျက်တွင်းကျနေမယ်   မင်းက လူတစ်ယောက်ကို မုန်းလိုက်တဲ့အခါ ကိုယ့်မှာ ချစ်ခြင်းမေတ္တာဆိုတာ မရှိတော့ဘူး   ဒီလိုပဲကွ  ဒီလိုပဲ  ကိန်းဂဏန်းတစ်လုံးက  အကြိမ်တစ်ထောင်အထက်မှာ ရှိနေတဲ့အခါ။         ။  ဗာဂို Respect & Credit to Poet Va Goh 
Image
  တရားလက်လွတ် လူ့ဘဝမှာ သံသရာကို ဆွဲဆန့်ချင်သူလည်း ရှိ သံသရာက လွတ်မြောက်လိုသူလည်း ရှိ ကိုယ့်မှာတော့ သံသရာကို မေ့ထား တစ်ဘဝစာ ဗျာများ ဘာလင်တံတိုင်းလည်း သင်္ခါရ စိုင်းထီးဆိုင်လည်း သင်္ခါရ လေဒီဒိုင်ယာနာလည်း သင်္ခါရ တရား သိသလိုလို တရား ရှိသလိုလိုနဲ့ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်မိတဲ့ နေ့များ ။       ။ လှသန်း Respect & Credit to Poet Hla Than 
Image
  ဆန်ရေ ကောင်းကင်ကကြည့်တော့ နန်းတော်ထဲက ဘုရင်မ … မြေပြင်မှာ ကြည့်တော့ လေးဘက်လေးတန် ကာရံထားသတဲ့လား။ နတ်မောက်သွေးတွေ  မြေးအထိ စီးဆင်းဆဲ ပေးမလား ယူမလား ဘာမှ စဉ်းစားစရာမလိုဘူး အဘိုးက အသက်ခန္ဓာပေးဆပ်ခဲ့ အမေက မြန်မာပြည်အတွက် အချိန်ကို ပေး ဘဝကို ပေး သားနဲ့ ဝေး အိမ်နဲ့ ဝေး စုရေ … မင်းတိုင်းပြည်က လိုအပ်ရင် ကိုယ်ခွင့်ပြုပါတယ် အဖေပြောတဲ့စကား အခုထိ ကြားယောင်ဆဲပါ အဖေ ကင်ဆာနဲ့ အရိုးထုတ်တော့ အမေ ပြန်မလာနိုင်တာလည်း  သား နားလည်ပါတယ်အမေ။ အဘိုးကိုလည်း သား-မပိုင် အမေ့ကိုလည်း သား-မပိုင် သားကိုယ်တိုင်လည်း မပိုင်ချင်ပါဘူး အမေ့ကို ပြည်သူသည်သာ ပိုင်ပါစေ။ ချစ်ကြောင်းပြောဖို့ နှုတ်ဖြင့် ခွင့်မသာ ချစ်ကြောင်းကြားဖို့ နားဖြင့် ခွင့်မသာသည့် အခြေအနေမှာ အနုပညာနှင့် နှလုံးသားဆီ စီးဆင်းပါစေ။ ပန်းချီကားတစ်ချပ် နှစ်ရောင်စပ်မှာ အမေ့မျက်နှာ ရေးရေးမြင်ရင်း ချစ်ခြင်းဖြင့်သာ မြင်ပါစေ။ စုန်ရေတွေ စီးခဲ့  ပင်လယ်ဝဆီ အထိမှာ ဆန်ရေတွေ တစ်ဖန် ပြန်လည်စီးပါရစေ  ဆယ်လမွန်းငါးတွေ ရေချိုပြန်သလို ငှက်ကလေးတွေ အိမ်အပြန် တေးဆိုသလို  ပြည်သူ့အရွေ့မှာ အတူ ရွေ့ပေးပါရစေ အမေ့အေးရိပ်  ဆန်ရေ မြစ်ဆိပ် စီးပါစေ။          ။    မင်းကွန်း Respect & Credi
ကောင်လေး...ရေ မြန်မာစာပေကို အရသာမခံတတ်ဘဲ မြန်မာစာပေကို ဖန်တီးချင်တဲ့ ကောင်လေး ရွှေဥဒေါင်းနဲ့ သော်တာဆွေတောင် မဖတ်ဖူးဘဲ ဝတ္ထုရေးနေတဲ့ ကောင်လေး ဟာရိုးရော်ဘင်ဝတ္ထု ဘာသာပြန်တောင် မဖတ်ဖူးဘဲ ဝတ္ထုရေးနေတဲ့ ကောင်လေး တေဇနဲ့ ရွှေသွေးလောက် ဖတ်ပြီး ကဗျာရေးလို့ ရပြီထင်နေတဲ့ ကောင်လေး မင်းအတွက် ငါ ရင်လေးတယ် မော်ဒန်တွေ ပို့စ်မော်ဒန်တွေ အသာထား အနုပညာမြောက်တာတွေ  မမြောက်တာတွေ အသာထား မင်းစာအုပ်တွေ...  လူတွေကကော ဖတ်ကြရဲ့လား ကောင်လေး မင်းစာအုပ်တွေ စာကြည့်တိုက်ရောက်ဖို့ နေနေ စာအုပ်အငှားဆိုင်ကတောင် လက်မခံတဲ့ကောင်လေး မင်းဘဝကို မင်း နားလည်သင့်တယ် ဟိုပွဲတက် ဒီပွဲတက်  လျှပ်စီးလက်နေတာ အနုပညာ မဟုတ်ဘူး မိုးကြိုးပစ်ချသလို အနုပညာကို သံသရာမှာ ကျင်လည်နေသရွေ့ မင်း တွေ့မှာမဟုတ်ဘူး ကောင်လေး ကဗျာရေးပြီး... ဆယ်လီဘရစ်တီဖြစ်ချင်လို့ မရဘူး ကောင်လေး ဂျာနယ်တွေ မဂ္ဂဇင်းတွေထဲမှာ ဓာတ်ပုံတွေ အင်တာဗျူးတွေ ခဏခဏ ပါတိုင်း အောင်မြင်တဲ့ စာရေးဆရာ မဟုတ်ဘူး ကောင်လေး ဝတ္ထုစာအုပ်တွေ  အုပ်နှစ်ဆယ် အုပ်သုံးဆယ် ရေးထုတ်ပြီး စာရေးဆရာ ဟုတ်ပြီကွလို့  ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့ ကောင်လေး မင်း ပရိတ်သတ်ဆိုလို့ ရူးပေါပေါ ကောင်မလေး တစ်ယောက် နှစ်ယောက်ပဲ ငါ
ထမင်းဝိုင်း သမိုင်းဆိုတာ ထမင်းဝိုင်းတွေရဲ့ အကြောင်းပါ။ မဝရေစာ ကျွေးရင် ထမင်းလုတ်ကို ပုတ်ချရင် လည်မျိုညှစ်ပြီး အန်ခိုင်းရင် တိုက်ပွဲဝင်ရမှာပဲ။ သူတို့ တုတ်ကိုင်လာရင် တို့လည်း တုတ်ကိုင်ရမယ် သူတို့ ဓားကိုင်လာရင် တို့လည်း ဓားကိုင်ရမယ်။ သူတို့ပန်းပွေ့လာရင် တို့ပန်းအိုးမှာ ထိုးကြမယ် သူတို့ဆန်သယ်လာရင် တို့ထမင်းအိုးမှာ ချက်ကြမယ် သူတို့ယပ်ခတ်ပေးရင် တို့ထမင်းဝိုင်း မြိန်ကြမယ်။ သမိုင်း ရိုင်း၊ မရိုင်း ထမင်းဝိုင်းနဲ့ တိုင်းရတယ်။ ဂျိုဇော် Respect & Credit to Poet Jo Zaw
မစဉ်းစားခြင်း သေတ္တာ                    ကမ္ဘာပေါ်မှာ ကိုယ့်ကိုချစ်တဲ့လူဟာ ဘောလုံးတစ်သင်းစာလောက်မှ ရှိရဲ့လား မစဉ်းစားတော့ပါဘူး . . .တဲ့။ ဘယ်သူဟာ ပန်းသီးတစ်လုံးကိုစားပြီး နယူတန်လို တွေးခေါ်မိပါသလဲ မစဉ်းစားတော့ပါဘူးတဲ့။ သီချင်းတစ်ပုဒ်ကို နားထောင်ရင်း ဘယ်သူက... ကမ္ဘာသစ်စေမယ့် သီအိုရီရဖူးလို့လဲ မစဉ်းစားတော့ပါဘူးတဲ့။ တစ်ကိုယ်လုံး တစ်ဘဝလုံး စုတ်ယူ ကိုယ့်ကိုမသေရုံ  မွေးမြူထားတဲ့လူတွေ ရှိနေပြီ မစဉ်းစားတော့ပါဘူးတဲ့။ မည်သူမဆိုပေါ့ အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူး တစ်ခုခု လွဲချော်နေတဲ့အကြောင်း ပြောပြချင်တယ် မစဉ်းစားတော့ပါဘူးတဲ့။ ကမ္ဘာပေါ်မှာ ဘယ်အရာမဆို ညာလို့ရပေမယ့် အစာအိမ်ကို ညာလို့မရတဲ့အကြောင်း ပြောပြချင်တယ် မစဉ်းစားတော့ပါဘူးတဲ့။ လူတိုင်း လူတိုင်းရဲ့ ရင်ထဲမှာ ပင်လယ်ရှိတယ် လူတွေဟာ...ဒီပင်လယ်ကို  ကျယ်ပြန့်အောင် နက်ရှိုင်းလှပအောင် မစီးဆင်းတတ်ကြဘူး မစဉ်းစားတော့ပါဘူးတဲ့။ မစဉ်းစားခြင်း သေတ္တာတစ်လုံး ရှိခဲ့တယ် ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက် မစဉ်းစားခြင်းသေတ္တာဟာ... လေချွန်ပြီးနေလေရဲ့။          ။ မောင်ချောနွယ် Respect & Credit to Poet Mg Chaw Nwe
ကျွန်တော်နဲ့ အနတ္တဆန်တဲ့နေ့ရက်များ တိတ်ဆိတ်တဲ့ အခန်းကျဥ်းထဲလေးမှာ ကျွန်တော်တစ်ယောက်တည်း ကော်ဖီတစ်ခွက်နဲ့ ဆေးပေါ့လိပ်ဖွာရင်း ကျွန်တော့်အတွေးတွေ ဝေမိနေလျက် ကျွန်တော့်ရဲ့ နှောင်ကြိုးတစ်ချောင်း ပျက်ပြယ်သွားရင်... ကျွန်တော် ဘယ်လိုနေမလဲ နောက်ပြီး စိမ်းစိုရောင် ပန်းခြံလေး ပန်းများနဲ့ လှပတဲ့နေရာလေး ပျက်စီးသွားတဲ့တစ်နေ့ ကျွန်တော့်ရဲ့ ချစ်စရာ ကဝီ ဆိုတဲ့ ခွေးလေးတစ်ကောင်ရော နောက်ဆုံးမှာ ကျွန်တော်ကိုယ်တိုင် ပျက်ပြယ်သွားတဲ့ တနေ့... လူတွေ ဝမ်းနည်းသူလည်းရှိခဲ့နိုင်သလို ဝမ်းသာတဲ့လူတစ်စုလည်း ရှိချင်ရှိခဲ့မှာပါ့ ငိုကြွေးသူလည်း ရှိသလို မေ့လျော့သူလည်း ရှိနိုင်တာမို့ နောက်ဆုံးတော့  ဘာမှ မပိုင်ဆိုင်နိုင်ခဲ့တဲ့... ကျွန်တော်နဲ့ အနတ္တဆန်တဲ့ နေ့ရက်များပါလား။         ။  Zeus
ဆန္ဒပြသူများ စကားလုံးတွေက ရုန်းကန်တိုးထွက်  နှုတ်ဖျားက သံတိုင်တွေကို တင်းတင်းဆုပ်လို့ မိုးအအုံ့မှာ မသာလိုက်ရတဲ့နေမင်းလို... ရင်ဘတ်တစ်ခုလုံး သွေးချင်းချင်းနီလို့။ မျက်ဝန်းအစုံက ရှစ်ခွင်တိုင်းမှာ မှုန်ပြာရီမှိုင်း စေ့ပိတ်ထားတဲ့ နှုတ်ခမ်းတံခါးရဲ့  အထိမ်းအမှတ်ကျောက်တိုင်မှာ... ကမ္ဗည်းထိုးထားတာက အသံသေသွားတဲ့ 'တောက်' ။ လောကဟာ... တိုက်ပွဲတွေဝင်လိုက် လဲပြိုပြန်ထလိုက်နဲ့ စစ်သူကြီးအမိန့်လား ? ကိုယ့်ဆန္ဒအရလား ? မသဲကွဲရင်း...လူနံ့တွေရှူရှိုက်  ချောက်ကမ်းပါး လှလှတွေဆီကို ချီတက်ရတယ်။ တရိပ်ရိပ် ဖြတ်စီးသွားတဲ့ အတွေ့အကြုံတွေက သံခြေချင်းခတ်ထားတဲ့  အတွေးတချို့ကို စည်းသတ်လိုက်တယ် 'ကန့်သတ်နယ်မြေ မဝင်ရ'။ စိတ်ပြူတင်းပေါက်ကနေ ချောင်းအကြည့်မှာ... ပိုင်နက်ကျူးလွန်မှုနဲ့ လက်ထိပ်ခတ်ခံရတဲ့လက် ရေးလက်စ စာရွက်လွတ်ကျသွားတယ် ကလောင်တံကို တင်းတင်းဆုပ်ရင်း တစစီပြန့်ကျဲသွားတဲ့ အိပ်မက်နက်နက်တွေကို... မက်တဝက် နိုးတဝက် ငေး..ကြည့်..ရင်း..။         ။    SAOIRSE
စိတ်ရင်းပေါ်သောနေ့ရက်များ  စစ်ဘေးသင့်ပြည်သူတွေ   သားတို့မြို့လေးဆီ လာရှောင်ကြတဲ့အခါ "ခေတ်ပျက်ကြီးထဲ...ဒီလိုအေးချမ်းတဲ့  မြို့လေးရှိသေးတာပဲ"လို့ သူတို့ပြောကြရင် သား ဘယ်လိုဂုဏ်ယူနိုင်မှာလဲ အမေရယ်။ ကြံကြံဖန်ဖန်အတွေးထဲ  မဆီမဆိုင် ရှက်နေရတယ် အချိန်တစ်ခုအထိ မျက်နှာကိုသာ  ဖြုတ်လဲထားလိုက်ချင်တယ်။  ခေတ်ပျက်ကြီးမှာ လက်ထဲ ပိုက်ဆံမထားချင်လို့  မြေဝယ် တိုက်ဆောက်နေတဲ့လူတွေကအစ၊ ဆန်တစ်ပြည် တစ်ရာ၊  ကြက်ဥတစ်ကဒ် တစ်ရာရောင်းပေးတဲ့ဆိုင်ရှေ့  ကိုယ့်အသက် ကိုယ်ပြန်လုဝယ်နေရတဲ့ ဘဝတွေကအလယ်၊ အသက်ကလွဲရင် ဘာမှဆုံးရှုံးစရာမရှိတော့တဲ့  ​ပြာပုံပေါ်က လူတွေအဆုံး တစ်နိုင်ငံလုံး ပြုံးစရာတကွက်မှမရှိတော့ဘူး။  ဒီနှစ်တွေအတွင်း အမေလည်း ပိန်သွားတယ်နော် သားချစ်တဲ့သူတွေလည်း အမေ့လိုပဲ ပိန်သွားတယ်  အချစ်မရှိတဲ့နှစ်တွေ ပိန်တယ် အသံတွေ ပိန်တယ် အစာအိမ်​တွေလည်း ပိန်တယ် မဆူဖြိုး​သေးတဲ့ နိုင်ငံတော်ကြီးဟာလည်း   လူရုပ်သူရုပ်မပေါ်အောင် ပိန်ချုံးခဲ့ပြီ လေရူးတမှုတ်ခါလိုက်ရင်  လွင့်ထွက်သွားရလောက်အောင်  နိုင်ငံတော်ဟာ အခွံပဲကျန်တော့တယ်။   ငရဲတွင်းကြီးထဲ ရူးချင်ယောင်ဆောင် ပျော်နေကြတဲ့သူတွေအတွက် သားတို့ဟာ... ဘူပေါက်စေတဲ့ဖဲချပ်လေးတွေပါပဲ။
Image
  သူငယ်ချင်းထံပေးစာ (၁၃) ဟင့်အင်း ပန်းတွေ မကြွေပါဘူး၊ ဟင့်အင်း ပန်းတွေ မကြွေပါဘူး၊ ဟင့်အင်း ပန်းတွေ မကြွေပါဘူး.... ပန်းတွေကတော့ မကြွေခဲ့ပါဘူး ကိုယ်တွေက အာရုံငါးပါး ခမ်းခြောက်သွားခဲ့တာ၊ ဥပမာ... ကိုယ်က တခုလပ်ဖြစ်သွားပြီး ကိုယ့်မယားက မုဆိုးမ ဖြစ်သွားတာမျိုး၊ ဒီကဗျာမှာ ဝမ်းသာစရာ မရှိသား ရှားပါးလွန်းတယ်။       ။ ရင်သွေး
ကောင်းကင်ညရဲ့အလှ  ကိုယ့်အသက်ထက် နှလုံးသားအရွယ်အစား  ပိုကြီးကျယ်သူများနဲ့ တွေ့ဆုံကြုံကွဲဖူးပြီ။  "ချေ"ပြောဖူးတဲ့ ချစ်ခြင်းမေတ္တာနဲ့လူတွေပေါ့ သူတို့ရဲ့ပျော်ရွှင်ခြင်းသင်္ဘောဟာ ​ပြန်တင်မရတဲ့ ကျောက်ဆူးတန်းလန်းနဲ့ အပူတပြင်း သွားနေရ။   မတရားသဖြင့်ပွင့်တဲ့ပန်းတွေ မခူးဆွတ်  ငရဲတွင်းထဲက ရိက္ခာကို ဆင်းမကောက် သိက္ခာက မိုးလောက်မြင့်တယ်။  အကြောက်တရားကိုဖျောက် မတရားမှုကိုဖောက်ခွင်း  စောက်ပျင်းတစ်နေတဲ့ ကံတရားက  ကိုယ့်ဘက်မပါလည်း ဇွဲမလျှော့ခဲ့ အမောဖောက်လည်း ခဏပေါ့ဆိုရင်း  သေမင်းခေါ်ရာနောက် လိုက်သွားရတယ်။  လူတွေသေရင် ဘာမှမပါဘူးတဲ့ အားလုံးအတွက် မဟုတ်ရပါဘူး။ တချို့တွေသေဆုံးကြတော့ အသက်ရှင်တုန်းကလို လူတွေကိုလမ်းပြဖို့ အလင်းရောင် ဆောင်ယူသွားကြသေးတယ်။  သူတို့ကို ကြယ်လို့ခေါ်ကြတယ် ကိုယ့်အသက်ကို ကိုယ့်နိုင်ငံလောက်တောင်  တန်ဖိုးမထားတတ်သူတွေပေါ့။  ကိုဟိန်း   1.9.2022
"အရက်ဆိုင်" ဝမ်းနည်းစရာကောင်းလောက်အောင်  ကမ္ဘာပေါ်မှာ... အရက်ဆိုင်တွေ လိုအပ်ခဲ့ပါတယ်  လောကကြီးမှာ  ဘုရားကျောင်းတွေ လိုအပ်သလို  ပန်းခြံတွေ ကမ်းခြေတွေ  ကစားကွင်းတွေ လိုအပ်သလို  ရုပ်ရုင်ရုံတွေ ပွဲတော်တွေ လိုအပ်သလို  ဝမ်းနည်းစရာ ကောင်းလောက်အောင်  အရက်ဆိုင်တွေ လိုအပ်ခဲ့ပါတယ်  ဘုရားသခင်ဆီမှာ  အပြစ်တွေဝန်ချရတာ လွယ်ပါတယ်  အထီးကျန်မှုကို ဘယ်လိုဝန်ချရမလဲ  သစ်ခွပင်တွေ စိုက်တော့လည်း  ပန်းတွေပဲပွင့်မှာ  ဆုံးရှုံးခဲ့တာတွေက  သီးပွင့်လာမှာမှမဟုတ်တာ  နာကျင်မှုဟာ  ရေကူးရုံနဲ့ပျောက်မသွားဘူး  လွမ်းဆွတ်ခြင်းကို  ကိုက်နေတဲ့သွားလို နှုတ်ပစ်လို့မရဘူး  ချစ်ခြင်းမေတ္တာကို ဆာလောင်တဲ့အခါ  စားနေကျထမင်းဆိုင်မှာ မှာစားလို့မှမရတာ  ဒဏ်ရာကို အမှိုက်လို  တံမြက်စည်းနဲ့ လှည်းလို့မှမရတာ  ဝေဒနာကို  လက်ကမ်းစာစောင်လို ဝေပစ်လို့ရမလား  ပြူတင်းပေါက်တွေ အကုန်ဖွင့်ပြီး  အိမ်ကို ဆေးအသစ်သုတ်ရမှာလား  တရားစခန်းပဲ ဝင်ကြည့်ရမလို  ပင်လယ်ဘက်ပဲ ခရီးထွက်ရမလိုလို  ခွေးလေးတစ်ကောင်မွေးဖို့ ရည်ရွယ်ထားတယ်  အားကစားတစ်ခုခုလုပ်ဖို့လည်း တွေးထားတယ်  ဆေးလိပ်ဖြတ်ရင်ကော ဒီအမောကပြေပါ့မလား  ဆာလောင်နေတာက စားစရာတစ်ခု မဟုတ်ဘူး  လိုနေတာ ဝယ်လို့ရတဲ့ပ
"လူငယ်ဘဝ ကွယ်လွန်ခြင်း" ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ ဘာသာစကားပြော သင်တန်းတွေ ကွန်ပျူတာ သင်တန်းတွေ အောင်လက်မှတ်တွေ မရှိခဲ့ပါ ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ ဗီဒီယိုဂိမ်းတွေ ကာရာအိုကေတွေ စိတ်ကြွဆေးပြားတွေလည်း မရှိခဲ့ပါ ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ ရေဒီယိုတစ်လုံး ဂစ်တာတစ်လက်နဲ့ စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ် ။ ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ ရုပ်ရှင်ရုံသည်သာ အငြိမ်းချမ်းဆုံး ခိုနားရာ တခါတရံ စိတ်ပြေပျောက်စရာ အပြာရောင် စာအုပ်များနဲ့သာ ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ စက်ဘီးလေးတစ်စီးတောင် မရှိခဲ့သလို ရည်းစားလည်း တစ်ယောက်မှ မရှိခဲ့ပါ ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ ကျနော့်ရဲ့ ကမ္ဘာ ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ ခပေါင်းစီးကရက် တစ်ဗူးနဲ့ မြို့ပတ်ရထားကို မူးအောင် စီးခဲ့ဖူးပါတယ် ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ လူငယ့်ရေးရာ ညကျောင်းတစ်ကျောင်း ရှိခဲ့သလို ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာလည်း သင်တန်းကျောင်းကြီး တစ်ကျောင်းပါပဲ ကျနော့်ရဲ့ လူငယ်ဘဝလေးမှာ ဒိုင်ယာရီစာအုပ် လွယ်အိတ်ထဲထည့်လို့ လျှောက်သွားခဲ့တာ အသည်းကွဲသီချင်းတွေ အော်ဆိုခဲ့တာ အနာဂတ်လွမ်းချင်း ကဗျာတွေ ရေးသားခဲ့တာ အခုတော့
စောက်ဘဝကြီး တစ်ခုလုံးရင်းပြီး  ငြိမ့်ခဲ့တဲ့ ခေါင်းတွေကိုပဲ စိတ်နာမိပါတယ် ဘဝကို ပုံဖော်ဖို့အချိန် မရှိဘူး ဟာသကို ရယ်ဖို့အချိန် မရှိဘူး မောရင်နားဖို့အချိန်မရှိဘူး ဝမ်းနည်းရင်ငိုဖို့ အချိန်မရှိဘူး တစ်ခုခုဆို... ခုန်ထွက်ပစ်လိုက်လို့ မရတော့ဘူး ကြိုးကို ကိုယ်တိုင်ယက် ကိုယ်တိုင်ချည်ပြီး  ကိုယ်တိုင်ဟာ ဒဏ်ရာလုပ်စက်ပဲ ချစ်ခင်မြတ်နိုးခံရမှုနဲ့ နည်းနည်းမှ မပတ်သက်ခဲ့ဘူး ငါ့ကိုနင်းပြီး  ငါ့ကိုမသတီတဲ့လူတွေကို ငါရယ်မှာ ငါ့လက်ကိုကိုင်ထားပြီး  ငါ့တန်ဖိုးကို လာဖြတ်နေတဲ့ လူတွေကို ငါရယ်မှာ ငါ့ကို ပိတ်လှောင်ထားပြီး  ငါ့ကို စမ်းသပ်နေတဲ့လူတွေကို ငါရယ်မှာ မင်းသိလား ?  လူတွေက... သူတို့ကိုယ်တိုင် မပေးနိုင်တာတွေကိုလည်း  ခပ်တည်တည်နဲ့ ငါ့ဆီက လာလာတောင်းတယ် ဟာသပဲ ။       ။ အလ်နီ Respect & Credit to Poet Ae' Ne